Showing posts with label Environment. Show all posts
Showing posts with label Environment. Show all posts

Wednesday, June 22, 2016

"ခို" သို့မဟုတ် မြို့ပြ အန္တရာယ်




ကုသိုလ်ရရာ ရကြောင်းဆိုတဲ့ အကြောင်းပြချက်ပဲဖြစ်ဖြစ်၊ တိရိစ္ဆာန်တွေကို သနားကြင်နာလို့ပဲဖြစ်ဖြစ်၊ ယတြာချေတာပဲဖြစ်ဖြစ် မြန်မာနိုင်ငံတင်မကပဲ ကမ္ဘာတ၀န်း ခိုတွေကို အစာကြွေးကြပါတယ်။ ခိုစာကြွေးတာ ကုသိုလ်ကောင်းမှူ ဖြစ်မဖြစ် ဒီနေရာမှာအငြင်းမပွားလိုပါဘူး ဒါပေမယ့် ဒီစာစုကို ဆက်ဖတ်ရင်းမိမိဖာသာ သုံးသပ်မိလာပါလိမ့်မယ်။ ခိုစာကြွေးတာ ခိုတွေကိုသနားရာလုံးဝ မရောက်ပဲ လမ်းမထက်မှာကား မဆိုထားနဲ့ ဆိုက်ကားကို တောင်မရှောင်နိုင်တဲ့ ခိုတွေတိုးပွားအောင်အားပေးရာပဲရောက်ပါတယ်။ ဘာကြောင့်ခိုတွေကို အစာမကြွေးသင့်သလဲဆိုတဲ့ အကြောင်းပြချက် အများကြီးရှိပေမယ့် အဓိကအားဖြင့် ကျွန်ုပ်တို့ရဲ့ ပါတ်ဝန်းကျင်ကိုထိခိုက်ပျက်စီးစေပြီး ကျေးငှက်သဘာဝ ကိုလည်းထိခိုက်ပျက်စီးစေလို့ဖြစ်ပါတယ်။


ခိုတွေများလာတာ ကျန်းမာရေးအန္တရာယ်
ကျွန်တော်တို့ အနီးအနားပါတ်ဝန်းကျင်မှာခိုတွေ အထိန်းအကွပ်မရှိတိုးပွားလာခြင်းဟာ မြို့ပြလူနေမှူ့စနစ်အတွက် ပြဿနာမျိုးစုံတိုးပွားလာခြင်းပဲဖြစ်ပါတယ်။ နေရာတကာ မှာအဆက်မပြတ်ဆိုသလို စွန့်ပစ်ချနေတဲ့ ခိုအုပ်ကြီးတွေရဲ့ အညစ်အကြေးတွေဟာ အများပြည်သူ သွားလာနေတဲ့ပလက်ဖောင်းတွေ၊ သာသနိကအဆောက်အဦတွေ၊ ရုံးတွေ အစရှိတဲ့ နေရာတွေမှာ အနံ့အသက် အမှုန်အမွှား တွေနဲ့ အော်ကလီဆန်စရာ ဖြစ်စေရုံမျှ မကပဲ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါခံစားနေရသူတွေအတွက် အသက်အန္တရာယ် ကိုပါခြိမ်းခြောက်လာနိုင်တဲ့ ရောဂါပိုးတွေကို အရှိန်အဟုန်နဲ့ ဖြန့်ဖြူးပေးနေတာလဲဖြစ်ပါတယ်။ ရာနဲ့ချီတဲ့ ခိုတွေနားနေတတ်လို့ ဓါတ်ကြိုးတွေ၊ တယ်လီဖုန်းကြိုးတွေ မကြာခဏ ပြတ်ကျတာမျိုး ဖြစ်လေ့ရှိပါတယ်။ ခိုတွေ ရဲ့ အသိုက်တွေဟာ အဖိုးတန်အဆောက်အအုံတွေရဲ့ အမိုးတွေ၊ ပြဿတ်တွေ၊ မျက်နှာကျက်တွေ ကိုပျက်စီးစေရုံမျှမကပဲ ခိုသိုက်တွေရဲ့ အမှိုက်သရိုက်တွေဟာ ရေတံလျှောက်တွေ၊ ပိုက်လိုင်းတွေကို ပိတ်ဆို့စေပါတယ်။ နောက်ပြီး အသိုက်ထဲမှာ ကျန်နေတတ်တဲ့ လှေးတွေ၊ မွှားတွေဟာ လူတွေ အိမ်မွေးတိရိစ္ဆာန်တွေဆီကို အလျှင်အမြန်ပဲ ကူးဆက်သွားလေ့ရှိပါတယ်။ ခိုစာ တွေ ဟာအမှိုက်တွေဖြစ်သွားသလို ကြွက်တွေကို အထူးသဖြင့်စွဲဆောင်ပါတယ်။ ကာလ အတန်ကြာခိုစာရောင်း၊ ခိုစာကြွေးနဲ့ နေရာတွေကို ကြည့်ရင် ခိုမွှေးတွေ၊ ခိုချေးတွေ တင်မကပဲ ခိုစာရောင်းသူရဲ့ မနီးမဝေး ကြွက်တွင်းတွေ၊ မြောင်းဘောင်တွေ မှာ ပြူတစ်ပြူတစ် လုပ်နေတဲ့ အမွှေးရှည် မြေကြွက်ကြီးတွေကို ရွံရှာဖွယ် တွေ့ရလေ့ရှိပါတယ်။


ခိုမှတဆင့်ကူးဆက်တတ်သောရောဂါများ
ခိုတွေဟာ ယုံနိုင်လောက်စရာမရှိအောင်များပြားလှတဲ့ လူကိုကူးဆက်နိုင်တဲ့ရောဂါပိုးတွေ ကို သည်ဆောင်ထားပါတယ်။ ခိုတွေအတွက် ကံကောင်းပြီး လူနဲ့သဘာဝပါတ်ဝန်းကျင်အတွက် ကံမကောင်းစေတဲ့ အချက်က ခိုတွေကိုအစာအဖြစ်စားတဲ့ တိရိစ္ဆာန် အလွန်တရာ နည်းတဲ့အတွက် ခိုအုပ်ကြီးတွေရဲ့အရေအတွက်ဟာ အရှိန်အဟုန်နဲ့ သိသိသာသာပဲတိုးပွားနေပါတယ်။ အခြေခံအားဖြင့် ရောဂါဖြန့်ဖြူးရာ မူလပထမက ခိုချေးပဲဖြစ်ပါတယ်။ ရောဂါရှိတဲ့ ခိုရဲ့ ချေးထဲမှာ ဗိုင်းရပ်စ် ဒါမှမဟုတ် ဘက်တီးရီးယားတွေ ရှိနေပါတယ်။ အဲဒီခိုချေးတွေ ခြောက်သွေ့သွားတဲ့ အခါ ဖုန်မှုန့် အဖြစ်လေနဲ့ အတူ အရပ်ရှစ်မျက်နှာကို လွင့်တော့တာပါပဲ။ အဲဒါကို ရှုမိတဲ့ သူကတော့ ခိုကပေးတဲ့ ရောဂါရ ဖို့သေချာပြီပေါ့။ ယေဘုယျအားဖြင့် ခိုကနေကူးဆက်တတ်တဲ့ရောဂါလေးမျိုးရှိတယ်လို့ဆိုတယ်။

၁။ ခရစ်ပ်တိုကွတ်ခယ် ဦးနှောက်အမြှေးယောင်ရောဂါ (Cryptococcal Meningitis)
ခိုတွေသည်ဆောင်လာတတ်တဲ့ရောဂါပိုးတွေကြောင့်ဖြစ်တဲ့ ရောဂါထဲမှာအန္တရာယ်အရှိဆုံးလို့ဆိုနိုင်တဲ့ ဦးနှောက်အမြှေးယောင်ရောဂါကြောင့်ကာလအတန်ကြာသတိလစ်သွားနိုင်ပြီး အသက်ပြန်မလည်လာတော့ပဲ အသက်ဆုံးရှုံးမှူတွေထိဖြစ်နိုင်တဲ့ရောဂါဖြစ်ပါတယ်။

၂။ အူလမ်းကြောင်းမှာဖြစ်တဲ့ရောဂါပိုး နှစ်မျိုး (Salmonella and Listeria)
ခံတွင်းသို့မဟုတ် အသက်ရှူလမ်းကြောင်းမှတဆင့် ၀င်သွားတဲ့ ခိုချေးတွေကြောင့် အူလမ်းကြောင်းမှာ တိုက်ဖွိုက် ကဲ့သို့ အူယောင်ငန်းဖျားရောဂါရောဂါ ဟာ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးငယ်တွေအတွက် အသက်အန္တရာယ် ထိခိုက်စေရုံမျှ မကပဲ ကိုယ်ဝန်ပျက်ကျခြင်း၊ လမစေ့မီ မွေးဖွားခြင်းတွေကိုလဲ ဖြစ်စေပါတယ်။

၃။ ဦးနှာက်မြှေးယောင်ရောဂါပိုး နောက်တမျိုး (Viral Encephalitis)
အထက်ပါ ဗိုင်းရပ်ပိုးကြောင့်ဖြစ်တဲ့ ဦးနှောက် အမြှေးပါးရောင် ရောဂါ ကြောင့် ယာယီ အာရုံကြောနဲ့ပါတ်သက်တဲ့ ရောဂါဝေဒနာမှ နာတာရှည်ဖြစ်ပြီး အသက်ဆုံးရှုံးမှူတွေဖြစ်စေနိုင်ပါတယ်။

၎။ ၀မ်းပျက်ဝမ်းလျှောရောဂါပိုး (E. Coli)
ဝမ်းပျက်ဝမ်းလျှောရောဂါပိုး (E. Coli) ဟာလဲ ခိုချေးထဲမှာ ပါလေ့ရှိပါတယ်။ ခိုတွေ အများကြီးရှိတတ်တဲ့ နေရာတွေမှာ ချက်ပြုပ်တာ မသန့်ရှင်းတာ၊ လက်ကိုစင်ကြယ်အောင် ဆပ်ပြာနဲ့ မဆေးကြောတာတွေ့ကြောင့် ၀မ်းပျက်ဝမ်းလျှောရောဂါပိုးတွေဟာ လူကို အလျင်အမြန်ကူးဆက်ပြီးဆိုးဝါးတဲ့ ရောဂါဝေဒနာကို ဖြစ်စေပါတယ်။


ခိုတွေကိုအစာကျွေးခြင်းဟာ အလွန်အကျွံပေါက်ပွားမှူကိုအားပေး
ခိုများကို အစာကျွေးခြင်းဟာအလွန်အကျွံမျိုးပွားမှူကိုဖြစ်စေပါတယ်။ ပုံမှန်အားဖြင့် ခိုမတွေဟာ တစ်နှစ်မှာ နှစ်သားကနေ သုံးသားပေါက်ပြီး တစ်ခါဥရင် နှစ်ဥ ဥလေ့ရှိပါတယ်။ ဒါပေမယ့် အလွန်အကျွံ အစာကျွေးလေ့ရှိတဲ့ မြို့ကြီးတွေမှာ ခိုတွေဟာ တစ်နှစ်ကို ရှစ်ဆ အထိမျိုးပွားနိုင်ပါတယ်။

ခိုစာကျွေးခြင်းဟာ ခိုများကိုထိခိုက်စေ
တကယ်တော့ခိုစာကျွေးခြင်းဟာ ခိုများအတွက်ကောင်းကျိုးလုံးဝ မဖြစ်စေပါဘူး။ သူတို့ရ သဘာအလေ့အထ အတိုင်းအစာထိုးယက်ရှာဖွေစားသောက်ရှင်သန်တတ်မှူကို ပျောက်ဆုံးစေပါတယ်။ အလွန်အကျွံများပြားလှတဲ့ ခိုအုပ်ကြီးတွေဟာ ကျန်းမာရေးနဲ့မညီညွတ်တဲ့ ပါတ်ဝန်ကျင်ညစ်ညမ်းမှုကိုဖြစ်စေပြီး သဘာဝအတိုင်းရှင်သန်ကျက်စားနေတဲ့ ပါတ်ဝန်းကျင်က တခြား ငှက်တွေကိုလဲထိခိုက်ပျက်စီးစေပါတယ်။ ခိုအုပ်ကြီးရင်ကြီးသလို ပျက်စီးထိခိုက်မှု့လဲကြီးမားလာပါတယ်။
သင်နဲ့ သင့်ပါတ်ဝန်းကျင် ကျန်းမာသန့်ရှင်းစေရေး နဲ့ ခိုများအလွန်အကျွံပေါက်ပွားလာခြင်းမှ ကာကွယ်ရန် ခိုစာလုံးဝ မကျွေးရန်အရေးတကြီးလိုအပ်ပါတယ်။





မှတ်ချက်။         ။ခိုနဲ့ ပါတ်သက်၍ရတတ်သောရောဂါ များအကြောင်းရှင်းပြသော အစ်မကိ ကိုကျေးဇူးအထူးတင်ပါတယ်။


 Photo Credit:

1st Image: pigeons attack girl in China http://wearenotsoulsofunknownorigin.blogspot.com

2nd Image: https://solomamalife.wordpress.com
3nd Image: babble.com 
4th Image: denwai.org
5th Image: https://solomamalife.wordpress.com
ဒုတိယပိုင်း ဖျောက်ထားမည့်စာ

ဆက်ဖတ်ကြည့်မယ်...

Wednesday, May 9, 2012

ကြောင်နံ့သာ

တနေ့ က ညဆယ်နာရီ ကျော်ကျော်လောက်မှာ မှ သမီး အကြီးမလေး က ဘာဂါ စားချင်ပါတယ် ဆိုပြီးဂျီနေ လို့ အပြင်မထွက်ချင်တော့ ပဲ ပျင်းနေတဲ့စိတ်ကို အသာချိုးနှိမ် ပြီးသွား ၀ယ်ရပါတယ်။ ဘာဂါ ဆိုင်က ဆဲဗင်းအလဲဗင်း ဆိုင်ကို အမှီပြု ဖွင့်ထားတာ ဖြစ်ပြီး ညပိုင်း မှသာ ထွက်ပါတယ်။ စေတနာ နဲ့ လက်ရာလေးက ကောင်းတော့ အဲဒီ ဘာဂါဆိုင်မှာ စောင့်နေတဲ့ သူ သုံးလေး ယောက်တော့ အမြဲလိုလိုရှိတတ် ပါတယ်။ ထုံးစံ အတိုင်း ကိုယ့်ရှေ့ ကမှာထား တဲ့ သူတွေ စောင့်နေရတာ နဲ့ ပဲ နာရီဝက်သာသာ လောက် တော့ ကြာသွားလို့ အိမ်ကို အမြန်ရောက်ချင် ဇောနဲ့ မီးပွိုင့် ကို ရှောင်ချင်တာ ကြောင့် လမ်းမကြီး က မမောင်းတော့ပဲ လူနေရပ်ကွက် ကနေ ဖြတ် ဖို့ အကြံနဲ့ ကားကို ကွေ့ဝင်လိုက်ပါတယ်။ လူနေရပ်ကွက် ဆိုပေမယ့် လုံးချင်း အိမ်လေး တွေနဲ့ ခြံဝန်း သီးသန့် နဲ့ ဆိပ်ငြိမ်ရပ်ကွက် ဆိုတော့ သစ်ပင်တွေ အုပ်အုပ် ဆိုင်းဆိုင်း နဲ့ ခပ်မှောင်မှောင်ပါ။ လမ်းသွယ်လေးတွေ ရှုပ်ရှုပ် ထွေးထွေး ဆိုတော့ မကြာခဏ သွားနေကျ ဆိုပေမယ့် မကြာ ခဏ ဆိုသလို ပဲ လမ်းမှားလေ့ရှိပါတယ်။ လမ်းသွယ်လေး တစ်ခု ထဲကို ချိုးဝင်လိုက် တဲ့ အခါမှာ ခွေး တစ်ကောင်လောက် အရွယ်ရှိတဲ့ မီးခိုးရောင် အကောင် ကြီး တစ်ကောင် လမ်းဘေး က ပန်းခြုံ အနီးမှာ ကားမီးရောင် ကို စူးစိုက် ပြီး ကြည့်နေတာ တွေ့လိုက်ရ လို့ ရုတ်တရက် ကြက်သီးဖြန်းဖြန်းထ ပြီး ဘရိတ် ကိုယောင်ပြီးနင်း လိုက်မိပါတယ်။ မလေးရှား နဲ့ အင်ဒိုနီးရှား မှာက ဒါမျိုးတွေ ပေါတယ် ဆိုပြီး နာမည်ဆိုးနဲ့ ကျော်ကြားလေ့ ရှိတတ်တယ်လေ။

အနှီ သတ္တ၀ါကတော့ စက္ကန့် အနည်းငယ် မျက်လုံးစိမ်းစိမ်း တစ်စုံနဲ့ သေချာ စူးစိုက် ကြည့် နေရာက ရုတ်တရက် မီးခိုးလိုမျိုး အငွေ့တွေ ထွက်လာပြီး လမ်းဘေး ကွန်ကရစ်မြောင်းဘေးကို ခုန်ဆင်း ပျောက်ကွယ်သွားပါတယ်။ ဒါပေမယ့် သူဘာကောင် ဆိုတာ သိလိုက်ရပြီ ဖြစ်လို့ ကြောက်စိတ်ထက် ကျေနပ် ပီတိဖြစ် တဲ့ စိတ် နဲ့ အိမ်ကို ပြန်လာ ခဲ့ပါတော့တယ်။

တကယ်ဆို ကျနော် အဲဒီ အကောင်မျိုး ကို သဘာဝ အတိုင်း တွေ့ ရတာ ဒါဟာ ဒုတိယ အကြိမ်မြောက်ပါ။ ပထမ အကြိမ်က လွန်ခဲ့ တဲ့ ငါးနှစ် ကျနော် မလေးရှားကို ရောက်စ တုန်းက အဲဒီအကောင်မျိုး တစ်ကောင် ခြံစည်းရိုး အပေါ်မှာ တတ်ထားတဲ့ သံဆူးကြိုး အခွေ အတိုင်း လျှောက်သွား နေတာကို ကျနော်နေထိုင်ရာ ကွန်ဒို ၀ရံတာကနေ လှမ်းတွေ့ ခဲ့ဘူးပါတယ်။ ကျနော့်စိတ်ထဲ မှာ ထူးဆန်းနေတာက အဲဒီလို တောနက်ထဲမှာသာရှိသင့်တဲ့ အကောင်မျိုးကို ကွာလာလမ်ပူ မြို့လည် ကောင် မျှော်စင် ညီနောင် နဲ့ မလှမ်းမကမ်း မှာ တွေ့ ရတာကိုပါ။

အဲဒီ ကြောင်နံ့ သာ (Malayan Civet - Viverra Tangalunga) လို့အမည်ရတဲ့ တောကြောင်ကြီးမျိုးကို မလေးလို မူဆန်း (Musang) လို့ ခေါ်ပြီး မလေးရှားကျွန်းဆွယ် အနှံ့အပြား အပြင် အရှေ့ဘက်နဲ့ အနောက် ဘက်က ကျွန်းတွေ မှာကျက်စားတယ် လို့ ဆိုပါတယ်။ ဒါ့အပြင် ဘော်နီယို၊ ဆုမတြ နဲ့ ဖိလစ်ပိုင် ကျွန်းစု တွေမှာ လည်း အများအပြား တွေ့ရ တတ်တယ် လို့ သိရပါတယ်။ တကယ်တော့ ကြောင်နံ့သာ အနေနဲ့ အရှေ့ တောင်အာရှ နိုင်ငံတော် တော်များများ မှာ ဒေသခံအနေနဲ့ တွေ့ရတတ်ပြီး တခြားမျိုး တူ တစ်ဝမ်းကွဲ မိသားစုဝင်တွေနဲ့ မတူတာက သူ့ရဲ့ အမည်းရောင် ခြေလေးခြောင်းနဲ့ မီးခိုးရောင် အကွက်တွေ အပြင်၊ အမြီးကို အလှဆင်ထားတဲ့ အဖြူ မီးခိုး အစင်းအကြားတွေကြောင့် သိသာထင်ရှားတဲ့ သွင်ပြင်လက္ခဏာ ရှိတယ် လို့ ဆိုရမှာပါ။ တောကြောင် လို့ ယေဘုယျ ခေါ်နေပေသြော်ငား ကြောင် နဲ့ အနည်းငယ် ဆင်သလို ဖြစ်နေယုံမျှသာဖြစ်ပြီး ကြောင်အမျိုး အနွယ် လုံးဝ မဟုတ်ပေ။ အခြား အသားစား နို့တိုက်သတ္တ၀ါ တစ်မျိုးမျှသာ ဖြစ်ပြီးမြွေပါ (mongoose) အမျိုး အနွယ် နဲ့ ပိုနီးစပ်ပါတယ်။  ကြောင်နံ့သာတွေ ဟာ တစ်ကိုယ်တော် ကျင်လည် ကျက်စားတတ်တဲ့ (solitary animal) တိရိစ္ဆာန် မျိုး ဖြစ်ပြီး တနေကုန် လုံခြုံစိတ်ချရဲ့ အသိုက် အမြုံမှာ အိပ်စက် အနားယူပြီး ညဉ့် အမှောင် ကို အကာအကွယ် ယူပြီး အစာရှာ ထွက်လေ့ရှိတယ်။ အသားစား သတ္တ၀ါ (carnivorous animal) ဖြစ်ပြီး မြေကြွက်၊ တောကြွက်၊ ရှဥ့်၊ ဖွတ်၊ ပုတတ်၊ ပုတ်သင်၊ ဖား၊ မြွေ စတာ တွေကို အစာအဖြစ် ဖမ်းစီး စားသောက်တတ်ပြီး မြေကျင်း ကြီး တွေတူးပြီး နေတတ်သလို သစ်ပင်အကြီးကြီး တွေ ရဲ့ အမြင့်ဆုံး အပိုင်း တွေကိုလဲ တက်နိုင်ကြပါပေတယ်။

လှုပ်ရှားမှု့ မြန်ဆန် သွက်လက်ပေသြော်ငား ကြောင်ကြီး မျိုးနွယ် တွေဖြစ်တဲ့ ကျား၊ ကျားသစ် တို့ အပြင် စပါးကြီး၊ စပါးအုံး လို မြွေကြီးများ၊ မိကျောင်း များ ရဲ့ အစာ အဖြစ်ကိုတော့ မကြာခဏ ကျရောက်တတ်တယ် လို့ ဆိုပါတယ်။ ကြောင်နံ့သာ အမ တွေဟာ နှစ်လ လောက် ကိုယ်ဝန်ဆောင်ပြီးတာ နဲ့ သားငယ် လေးကောင် ခန့် အထိပေါက် ပြီး ကလေးတွေ အရွယ်ရောက်၊ ကိုယ့်အစာ ကိုယ်ရှာစားတတ်တဲ့ အရွယ် အထိ မိခင်က စောင့်ရှောက်ပေးပါတယ်။ သူတို့ တွေဟာ အသက် နှစ်ဆယ် ခန့် အထိနေနိုင် ပေမယ့် အဲဒီ အရွယ်အထိ အသက်ရှည်ရှည် နေနိုင်တဲ့ အကောင်မျိုး အလွန်တွေ့ ရခဲတယ် လို့ ဆိုပါတယ်။ ကြောင်နံ့သာ တွေဟာ သဘာဝအရ သားကောင်ငယ်တွေကို ဖမ်းစီးစားသောက်တတ်တဲ့ တောရိုင်း သတ္တ၀ါ ဖြစ်လို့ အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးလို့ မရပါဘူး။ ဒါပေမယ့် တာမန်နီဂါရာ (Taman Negara National Park) မိုးသစ်တော ကြီးထဲမှာ လှည့်လည် ကျက်စား နေထိုင် ကြတဲ့ အော်ရန်အက်စလီ (Orang Asli) လူမျိုး တစ်ချို့ ဟာ အဆိုပါ အကောင်တွေ ကို သူတို့ နဲ့ အတူသွားလေရာ ခေါ်သွား လေ့ရှိတယ် လို့ ဆိုတယ်။

ဝမ်းနည်းစရာ ကောင်းတာက သစ်အလွန်အကျွံ ထုတ်လုပ်တာ နဲ့ မိုးသစ်တောကြီးတွေကို ဆီအုန်း စိုက်ခင်းတွေ အဖြစ် အသွင်ပြောင်းတာ တွေကြောင့် တခြား တောရိုင်းတိရိစ္ဆာန်တွေ နည်းတူး စိုးရိမ် စရာခြိမ်းခြောက် မှု့ ကိုခံစား နေရပါပြီ။ နောင် နှစ်အတန် ကြာလာရင် ကမ္ဘာပေါ်မှာ မျိုးတုန်း ပျောက်ကွယ် သွားတဲ့ အမွှေးရှည် ဆင်ကြီးတွေ၊ ကျားသစ်ကြီးတွေရဲ့ လမ်းကို လိုက်ကောင်း လိုက်ပါလိမ့်မယ်။ ဒါမှမဟုတ် ပိုးဟတ် တွေလိုမျိုး နှစ်သန်းပေါင်းများစွာ အထိ မျိုးဆက် မပျောက် ပဲ ရှင်သန်ကောင်း ရှင်သန်ပေလိမ့်မယ်။ ချားလ်စ်ဒါဝင် (Charles Darwin)နဲ့ ဟားဘတ်စပန်ဆာ (Herbert Spencer) တို့ ရဲ့ "Survival of the fittest" ဆိုတဲ့ စကားရှိတယ် မဟုတ်လား။              ။


ကိုးကား။              ။ A Field Guide to Mammals of Southeast Asia by Charles M. Francis

ဓါတ်ပုံ
- Malayan Civet by Adam Slavický  
- Malayan Civet caught by trapped camera by da-naturalist.blogspot.com

ဆက်စပ် ဖတ်စရာ
Malaysia Home of Most Diverse Ecosystem
A Trip to Taman Negara National Park 
A Trip to Taman Negara National Park - 2



ဆက်ဖတ်ကြည့်မယ်...

Monday, January 23, 2012

ကိုမိုဒို ဖွတ်နဂါးကြီးများ ရာဇ၀င်


ဖွတ်နဂါးကြီး တွေအကြောင်း နဲ့ ဆက်စပ် ပါတ်သက်သမျှအားလုံးလိုလို ဟာ စိတ်ဝင်စားဖွယ်၊ ထိတ်လန့် ကြောက်မက်ဖွယ်၊ အူလှိုက် အသည်းတုန် ရွံရှာ ဆက်ဆုပ်ဖွယ် ရာများချည်း ဖြစ်ပါတယ်။ ရက်စက် ကြမ်းကြုပ်တဲ့ ဟန်ပန်အမူအယာ များနဲ့ ကြောက်မက်ရွံရှာဖွယ် သွင်ပြင်လက္ခဏာများရှင် ဖွတ်နဂါးကြီး တွေဟာ ဒဏ္ဍာရီ ပုံပြင် တွေထဲမှာ ပါလေ့ရှိတဲ့ နဂါးကြီးတွေ လို အစိမ်းရောင်သန်းနေတဲ့ မွဲညစ်ညစ် ညိုမည်းမည်း အကြေးခွံထူထူ ဖုံးလွှမ်းထားတဲ့ ခန္ဓာကိုယ်၊ နှာခေါင်းပေါက် ကျယ်ကျယ်၊ သွားရည် တမြားမြား ဖြစ်နေတဲ့ ပါးစပ်ပေါက်ထဲက ချွန်မြမြ သွား တွေ ရဲ့ ကြားက လျှာ နှစ်ခွ ထွက်နေပုံ ဟာ ရုတ်တရက် မီးလျှံ တွေ ထွက်ကျမလာ နိုင်တာ သိ ပေမယ့်လဲ စိုးရိမ်ထိတ်လန့် မှု့ ကို တော့ဖြင့် မလျော့ကျ စေပါဘူး။

အမှန်တကယ်တော့ အနှီ ရက်စက်ကြမ်းကြုပ်တဲ့ သတ္တ၀ါကြီး တွေဟာ ကမ္ဘာ့ အကြီးဆုံး ဖွတ်ကြီး တွေဖြစ်ပြီး အင်ဒိုးနီးရှား နိုင်ငံ ကိုမိုဒို (Komodo)၊ ရင်ကာ (Rinca)၊ ပါဒါ (Pada) နဲ့ ကိုမိုဒိုကျွန်း အနီးနားတ၀ိုက်က ကျွန်း ကလေးတွေပေါ်မှာ နေထိုင်ကျက်စားပါတယ်။ ကိုမိုဒိုဖွတ်နဂါး တွေဟာ သားကောင်း တွေကို အမဲလိုက်ပြီး အရှင်လတ်လတ် ကိုက်ဖြတ် ဆုတ်ဖြဲစား သလို၊ အကောင်အသေတွေကိုလဲ မြိန်ရေယှက်ရေ စားပါသေးတယ်။ နောက်တစ်ချက်ကတော့ ကြီးနိုင်ငယ်ညှင်း ပုံစံ မျိုး ဇာတ်တူသားလဲ စားပါတယ်။ သူတို့ ဘာတွေစားတယ် ဆိုတာ အတိအကျ စာရင်းလိုက်ကောက်လို့ မရ နိုင်ပေမယ့် အနည်းဆုံး ဆယ်ရာခိုင် နှုံးက ဖြင့် ဇာတ်တူသား တခြားဖွတ် တွေကို စားတယ်လို့ ဆိုပါတယ်။


သူတို့ ဟာ ဖြုန်းကနဲ ကမူးရှုးတိုး ပုံစံ မျိုး အလျှင်အမြန် ပြေးနိုင် သလို ရေကူးကလဲ တော်ပြန်ပါသေးတယ်။ သူတို့ ထက် ပိုမြန်တဲ့၊ ပိုသန်မာတဲ့ ကျွဲလို နွားလို သားကောင်တွေကို တောင်တစ်ချက် အမိအရ ကိုက်လိုက်ခြင်း အားဖြင့် သူတို့ ပါးစပ် က တတောက်တောက် ကျနေတဲ့ သွားရည် တွေထဲ က ဘက်တီးရီးယား မျိုးစုံ ကြောင့် တဖြည်းဖြည်း နှေးကွေး လေးလံ ပြီး ဆက်မသွားနိုင်တော့ ပဲ ခန္ဓာကိုယ် အစိပ်အပိုင်းတွေကို ရက်ရက်စက်စက် ကိုက်ဖြတ် ဆုတ်ဖဲ့ စားခြင်း ကို အရှင်လတ်လတ် ခံရ ပါတယ်။ အကိုက်ခံ လိုက်ရတဲ့ သားကောင် နောက် ကို သူတို့ ရဲ့ ထူးခြား လှတဲ့ အနံ့ ခံ အာရုံ အပြင် ပြူတစ်ပြူတစ် ထွက် နေတဲ့ လျှာ ကြီး နှစ်ခွ နဲ့ ခြေရာခံပြီး သေအံ့မူးမူး ဖြစ် နေတဲ့ သားကောင် ကို ကိုက်ဖဲ့ ပြီး စားပါတယ်။

ဖွတ်နဂါးကြီးတွေ ဟာ အသက် ငါးနှစ်က ဆယ်နှစ် အတွင်း မှာ အရွယ်ရောက် ပြီး မိတ်လိုက် နိုင်ကြပြီး မှတ်တမ်းများ အဆိုအရ အသက် ငါးဆယ် ကျော် အထိရှင်သန် နေထိုင်ပါတယ်။ မိခင် ဖွတ်နဂါးမကြီး က ဥဥ ဖို့ အသိုက်ဆောက်လုပ်ပြီး တခါဥ ရင် ဥပေါင်း သုံးဆယ်ကျော် ဥလေ့ ရှိပါတယ်။ ဖွတ်နဂါး ပေါက်ကလေး တွေ ဥခွံ ထဲက ကိုယ့်ဖာသာ ဖောက်ထွက် နိုင်ဖို့ ကိုးလ လောက် ကြာတတ်ပါတယ်။ အကောင်ပေါက် ကလေးတွေဟာ ဥက ဖောက် ထွက် နိုင်တာ နဲ့ ချက်ချင်း နီးစပ်ရာ အပင်ကြီး ပေါ်တွေကိ ပြေးတက်ကြရပါတယ်။ ဒါမှသာ တခြား အရွယ်ရောက်ပြီး ဖွတ်နဂါးကြီးတွေ ရဲ့ အစာ ဖြစ်က လွတ်ကင်း မှာ ဖြစ်ပါတယ်။ သူတို့ လေးတွေဟာ သစ်ပင်ကြီး တွေပေါ်မှာ ပဲ ကိုယ့် ကိုယ်ကို ထိန်းကျောင်း နိုင်တဲ့ လေးနှစ်သား အရွယ် လောက်အထိ နေကြရပါတယ်။

တကယ်လို့ သာ ကမ္ဘာ့ အံ့ဖွယ် ရှစ်ခုသာ ရှိခဲ့ မယ်ဆိုရင် အဲဒီရှစ်ခုမြောက် ဟာ ကိုမိုဒိုကျွန်းသာ ဖြစ်ပါလိမ့် မယ်။ သားရိုင်း တိရိစ္ဆာန် ကျေးငှက် များစွာ ရှိတဲ့ အင်ဒိုနီးရှားရဲ့ ဧရိယာ အကျယ် အ၀န်းဟက်တာပေါင်း ငါးသောင်းကိုးထောင် ရှိတဲ့ အမျိုးသား ဥယျာဉ်ကြီးထဲ က သုံးထောင်ကျော်သော ကိုမိုဒိုဖွတ်နဂါးကြီး တွေ (Komodo Dragons or Varanus Komodoensis) ဟာ ကမ္ဘာဦးက ဒိုင်နိုဆော မျိုးနွယ် တွေရဲ့ အကြီးမားဆုံးသော နောက်ဆုံး လက်ကျံ မျိုးဆက် ပဲဖြစ်ပါတယ်။ အကယ်၍ စာဖတ်သူ ဟာ ကျနော် အထက်က ရေးခဲ့ တာတွေကို မယုံ နိုင်ဘူး ဆိုရင်လဲ လက်ခံ ပါတယ်။ ဘာလို့လဲ ဆိုတော့ ကျနော် ပြောတာ နားထောင် ဖူးသူ မှန်သမျှ ဟာ မယုံကြည်တဲ့ မျက်ဝန်း တွေနဲ့ ကျနော် ကိုစိုက် ကြည့် ပြီး ဟုတ်ကော ဟုတ်ကဲ့ လား ဆိုတဲ့ မေးခွန်း ကိုသာ အကြိမ်ကြိမ် ပြန်မေးတာ ကြားခဲ့ရဖူးလို့ ပါ။

ဒေသခံ တွေဟာ ကိုမိုဒိုနဂါးကြီး တွေကို အိုရာ (Ora) လို့ ခေါ်ကြပါတယ်။ အဖိုး၊ ဒါမှမဟုတ်ရင် အဖွားလို့ အဓိပ္ပါယ် ရပြီး လူသားစင်စစ် ကနေ ပြောင်းလဲ ထားတယ် လို့ ယုံကြည်ကြပါတယ်။ ဒေသခံ တွေဟာ သူတို့ရဲ့ မြေး မြစ်တွေ ဖြစ်လို့ အန္တရာယ် မပေးဖို့ တောင်းပန်လေ့ရှိပါတယ်။ အဆိုပါ ဖွတ်နဂါးကြီးတွေဟာ အရှည် ဆယ်ပေ ကနေ ဆယ့်ငါးပေ ခန့် အထိ ရှိတတ်ပြီး ရှေ့ ခြေကို ထောက်ပြီး ခေါင်းထောင် လိုက်မယ် ဆိုရင် သုံးလေးပေလောက် အထိ မြင့် ပါတယ်။ အလေးချိန်အားဖြင့် ပေါင် တရာ့ငါးဆယ် ကနေ ပေါင် သုံးရာလောက် အထိကြီးထွား လေ့ရှိပါတယ်။ အပြေး မြန်သလို တွင်း အနက်ကြီးတွေကို လဲ တူးနိုင်ကြပါတယ်။ ရေကူး၊ ရေငုတ်တော် ပြီး အကောင်ငယ်လေး တွေ ဆိုရင် သစ်ပင် အမြင့် ကြီး တွေကိုပေါ်ပါ တက်နိုင်ကြပါတယ်။

သူတို့ ရဲ့ အစာ တွေဟာ အများအား ဖြင့် ဆိတ်၊ သမင်၊ ဒရယ်၊ မြင်း၊ တောကျွဲ၊ တောဝက် စသည်ဖြင့် ကျွန်းပေါ် မှာရှိတဲ့ တောနက် ထဲ မှာ ရှင်သန်နေထိုင် တဲ့ တောရိုင်း တရိစ္ဆာန်တွေ အပြင် ဒေသခံ တွေ မွေးထားတဲ့ ကြက်၊ဘဲ၊ ဆိတ်၊ကျွဲ စတာ တွေကို ပါ လစ်ရင် လစ်သလို ၀င်ဆွဲလေ့ ရှိပါတယ်။ ဖွတ်နဂါးကြီးတွေရဲ့ ပိုင်နက် နယ်ပါယ် ဟာ ကိုမိုဒို သဘာဝဥယျာဉ် လို့ သတ်မှတ်ထားတဲ့ ကိုမိုဒို၊ ရင်ကာ၊ ပါဒါ နဲ့ ကိုမိုဒို ကျွန်းဝန်းကျင် က ကျွန်း ကလေး တွေ တ၀ိုက် တင် မကသေးပဲ ဖလောရက်စ် (Flores Island) ကျွန်းတ၀ိုက်မှာ ပါ ခဏခဏ တွေ့ရလေ့ ရှိလို့ အဆိုပါ နေရာမှာလဲ နေထိုင် ကျက်စားတယ် လို့ မှတ်ယူရမှာ ဖြစ်ပါတယ်။

တကယ်လို့ တစုံတယောက် ကနေ ကိုမိုဒိုနဂါးကြီးတွေ ဟာ အန္တရာယ် ရှိသလားလို့ မေးလာခဲ့ ရင် အဖြေက ရှိတယ်၊ မရှိဘူး နှစ်မျိုး ဖြစ်နေပါလိမ့် မယ်။ အကြောင်းသိတဲ့ ဒေသခံ တွေအတွက်အန္တရာယ် မရှိနိုင်ဘူး ဆိုပေမယ့် တိုးရစ် လိုမျိုး ခဏတာ လာလည်တဲ့ သူတွေ အတွက် ကတော့ အင်မတန် အန္တရာယ် ကြီးပါပေတယ်။ ကိုမိုဒို ကျွန်းပေါ်မှာ ခြေရာ လက်ရာ အစအန မကျံ အောင် ပျောက်ဆုံး သွားခဲ့ ကြတဲ့ ကံဆိုးသူ တိုးရစ် တွေ ရှိခဲ့ ဖူးပါတယ်။ အကယ်၍ အင်ဒိုနီးရှားက ကိုမိုဒို အမျိုးသား ဥယျာဉ်ကို လည်ပါတ်ခွင့် ကြုံလာခဲ့မယ် ဆိုရင် အမျိုးသားဥယျဉ်က ချမှတ်ထားတဲ့ လမ်းညွှန်ချက် စည်းကမ်းတွေကို အလေးအနက် လိုက်နာဖို့ လိုပါလိမ့်မယ်။ အထူးသဖြင့် အနီရောင် အ၀တ်အစား တွေကို မ၀တ်မိဖို့ ပါပဲ။ အကယ်၍ ကိုမိုဒိုဖွတ်နဂါးကြီးတွေသာ သူတို့ ရဲ့ အစာ လို့ မြင်သွားပြီဆိုရင် ဖြင့် ရိုင်ဖယ် သေနတ်ကိုင် ရိန်းဂျား အစောင့် တွေလဲ လုံခြုံအောင် ကာကွယ်ပေးဖို့ တတ်နိုင်လိမ့်မယ် မထင်ဘူး။ ။



ကိုးကား
- ကိုမိုဒို အမျိုးသားဥယျာဉ် ထုတ်စာရွက်စာတမ်းများ
- Paul (Komodo Specialist)
- Flores Tourism
- Wikipedia
- National Geographic Magazine
- ဖလောရက်စ် ဒေသခံ လုပ်ဖော်ကိုင်ဖက် များ၏ ပြောပြချက် များ

Photo credits to:-
- Picture 1 (http://www.infohostel.com/)
- Picture 2 (http://www.komodragonfacts.com/)
- Picture 3 (http://www.komolarges.com/)
- Picture 4 (image.google.com)



ဒုတိယပိုင်း ဖျောက်ထားမည့်စာ

ဆက်ဖတ်ကြည့်မယ်...

Sunday, March 27, 2011

လွတ်လပ်စွာ ပျံသန်းပါလော့

Bali Starlin (photo by Bali Bird Park http://www.bali-bird-park.com/)
ပြီးခဲ့တဲ့ အောက်တိုဘာလရဲ့ တခုသောညနေစောင်း မှာ အဖွဲ့ခြောက်ဖွဲ့ဟာ နူဆာပန်နီးဒါကျွန်း (Nusa Penida) ရဲ့ မှုန်ဖျဖျ အလင်းရောင် အောက်မှာ ထိုင်ပြီး ဆွေးနွေးနေကြပါတယ်။ အကြောင်းအရာတခုတည်း ကို ပဲ တညီတညွတ်တည်း တိုင် ပင်နေကြတာဖြစ်ပြီး အင်မတန်ရိုးစင်းတဲ့ လုပ်ငန်းစဉ် တရပ်ကိုပဲ စိတ်တူကိုယ်တူ လုပ်ဆောင်ကြဖို့ စိတ်အားထက်သန်နေကြပါတယ်။ အဲဒါကတော့ "ငှက်အကောင်ရေစာရင်းကောက်ခြင်း "ပဲ ဖြစ်ပါတယ်။ စုစုပေါင်း ဆယ့်ကိုးယောက် ပါတဲ့ ငှက်ကြည့်အဖွဲ့ဟာ အရိုင်းသဘာဝ အတိုင်း ရှင်သန်ကျက်စား နေတဲ့ "ဘာလီစတာလင် (ခ) ဘာလီဆက်ရက်" (Bali Starling) အကောင်အရေအတွက် စာရင်းကောက်ဖို့ ကမ္ဘာကျော်အပန်းဖြေစခန်း ဘာလီကျွန်းရဲ့ တောင်ဘက် ဘာလီရေလက်ကြား ရဲ့ တဖက်ကမ်းက နူဆာပန်နီးဒါကျွန်း ကိုရောက်နေကြတာပါ။

အဖွဲ့မှာ ပါဝင်ကြတဲ့ စင်္ကာပူဂျူရောင်း ငှက်ဥယျာဉ် (Singapore Jurong Bird Park) ကကိုယ်စားလှယ်အဖွဲ့၊ ဘာလီငှက်ဥယျာဉ် (Bali Bird Park) ကတာဝန်ရှိသူများ၊ ဘာလီငှက်ဝါသနာရှင် အဖွဲ့၊ ဥဒယျန တက္ကသိုလ် (Udayana University Denpasar) နှင့် ဂရင်းစကူး (Green School) က ကျောင်းသူကျောင်းသားတွေဟာ ငှက်စာရင်းကောက်ဖို့ အဆင်သင့်ဖြစ်နေကြပါပြီ။ ဘာလီငှက်ဝါသနာရှင် အဖွဲ့က ဝေယံဆုမ္မဒီ (Wayan Sumadi) က အခြေခံ ငှက်ကြည့်ခြင်း နဲ့ ဒီကျွန်းပေါ်က ကာကွယ်တော အကြောင်းကို အကြမ်းဖြင်း ရှင်းပြပြီး ဆောင်ရန် ရှောင်ရန် အချက်အလက် တွေကို ပြောပြပါတယ်။ နောက်တော့ ငှက်စာရင်းကောက်ဖို့ အဖွဲ့ငယ်ခြောက်ဖွဲ့ ခွဲပြီး ရွေးချယ်ထားတဲ့ နေရာ ခြောက်နေရာမှာ မှာ နေရာယူလိုက်ကြပါတယ်။

ညနေစောင်းအချိန် ကတော့ ရောက်လာပါပြီ။ သူတို့အဖွဲ့တွေကတော့ ရှားပါးပြီး တွေ့ဖို့ အင်မတန်ခက်ခဲလှတဲ့ ငှက်ကို ကြည့်ရဖို့ မျှော်လင့်ချက်ကြီးစွာ စောင့်နေကြပါတယ်။ သူတို့စိတ်ရှည်ရကျိုး နပ်တယ်လို့ဆိုရမှာပါ။ နောက်ဆုံးမှာ အလွန်ထူးခြား လှပ တဲ့အမွှေးအတောင် တွေနဲ့ ဆင်ယင်ထားတဲ့ ဘာလီဆက်ရက် ဟာ မြင်ကွင်းထဲ ကို ၀င်လာပါတော့တယ်။

သူတို့တတွေဟာ လူအနည်းငယ် သာ ကြုံဘူးတဲ့ ဘာလီဆက်ရက် ကို အရိုင်းသဘာဝအတိုင်း တွေ့မြင် လိုက်ရတာ ဖြစ်ပါတယ်။

"ညနေစောင်း မှာ ဘာလီစတာလင် ၂၂ ကောင် အိပ်တန်းတက် တာကို မြင်တွေ့လိုက်ရတဲ့ပီတိ ဟာ ဘာနဲ့မှ နှိုင်းယှဉ် လို့မရပါဘူး" လို့ စင်္ကာပူ ဂျူရောင်းငှက်ဥယျာဉ် က ပြတိုက်မှူး ရာဂျာစီဂရင် (Raja Segran) က ၀မ်းသာအားရ ပြောပါတယ်။

လူနေထူထပ်တဲ့ ဘာလီကျွန်းမှာ သဘာဝပါတ်ဝန်းကျင် အတိုင်း နေထိုင် ရှင်သန်ရာစနစ် တစတစ ပျက်ယွင်းလာတဲ့ အပြင် လူတို့ရဲ့ အလှမွေးငှက် အဖြစ်ရောင်းချဖို့ စီးပွားဖြစ် ဖမ်းယူရောင်းချ မှုတွေကြောင့် ဘာလီစတာလင် တွေရဲ့ အရေအတွက် ဟာ စိုးရိမ်စရာ ကောင်းလောက်အောင်လျော့ကျ လာခဲ့ပါတယ်။ အခု လက်ရှိ သိရသလောက် အကောင် ရေ တထောင် လောက်ဟာ ၁၉၆၀ - ၁၉၇၀ ခုနှစ်များ က ဥရောပနဲ့ အမေရိက ကို အလှမွေးငှက် အဖြစ် တရားဝင် တင်ပို့ရောင်းချ လို့ ကျန်တဲ့ အထဲက ဆင်းသက်လာ ကြတာ ကပဲ သဘာဝ အတိုင်း ပြန်လည်လေ့ကျင့်ပေးပြီး သားပေါက် မွေးမြူ ရန် စီမံကိန်း ချမှတ်နိုင်ဖို့ အထောက်အပံ့ ဖြစ်စေပါတယ်။

ငှက်အကောင်ရေ စာရင်းကောက်တဲ့ အဖွဲ့ ကို ဘဂ၀မ် ဖောင်ဒေးရှင်း (Begawan Foundation) က စုစည်းစီစဉ် တာ ဖြစ်ပါတယ်။ ဘဂ၀မ် ဖောင်ဒေးရှင်း ကို ငှက် တွေကို သဘာဝအတိုင်း ထိမ်းသိမ်း စောင့်ရှောက် နေတာတွေကို အကူအညီ ပေးနိုင်ဖို့ဗြိတိသျှလူမျိုး ဘရက်ဒလေ (Bradly) နဲ့ ဒက်ဘီ (Debbie) ဂါဒ်ဒနာ (Gardner) ဇနီးမောင်နှံ က ၁၉၉၉ မှာ တည်ထောင်ခဲ့တာပါ။ ၂၀၀၅ ခုနှစ်မှာ တော့ ဒီဖောင် ဒေးရှင်း ဟာ ဘာလီစတာလင် အကောင် ရေ ၉၇ ကောင် အထိ ဂါဒ်ဒနာ ပိုင်တဲ့ ဘီဂ၀မ်ဂီရိက နယ်မြေ အကျယ် ကြီးမှာ ထိမ်းသိမ်း စောင့်ရှောက်နိုင်ခဲ့ပါတယ်။ အဲဒီနှစ်ထဲမှာ ပဲ ဘာလီစတာလင် တွေဟာ အသစ် တည်ထောင်လိုက်တဲ့ နူဆာပန်နီးဒါ ကျွန်းက ကာကွယ်တော ကို ရွှေ့ပြောင်းသွားကြတာ ဖြစ်ပါတယ်။

"ကျနော် တို့ အင်္ဂလန်ကနေ ဘာလီစတာလင် ၂ စုံတွဲ တင်သွင်းလာခဲ့ပါတယ်။ တကယ်တော့ သူတို့ ဟာ ကိုယ့်ဇာတိ အိမ် ကို ပြန်ရောက် လာကြတာပါ။" လို့ ဘရက်ဒလေဂါဒ်ဒနာ ကပြောပါတယ်။ "ကျနော်တို့ စိတ်ထဲ မှာ အဲဒီ ၂ စုံတွဲဟာ ကျနော်တို့ရဲ့ ဘာလီစတာလင် ထိမ်းသိမ်းစောင့် ရှောက်ရေး စီမံကိန်းကြီး ကို အကူအညီပေး ဖို့ ဇာတိမြေကို ပြန်ရောက်လာကြတာ ပဲလို့ ခံစားရပါတယ်။ ကျနော်တို့ သူတို့တတွေ ကို ဒုတိယ အကြိမ် ရှင်သန်ရပ်တည်ခွင့် ပေးလိုက်တာ ဖြစ်ပါတယ်။"

စီမံကိန်းရဲ့ အဆုံးစွန်သော ရည်ရွယ်ချက်ကတော့ ဒီငှက်ကလေး တွေ အရိုင်းသဘာဝ အတိုင်း ပြန်လည် ရှင်သန် ကျက်စားနိုင်ပြီး သဘာဝအတိုင်း ပေါက်ပွား စေဖို့ပဲဖြစ်ပါတယ်။ နူဆာပန်နီးဒါကျွန်း ကိုကြည့်ရတာ တော့ အသင့်တော်ဆုံး အကောင်းဆုံး နေရာ တခုပါပဲ။

ဓလေ့ထုံးတမ်း တွေနဲ့ အကာအကွယ်ပေး
ဘဂ၀မ်ဖောင်ဒေးရှင်းက ဒါရိုက်တာ ဖြစ်တဲ့ ဘာယုဝီရယုဓ (Bayu Wirayudha) ဟာ ကျေးငှက်သဘာဝ အသေအချာ ထိမ်းသိမ်း နိုင်ဖို့ နူဆာပန်နီးဒါကျွန်းက ကျေးရွာ ၃၅ ရွာ ပါဝင်တဲ့ ရိုးရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေး ကောင်စီမှာ အလုပ်လုပ်ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာ တော့ ကျေးရွာအုပ်စု ကောင်စီဝင် အားလုံးဟာ ကျေးငှက်သဘာဝ ထိမ်းသိမ်းဖို့ တညီတညွတ်တည်း သဘောတူကြပြီး ဒေသဆိုင်ရာဓလေ့ဥပဒေနဲ့ အကာအကွယ် ပေးဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ ဥပဒေအရ ကျေးငှက်ကလေး တွေကို ဖမ်းဆီး တဲ့သူတွေကို ဒဏ်ငွေ ရိုက်ရုံသာ မကပဲ အသိုင်းအ၀ိုင်းက ၀ိုင်းကျဉ် တဲ့ ပြစ်ဒဏ်ကိုပါပေး ပါတယ်။

သက္ကရာဇ် ၂၀၀၆ နဲ့ ၂၀၀၇ မှာ တော့ စုစုပေါင်း ဘာလီစတာလင် ၆၅ ကောင် လွှတ်ပေးနိုင်ခဲ့ပြီး ၁၂ ကောင်ကတော့ ဘာလီ နဲ့ နူဆာပန်နီးဒါ ဖယ်ရီဖွင့်ပွဲ အတွက် အလည်အပါတ် ရောက်ရှိလာခဲ့တဲ့ အင်ဒိုနီးရှား နိုင်ငံ သမ္မတကြီး ဆူဆီလိုဘန်ဘန်းယူဒိုယူနို (HE President Susilo Bambang Yudhoyono) နဲ့ သမ္မတ ကတော် ခရစ္စတီရာနီ ဟာရ၀တီ (HE First Lady Kristiani Herawati) တို့ကိုယ်တိုင် လွှတ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၀ သြဂုတ်လ မှာတော့ သဘာဝအတိုင်း အသားကျနေတဲ့ ဘာလီစတာလင် တွေကို ဘာလီကျွန်းမကြီး က ဥဘွတ်(Ubud) အရပ်က ဂရင်းစကူး (Green School) ကို ပြောင်းရွှေ့ခဲ့ပါတယ်။ နေရာသစ်ကို ပြောင်းရွှေ့လာပြီး မကြာခင်မှာ ပဲ မိတ်လိုက် စုံတွဲ တ တွဲဟာ အသိုက်ဆောက် နေတာ ကို တွေ့ရပြီး ရလဒ် ကတော့ ဒီဇင်ဘာလ လယ်မှာ ပဲ ငှက်ပေါက် ကလေး ၄ ကောင် ပေါက်နေတာ တွေ့ရတာပါပဲ။

ရေကြည့်ကြဦးမယ်
အောက်တိုဘာလ ရဲ့ ငှက်စာရင်းကောက်တဲ့ အဖွဲ့ ဟာ ဒုတိယနေ့မှာ တော့ နေ့ပိုင်းမှာ လုပ်မယ်ဆိုပြီး မနက်စောစော ၆ နာရီမှာ အဖွဲ့အားလုံး စုရပ်မှာ ဆုံကြပါတယ်။ ဒီတခါတော့ တဖွဲ့ ကကြည့်လိုက်တဲ့ ငှက်တအုပ် ကို နောက်တနေရာ က နောက်တဖွဲ့ က အတည်ပြု ပေးတာပဲဖြစ်ပါတယ်။ အဖွဲ့ ခေါင်းဆောင် ဆုမ္မဒီ ဆုံးဖြတ်တာ ကတဖွဲ့က ငှက်တအုပ် ကိုကြည့်ပြီးရင် နောက်တဖွဲ့က အဲဒီငှက်အုပ်နောက် ကို အောက်ကနေ အသာ လိုက်ပြီး ကြည့်ဖို့ပဲ ဖြစ်ပါတယ်။ အဲဒီနည်း နဲ့ ၄ ကြိမ်လောက် ကြည့်ပြီးတဲ့ အခါမှာ ငှက်အုပ် ၂ အုပ် ဆိုတာ အသေအချာ သိရပြီး တအုပ်ကို အပျံသင်စ (juvenile) ၁၅ ကောင်စီလောက် ပါတာ သိရပါတယ်။

အဲဒီအဖွဲ့ ဟာ အဖြေပေါ်နိုင် သလောက်လဲ မေးခွန်းထုတ်ပါတယ်။ ဥပမာ လူသားတွေရဲ့ ပါဝင်စွက်ဖက် မှု တွေကြောင့် ဘာလီစတာလင် တွေရဲ့ အရိုင်းသဘာဝ ပျက်နိုင်သလား ဆိုတာမျိုးပေါ့။ ရွာသားတွေဟာ ဘာလီစတာလင် တွေကြိုက်တတ်တဲ့ သင်္ဘောသီး၊ ငှက်ပျောသီးတွေ ကို ငှက်တွေရှိတတ်တဲ့ နေရာတွေမှာ ချထားတတ်တယ်။ နောက်ပြီး အကောင်ပေါက်ကလေးတွေ အသိုက်က နေအောက် ကို ပြုတ်ကျနေတာ တွေ့ရင် ပြန်တင်ပေးတတ်ကြတယ်။ နောက်တော့ သူတို့ဟာ သစ်ပင်ကြီးတွေက သစ်ခေါင်းတွေမှာ ထက် ပျားအုံ ပျားသလက် အဟောင်းတွေမှာနဲ့ အဆောက် အအုံတွေရဲ့ တံစက်မြိတ် တွေမှာ အသိုက်တွေ ဆောက်လာတာ တွေ့ရတယ်။ နောက်တခုက တော့ အစာ အသစ်ဖြစ်တဲ့ ကျွဲနွား တွေကိုယ်ပေါ်က မှက်၊ခြင်၊ ယင်တွေကို ပေါပေါများများ ဖမ်းယူစားသောက်လာကြတာပဲ။

ဘာလီစတာလင် တွေကို ကြည့်ရတာ လူတွေ အခြေချ နေထိုင်ရာ မှာ နေထိုင်ဖို့ သူတို့အတွက် ဘာမှ အပမ်း မကြီးသလိုပဲ။ သူတို့ ကို ကြက်၊၀က်၊ကျွဲ၊နွား တွေ ရှိနေတတ်လေ့ရှိတဲ့ အုန်းပင်တန်းတွေ ထဲမှာ နဲ့ ပြောင်းဖူးခင်း တွေမှာလဲ တွေ့လာရတယ်။ နေ့စဉ် နိစ္စဒူဝ အလုပ်တွေက ဆူညံသံတွေနဲ့ ဆိုင်ကယ်တဖုန်းဖုန်း နဲ့ စိုက်ခင်းတွေထဲ ကို သွားလာနေတတ်တဲ့ ရွာသားတွေ ကြောင့်တော့ ဘာလီစတာလင်တွေမှာ ဘာမှအ နှောက်အယှက် မရှိသလိုပဲ။ အမြဲလိုလိုဆူညံနေတတ်တဲ့ ရွာဈေးတန်း နားက သစ်ပင်ပေါ်မှာနဲ့ ရွာသားတယောက်ရဲ့ နွားတင်းကုပ် တံစက်မြိတ်မှာ အသိုက် ကလေးတွေ တွေ့ရပါတယ်။

"ဒီငှက်တွေဟာ နူဆာပန်နီးဒါကျွန်းသား တွေရဲ့ ဘ၀ တစိတ်တပိုင်းလို မျိုးဖြစ်လာ နေပြီ.. "လို့ စင်္ကာပူဂျူရောင်း ငှက်ဥယျာဉ် ကလာရောက်လေ့လာတဲ့ ရာဂျာ ကပြောပါတယ်။ "ရွာသားတွေမှာ ထူးခြားရှားပါးလှတဲ့ ဒီ ဘာလီစတာလင် အပေါ် လုံလောက်တဲ့ အလေးထားမှုမျိုး ရှိနေပြီး ငှက်ကလေးတွေ အရိုင်းသဘာဝ ရှင်သန်ရပ်တည်ဖို့အတွက် တစိတ်တပိုင်းအားဖြင့် တာဝန်ရှိပါတယ်။"

အပျံသင်စ ငှက်နှစ်အုပ် နဲ့ အရွယ်ရောက်ပြီး စုံတွဲ တချို့ အပါအ၀င်
အကြမ်းဖြင်း အားဖြင့် စုစုပေါင်း ၅၂ ကောင် စာရင်းကောက်နိုင်ခဲ့ပါတယ်။ငှက်အုပ်တွေ ဟာ ဘယ်အရပ်ဒေသ တွေကို ချဲ့ထွင် ပျံသန်း နေတယ်ဆိုတာ သိရဖို့ နောက်ထပ် အခုလိုမျိုး ငှက်စာရင်းကောက်ဖို့လို ပါသေးတယ်။ နူဆာလမ်ဘွန်ဂန် ကျွန်း (Nusa Lembongan) မှာ ဘာလီစတာလင် စုံတွဲ တတွဲ တွေ့တယ်လို့ သတင်းပို့လာလို့ပါ။

ဒီငှက်စာရင်းကောက်တဲ့ အစီအစဉ် ဟာ ဘာလီစတာလင်ငှက်တွေကို လူတွေက ဖမ်းယူခြင်း ရှိ မရှိ ၊ အသားစား အကောင် တွေရဲ့ အန္တရာယ် ကျရောက် ခြင်းရှိမရှိ၊ သဘာဝ နဲ့ တသားတည်း အသက်ရှင် ရပ်တည် နိုင်စွမ်းရှိမရှိ စိုးရိမ် ပူပန် စိတ်တွေနဲ့ စတင်ခဲ့တာ ဖြစ်ပေမယ့် ရလဒ် ကောင်းတွေနဲ့ အဆုံးသတ်ခဲ့ပါတယ်။့ ကံကောင်းထောက်မစွာပဲ ဘာလီရဲ့ လာဘ်ကောင် ဘာလီစတာလင် ခေါ် ဘာလီဆက်ရက် ကို အရိုင်းသဘာဝ အတိုင်းမြင်တွေ့ ခွင့်ရနေဆဲပါ။ ။


မှတ်ချက်။ ။ The Jakarta Post က ထုတ်ဝေတဲ့ Weekender သဘာဝပါတ်ဝန်းကျင်ထိမ်းသိမ်းရေး စာစောင် ၂၀၁၁ ခုနှစ် မတ်လ ထုတ် မှာပါတဲ့ Flying Free by Carolyn Kenwrick ကိုပြန်ဆိုပါသည်။

Photo:
- Bali Bird Park http://www.bali-bird-park.com/
- http://www.burung.org/detail_txt.php?op=news&id=508
ဒုတိယပိုင်း ဖျောက်ထားမည့်စာ

ဆက်ဖတ်ကြည့်မယ်...

Wednesday, June 30, 2010

Malaysia, Home of the World's Most Diverse Ecosystem

The tropical rainforests in Malaysia were blessed with a location far from the ravages of the earth's ice ages that they developed much earlier than the other equatorial rainforests in Africa and South America. Evolving for over 120 million years, they displayed a much greater diversity and provided shelter for the emergence of mammals as well as birds.

When the earth became drier, the rainforests of Southeast Asia, sheltered by the Himalyan Massif, remained moist. This was followed by the ice ages when sea levels fell dramatically, forming land bridges between mainland and island Southeast Asia, allowing plant and animal migration. As the climate began to warm, this vast genetic storehouse burst forth with the profusion of species that exists today.
Malaysia is also home to the world's richest marine environment, which includes coral atolls, fringing reefs and barrier reefs. Coral reefs are to the sea what tropical rainforests are to the land. Corals require stringent conditions in order to flourish, only existing in warm, shallow seas where sunlight penetrates to about 100m and warm currents flow.


These living organisms form an ecosystem and tightly recycle everything, being virtually self-contained. Although they are found primarily in the tropics, they do not exist throughout tropical seas. It is very difficult to say which is the most complex ecosystem on earth - the coral reefs or the tropical rainforests. Both have no equals. Both are fragile yet boast unparalleled diversity.


Malaysia enjoys the best of both worlds and is truly the ideal destination for the nature lovers. It is not only one of the few countries that is home to these extraordinary ecosystems but also ranks among the very few that provide wide ranging protection in terms of designated parks as well as sanctuaries for these unique living treasures.


Ref:
Courtesy of Tourism Malaysia

Photos:
- Courtesy of Tourism Malaysia
- Carol @ Lankayan Island Resort
- Carol @ Sepilok Nature Resort

ဆက်ဖတ်ကြည့်မယ်...

Wednesday, June 3, 2009

Environment & Tourism

Barrack Obamam, the President of United States of America, was quoted saying, "Global warming is not just the greatest environmental challenge facing our planet - it is one of our greatest challenge of any kind." Yes. I completely agree it. We are facing the climate crisis which is deepening and giving rise to a threat to global phenomenon of artificial natural disasters.

There is only one question in this case "How to preserve the environment?" But there are hundreds of working processes of it..

Environment Vs Tourism or Environment & Tourism

Environmental tourism, nature tourism or preferably ecotourism provides an opportunity to vist and experience the undisturbed or untouched natural areas, scenic vistas, and observe plants and wildlife of the particular destination. It is encouraged to share their natural environments with visitors by the respective government. However while maximizing the economic, environmental and social benefits from ecotourism, the local environment must be protected.


"In fact, nature tourism is the travel through and enjoyment of the natural world, its seasonal cycles and events, carried out in a manner that promotes the protection of natural and human communities and consideration for those who will inherit our world."



To be continued..

Ref:
-WDFD



ဆက်ဖတ်ကြည့်မယ်...

License

License
Thank you very much for visiting my blog. I really do. I am trying to write and share my knowledge, experience,information etc etc. I would be very much appreciated for your either encouraging or critical comments to my any post. Furthermore, some photos herein the posts are not mine and perhaps some information too. However I always try to credit or mention the courtesy of the respective owner and/or where I got it from. Anyway please leave your message anything regards to my blog or if you want to use any part of information from my blog. I would follow up thereafter your message, accordingly.
Contact: thomasjrlatt@gmail.com