Showing posts with label မြန်မာပို့စ် Tourim. Show all posts
Showing posts with label မြန်မာပို့စ် Tourim. Show all posts

Tuesday, February 6, 2018

မြန်မာ့ခရီးသွားအတွက်



ကမ္ဘာတလွှားရင်ဆိုင်ကြုံတွေနေရတဲ့ အကျပ်အတည်းပေါင်းစုံ နဲ့ စိန်ခေါ်မှုအရပ်ရပ်တို့ဟာ ကျွန်တော်တို့အမိမြန်မာ နိုင်ငံကို ကွက်ကျော်မသွားပဲ တိုက်ရိုက်ထိခိုက်ဆက်စပ်နေရုံမျှ မက အပိုဆုအနေနဲ့ ပြည်တွင်းဖြစ် ပဋိပက္ခပေါင်းစုံ ကိုလဲ နည်းလမ်းပေါင်းစုံသုံးပြီး ရင်ဆိုင်ဖြေရှင်းနေရပါတယ်။ အစိုးရအနေနဲ့ အစိုးရအလျောက် ပင်ပန်းခက်ခဲစွာဖြတ်သန်းနေရသလို၊ ကဏ္ဍအသီးသီး မှာလဲ အချိတ်အဆက်မိလိုက်မမိလိုက် နဲ့ ကျော်လွှားဖြတ်သန်းနေရတာဖြစ်ပါတယ်။ နည်းပညာတိုးတက်ဖွံ့ဖြိုးတက်မှု နဲ့ အတူ နည်းပညာအားသာမှုကို အခွင့်ကောင်းယူ၊ လက်ဦးမှုရယူပြီး နယ်မြေချဲ့ထွင်လာတဲ့ ကမ္ဘာ့အင်အားကြီးလုပ်ငန်းစုကြီးတွေရဲ့ ရှည်လျားလှတဲ့ ခြေတံလက်တံတွေဟာလဲ မြန်မာ့မြေပေါ်မှာ ခြေရှုပ်လက်ရှုပ်လာပါတော့တယ်။ အဲဒီ ခြိမ်းခြောက်မှုဟာ တခြားလုပ်ငန်းကဏ္ဍတွေ ကို သက်ရောက်နေသလို ခရီးသွားလုပ်ငန်းကိုလည်းချန်လှပ် မထားခဲ့ပါဘူး။

အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်လာတဲ့ ဒစ်ဂျစ်တယ် နည်းပညာကြောင့် ကမ္ဘာအရပ်ရပ်က ခရီးသွားတွေဟာ မိမိသွားချင်တဲ့ ခရီးစဉ်ဒေသအကြောင်း ကို အန်းတား (Enter) တစ်ချက်ခေါက်ပြီးသိချင်တာသိခွင့်ရသလို၊ လေယာဉ်လက်မှတ်နဲ့ ဟိုတယ် ဘွတ်ကင်လုပ်လို့ရယုံတင်မကပဲ စားသောက်ဆိုင်စားပွဲ ကိုပါကြိုတင်ဘွတ်ကင်လုပ်လို့ရလာပြီဖြစ်ပါတယ်။ ပြတိုက်တွေ နဲ့ အပန်းဖြေကစားကွင်းတွေ ရဲ့ဝင်ခွင့်လက်မှတ်တွေ ဟာအွန်လိုင်းမှာ ဒစ်စကောင့်ဈေးနဲ့ ရနိုင်သလို အပျော်စီးသင်္ဘော၊ ရထားလက်မှတ်စတာတွေ ကတော့ ကာလအတော်ကြာကြာကတည်းက အွန်းလိုင်းမှာလွယ်လွယ်ကူကူဝယ်လို့ ရနိုင်လာပါတယ်။

အွန်လိုင်းဈေးနှုန်းတွေဟာလဲ ဟိုတယ်နဲ့ ကန်ထရိုက်စာချုပ်တိုက်ရိုက် ချုပ်ဆိုထားတဲ့ ဒေသခံခရီးသွားလုပ်ငန်းရှင်တွေရောင်းတဲ့ ဈေးထက် မကြာခဏ ဆိုသလို ဈေးနှုန်းတန်းတူ (ရံဖန်ရံခါဆိုသလို) ပိုသက်သာ နေတတ်လို့ ဒေသခံခရီးသွားလုပ်ငန်းတွေမှာ မသက်မသာဖြစ်ရတတ်ပါသေးတယ်။ အွန်လိုင်းဈေးကွက်ဆိုတဲ့ နေရာမှာ စီးပွားရေးလုပ်ငန်းအချင်းချင်းပဲချိတ်ဆက်တဲ့ (B2B – Business to Business) နဲ့ စားသုံးသူနဲ့ တိုက်ရိုက်ရောင်းဝယ်ဖောက်ကားနိုင် တဲ့ (B2C – Business to Client) ဆိုတာမျိုး တိတိပပ ကွဲပြားပါသေးတယ်။ ဘယ်လိုပဲကွဲပြားကွဲပြား အိုတီအေ (OTA – Online Travel Agents) တွေဟာ သဘာဝအားဖြင့် နည်းပညာအပေါ်မှာ များများရင်းနှီးထားပြီး အမြတ် (Profit Margin) ရာခိုင်နှုန်း အနည်းငယ်မျှလောက်နဲ့ပဲ ဖောက်သည်ကိုယ်ဆွဲဆောင်ပါတယ်။ အားသာချက်တွေက သူတို့ရဲ့ ဈေးကွက် (Marketplace) ဟာ တစ်ကမ္ဘာလုံးက အွန်လိုင်းသုံးစွဲသူတွေဖြစ်နေပြီး၊ သူတို့ဆီက၀ယ်ယူနိုင်ချိန် တနည်းအားဖြင့် သူတို့နဲ့ အလုပ်လုပ်နိုင်ချိန်ဟာ တရက်မှာ ၂၄ နာရီရှိပြီး ပိတ်ရက်မရှိ တာပါပဲ။ 24/7 လို့ညွှန်းဆိုကြပါတယ်။

အသေးစိတ်လေ့လာရင်လေ့လာ သလို တခြားအားသာချက်၊ အားနည်းချက်တွေ တွေ့နိုင်သေးပေမယ့် အဓိကအရေးအပါဆုံးအချက်က မြန်မာပြည်ကိုလာဖို့အတွက် အွန်လိုင်းကနေ ၀ယ်ယူတဲ့ အတွက် ရလာမယ့် အကျိုးအမြတ်တွေဟာ နည်းပညာရင်းနှီးမြှုပ်နှံသူ ပြည်ပ လုပ်ငန်းရှင်ဆီကို တိုက်ရိုက်စီးဆင်းသွားတယ် ဆိုတာပါပဲ။ နိုင်ငံတကာမှာ ပါးပါးနပ်နပ်နဲ့ လူးသာလွန့်သာအောင်ပြင်ဆင်လာတဲ့ အဲဒီ အွန်လိုင်းလုပ်ငန်းတွေက အခွန်အခ ရဖို့ဆိုတာကလဲ မလွယ်လှပါဘူး။

တခြားကြီးကြီးမားမား စိန်ခေါ်မှုအနေနဲ့ကတော့ မြန်မာ့ခရီးစဉ်ဒေသတစ်ခုလုံးရဲ့ဈေးနှုံးပါပဲ။ ဒေသတွင်းမှာ ဈေးအကြီးဆုံးလို့ယေဘူယျသတ်မှတ်လို့ရပါတယ်။ အခြေအနေအရပ်ရပ်နဲ့ အခက်အခဲပေါင်းစုံအရ ဈေးနှုံးကြီးမြင့်နေဦးမယ် ဆိုရင်တောင် ဒေသတွင်းမှာ စိတ်ကျေနပ်စရာတစုံတရာ ပိုသာတဲ့အတွက် ပေးခဲ့ရတဲ့ ဈေးနဲ့ ထိုက်တန်ကျေနပ်တယ်လို့ မြန်မာပြည်ကိုလာလည်တဲ့ ကမ္ဘာလှည့် ခရီးသည်တွေအနေနဲ့ ယုံကြည်လက်ခံနိုင်ရင် အဆင်ပြေသေးတယ်လို့ မှတ်ယူရမှာပါ။ ဒါတောင်မှ အိမ်နီးချင်းနိုင်ငံတွေက လျှံထွက်လာတာနဲ့ မြန်မာနိုင်ငံကိုပဲ တကယ်သွားချင်တဲ့သူပဲလာတော့တာပါ။

ကမ္ဘာလှည့်ခရီးသည်တစ်ဦး၊ တစ်ဖွဲ့ မြန်မာနိုင်ငံကိုလာရောက်လည်ပတ်ပြီဆိုရင် ပြည်ဝင်ခွင့်ဗီဇာကြေးကနေစပြီး ဘုရားဝင်ကြေး၊ ပြတိုက်ဝင်ကြေးကစလို့ နေထိုင်တည်းခိုရာ၊ စားသောက်ရာ၊ အစရှိသဖြင့် ဆက်စပ်ပတ်သက်ရာ အစိုးရ၊ လုပ်ငန်း၊ လူသူ တစ်ဦးချင်းစီတိုင်းကို ၀င်ငွေ အလုပ်အကိုင်အခွင့်အလမ်း ဖော်ဆောင်ပေးတဲ့ အကျိုးကျေးဇူးကြီးမားတဲ့ လုပ်ငန်းနယ်ပါယ်ကြီးတစ်ရပ်ဖြစ်ပါတယ်။

ခရီးသွားလုပ်ငန်းဆိုတာ ကလဲ ထိလွယ်ရှလွယ်တဲ့ အထဲမှာ ထိပ်ဆုံးကပါပါတယ်။ နေရာဒေသတစ်ခုကို ဘယ်လောက်ပဲလှ၊ ဘယ်လောက်ပဲထူးခြားနေပါစေ တည်ငြိမ်အေးချမ်းမှုမရှိရင် ဘယ်သူမှလာလည်မှာ မဟုတ်ပါဘူး။ အခုအချိန်လိုမျိုး ဘက်ပေါင်းစုံက အခက်အခဲမျိုးစုံ၊ စိန်ခေါ်မှုမျိုးစုံ ကြုံတွေ့နေရချိန်မှာ မြန်မာ့ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့ခိုင်မြဲဖို့ အားလုံးမှာတာဝန်ရှိပါတယ်။

အစိုးရ အနေနဲ့ အခြေအနေ အချိန်အခါနဲ့ သင့်တော်တဲ့ဥပဒေမျိုးပြဌာန်းသင့်ပါတယ်။ အငြင်းပွားစရာကောင်းတဲ့ အိပ်ယာခွန် (Bed Tax) ပဲဖြစ်ဖြစ်၊ ခရီးသွားခွန် (Tourism Tax – TTx) ပဲဆိုဆို အခုအချိန်မျိုးမှာ မကောက်ခံသင့်ပါဘူး။ အွန်လိုင်းကနေ ဗီဇာ (eVisa) လျှောက်လို့ရနေပေမယ့် ပိုမိုပြည့်စုံအောင် ပြင်ဆင်သင့်တာလေးတွေရှိပါသေးတယ်။ ဥပမာ eVisa Care Line အရေးပေါ်ဖုန်းကို အချိန်တိုးမြှင့်ဖြေဆိုသင့်သလို လျှောက်ထားခွင့်ရှိတဲ့ နိုင်ငံအရေအတွက်လဲ (ပြဿနာထွေထွေထူးထူးမရှိနိုင်တဲ့ နိုင်ငံတချို့) ထပ်တိုးသင့်ပါတယ်။ သက်ဆိုင်ရာဦးစီးဌာနတွေကို ခရီးသွားလုပ်ငန်း၊ နိုင်ငံတကာ ခရီးသည်နဲ့ပတ်သက်ပြီး အဆင်ပြေချောမွေ့အောင် တိကျသေခြာတဲ့ညွှန်ကြားချက်မျိုးထုတ်ပြန်ပြီး ပူးပေါင်းဆောင်ရွက်စေသင့်ပါတယ်။ ခရီးသွားလုပ်ငန်းရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ သင့်တော်တဲ့ ဘတ်ဂျက်ရန်ပုံငွေချထားသင့်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နည်အသီးသီးမှာလဲ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှု အဖွဲ့အစည်းတွေကို နာလည်တတ်ကျွမ်းတဲ့သူတွေနဲ့ဖွဲ့စည်းသင့်ပါတယ်။

ပြည်တွင်းလေကြောင်းလိုင်းများ၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းရှင်များ၊ ဧည့်လမ်းညွှန်များ၊ ခရီးသွားလုပ်ငန်းနှင့်ပတ်သက်ပြီးဝန်ဆောင်မှုပေးနေတဲ့ ယာဉ်မောင်း၊ စားသောက်ဆိုင်များ၊ အမှတ်တရပစ္စည်းဆိုင်များမှာ တင်မကပဲ ပြည်သူလူထုတစ်ရပ်လုံးမှာပါ တာဝန်ရှိပါတယ်။ ကျွန်တော်တို့အားလုံးမှတာဝန်ရှိပါတယ်။
ကျွန်တော်တို့အားလုံးမှတာဝန်ရှိပါတယ်။
ကျွန်တော်တို့အားလုံးမှတာဝန်ရှိပါတယ်။ 


ဒုတိယပိုင်း ဖျောက်ထားမည့်စာ

ဆက်ဖတ်ကြည့်မယ်...

Friday, December 14, 2012

ဟိုတယ် ပြုပြင် ၊ပြင်ဆင်ထိမ်းသိမ်း ခြင်းအား အဆုံးအရှုံးနည်းနည်း၊ ဧည့်သည်များ အဆင်မပြေမှု့ နည်းနိုင်သမျှနည်း အောင် စီမံခံ့ခွဲခြင်း (၀ါ) ဟိုတယ် ရီနိုဗေးရှင်း အား စီမံခံ့ခွဲခြင်း

ယေဘုယျ အားဖြင့် ဟိုတယ် အားလုံး ငါးနှစ်မှ ခုနှစ် နှစ် အတွင်း အထွေထွေ ပြုပြင်ထိမ်းသိမ်း ခြင်း အား ပြုလုပ်လေ့ရှိသည်။ ထိုသို့ ပြုလုပ်ခြင်း အားဖြင့် အဆောက်အဦ၊ အတွင်း အပြင် ပရိဘောဂ အစရှိသမျှ ဟိုတယ်တစ်လုံး ဧ။် သွင်ပြင်လက္ခဏာ များ အမြဲတစေ သစ်လွင်တောက်ပနေစေပြီး၊ မူလအခြေအနေများ အားမပျက်မယွင်းစေရန် ထိမ်းသိမ်းထားနိုင်မည် ဖြစ်သည်။  အကယ်၍နိုင်ငံတကာ ဟိုတယ် အုပ်စု (Starwood, Marriott, Hilton, Sheraton, Shangri La စသည်) အမည် ခံ ဖရန်ချိုက်စ် (franchise) ဟိုတယ် တစ်လုံးဖြစ် ပါကလည်း အမြဲပြုပြင်ထိမ်းသိမ်းနေခြင်းအားဖြင့် သက်ဆိုင်ရာ ဟိုတယ် အုပ်စု ဧ။် စံချိန် စံနှုန်း များ အတိုင်း ဆက်လက် တည်ရှိနိုင်မည် ဖြစ်သည်။ ပြုပြင်ထိမ်းသိမ်းဆဲကာလ အတွင်း အောက်ခြေမှ စ၍ ဟိုတယ် အုပ်ချုပ် စီမံခန့်ခွဲ သူ များ (management) ဧ။် အရည်အချင်းပြည့် မှု့၊ စီမံခန့် ခွဲမှု့ ကျွမ်းကျင်ခြင်း၊ ပါးရည်နပ်ရှိ ပြီး လုပ်ရည်ကိုင်ရည် ရှိခြင်း တို့ အပေါ် မူုတည်  ၍ တည်းခိုသူ ဧည်သည်များ စိတ်ချမ်းသာ ကျေနပ်မှု့ ရှိခြင်း၊ အဆင်မပြေ မှု့ များ ဖြစ်လေ့ရှိသည်။ ဟိုတယ် ပြုပြင်ထိမ်းသိမ်းဆဲ ကာလ အတွင်း အခန်း လျာထားမှူ့များ စီမံခန့်ခွဲ ခြင်း (room inventory and allotment management) များပြုလုပ်ရာ တွင် ဧည့်သည် အများဝင်ထွက်သွားလာ ရာ လော်ဘီ (lobby) အခန်းကော်ရစ်ဒါ စသည် တို့ အပေါ် တွက်ချက် ပြီး အဆင်မပြေမှု နည်းနိုင်သမျှ နည်းအောင် စဉ်းစားတတ်ရန်လိုသည်။

သတိပြုရမည့် အချက်မှာ ဧည့်သည်များ သည် ဆောက်လုပ်ရေး လုပ်ငန်း များနှင့် ငြမ်းဆင်ထားခြင်း၊ ဆေးသုတ် ခြင်း များအား လာရောက်ကြည့်ရှု့ ရန်၊ တူရိုက်သံ၊ လွှဖြတ်သံ   ရွှေပေါ်ထိုးသံများ လာရောက်နားထောင်ရန် အတွက် မိမိတို့ ဟိုတယ် မှာ တည်းခိုနေခြင်း မဟုတ် ဟူသည့် အချက်ကို နားလည်ရန်ပင်ဖြစ်သည်။
ဟိုတယ် အုပ်ချုပ်စီမံခန့်ခွဲသူများ အနေဖြင့် ဘက်ပေါင်းစုံ မှ ထောင့်စေ့ အောင် စဉ်းစား ပြင်ဆင်ပြီး ဟိုတယ်ဧ။် ပုံရိပ်၊ ဂုဏ်သိက္ခာ၊ ဧည့်သည်များ အတွက်  (အမြင်၊ အကြား၊ ကိုယ်ခန္ဓာ) ထိခိုက်မှု့ အနည်းဆုံး ဖြစ်အောင် ဆောင်ရွက်ရန် အရေးကြီးသည်။ ဟိုတယ် ပြုပြင်ထိမ်းသိမ်းဆဲ ကာလ အတွင်း အာက်ဆုံး အခြေခံ မှစ၍ အထိအခိုက်အနည်းဆုံး (Painless as Possible) ဖြစ်စေရန် အမြဲရှေ့ ရှု ရမည်ဖြစ်ပြီး အောက်ပါ အချက်များ ကို အထူး ဂရုပြု လိုက်နာရန် လိုအပ်သည်။

၁။ အကယ်၍ ဖရန်ချိုက်စ် ဟိုတယ် ဖြစ်ပါက အဆိုပါ သက်ဆိုင်ရာ နိုင်ငံတကာ ဟိုတယ် အုပ်စုများဧ။် စံချိန်စံညွှန်းများ၊ အရည်အချင်း သတ်မှတ်ချက်များ အားပြန်လည် လေ့လာဆန်းစစ်ရန် လိုအပ်သည်။
(ဥပမာ။          ။ Shangri La ဟိုတယ် တစ်လုံးဧ။် ထူခြား သည့် အရည်အခြင်းမှာ ကမ္ဘာပေါ်ရှိ Shangri La ဟိုတယ်များ အားလုံး တူညီသော ခံစားမှု့ ကိုပေးသည်။ ပထမ ဆုံးအကြိမ်ရောက်ဖူးသည့် ဧည့်သည် ဖြစ်သည့်တိုင် တခြား နေရာမှ Shangri La ဟိုတယ် တစ်ခုခု တွင်တည်းခိုဖူးပါက ဤဟို တယ်သို့ ရောက်ဖူးနေသကဲ့သို့ ခံစားစေခြင်းဖြစ်သည်။)

၂။ ဟိုတယ်ဧ။် ၀န်ဆောင်မှု့ နှင့် အထွေထွေ အရည်အသွေး မြင့်တင်သည့် (upgrading renovation) ပြင်ဆင် ဆောင်ရွက်မှု့ မျိုး လုပ်ခြင်း၊ ခေတ်မီ အသုံးအဆောင်များ နည်းပညာများ ထည့်သွင်းလိုခြင်းများ (internet access, bandwidth စသည်)  ရှိပါက ဧည့်သည်များ ဧ။် အမြင်၊ သဘောထား၊ အကြံဥာဏ်များ ကောက်ယူပြီး စနစ်တကျ မှတ်တမ်းပြုစုကာ ထည့်သွင်း စဉ်းစားရမည်။

၃။ အကယ်၍ ဖရန်ချိုက်စ် ဟိုတယ်ဖြစ်ပါက ဆောင်ရွက်မည့် ပြုပြင်ထိမ်းသိမ်းခြင်းလုပ်ငန်း ပရောဂျက်ကို ရှင်းရှင်းလင်းလင်း အသေးစိပ် သက်ဆိုင်ရာဟိုတယ် ကုမ္ပဏီကို တင်ပြပြီး ခွင့်ပြုချက် တောင်းခံရန် လိုသည်။

၎။ ဟိုတယ် ရီနိုဗေးရှင်း လုပ်ငန်းများ များမကြာမီအတွင်း လုပ်ကိုင်ဆောင်ရွက် ဖူးသည့် ဟိုတယ် လုပ်ငန်းရှင်များ၊ အထွေထွေမန်နေဂျာများ များနှင့် စကား ပြောဆို အကြံဥာဏ်ယူခြင်း ပြုလုပ် ၍ ၄င်းတို့ ဧ။် အတွေ့ အကြုံ၊ အခက်အခဲ နှင့် ပြဿနာများ ရင်ဆိုင် ဖြေရှင်းခဲ့ပုံများ၊ အမှားများ အား တန်ဖိုးထား အတုယူ ကာ မိမိတို့ ဟိုတယ် ရီနိုဗေးရှင်း ပရောဂျက်အား အမှား နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ရမည်။

၅။ ဟိုတယ် ရီနိုဗေးရှင်း ဧ။် အတိမ်အနက်၊ အကျဉ်း အကျယ် အပေါ် မူတည် ၍ ရီနိုဗေးရှင်း ပြုလုပ်စဉ် ဟိုတယ်တစ်ခု လုံး ပိတ်ထား မည် သို့မဟုတ် တစ်စိတ် တစ်ပိုင်းသာ ဖွင့်လှစ်ပြီး ဧည့်သည် များ လက်ခံ ၀န်ဆောင် မှု့ ပေးမည် ဆိုသည် ကို အလေးအနက် စဉ်းစား ဆုံးဖြတ် ရမည်။

၆။ ဧည့်သည် များ အဆင်မပြေမှ့ နှင့် ဟိုတယ်ဧ။်ဝင်ငွေ ထိခိုက်မှု့ အနည်းဆုံးဖြစ်စေရန် အတွက်  ဟိုတယ် ရီနိုဗေးရှင်း ဧ။် အတိမ်အနက်၊ အကျဉ်း အကျယ် အပေါ် မူတည် ကာ မည်မျှ ကြာနိုင်မည် ကိုတွက်ချက် ပြီး နှစ်တစ်နှစ် ဧ။် မည်သည့် ကာလ အတွင်း ဆောင်ရွက်ရမည် ကို စဉ်းစား ဆောင်ရွက်ရမည်။

၇။ ဟိုတယ် ရီနိုဗေးရှင်း ဆောင်ရွက်ရန် အလားတူ လုပ်ငန်းမျိုးများ  ၌ အတွေ့အကြုံ ကောင်းများရှိသူ၊ နာမည်ကောင်း ရှိသူ ကန်ထရိုက်တာ အားရှာဖွေ ၍  အလုပ်အပ် ဆောင်ရွက်စေရမည်။ အဆိုပါ ကန်ထရိုက်တာသည် ဟိုတယ် ရီနိုဗေးရှင်း လုပ်ငန်းများ ဆောင်ရွက်စဉ် အတွင်း သိုသိုသိပ်သိပ် ကျစ်ကျစ်လျစ်လျစ် လုပ်ကိုင်ဆောင်ရွက် ရန်၊ တိုးတိုးတိတ်တိတ် သန့်သန့် ရှင်းရှင်း ပြုလုပ်ဆောင်ရွက် သွားရန် နားလည်သူဖြစ်ရမည်။

၈။ ထိုသို့ ကန်ထရိုက်တာ မျိုးရရှိရန် စုံစမ်းရှာဖွေရာတွင် ဟိုတယ် လုပ်ငန်းရှင်နှင့် စီမံအုပ်ချုပ်သူတို့ က ၄င်းကန်ထရိုက် ပြုပြင် ဆောင်ရွက်မှု့များ လတ်တလော လုပ်သွားခဲ့ သည့် ဟိုတယ် များအား လူကိုယ်တိုင် သွားရောက် ကာ အဆိုပါ ကန်ထရိုက်ဧ။် လုပ်ကိုင်ဆောင်ရွက်ပုံ၊ လုပ်ငန်းများ လျာထားချက် အတွင်း အချိန်မှီ ပြီးစီး မှု့ ရှိမရှိ ဆိုသည်ကို ဂရုပြုလေ့လာရန်လိုအပ်သည်။

၉။  ဟိုတယ်ရိုနိုဗေးရှင်း ပြုလုပ်ရန် ဗိသုကာ ပညာရှင်၊ အဆောက်အဦ အတွင်း ဒီဇိုင်းများ ပြုလုပ်သူ ပညာရှင်များ၊ အ၀ယ်တော် စသည်တို့ အကြောင်းကို သိရှိရန်လိုအပ်သည်။

၁၀။ ကန်ထရိုက်တာ နှင့် ဆွေးနွေး တိုင်ပင်ကာ ရီနိုဗေးရှင်းကာလ အတွင်း မူလ အခန်း စာရင်း (room inventory) မှ အခန်းမည်မျှ ဖယ်ထုတ် ရမည်၊ အချိန်ကာလ မည်မျှ ကြာသည်အထိ ဤ အခန်းများ ဖယ်ထုတ် ထားရမည်၊ လူအများ သွားလာရာ ဧည့်ခန်းဆောင် (lobby)၊ ရေကူးကန်၊ စားသောက်ခန်းမ စသည် နေရများ အား ရီနိုဗေးရှင်း လုပ်ငန်းဆောင်တာများနှင့် မည်မျှ ထိတွေ့ ပတ်သက်မည် ကို ကြိုတင်စဉ်းစား ပြင်ဆင်ရမည်။

၁၁။ ဟိုတယ် ရီနိုဗေးရှင်း စတင် ဆောင်ရွက်ခြင်း မပြုမှီ ဟိုတယ်၏ အဓိကစီးပွားဖက်များ ဖြစ်သူ ခရီးသွားလုပ်ငန်း ကုမ္ပဏီများ၊ ခရီးသွားလုပ်ငန်း ကိုယ်စားလှယ်များ နှင့် ကာလရှည် တည်းခိုသူ ဧည့်သည်များ၊ ဟိုတယ်အတွင်း လက်ရှိတည်းခိုနေသူ ဧည့်သည်များ အပါအ၀င် ဆက်စပ် ပါတ်သက်သူ အားလုံးအား အသေးစိပ် ကြိုတင် အကြောင်းကြားရမည်။

၁၂။ ဘဏ္ဏာငွေ ကြေးဆိုင်ရာ ရီပို့ ပြင်ဆင်၍ (room, food & beverages and meeting & function room) များမှ အလားအလာရှိ ၀င်ငွေ ထိခိုက်နစ်နာ ဆုံးရှုံးမှု့ အားတွက်ချက် ကာ ဟိုတယ်လုပ်ငန်းရှင် နှင့် ဖရန်ချိုက်စ် ကုမ္ပဏီ တို့အား တင်ပြရမည်။ အဆိုပါ ရီပို့ သည် အနာဂါတ် ဘဏ္ဏာရေး အခြေအနေသုံးသပ်ရာတွင် အသုံးပြုနိုင် မည်။

၁၃။ ဟိုတယ် ရီနိုဗေးရှင်း လုပ်ဆောင်မှု့ လုံးဝ ပြီးစီးသွားသည် နှင့် သက်ဆိုင်ရာ သတင်းမီဒီယာ အသီးသီး နှင့် စီးပွားဖက် ခရီးသွားလုပ်ငန်း ကုမ္ပဏီများ၊ ခရီးသွားလုပ်ငန်း ကိုယ်စားလှယ်များ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဆိုင်ရာ အစိုးရဌာန နှင့် တည်းခိုးသူ ဧည့်သည်များ အား ဖိတ်ခေါ်၍ှရှင်းလင်း တင်ပြရမည်။ (ဥပမာ။        ။ Agent Appreciation Night, Reborn စသည်ဖြင့် အမည် တမျိုးမျိုးတပ် ကာ အကျွေးအမွေးဖြင့် တည်ခင်း ဧည့်ခံ ကာ ပြီးစီးသွားသည့် ရီနိုဗေးရှင်း ပြုလုပ်သည့် အခန်း၊ နေရာ စသည် တို့ ကို လက်တွေ့ လိုက်လံရှင်းလင်း ပြသ ရန်ဖြစ်သည်။)

၁၄။ ရီနိုဗေးရှင်းပြုလုပ်ရင်း ဟိုတယ်၏ လုပ်ငန်းဆောင်တာများ ဆောင်ရွက်သည်မှာ ခက်ခဲပါသည်။ သို့ရာတွင် အဆိုပါ အခန်းကဏ္ဍ သည် ဟိုတယ်လုပ်ငန်းနယ်ပါယ် အတွက် မရှိမဖြစ် ရှောင်လွဲမရနိုင်သည့် အခြေအနေတစ်ရပ်သာ ဖြစ်ပါသည်။  စနစ်တကျကြိုတင်ပြင်ဆင်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ စည်းကမ်းများ အား စနစ်တကျ လိုက်နာခြင်း အားဖြင့် ပိုမိုကောင်းမွန် သစ်လွင်အောင် တိုးတက်အောင် ဆောင်ရွက်သော ရီနိုဗေးရှင်း သည် တည်းခိုသူ ဧည့်သည်များ စိတ်ချမ်းမြေ့စွာ တည်းခိုနေရင်း အောင်မြင်ပြီးဆုံးအောင် ဆောင်ရွက်နိုင်မည် ဖြစ်သည်။



မှတ်ချက်။                      မြန်မာ နိုင်ငံအတွင်း ပြုလုပ်ခဲ့သော၊ လက်ရှိလုပ်ဆဲဖြစ်သော၊ ဟိုတယ် ရီနိုဗေး ရှင်းများ နှင့် ပါတ်သက်၍ ပြဿနာကြီးငယ် များစွာ ကိုယ်တွေ့ကြုံဘူးသူ တိုးအော်ပရေတာ တစ်ဦးအနေဖြင့် လိုအပ်ချက်တစ်ခုဟု ထင်မြင်ယူဆပါသဖြင့် Mark C. Lynn ရေးသော Managing A Hotel Renovation To Minimize Guest Inconvenience And Loss Of Revenue ကို ဆီလျော်သလို ဘာသာ ပြန်ပါသည်။


ဆက်ဖတ်ကြည့်မယ်...

Saturday, September 8, 2012

ချရပ်စ်ဂူ

 ပန်ချင်းတောင် (Bukit Panching)
မထင်မှတ်ပဲ၊ ကြိုတင်စီစဉ် တာတွေ မလုပ်ပါပဲ ပန်ချင်းတောင် (Bukit Panching) ပေါ်က ချရပ်စ်ဂူ ကိုလေ့လာဖြစ်ခဲ့ ပါတယ်။ မလေးရှားကျွန်းဆွယ် ရဲ့ အရှေ့ဖက် ကမ်းရိုးတမ်း က Cherating Beach ကို ပိတ်ရက်ရှည် ရတုန်း မိသားစုနဲ့ သွားခဲ့ ရာမှ အပြန် နာမည်ကျော် Kuantan မြို့ ကိုဝင်၊ အဲဒီကနေမှ ကီလို သုံးဆယ် လောက်ထပ်မောင်း ပြီး ဆီအုန်းခြံ တွေရဲ့ အလယ် က ဇွဲကပင်တောင် ကြီးလို ထီးထီး ကြီးရှိနေသည့် ပန်ချင်း တောင်ကိုရောက်ခဲ့တာဖြစ်ပါတယ်။ ချရပ်စ်ဂူ (Gua Charas) ကတော့ ပန်ချင်းတောင် ရဲ့ တောင်ထိပ် မရောက်ခင် လေးပုံ တစ်ပုံလောက်အလို လောက် မှာရှိတယ်လို့ ယူဆပါတယ်။ ပန်ချင်းတောင် ဟာ ကျနော့် အထင် ပေ ၂၀၀၀ နီးပါး လောက် မြင့်တယ်လို့ ထင်ပါတယ်။ Tourism Malaysia ရဲ့   information plate မှာရေးထားတာ တော့ မီတာ ၁၀၀၀ ပါတဲ့။ ပေ ၃၀၀၀ ကျော်မြင့်တယ်ဆိုတဲ့ သဘောပေါ့။ ကျနော်တော့ မထင်ပါဘူး။ တောင် က ပန်ချင်းတောင် ဖြစ်ပြီး ဂူနာမည် ကျမှ ဘာကြောင့် ချရပ်စ်ဂူ ဖြစ်နေရတာ လဲ ဆိုတာကလဲ စိတ်ဝင်စားစရာ ကောင်းလောက်အောင် အဖြေရှာ မတွေ့ ပါဘူးလို့ လဲ ဆိုပါတယ်။ ထုံးကျောက် တောင် ကြီး နဲ့ ဂူ ဟာအနည်းဆုံး နှစ်သန်းပေါင်း ၄၀၀ လောက် သက်တမ်းရှိပြီလို့ ဆိုပါတယ်။

Caving (Spelunking)  သမားတွေ အတွက်တော့ Gua Charas ဟာ Adventure Cave နဲ့ Show Cave အမျိုးအစား နှစ်မျိုးရှိရာမှာ အပြဂူ (Show Cave) အမျိုးအစား ဖြစ်ပါတယ်။  အကြမ်းအားဖြင့် ဂူအတွင်းပိုင်း ကျယ်ပြန့် ပြီး လမ်းလျှောက်ဝင်သွားလို့ ရတဲ့ ဂူအမျိုး အစား တွေကို Show Cave လို့ ခေါ်ပြီး ခက်ခဲခဲ ကြိုးတွေ ဓါတ်မီးတွေ စတဲ့ (Caving Gear) နဲ့ဝင်ရတဲ့ ဂူအမျိုးအစား တွေကိုတော့ Adventure Cave လို့ ဆိုရမှာဖြစ်ပါတယ်။ ဂူတွေ ထဲကို ၀င်ကြည့် ရင် စိတ်ဝင်စား စရာ၊ လေ့လာစရာ တွေ အများကြီး ရှိပါတယ်။ အနည်းဆုံး ဘူမိဗေဒ၊ ဂူအတွင်းထဲ က အင်းဆက်ပိုးမွှားတွေ၊ ဖားပြုပ်၊ မြွေ၊ လင်းနို့၊ အပင် အမျိုးအစားတွေ အပြင် ကမ္ဘာဦးလူသား တွေ နေထိုင်ခဲ့ တဲ့ ဂူတွေမှာ ဆိုရင် နံရံဆေးရေး ပန်းချီတွေ ကိုကြည့် ပြီး ဘယ်လို နေထိုင် ခဲ့တယ်၊ ဘယ်လို ကျောက်လက်နက် တွေ ကိုသုံး စွဲ ခဲ့တယ် စသည်ဖြင့် သမိုင်းမတင် မှီက အကြောင်းတွေကို လေ့လာ နိုင်မှာ ဖြစ်ပါတယ်။ Caving အကြောင်း ကို ဒီနေရာမှာ ရေးခဲ့ဘူးပါတယ်။

 တောင်ခြေက ဆိုင်ကလေး

ပန်ချင်းတောင် ခြေ ကိုရောက်တော့ ကိုယ်ပိုင် ကားတွေ အပြင် တိုးရစ် တွေ အပြည့်နဲ့ Tour Bus တစ်စီး ရပ်ထားတာ တွေ့ ရပါတယ်။ နိုင်ငံခြားသားဧည့်သည်တွေကို ပြသရာ နာမည်ကြီး Point of Tourist Attraction မဟုတ်သော် လည်း ဒေသခံ တွေ နဲ့ အတူ တိုးရစ်တွေ ပါလာရောက် လေ့လာ ကြတာ တွေ့ ရပါတယ်။ ကာပါကင် ခ ၂ ရင်းဂစ် ပေးပြီး အပေါ်ကို တက်ကြည့် တဲ့ အခါမှာ ဂူကို ရုပ်တရက်မတွေ့ ရလို့ စိတ်ပျက် သလိုတောင် ဖြစ်သွားပါသေးတယ်။ ဒါပေမယ့် ဂူကို ထိမ်းသိမ်းစောင့် ရှောက်တဲ့ အိန္ဒိယ လူမျိုး က နောက်ထပ် ၀င်ကြေး ၂ ရင်းဂစ်ထပ်တောင်းပြီး တောင်ပေါ်ကိုတက်တဲ့ သံလှေကားရှိရာ ကို လမ်းညွှန်ပါတယ်။ တကယ်တော့ ချရပ်စ်ဂူ ဟာ တောင်ကြီးတောင် ပေါ်က ဂူလိုမျိုး တောင် ထိပ်နားမှာ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ ဂူရှိရာ တောင်ပေါ် ကိုတက် တော့ တရုတ်ဘုံကျောင်း တွေမှာ တွေရတတ်တဲ့ အပြင်အဆင်မျိုး တွ့ ရပြီး တံဆောင်းလို နှစ်ထပ် အဆောက်အဦ နှစ်လုံး တွေ့ ရပါတယ်။ အထဲမှာ မယာယန ဆင်းတုတော်တွေ အများစု လိုမျိုး ဈာန မုဒြာ ဆင်းတုတော် တစ်ဆူ ဖူးတွေ့ ရပါတယ်။ တချိန်က တရုတ်ဗုဒ္ဓဘာသာ တွေကြီး စိုးခဲ့ ဟန်တူပေမယ့် ယခု အချိန်မှာတော့ အန္ဒိယ တမီလ် လူမျိုးတွေ ကိုပဲ စောင့်ရှောက်နေတာ တွေရပါတယ်။




 သံလှေကား နဲ့ တက်ခဲ့ပါ

  လှေကားထိပ်မှ

ဂူအ၀င်ဝ
 

ဆင် နှင့် မျောက် ၏ ဆည်းကပ်မှု့ ကိုခံယူနေ ပုံရုပ်ပွားတော် တစ်ဆူ


  မူလ သာသနာပြု ထိုင်းရဟန်းတော် အလှူမှတ်တမ်း

ကျောက် ငါး လေလား




ဝင်ကြေး ၂ ရင်းဂစ်ပေး ပြီး မတ်စောက်လှတဲ့ ကျောက်တောင်မှာ တပ်ဆင်ထားတဲ့ သံလှေကား နှစ်ဆင့် ကို တက်ပြီး ကျောက်သား လှေကား အတိုင်း အနည်းငယ် ထပ်တက်တာနဲ့ ဂူဝကို ရောက်ပါတယ်။ ဂူအ၀င်ဝမှာ ကတည်း Caving လုပ်ရင်ခံစားရလေ့ရှိတဲ့ အေးစိမ့်စိမ့် စိုစွတ်စွတ် အထိအတွေ့၊ အောက်သက်သက် အနံ့၊ လင်းနို့ တွေ အုပ်စုလိုက် လှုပ်ရှားသံ တွေ ကို စတင်ခံစား ရတော့ တာပါပဲ။ ဂူ အ၀က နေ အတွင်းပိုင်း ကို ဆက်သွယ် ထားတဲ့ မီးလိုင်း တွေ ရှိပြီး လျှောက်လမ်း တလျှောက်မှာ လျှပ်စစ်မီးတွေ သွယ်တန်း ထွန်းညှိထား ပေမယ့် ဂူထဲ မှာ မှောင်မည်း နေပြီး ထွန်းထားတဲ့ မီးရောင် တွေက လဲ အရောင် တွေ ပြန့် ပြီး အရာဝတ္ထု တွေကိုသဲသဲကွဲ ကွဲ မြင်ရ လောက်အောင် လင်းမနေပါဘူး။ ဂူအ၀ ကနေ အနည်းငယ် ဆင်းသွား လိုက်တာနဲ့ အန္ဒိယ အမျိုးသား တစ်ယောက် ကျောက်ဖြစ်နေတယ် ဆိုတဲ့ မြွေ ဆိုပြီး လာလည်သူ အိန္ဒိယအဖွဲ့ တွေကို တမီလ်လို ရှင်းပြနေပါတယ်။ စပ်စုချင်ပေမယ့် တယောက်တပေါက်မေးနေတဲ့ တမီလ်တွေ ကြားမှာ ဘယ်လိုမှ ကိုယ့်အတွက် အလှည့် ရောက်မလာနိုင်ဘူး ဆိုတာ သိရလို့ ရှေ့ ကို ပဲဆက် သွားကြည့် ရမှာ ကျောက်ဖြစ်သွားတဲ့ ငါး ဆိုပြီး သံဇကာ ကာထားပြီး အလှူခံ နေတဲ့ အိန္ဒယ အမျိုးသမီး တစ်ယောက် ကိုတွေ့ ရပါတယ်။ သူရှင်းပြတဲ့ ကျောက်ငါး အကြောင်းထက် ချပါတီ ကို ဒလိမ့်တုံး နဲ့ လှိမ့်နေသလို တမီလ်သံ ၉၉ ရာခိုင်နှုံး နဲ့ မလေးစကား ကို ဘယ်လိုမှ နားမလည် လို့ အမြန်စကား ဖြတ်ပြီး ပြေးရပါတော့တယ်။

အဲဒီနောက်မှာ ဆင်နဲ့ မျောက်က ဖူးမြော်နေပုံ ထိုင်ရက် ရုပ်ပွားတော်တစ်ဆူ ကို တွေ့ ရပြီး နံရံ အမြင့်ပိုင်းတွေမှာ တရုတ်၊ မလေး၊ တမီလ်၊ ဟင်ဒီ ဘာသာတွေနဲ့ အပြင် ထိုင်းလို စာတွေ ရေးထား တာတွေရပေမယ့် ဘာအကြောင်းအရာ၊ ဘာအဓိပ္ပါယ် ဆိုတာကိုတော့ နားမလည်လို့ မသိခဲ့ရပါဘူး။ ဂူအတွင်းပိုင်း အလည်လောက်မှာ သျှီဝလင်္ဂ (Shiva Lingam) နဲ့ ဟိန္ဒူ နတ်ဘုရားကျောင်း ဆောင် တစ်ခု ကို စတီး ပိုက်တွေ ကြွေပြား တွေနဲ့ အခိုင်အမာ ဆောက်ထားတာ တွေ့ ရပါတယ်။ အဲဒီဘုရားကျောင်း ကိုစောင့် ရှောက်တဲ့ ပုဏ္ဏား တစ်ယောက် ကိုလဲ ဘုရားဖူးတွေ ကြားထဲမှာ ခေါင်းတခါခါ လည်တရမ်းရမ်း လုပ်နေတာ လှမ်းတွေ့ ရပါတယ်။ ဂူ အတွင်းဖက်ဆုံး အပိုင်း ကို လမ်းညွှန် ဆိုင်းဘုတ်တွေ နဲ့ ပြထား ပြီး လျောင်း တောမူဘုရား တစ်ဆူကို ခပ်မှိန်မှိန် အလင်းရောင် အောက်မှာ ဖူးတွေ့ ရပါတယ်။




လျောင်းတော်မူ (လမ်းညွှန် ဆိုင်းဘုတ်တွေမှာ Sleeping Buddha လို့ရေးထားပါတယ်။ အမှန်က Reclining Buddha ဖြစ်သင့်တာပါ)။

ဘုရားဖူး ဒေသခံ တွေ နဲ့ ပြတ်လေ့ ရှိပုံ မပေါ်ပေမယ့် ဂူအတွင်းထဲ က ဗုဒ္ဓရုပ်ပွားတော်တွေ ရဲ့ ပန်းတမော့ လက်ရာ ကတော့ တော်တော်ညံ့ တယ်လို့ ပဲ ပွင့်ပွင့်လင်းလင်း ဝေဖန်ရင် တော့ ငြင်းမယ့် သူရှိမယ် မထင်ဘူး။ ထုံးကျောက် ဂူ တွေမှာ တွေ့ ရလေ့ ရှိတဲ့ ကျောက် စက်ပန်းဆွဲ၊ကျောက် စက်မိုးမျှော်၊ ကျောက်စက် တိုင် စတာ တွေကို နေရာ အနှံ လိုလို တွေ့ ရပါတယ်။ သဘာဝရဲ့ လှပဆန်း ကျယ်မှု့ ကို အကောင်းစား ကင်မရာ တွေနဲ့ မှတ်တမ်းတင် ရိုက်ကူး နေတာ လဲ တွေ့ ခဲ့ရပါတယ်။ ကျနော် လဲ အားကျမခံ ပုံ အနည်းငယ် ရိုက်လာခဲ့ ပေမယ့် ဘာပုံ မှန်း သဲသဲ ကွဲကွဲ မပေါ်အောင် ကောင်းလွန်းလို့ စိတ်မကောင်း စွာပဲ ဖျက် ပြစ်လိုက်ရပါတယ်။


ဂူမကြီး ရဲ့ အပြင်ကို ထွက်လာပြီး ခြုံနွယ်တွေနဲ့ ပိတ်နေတဲ့ လူသွားလမ်း လေးအတိုင်း ထပ်တက်ကြည့် တဲ့ အခါမှာ ဒုတိယ ဆင့် ဂူ ကိုထပ်တွေ့ ရပါတယ်။ အဲဒီဂူ ကတော့ ပန်ချင်း တောင်ရဲ့ ထိပ်ပိုင်း မှာပါ။ တောင်ထိပ်ပိုင်း ကို တိုးလျှို ပေါက် သလိုမျိုး ဖြစ်နေတဲ့ အတွက် အလင်းရောင် ကောင်းစွာ ရရှိပြီး အတွင်းပိုင်း ကို ရှင်းရှင်းလင်း လင်း မြင်ရပါတယ်။ လေကောင်းလေသန့် ရတဲ့ အပြင် တောင်ထိပ်ပိုင်း က လှမ်းမြင်ရတဲ့ ရှုခင်း ကလဲ အမောပြေစေပါတယ်။ တောင်ထိပ်ပိုင်း က သစ်ပင်ခြုံနွယ် တွေထူထပ်စွာ ဖြစ်ပေါ် နေတဲ့ အပိုင်း က ငှက် တစ်ကောင်ရဲ့ အော်မြည်သံ ကို မကြာခဏ ကြားရလို့ သွားကြည့် ရမှာ ဆင်ခြေလျှော က အရမ်း မတ်ဆောက်လွန်း ပြီး လူသွား လို့ ရတဲ့ လမ်း မပေါက်တာ ကြောင့် ဆက်မသွား နိုင်ခဲ့ ပါဘူး။ ကျနော့် အထင် တော့ မလေးဒေသခံ ရစ်ငှက် တစ်မျိုး (Malayan Greater Argus) ဖြစ်လိမ့် မယ်လို့ ယုံကြည်ပါတယ်။ ဒါပေမယ့် အကောင် ကို မတွေ့ ခဲ့ ရလို့ အတိအကျ တော့ မပြော နိုင်ပေဘူး။



တောင်ထိပ်မှာ ဟိုး အဝေးက စီစီရီရီ မြင်နေရတဲ့ ဆီအုန်းပင်တွေ ကိုလှမ်းငေး ပြီး စီးကရက် တစ်လိပ်နဲ့ ခဏ အနားယူ ပါတယ်။ တောင်အောက် ကို ပြန်ဆင်းပြီးကွာလာ လမ်ပူ ကိုဦးတည် ကာ ပြန်လာခဲ့ ပြီး အရှေ့ ဘက် ကမ်းရိုးတန်း ခရီးစဉ် ကို အဆုံးသတ်လိုက်ပါတယ်။                  ။


Information Plaque by Tourism Malaysia








ဆက်ဖတ်ကြည့်မယ်...

Thursday, August 30, 2012

မြန်မာ နိုင်ငံ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ၀န်ကြီး ဘယ်သူဖြစ်သင့်လဲ

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီး နေရာလတ်တစ်လော တွင်လစ်လပ် နေသဖြင့် ခရီးသွားလုပ်ငန်း နယ်ပါယ်က ခရီးသွားလုပ်ငန်းရှင်များ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ဧည့်လမ်းညွှန်များ အပြင် စာနယ်ဇင်းသမားများ၊ စိတ်ဝင်စားသူများ ၏ ဆန္ဒသဘောထား အား ဖော်ထုတ်ကြည့်ပါသည်။ ယခုအချိန်အထိ စိတ်ဝင်စားစရာ ရလဒ်များ ရလျက်ရှိပါသည်။ သို့ရာတွင် ထင်မြင်ချက် မဲပေးသူ အရေအတွက် နည်းနေသေးသည့်အတွက် အများ၏ ဆန္ဒသဘောထား ဟုယူဆရန်ခက်ခဲပါသည်။

တခြား ပညာရှင်များ၊ ခရီးသွားလုပ်ငန်း နယ်ပါယ် ကမဟုတ်သော်လည်း စိတ်ဝင်စား သူများ လည်း ထင်မြင်ချက် ပေးနိုင်ရန်အတွက် ကျနော်၏ ဘလောက်တွင် တင်ပြ ခြင်းဖြစ်ပါသည်။ လက်ရှိ ဖြစ်နိုင်ခြေရှိသူ များ၏ အတွေ့ အကြုံ၊ ကိုယ်ရေးရာဇ၀င်၊ ခရီးသွားလုပ်ငန်း အပေါ်စိတ်ဝင်စားမှု့၊ အမြော်အမြင်ရှိမှု့၊ အစရှိသည့် ထည့်သွင်း စဉ်းစားရမည့် အချက်များ အား အကြောင်း အမျိုးမျိုး ကြောင့် ပြုစုတင်ပြနိုင်ခြင်း မရှိသည်ကို ၀န်ခံပါသည်။

Vote for the one you wish to be Tourism Minister

မကြာသေးခင် နိုင်ငံတော်သမ္မတရုံးအမိန့်အမှတ် ၂၂/၂၀၁၂ အရ ဝန်ကြီးဌာနဝန်ကြီးများအားပြောင်းလဲတာဝန်ပေးအပ်မှုများရှိခဲ့ရာ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဝန်ကြီးအပြောင်းအလဲရှိလာမည်ဖြစ်သည်။ သို့ရာတွင်ဝန်ကြီးရာထူးအားလစ်လပ်နေရာတွင်ပင်ရှိသေးရာခရီးသွားလုပ်ငန်းအတွင်း မည်သူကဝန်ကြီးပိုဖြစ်သင့်သည်ဟုပြောဆိုလာခဲ့ကြပါသည်။ ၄င်းတို့အထဲမှာ တစ်ပြေးနေသူများအား ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းအမှန်တကယ်လုပ်နေသည့်လူ အများ၏ဆန္ဒသဘောထားအားဖော်ထုတ်ြ ကည့်လိုခြင်းဖြစ်ပါသည်။



If you have trouble viewing or submitting this form, you can fill it out online:
https://docs.google.com/spreadsheet/viewform?fromEmail=true&formkey=dF9TY25tV3VXNDBiaVRiTnlXYnhneUE6MQ


ဆက်ဖတ်ကြည့်မယ်...

Thursday, March 29, 2012

ဂျာကာတာ ခဏလေးများ


ပျော်ပျော်ရွှင်ရွှင် ရှော့ပင်ထွက်လို့ကောင်းတဲ့နေရာ၊ အင်ဒိုနီးရှားရဲ့ အကောင်းဆုံး အစားအသောက် တွေရ နိုင်တဲ့ မြို့၊ ယဉ်ကျေးမှု့အမွေအနှစ် တွေနဲ့သမိုင်းဝင် အထိမ်းအမှတ်တွေ စုစည်းရာ ဌာန၊ ပူနွေးစိုစွတ် တဲ့ ပါတ်ဝန်းကျင် နဲ့ ကြပ်ညပ်နေတဲ့ လမ်းမ ကျယ်ကြီးတွေရဲ့ အချိန်ကြာမြင့်စွာ ပိတ်ဆို့ နေတာတွေကို စိတ်ရှည်သည်းခံ နိုင်မယ် ဆိုရင် အရှေ့တောင်အာရှရဲ့ အကြီးဆုံး ဂျာကာတာ မြို့ ကိုတစ်ခေါက်လောက်တော့ အနည်းဆုံး လည်သင့် တဲ့ နေရာ လို့ ဆိုချင်ပါတယ်။ အင်ဒိုနီးရှား နိုင်ငံ ဘာလီကျွန်း မှာအလုပ်တာဝန် နဲ့ နေထိုင်စဉ် အတွင်း ဂျာကာတာ ကို အလုပ်ကိစ္စ အကြောင်းအမျိုးမျိုး နဲ့ ရောက်ဖြစ်ခဲ့ပါတယ်။ ရောက်တဲ့ အခေါက်တိုင်း ၂၄ နာရီထက် ပိုပြီး မနေဖြစ်ခဲ့ပေမယ့် အရှိန်အဟုန် နဲ့ ဖွင့်ဖြိုးတိုးတက် နေတဲ့ ဂျာကာတာ ကို တွေ့ကြုံ ခံစား ဖြစ်ခဲ့ပါတယ်။


လူဦးရေ ဆယ့်သုံးသန်း ကျော် မှီတင်း နေထိုင်ရာ အင်ဒိုနီးရှားရဲ့ မြို့တော် ဂျာကာတာ ဟာ သန်းပေါင်းများစွာသော ဆိုင်ကယ် တွေ၊ ကားတွေနဲ့ အမြဲ ရှုပ်ထွေး ပြည့်ကြပ်နေပြီး နေ့စဉ် နှင့် အမျှ လဲ ကျွန်းပေါင်း သောင်း သုံးထောင်ကျော်က ဒေသတွင်း ခရီးသွား တွေ စီးဝင် စီးထွက် နေရာ မြို့တော်ကြီးပဲ ဖြစ်ပါတယ်။ ဂျာကာတာ ကို မဖြစ်မနေ သွားရမယ့် ကိစ္စ တွေရှိလာတော့ ပထမ ဘာလီကျွန်းကနေ ဂီလီထရမ်ဝမ်ဂန် ဆိပ်ကမ်းကို ကိုယ့်ဖာသာ မောင်းသွား ပြီး အဲဒီကနေ မှ တဆင့် ဂီလီမာနောက် (Gilimanauk) ကို မော်တော်ကား တွေ ကွန်တိန်နာ တွေတင်တဲ့ ဇက်သင်္ဘောနဲ့ ဂျာဗားကျွန်း မကြီး ကိုရောက်၊ အဲဒီနောက် ဆူရာဗာရ (Surabaya) ကနေ တဆင့် ဆင်မာရမ် မြို့ (Semarang) မြို့ကို ဖြတ်ပြီး မြို့တော် ဂျာကာတာ အထိခရီးရှည် နှစ်ရက်ခန့် မောင်းပြီး နောက်တစ်နေ့ မှာ ဂျာကာတာ မှာလုပ်စရာ ကိစ္စ မှန်သမျှ လုပ်ပြီး အပြန်ကို တခြားဘက်က ပတ်ပြီး နာမည်ကျော် ဘန်ဒေါင်း (Bandung) နဲ့ ဂျိုဂျကာတာ (Yogyakarta) ကိုဖြတ်ပြီး ဂီလီမာနောက် ကနေမှ တဆင့် ဘာလီကို အပြန်ဖယ်ရီ ပေါ်ကို မောင်းတင်ပြီး အေးအေးဆေးဆေး ပြန်မယ် ဆိုပြီး ကြံစည် ထားခဲ့ ပါတယ်။

ရုံးက အော်ပရေးရှင်း မန်နေဂျာ ကာဒက် (Kadet) ကို လမ်းကြောင်း သေချာမေး၊ မြေပုံ နဲ့ သေချာ တိုက်ပြီး အလုပ်ကပေးထားတဲ့ တိုရိုတာ ဖိုးဝှီး ကို တောင့်တင်းအောင်ပြင်ဆင်ပေးဖို့ အကူအညီတောင်းထားခဲ့ပါတယ်။ သို့ပေမင့် တကယ်တမ်း သွားဖြစ်ခဲ့တဲ့ အခေါက်တိုင်းမှာတော့ Lion Air နဲ့ လေကြောင်းကချည်းသာ သွား ခဲ့ရပါတယ်။ မနက်စောစော သုံးနာရီလောက်ထ၊ ဒန်ပါဆာ (Denpasar) လေဆိပ်မှာ ကားရပ်ခဲ့ ပြီး အစောဆုံး လေယာဉ်နဲ့ ဂျာကာတာကို သွား၊ တနေကုန် လုပ်စရာ ရှိတာလုပ်၊ နောက်အကျဆုံး ဆယ့်တစ်နာရီလေယာဉ်နဲ့ ၊ ဘာလီကို ပြန်လာ၊ နောက်တနေ့မနက် နှစ်နာရီလောက် ပြန်ရောက်၊ မနက်ရုံး မှီအောင် တက်၊ အဲလိုချည်းသာ အခြေအနေအရ အလျဉ်မှီ စီစဉ် သွားလာခဲ့ရပါတယ်။ နှစ်နာရီကျော် စီးရတဲ့ လေယာဉ်ပေါ်က ဆင်းတာနဲ့ လေဆိပ်က မှီရာ ဘတ်စကားနဲ့ အလုပ်ကိစ္စတွေရှိရာ ဂျာကာတာမြို့လည်ခေါင် (Pusat Jakarta - Jakarta City Center) ကို (ကားမပိတ်ရင် တစ်နာရီခန့်၊ ကားကြပ်ရင် မခန့်မှန်းနိုင်) စိတ်ရှည်သည်းခံ ပြီး ရောက်အောင် သွားရပါတယ်။ ပထမ အခေါက်တွေက အမြန်ရောက်ချင်ဇောနဲ့ တက္ကစီ စီးခဲ့ ပေမယ့် ဘတ်စကား နဲ့ ရောက်ချိန် သိပ်မကွာဘူး ဆိုတာ နောက်ပိုင်းမှာ သိလာခဲ့ရလို့ ဘတ်စကားပဲ စီးပါတော့တယ်။ အမျိုးသားကျောက်တိုင်ရှိရာ မြို့လည်က ပြည်သူ့ ရင်ပြင် (Merdeka Square) ၀န်းနားက ဘတ်စ်စတေရှင် ကနေ သုံးဘီး ဆိုင်ကယ် ဒါမှ မဟုတ် ဆိုင်ကယ် တက္ကစီနဲ့ အလုပ်ကိစ္စရှိတဲ့ နေရာ ကို ခရီးဆက်ရပါတယ်။


ဂျာကာတာ ဟာ ဖွံ့ဖြိုးတက်မှု့ နဲ့ စီးပွားရေးရာ တောင့်တင်းမှု့ကို အဆင့်မြင့် ရှော့ပင်းစင်တာကြီးတွေနဲ့ တင် ဂုဏ်ယူဝင့်ကြွားစွာ သက်သေပြနိုင်ပါတယ်။ ဒေသခံ အင်ဒိုနီးရှန်း တွေရဲ့ ၀ယ်ယူနိုင်စွမ်း (purchasing power) ကို သိသာထင်ရှားစေပြီး ဈေးနှုန်းနဲ့ ရွေးချယ် စရာ ပေါများ မှု့ တွေက တော့ ဒေသတွင်းက စင်္ကာပူ၊ ကွာလာလမ်ပူ နဲ့ ဟောင် ကောင် တို့ ကိုယှဉ်နိုင်တယ် လို့ ဆိုပါတယ်။ ပလာဇာအင်ဒိုနီးရှား (Plaza Indonesia) ဟာ ပထမဆုံး ရောက်ခဲ့ တဲ့ နေရာဖြစ်ပြီး ဂျာကာတာ ရှော့ပင်းစင်တာတွေထဲ မှာ ဥပမာ ပြစရာ ပုံသက်သေကောင်းပဲ ဖြစ်ပါလိမ့်မယ်။ အင်ဒိုနီးရှားရဲ့ အကောင်းဆုံး ရှော့ပင်းစင်တာတွေထဲ ကတစ်ခုဖြစ်ပြီး (Gucci, Georgio Armania, Bvlgaria) စတဲ့ နာမည်ကြီး (luxury brands) တွေ အပြင် ကမ္ဘာကျော် အင်ဒိုနီးရှား ပါတိတ်တွေ ကိုလဲ ခေတ်မှီ ဖက်ရှင်ဒီဇိုင်း အမျိုးမျိုး နဲ့ တီထွင် ဆန်းသစ်ထားတဲ့ ဆိုင်တွေလဲ များစွာ တွေ့ ရမှာ ဖြစ်ပါတယ်။ တစ်ယောက်တည်း သွားခဲ့ တဲ့ အခေါက်တွေမှာ ရှော့ပင်းစင်တာ တွေ ကို စိတ်မ၀င်စားပေမယ့် မိသားစု နဲ့ ရောက်ခဲ့ တဲ့ အခါ မှာတော့ ခြေတို လာလို့ လော်ဘီ မှာ တစ်ယောက်တည်း ဖြစ်သလို ထိုင်စောင့် ခဲ့ရပါ တယ်။ ခြေတို သက်သာပေသော်ငြား စောင့်ရ မျှော်ရလွန်းလို့ လည်ပင်း တော့ နည်းနည်း ပိုရှည်လာလိမ့်မယ် တော့ထင်ပါတယ်။


ဂျာကာတာ မှာ အင်ဒိုနီးရှား ရဲ့ ရှေးဟောင်း အမွေ အနှစ်တွေ လေ့လာ ခံစား နိုင်မယ့် နေရာ မိုနာ့ စ် (Monas) ကိုမရောက်ခဲ့ဘူး ဆိုရင်တော့ ဂျာကာတာ ကိုရောက်ခဲ့ တယ်လို့ ပြောရမှာ တော်တော် ခက်ပါလိမ့်မယ်။ တကယ်တော့ မိုနာ့စ် ဆိုတာ အင်ဒိုနီးရှား ဆိုတာ ဖြစ်လာအောင် တိုက်ခိုက်ရယူလို့ အောင်မြင်မှု ရခဲ့ တဲ့ အထိမ်း အမှတ် ကျောက်တိုင်ကြီးပဲ ဖြစ်ပါတယ်။ မိုနာ့စ် ဆိုတာကလဲ ဘာဟာဆာ အင်ဒိုနီးရှား လို အတို ကောက် (Monumen Nasional - Mo Nas) ခေါ်တာ ပဲ ဖြစ်ပါတယ်။ လေးရာလေးဆယ့် သုံးပေ မြင့်တဲ့ မိုနာ့စ် ကို ၁၉၆၁ ခုနှစ်မှာ သမ္မတကြီး ဆူကာနို ရဲ့ ညွှန်ကြား ချက်နဲ့ ဆောက်ခဲ့တာ ဖြစ်ပြီး ၁၉၇၅ ခုနှစ်မှာ အများ ပြည်သူ လေ့လာကြည့်ရှု နိုင်ရန် ဖွင့်လှစ်ခဲ့တယ် လို့ ဆိုပါတယ်။ အတွင်းပိုင်းမှာ ဟိန္ဒူဧကရာဇ် မဂျပထစ် (Majapahit) ကစပြီး လွတ်လပ်သော အင်ဒိုနီးရှား နိုင်ငံ အဖြစ် ရင့်ကျူး နိုင်ခဲ့တဲ့ ၁၉၄၅ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နေ့ အထိ အင်ဒိုနီးရှား ရဲ့ ရုန်းကန် လှုပ်ရှား လာခဲ့ရတဲ့ နိုင်ငံရေး သမိုင်း ကို ပုံတူ သေသေး ကလေး တွေ နဲ့ ပြကွက် တစ်ခုခြင်း၊ တစ်ခန်း ခြင်း အသေးစိပ် ပြထားပြီး အင်္ဂလိပ်၊ ဘာဟာဆာ အင်ဒိုနီးရှား နှစ်ဘာသာ နဲ့ ရေး ထားတဲ့ ကြေးပြား လေးတွေ တစ်ခန်းခြင်း စီမှာ ကပ်ထားပါတယ်။

မိုနာ့စ် အပေါ်ကို မတက်မှီ အောက်ထပ် က အလင်းရောင် မှိန်မှိန်နဲ့ ခန်းမကျယ်ကြီး က ပြခန်း ပြကွက်တွေကို တစ်ခုခြင်း၊ တစ်ခန်းခြင်း အသေးစိပ် ဖတ်နေမယ် ဆိုရင် တစ်နေကုန် လောက် ကြာ နိုင်မယ် ထင်ပါတယ်။ ပြတိုက် တို့ ရဲ့ ထုံးစံ အတိုင်း အလယ်တန်း၊ အထက်တန်း ကျောင်းသူ ကျောင်းသား အုပ်စုတွေနဲ့ ပြည့်နေပြီး ဒေသတွင်း ခရီးသွား တွေလဲ တဖွဲဖွဲ လာလေ့လာ ကြည့်ရှု့ နေကြတာ တွေ့ရပါတယ်။ မိုနာ့စ် ရဲ့ အပေါ်ထပ် (Observation Deck) မှာတော့ မြို့တော် ဂျာကာတာ ရဲ့ ရှုခင်း ကို မြင်ကွင်းကျယ် ခံစား နိုင်မှာပါ။ ပူအိုက် စိုစွတ်လှတဲ့ ဂျာကာတာ ရဲ့ ရှုခင်း ကို ထောင့် အမျိုးမျိုးကနေ ချွေးတလုံး လုံး နဲ့ ဓါတ်ပုံ ဗွီဒီယို ရိုက် နေတဲ့ နိုင်ငံတကာ ခရီးသွား တွေလဲ မနည်းလှပါဘူး။

တစ်ခေါက်မှာ မိုနာ့စ်က အပြန် ပါဆာဘာရူး (Pasar Bharu - New Market) ကို သုံးဘီး ဆိုင်ကယ် နဲ့ ရောက်ခဲ့ပါတယ်။ ရှေးဟောင်း ပစ္စည်း တွေ ရောင်းတဲ့ ဆိုင်း တန်းတွေကို လူရှုပ်ရှုပ် ကို ဆန်ပြီး ဖြတ်အပြီး မှာ ဂျာကာတာ ရဲ့ ရုံးကန် လှုပ်ရှား နေရသူ အခြေခံ လူတန်းစား တွေရဲ့ ဘ၀ကို တစ်စိတ် တစ်ဒေသ မြင်သာ နိုင်ပါတယ်။ မိုးမျှော် တိုက်ကြီးတွေ၊ အဆင့်မြင့် ရှော့ပင်းစင်တာကြီး တွေ၊ အကောင်းဆုံး စားသောက်ဆိုင်ကြီးတွေ၊ ကြယ်ငါးပွင့် ဟော်တယ်ကြီး တွေကို နောက်ဆုံးပေါ် ဇိမ်ခံကား မျိုးစုံ နဲ့ သွားလာစား သောက် နေနိုင်တဲ့ သူတွေ အများကြီး ရှိသလို ကြိုက်လွန်းလှတဲ့ ကိုပီဂျာဟေး (Kopi Jahe - ဂျင်းနံ့ ပါတဲ့ ကော်ဖီ) ကို တစ်ထုပ် ရူပီးရား နှစ်ထောင် (မြန်မာငွေ နှစ်ရာကျပ်ခန့်) ကို မကြာခဏ မသောက် နိုင်တဲ့ သူတွေ နဲ့ လဲ တွေ့ ခဲ့ ရပါတယ်။ ကျနော် Grand Hyatt ဟိုတယ် လော်ဘီ အပေါက်နားမှာ ဆေးလိပ်သောက်နေတုန်း နောက်ဆုံးပေါ် ကားအမျိုးမျိုး မောင်းဝင်လာပြီး ဟိုတယ် ၀န်ထမ်းကို ကားသော့ ပစ်ပေး ပြီး ၀င်သွား တဲ့ ချမ်းသာသူ လု့ မလိုင်များ စွာ ကို တွေ့ ခဲ့ရသလို၊ သံချိတ် အကောက် တတ်ထားတဲ့ တုတ်တစ်ခြောင်း ကိုကိုင်ပြီး ဆာလာအိပ် အကြီးကြီး ထဲမှာ ပလတ်စတစ်၊ သံတိုသံစ စတာ တွေ လိုက်ကောက် နေတဲ့ ဒေသခံ ကြီးကြီး ငယ်ငယ် တွေကို လဲ တွေ့ခဲ့ ရပါတယ်။

ပါးမှာ သနပ်ခါး ပါးကွက်ကြားနဲ့ ပေါင်မှာ သေးစီးကြောင်း နဲ့ လုံမငယ် လို မိုးမျှော်တိုက်တာ အဆောက် အအုံကြီးတွေ၊ စီးပွားရေးစင်တာ ကြီး တွေ ရဲ့ ပြင် ပမှာ ဂျာကာတာ မြို့ ကို ပါတ်စီးနေတဲ့ ရေဆိုးထုပ် မြောင်းကြီး ဟာ မြစ်ကြီး တစ်စင်းလို ဖြစ်နေပြီး အမှိုက်သရိုက် ပလတ်စတ် တွေနဲ့ ပေါလော ပေါ် နေတာကိုလဲ မသတီစရာ တွေ့ မြင်နိုင်ဦးမှာပါ။ အခြေခံ နဲ့ အလယ် အလတ်တန်းစား တွေအားကိုးရတဲ့ ဘတ်စကား မှတ်တိုင် တွေမှာ လူတွေ စုပြုံ တိုးအုံ နေလေ့ရှိပြီး ဂျာကာတာ ရဲ့ ဆင်ခြေဖုန်း တွေ ဖြစ်တဲ့ ဘိုဂိုး (Bogor)၊ တင်ဂါရန် (Tingaran) စတဲ့ မြို့ငယ်လေးတွေ နဲ့ သွားလာ ချိတ်ဆက် မယ့် လူတွေ နဲ့ ဂျာကာတာ တီမော၊ ဘာရတ်၊ ဥတရ၊ ဆယ်လာတန် (Jakarta - Timor, Barat, Utara, Selatan - ဂျာကာတာရဲ့ အရှေ့၊ အနောက်၊ တောင်၊ မြောက်) ကို သွားလာ ကြမယ့် သူတွေ ဒွေးရော ယှက်တင် ရှိပါလိမ့်မယ်။

တစ်ခေါက်မှာ တော့ မနက် ကိုးနာရီ ကျော်ခန့် အလုပ်ကိစ္စရှိတဲ့ ရုံးတစ်ရုံး ကိုရောက်တော့ သူတို့ ရုံး က မဖွင့် သေးပါဘူး။ ခက်တာက ကိုယ့် မှာ ကလွယ်မထား အပ်တဲ့ ပြဿနာ မကြာခင် ပေါက်ကွဲ တော့ မယ့် အခြေ အနေ ဆိုတော့ အဲဒီရုံး က လုံခြုံ ရေး အစောင့် ကို ကိုး နာရီကျော် နေသည့် တိုင် မဖွင့် သေးတဲ့ အကြောင်း စိတ်မရှည် တဲ့ လေသံ နဲ့ အပြစ်တင် ပြေဆိုမိပါတယ်။ အမှန်က ဂျာကာတာ နဲ့ ဘာလီ စံတော်ချိန် မတူပဲ တစ်နာရီတိတိ ကွာ တာ ကို ကျနော် မေ့နေတာပါ။ ခက်တာ က သူ့ နေနဲ့ လဲ ဖွင့် ပေးလို့ မရပါဘူးတဲ့။ တိုးအော်ပရေတာ ဆိုတာ ဘယ်နေရာ ဘယ်ဒေသက ဟော်တယ် မဆို ရင်းနှီး ကျွမ်းဝင် သလို မျိုး ဆိုတော့ အနီးဆုံး ကြယ်ငါးပွင့် ဟိုတယ်၊ ဟိုတယ် နီကိုး (Hotel Nikko - Pusat Jakarta) ကိုပဲ အမြန်ဆုံး နည်းနဲ့ သုတ်ခြေတင် ရပါတယ်။ ကိစ္စပြီး မှ အပွိုင့်မင့် ရှိရာ စောစောက ရုံး ကို ပြန်ပြေးရပါတယ်။ အဲဒီတစ်ခေါက် အဆိုပါ ရုံး က အပြန်မှာ ရိုဂျာ့ (Malay / Singapore - Rojak: Indonesia - Rujak) တစ်ပွဲစား၊ ရေသန့် ဘူးကြီးကြီး ၀ယ်ပြီး ယခု လက်ရှိ အမေရိကန်သမ္မတဘာရက်ဟူစိန်အိုဘားမား (President Barack Hussien Obama) တက်ခဲ့ရာ မူလတန်း ကျောင်းကလေး ကို ကြည့်ချင် လို့ ပြင်းထန် တဲ့ နေရောင်အောက် မှာ နာရီဝက်ကျော် လမ်းလျှောက် ပြီှးရှာ ခဲ့ရပါတယ်။


အစက တော့ ဘာရက်အိုဘားမား ကလေး ပုံ ကြေးရုပ်ကို မန်တန် ပန်းခြံ (Menteng) မှာ ထားခဲ့ ပေမယ့် နောက် ပိုင်း မှာ အကြောင်းအမျိုးမျိုး ကြောင့် သူငယ်ငယ် က တက်ခဲ့ ရာ မူလတန်း ကျောင်း ကိုပြောင်းရွှေ့ ခဲတယ် လို့ ဆိုပါတယ်။ ဘာရက်အိုဘားမား ဟာ ဖရန်စစ်ကန် အစစ်စီ မူလတန်းကျောင်း (Franciscan Asisi Primary School) မှာ ဘာရီဆိုတိုရိ (Barry Soetoro) ဆိုတဲ့ နာမည် နဲ့ ဇန်န၀ါရီလ ၁ ရက်နေ့ ၁၉၆၈ ခုနှစ် ကျောင်း အပ်ခဲ့ ပြီး သုံး နှစ်တိတိ တက်ခဲ့ ပြီး မိဘတွေ အိမ်ပြောင်းရွှေ့ တဲ့ အတွက် ယခု ဘာဆုကီ အလယ်တန်းကျောင်း (Besuki 01 Elementary School, Menteng) မှာ အမေရိကန်နိုင်ငံ ဟာဝိုင်ယီ ကို မပြောင်းရွှေ့ ခင် အထိ တစ်နှစ် တက်ခဲ့တယ် လို့ ဆိုပါတယ်။ အိုဘားမား တက်ခဲ့ တဲ့ ကျောင်း ကလေး က အပြန်မှာ ညနေ စောင်း နေပေမယ့် နေရှိန် ကတော့ မကျ သေးပါဘူး။ လမ်း အကြာ ကြီး လျှောက် ခဲ့ ရလို့ ပင် ပန်း နေတဲ့ ကျနော် ဟာ ကျောင်းလမ်း ထိပ်က ဆိုင်ကယ် တက္ကစီ ကိုငှား ပြီး လေဆိပ် ကို သွားတဲ့ ဘတ်စတေရှင် ကိုသာ ငှားလိုက်ပါတော့ တယ်။

အမှန်တကယ် တော့ မြို့တော် ဂျာကာတာ ဟာ ရက် အနည်းငယ် အချိန်ပေးပြီး လည်ပတ်မယ် ဆိုရင် အပိုင်း (၃) ပိုင်း ပိုင်း ပြီး လေ့လာသင့်ပါတယ်။ ရှေးဟောင်း အဆောက် အအုံတွေ၊ ဗလီ တွေ နဲ့ ခရစ်ယန် ဘုရားရှိခိုးကြီး တွေ ကို တစ်ပိုင်း၊ ယဉ်ကျေးမှု့ အမွေ အနှစ် တွေ ကို ပြခန်း၊ ပြတိုက် တွေမှာ လေ့လာဖို့ က တစ်ပိုင်း ထားပြီး ကျန်တဲ့ အပိုင်းကို တော့ ရှော့ပင်၊ စားသောက် ဆိုင်တွေ နဲ့ အပန်းဖြေ ပန်းခြံ၊ တိရိစ္ဆာန်ဥယျာဉ် တွေ ကို တစ်ပိုင်း ဆိုပြီး လမ်းသင့် သလို အချိန်ရှိသမျှ လေးကို စီမံ ခန့် ခွဲပြီး လေ့လာသင့် တယ်လို့ ဆိုရမှာပါ။

ဂျာကာတာ မှာ ဆုမတြား ကနေ အနောက် ပါပူးဝါး အထိ ကျွန်းပေါင်းစုံ က လူတွေကို သွင်ပြင် အမျိုးမျိုး ကွဲပြားစွာ တွေ့ ရမှာ ဖြစ်ပါတယ်။ ဂျာကာတာ က လူတွေ ပြောတဲ့ အင်ဒိုနီးရှန်း ဟာ အရမ်းမြန်ပြီး အင်ဒိုနီးရှန်း နဲ့ ဂျာဗား စကား ရောယှက် ပြီး ပြောတာ ဖြစ်လို့ ကျနော့် အတွက် နားလည်ဖို့ အင်မတန်ခက်ခဲပါတယ်။ ရှော့ပင်းစင်တာ တွေမှာ တွေ့ရတဲ့ အင်ဒိုနီးရှန်း တွေဟာ တီဗွီဇာတ်လမ်းတွေထဲ ကထက် ပိုပြီး သန့် ပြန့်ချောမော ကြပါပေတယ်။ ဆင်ခြေဖုံး ကလူ တွေ ကိုလည်း ဇာတ်လမ်းတွေ ထဲမှာ ထက် ပိုပြီး ခက်ခဲ စွာ အပမ်းတကြီး ရုန်းကန် နေရတာ ကို မမျှ မတ တွေ့ ရမှာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားရဲ့ ပြည်တွင်း လေကြောင်း တွေရဲ့ ထုံးစံ အတိုင်း သတ်မှတ်ချိန်ထက် နောက်ကျပြီး မှ ဘာလီ ကိုပြန်ရောက် လာတဲ့ ကျနော်ဟာ (အခေါက်တိုင်းလိုလို) နောက်တစ်နေ့ မနက် နှစ်နာရီမှ သာ အိမ်ကို ပြန်ရောက်ပါတော့တယ်။ ဂျာကာတာ ကိုရောက် ခဲ့ တဲ့ ခဏတာ လေး တွေဟာ အပူနဲ့ အအေး၊ အမြင့် နဲ့ အနိမ့်၊ ချမ်းသာ ခြင်း နဲ့ ဆင်းရဲခြင်း တွေကို တပြိုင် နက်ထဲ ခံ စားလိုက် ရတဲ့ အိမ်မက် ဆန်ဆန် ဖြစ်ရပ်တွေ ချည်း သာ စိတ် အမြင် မှာ စွဲ ထင်နေပါတော့တယ်။ ။

ဝိဟာရမဟာဝိဟာရ ဂရဟ ဗုဒ္ဓဘာသာ အသင်း (ဘတ်စကားပေါ်မှ AATO)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံး - ဂျာကာတာ (AATO)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံး - ဂျာကာတာ (AATO)

ဂျာကာတာဆင်ခြေဖုံး (ဘတ်စကားပေါ်မှ AATO)

ဂျာကာတာမြို့လည်တစ်နေရာ (လူကူးကုန်းကျော်တံတားပေါ်မှ AATO)

ဖြည့်စွက်ချက်။ ။ ဂျာကာတာ မှာရိုက်လာတဲ့ ဓါတ်ပုံ တွေ အများစု က မှားပြီး ဖျက်မိသွားလို့ ဘာမှ မကျန်တော့ ပါ။ သို့ ပေမယ့် ကွန်မန့် ပေးလာတဲ့ ဦးပေါက်စ ကိုကျေနပ် စေချင်လို့ ရိုက်ခဲ့တဲ့ အထဲ က ရှိတာလေး တွေတင်လိုက် ပါတယ်။ ပြည့်စုံ သွားလိမ့် မယ်လို့တော့ မထင်ဝံ့ ပါ။
updated 30th March 2012: AATO

Photos:
- Monas - Warsi
- Jakarta Macet - Jarkarta Post
- Cock - (JP/ID Nugroho) Jakarta Post
- Plaza Indonesia - Hkurniawan dari Wikitravel
- Barack Obama Statue - (Jakarta Post, Feb. 24, 2010)


ဆက်ဖတ်ကြည့်မယ်...

Wednesday, January 18, 2012

ဘာလီကို လည်မယ်ဆို


အင်ဒိုနီးရှား ဂုဏ်ဆောင် ဘာလီကျွန်း ဟာ ကမ္ဘာ့ ပထ၀ီမြေပုံပေါ်မှာ သေးသေးလေးသာ မြင်ရမှာ ဖြစ်ပေမယ့် ကမ္ဘာ့ခရီးစဉ်ဒေသ မြေပုံပေါ်မှာတော့ ထင်ထင်ရှားရှား ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြရတဲ့ အထင်ကရ ခရီးစဉ်ဒေသတစ်ခု ဖြစ်ပါတယ်။ အကယ်၍သာ ကျွန်းတစ်ပါတ် ကားတစ်စီး နဲ့ ကမ်းခြေ တစ်လျှောက်မောင်း လို့ သာရခဲ့ မယ်ဆိုရင် တစ်နေ့တည်း နဲ့တောင် တစ်ပါတ်ပြည့်အောင် မောင်းလို့ ရစရာ ရှိကောင်း ရှိပေမယ့် ခရီးစဉ် ဒေသ တစ်ခု အတွက် ဆိုရင်တော့ အင်မတန် ကြီးမားတဲ့၊ လည်စရာ၊ လေ့လာစရာ အပြည့်နဲ့ ခရီးစဉ်ဒေသ ကြီး တစ်ခုလို့ ဆိုရမှာ ဖြစ်ပါတယ်။

ဘာလီ ကိုရောက်ဖူးတယ် ဆိုတဲ့ နီးစပ်ရာ အသိမိတ်ဆွေ တွေကို ဘာလီကို ဘယ်လိုမြင်လဲ လို့ သာမေးကြည့် မယ်ဆိုရင် သူတို့ ရဲ့ အမြင်ဟာ ဘာလီမှာ ပွင့်တဲ့ တရုတ်စကားပန်း ဖြူဖြူ လေးတွေလို အဆုပ်လိုက် အခဲလိုက်၊ အပင်ပေါ် ရော အပင်အောက်ရော မှာ ပြန့်ကျဲ နေသလို ကြည်နူးစရာ အဖြေ တွေအများကြီး ရလာမှာ ဖြစ်ပါတယ်။ ဘာလီကိုသာ တစ်ခေါက်လောက် ရောက်ဖူးခဲ့မယ် ဆိုရင် သဲဖွေးဖွေး ကမ်းခြေ ကလေးတွေ၊ သာယာတဲ့ လှေကားထစ် စပါးခင်းတွေ၊ ဒေသခံ ဘုရားဖူးတွေ နဲ့ ပြတ်လေ့မရှိတဲ့ ဘုရားကျောင်းတွေ က ပွဲတော်တွေ၊ ဘာလီ ရိုးရာ တေးသံနဲ့ အကအလှ၊ ကမ်းခြေမှာ တလူလူလွင့်နေတဲ့ တံခွန်တိုင် တွေ ဟာ စိတ် အစဉ် ပုံရိပ်ထဲ မှာ နှစ်ပေါင်း များစွာ ကြာအောင် စွဲထင် နေမှာ သေချာပါတယ်။

တကယ်တော့ ဘာလီဟာ တိုးပရိုဂရမ် (Tour Program) တစ်ခုနဲ့ ဘောင်ခတ်ပြီး အကန့် အသတ် တစ်ခုအတွင်း မှာ သာလည်လို့ ရတဲ့ ကျွန်းတစ်ကျွန်း မဟုတ်ပါဘူး။ နေ၀င်ရှုခင်း နဲ့ ပင်လယ်စာ အကင် တွေကြောင့် စည်ကားလွန်းလှတဲ့ ဂျင်ဘာရမ် (Jimbaran) ကနေ တိုးရစ်တွေ စက်ကျ တတ်တဲ့ ကုတ (Kuta) လို နေရာမျိုး က နေ စမင်ညာက် (Seminyak) လို ဇိမ်ခံ ဟိုတယ်ကြီးတွေရှိတဲ့ နေရာ အထိ တစ်လျှောက် လုံး ရှည်လျားတဲ့ ကမ်းခြေကြီး အတိုင်း ရက်ပေါင်းများ စွာ အပျော်ရှာ လို့ ရပါတယ်။ ယဉ်ကျေးမှု့ အနုလက်ရာ တွေပြုလုပ်ရောင်းချ တဲ့ တောအုပ်စိမ်းစိမ်း ထဲက ဥဘွတ် (Ubud) ကနေ မီးတောင်တွေ ရှိတဲ့ ဘာလီ ကျွန်း အလည်ပိုင်း ကိုပဲ သွားမလား ဒါမှမဟုတ် အမ်မက် (Amed) တို့ လိုဗီးနား (Lovina) နဲ့ ပန်မျူတာရန် (Pemuteran) တို့ လို ကမ်းခြေမြို့ ငယ်လေးတွေမှာ ရက်တွေလ တွေကို မေ့ထားပြီး နေဦးမလား၊ နောက်ပြီး မျက်စိရှုပ်လွန်းလို့ တိုးရစ် တွေ ကိုမမြင်ချင်ဘူး ဆိုရင်တောင် နူဆာလန်ဘွန်ဂန် (Nusa Lambongan) ကျွန်းက ဖြင့် မလှမ်း မကမ်း မှာရှိနေသေး တော့တယ်။


ပြောရမယ် ဆိုရင် ဘာလီကျွန်းသူ တွေ နေ့စဉ် နတ်တင် လေ့ ရှိတဲ့ အုန်းရွက် ခေါစာ ခွက်ကလေး တွေလိုမျိုး စွဲဆောင်မှူ့ မျိုးစုံ ဟာ အကွက်ညီညီ ယက်ဖောက်ထား တယ်လို့ ပြောရင် မလွန်ပါဘူး။ ဆိုခဲ့ တဲ့ အကြောင်း အရာ တွေဟာ မြင်သာ ထင်ရှားတာလေးတွေ တချို့ကိုသာ စုစည်း ပြီး ပြောသလို ဖြစ်နေပါလိမ့်မယ်။ တကယ်တော့ ဘာလီ ဟာ အင်ဒိုနီးရှား တစ်နိုင်ငံလုံး မှာ ဧည့်သည် နဲ့ သဟဇာတ အဖြစ်ဆုံး (Visitor Friendly) ကျွန်း လို့ ရဲရဲ ကြီး ဆိုဝံ့ပါတယ်။ ရှိပါသေးတယ်။ ဘာလီရိုးရာ အနှိပ် ကလေးခံပြီး၊ ဆေးပေါင်း စပါး (Herbal Spa) မှာ နွမ်းနယ် မှု့တွေ ကိုဖြေလျော့ မလား။ Discovery Shopping Mall နဲ့ မာတာဟာရီ (Mata Hari) မှာပဲ ဈေးဝယ်မလား။ ကရစ်ရှနာ (Krishna) နဲ့ ဘာလီ အနှံ့ က အမှတ်တရပစ္စည်း ဆိုင်တွေ (Oleh Oleh) မှာပဲ လက်ဆောင်ပေးဖို့ ၀ယ်ဦးမလား။ သေချာတာက တော့ ဘာလီက အပြန်ဧည့် သည်တိုင်း ဟာ အလာတုန်းက လိုမျိုး မဟုတ်တော့ပဲ အိပ် အကြီး အသေး မျိုးစုံနဲ့ ပစ္စည်း မျိုးစုံ ပါသွားကြတာပါပဲ။

အစား အသောက် ဆိုရင်လဲ လမ်းဘေး ဈေးဆိုင် (Warung) ကလေးတွေက နေစပြီး ဟိုတယ်ကြီးတွေ နဲ့ ဖိုင်းဒိုင်းနင်း (Fine Dining) ရက်စတောရင့် ကြီးတွေ အထိ တတ်နိုင်သလို နှစ်သက်သလို စားလို့ ရပါတယ်။ မမေ့ရမှာ က ဘာဘီဂူလင်း (Babi Guling) နဲ့ ထမင်းကလေး တစ်ဇွန်းလောက် စားလိုက် ဒါမှ မဟုတ် ဘာလီစတိုင် ပင်လယ်စာ အကင်လေးစားလိုက်၊ ဘင်တန်ဘီယာ (Bintang Beer) ကလေး တကြိုက်လောက် ကြိုက်လိုက်၊ မျက်နှာ ချိုချို ညိုညိုစိုစို ဘာလီမ လေး တွေ ကို ကြည့်လိုက်.. လုပ်ဖို့ ကိုပါ။ :P

ဘာလီကို ဘယ်လိုလာ၊ ဘယ်မှာတည်းပြီး ဘယ်ကိုသွားရမှာလဲ လို့ မေးလာခဲ့ရင် အဖြေက လေယာဉ်လက်မှတ်ဝယ် ပြီးသွားပါ။ ဘယ်မှာ ပဲတည်းတည်း၊ ဘယ်ကိုပဲ သွားသွား မှား စရာ အကြောင်း လုံးဝ မရှိဘူးလို့ သာ ဆိုပါရစေ...။ ။


မှတ်ချက်။ ။ ရေးထားတာ တော့ ကြာပါပြီ။ ဟိုတစ်စ ဒီတစ်စ နဲ့ အဆုံး မသတ်ဖြစ် နေတာပါ။ ဘာလီ ကိုခဏခဏ လာလည်ချင်တဲ့ အစ်မချစ် နဲ့ အစ်ကိုပန်းသီး၊ ခရီးခဏခဏသွား တတ်တဲ့ အစ်မချော၊ အစ်ကိုဧရာ နဲ့ အစ်မသီတာ၊ လာလည်ချင်တယ် ဆိုတဲ့ မေသိမ့်သိမ့်ကျော်၊ တိုးပရိုဂရမ် တွေ တိုးဂိုက်တွေ ရှိလား ဆိုတဲ့ စော (အ၀ါရောင်မြေ)၊ စော ပြောသလိုပါပဲ ဆိုတဲ့ Iora၊ ဘာလီခရီးစဉ် အကြံလေးပေးပါဦး ဆိုတဲ့ သရ၊ ဆရာကိုဟန်ကြည် တို့ နဲ့ တစ်နှစ်တာ နေခဲ့တဲ့ ဘာလီကျွန်း ကို သတိရ၍ ရေးသည်။





ဆက်ဖတ်ကြည့်မယ်...

Friday, December 16, 2011

နှစ်သစ် မင်္ဂလာ နှင့် မြန်မာ့ ခရီးသွားလုပ်ငန်း


မြန်မာနိုင်ငံသည် အရှေ့တောင် အာရှမှာ အလှဆုံး နိုင်ငံထဲ က တစ်နိုင်ငံဖြစ်ပြီး မြင့်မားသည့် ယဉ်ကျေးမှူ့ဓလေ့ထုံးစံများ၊ သမိုင်းအစဉ်အလာနှင့် ရေမြေတောတောင် သဘာဝ အလှ အပြင်ဇီဝမျိုးစုံ မျိုးကွဲအ ကြွယ်ဝ ဆုံး နိုင်ငံ ဖြစ်သော်လည်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု့မှာ အာဆီယံ ၁၀ နိုင်ငံ အတွင်း အဆင့် ၉ မျှသာ ရပ်တည်နိုင်သည်။ နိုင်ငံတကာ နှင့် ဒေသအတွင်း တွင် ခရီးသွားလုပ်ငန်း ကို အားသွန်ခွန်စိုက် လုပ်ကိုင်နေကြသော်လည်း မြန်မာနိုင်ငံအနေဖြင့် ခရီးသွားလုပ်ငန်းမှ ရရှိသော ၀င်ငွေမှာ အနည်းဆုံး ပမာဏမျှသာ ဖြစ်သည်။ မြန်မာ့ခရီးသွားလုပ်ငန်း ဖွင့်ဖြိုးတိုးတက်ရန်အတွက် ရည်တိ၊ုရည်ရှည် စီမံကိန်းများချမှတ်ပြီး အသင်းအဖွဲ့ များဖွဲ့စည်းကာ ဆောင်ရွက်နေသော်လည်း အကြောင်းအမျိုးမျိုးကြောင့် အောင်မြင်သင့်သလောက် မအောင်မြင်သေးပေ။

နိုင်ငံတော် အစိုးရအနေဖြင့် ခရီးသွားလုပ်ငန်း အား ပိုမိုအာရုံစိုက်၍ လုံလောက်သော ဘဏ္ဍာငွေများ စိုက်ထုပ်ပြီး ခရီးသွားမြှင့်တင်မှုများ ပြုလုပ်ရန်လိုအပ်ပေသည်။ ခရီးသွားလုပ်ငန်းအတွက် အဓိကကျသော အခြေခံအဆောက်အအုံ များ (လေဆိပ်၊ ဟိုတယ်၊ လမ်း၊ တံတား စသည်) တို့ လုံလောက်ပြီး အဆင်ပြေချောမွေ့ စွာ ၀န်ဆောင်မှု့ ပေးနိုင်စေရေး အတွက် သာမက နိုင်ငံတကာခရီးသွား ဧည့်သည်များ အလွယ်တကူ ၀င်ရောက် စေရေးအတွက် ဗီဇာကင်းလွတ်ခွင့်၊ ဆိုက်ရောက်ဗီဇာ စသည် တို့ ကိုပါ တဆင့်ခြင်း ဆောင်ရွက်သင့်ပါသည်။

နိုင်ငံ့ ခရီးသွားလုပ်ငန်း ဖွင့်ဖြိုးတိုးတက်စေရန် အတွက် ဒေသအတွင်း ခရီးသွားလုပ်ငန်း အောင်မြင်နေသော မလေးရှား နိုင်ငံ (၂၀၁၀ ခုနှစ် အတွင်း ခရီးသည် ၀င်ရောက်မှု့ ၂၄.၅၇၇ သန်း) နှင့် ထိုင်းနိုင်ငံ (၂၀၁၀ ခုနှစ် အတွင်း ခရီးသည်ဝင်ရောက်မှု့ ၁၅.၉၃၆ သန်း) တို့ ၏ နည်းလမ်းများ ကို အတုယူ လုပ်ဆောင်သင့်ပါသည်။ ထို့ အပြင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာန မှ ကြီးကြပ်၍ အထက်ပါ နိုင်ငံများ နှင့် သင့်တော်သော အခြား နိုင်ငံခြား တက္ကသိုလ် ကောလိပ်များ၊ ဟိုတယ် နှင့် ခရီးသွားလုပ်ငန်း သင်တန်းများ သို့ စေလွှတ် ကာ တက်ရောက်လေ့လာစေသင့်ပါသည်။
၎င်းမှ တဆင့် Train the Trainer အစီအစဉ်မျိုးများ ဖြင့် ပြည်တွင်း တက္ကသိုလ်ကောလိပ်များ တွင်လည်း ခရီးသွား လုပ်ငန်းဆိုင်ရာ သင်တန်းများ ပိုမိုထိရောက်စွာ လုပ်ဆောင်ပြီး လူ့စွမ်းအားအရင်းအမြစ်ဖွင့်ဖြိုးတိုးတက်အောင် ဆောင်ရွက်သင့်ပါသည်။ ခရီးသွားလုပ်ငန်း အသိပညာများ အား အခြေခံပညာအဆင့် ကျောင်းသား လူငယ်များ ထိတွေ့ လေ့လာသိရှိစေရန် အတွက် သင်ရိုးညွှန်းတမ်း များတွင် ထည့်သွင်းခြင်း၊ ဌာနဆိုင်ရာ များတွင် ပညာပေးခြင်းများ ပြုလုပ်ရန်လိုအပ်ပါသည်။ ခရီးသွားလုပ်ငန်းမှာ ခရီးသွား လုပ်ငန်းဝန်ကြီးဌာန တစ်ခုတည်းနှင့် သာပတ်သက်သော လုပ်ငန်းမဟုတ်ပဲ အလွန်ကျယ်ပြန့် သော လုပ်ငန်းကြီး တစ်ခုဖြစ်ရာ သက်ဆိုင်ရာအာဏာပိုင်များ အပြင် ပြည်သူလူထု အားလုံးပါ ၀ိုင်းဝန်း လုပ်ဆောင်ရန်လို အပ်ပါသည်။

ခရီးသွားလုပ်ငန်း၏ သဘောသဘာဝ မှာ နိုင်ငံခြားခရီးသည် တစ်ဦးချင်း ဆက်စပ် ပါတ်သက်သူမှန်သမျှ ဒေသခံ အားလုံး အတွက် အကျိုးရှိစေရာ ဆင်းရဲမွဲတေမှု့ ပပျောက်အောင် တိုက်ဖျက်နိုင်မည့် လုပ်ငန်း ကြီး တစ်ခုဖြစ်သဖြင့် နိုင်ငံတော် ခေတ်မီဖွင့်ဖြိုးတိုးတက်စေရေး အတွက် အလွန်အရေးပါသည့် အခန်းကဏ္ဍ ဖြစ်ကြောင်း မြန်မာ့ခရီးသွားလုပ်ငန်း အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လိုသူ တိုးအော်ပရေတာ တစ်ဦး အနေဖြင့် တိုက်တွန်း တင်ပြအပ်ပါသည်။ ။


မှတ်ချက်။ ။ မရှင်းပါက ပုံအပေါ်ကို နှိပ်၍ ကြည့်ပါရန်။

ဆက်ဖတ်ကြည့်မယ်...

Thursday, July 21, 2011

Tourism အပိုင်း အစများ


ဂျစ်ဆော (Jigsaw Puzzle) ဆိုသည့် ကစား နည်း ကို တော်တော်များ များ ကစားဖူးကြ ပေလိမ့် မည်။ ရုပ်ပုံကား ချပ်တစ်ခုကို အစိတ် အပိုင်း သေးသေး ကလေး များ အဖြစ် စိတ်ပိုင်းထား ပြီး ၄င်း အစိတ် အပိုင်း ကလေးများ ကို သူ့ နေရာ နှင့် သူ နေရာ တကျ ဆက်လိုက်ခြင်း ဖြင့် မူလ ရုပ်ပုံကား ချပ် ပုံပေါ်လာ အောင်ကစားခြင်း ကို ဂျစ်ဆော ပါဇယ် (Jigsaw Puzzle) ဟုခေါ် သည်။ ဤသို့ ဆက်စပ်၍ ပုံပေါ်သည် အထိ ကစားရသည်ကို က ဂျစ်ဆောပါဇယ် ဂိမ်း၏ သဘာဝ ဖြစ်သည်။ အစိတ် အပိုင်း တစ်ခုခု ပျောက် နေ၊ လိုနေပါက ရုပ်ပုံ ကားချပ်၏ မပြည့် စုံမှု မှာ ထင်ထင်ရှားရှား သိသာနေမည် ဖြစ်သည်။ Tourism ဆိုသည့် ခရီးသွား လုပ်ငန်းနယ်ပယ် ကြီး တစ်ရပ်ကို ဂျစ်ဆော ပါဇယ် ဖြင့် Tourism ပညာရှင်များ ခိုင်းနှိုင်းကြသည်။

အလွန်လျော်ကန် သော ဥပမာ တစ်ခုဖြစ်သည်။ အဆိုပါဥပမာ ကို ဆို ဖူး သူမှာ မြန်မာ့ ခရီးသွား လုပ်ငန်း ၏ ပညာရှင် ဂုရု ကြီး တစ်ယောက် ဖြစ်သော ဦးနိုင်ဘွား (ဒုတိယညွှန်ကြား ရေမှုးချုပ် အငြိမ်းစား၊ ၀န်ကြီးဌာန အကြံပေး) အဖြစ် ကြာမြင့်စွာ ထမ်းဆောင်သွား သူ ဖြစ်သည်။ တိုက်ဆိုင်မှု တစ်ခု မှာ အဆိုပါဥပမာ ကိုပင် တွန်ကူအစ္စကန္ဒာ (Tunku Iskandar) (Past & Present President of MATTA, PATA, IOTO, FATA, ASEAN Tourism Association etc..) က ညွှန်းဆို ပြန်သည်။

သဘောမှာ Tourism ဆိုသော လုပ်ငန်းနယ်ပယ် ကြီး နှင့် တိုက်ရိုက် ဆက်စပ် ပတ်သက် သော ဒေသခံ အစိုးရ၊ ခရီးသွား လုပ်ငန်း များ၊ ဟိုတယ်၊ လေကြောင်းလိုင်းများ၊ ဧည့်လမ်းညွှန်များ၊ ဖျော်ဖြေရေးလုပ်ငန်းများ၊ စားသောက်ဆိုင်များ၊ ဈေးဆိုင်များ အပြင် ဒေသခံ များ နှင့် ၄င်းဒေသ ရှိ သက်ရှိ၊ သက်မဲ့၊ သဘာဝပါတ်ဝန်းကျင် နှင့် ရှေးဟောင်းယဉ်ကျေးမှု အဆောက်အဦများ အစရှိသဖြင့် အများအပြား ဆက်စပ်နေ ခြင်းကို ပုံဖော်ခြင်းဖြစ်သည်။ အရာအား လုံးမှာ အစိတ်အပိုင်း ငယ်လေးများ အဖြစ် မျှသာ ဖြစ် သော်လည်း မပါမဖြစ်၊ မရှိမဖြစ် အရာများ ဖြစ်သည်။

ငှက်တစ်ကောင် ၏ ကောင်းကင်ယံ မှ အရာအား လုံး ကို အပေါ်စီးမှ မြင်ခွင့် ရသည့် (bird eye view) ဖြင့် အဆိုပါ ဆက်စပ်ပတ်သက် ရာ နယ်ပယ် အသီးသီးကို ဂျစ်ဆောပါဇယ် ၏ အပိုင်း အစ များ အဖြစ် သဘောထားပြီး သူ့နေရာ နှင့် သူ နေရာတကျ ဆက်စပ်လိုက် ခြင်း အားဖြင့် ပြီးပြည့်စုံ သည့် ရုပ်ပုံကားချပ် တစ်ခု ရသကဲ့ သို့ အောင်မြင်သော၊ ရေရှည် တည်တံ့ခိုင် မြဲသော ခရီးစဉ်ဒေသ နိုင်ငံ တစ်နိုင်ငံ ဖြစ်လာပေမည်။ သို့ရာ တွင် အစိတ်အပိုင်းငယ်လေးများ အနေဖြင့် သူ့နေရာ နှင့် သူ နေရာ တကျ ဖြစ်ရန် မှာ အထူးသတိပြုရမည့် အချက်တစ်ချက် ဖြစ်သည်။ သို့ မဟုတ်ပါ က ပုံမကျ ပန်းမကျ၊ အချိုးမကျ၊ ရယ်စရာ၊ ကဲ့ရဲ့ စရာ ဖြစ်လာပေလိမ့်မည်။ ။

ဆက်ဖတ်ကြည့်မယ်...

Monday, July 18, 2011

အကြိမ်ကြိမ် အကျိုးသက်ရောက်စေသော ခရီးသွားလုပ်ငန်း

ခရီးသွားလုပ်ငန်း ဆိုသည်မှာ အလုပ်အကိုင် အခွင့် အလမ်းတစ်ခုတည်းကိုသာ ပေါ်ပေါက်စေသော တတိယ ကဏ္ဍ (Tertiary Sector) မျှသာ မဟုတ်ပဲ ပဓါန ကဏ္ဍ (Primary Sector) နှင့် သာမည ကဏ္ဍ (Secondary Sector) များ အတွက်ပါ အကျိုးများစေ သော လုပ်ငန်းနယ်ပါယ်ကြီး တစ်ရပ်ဖြစ်သည်။ အဆိုပါ ခရီးသွားလုပ်ငန်း များမှ အကြိမ်ကြိမ် အကျိုးများ စေသော အကြောင်း အရင်း ကို အရိုးအရှင်းဆုံး နည်းလမ်းဖြစ်သည့် ခရီးသွားဧည့်သည် (Tourist) အကြိမ် ဘယ်လောက်များများ ငွေကြေး သုံးစွဲစေသလဲ။ ၄င်းငွေကြေး သည် တိုင်းပြည်၏ ငွေကြေးလှည့် ပါတ်မှု ပါဝင်မှုပမာဏ များဖြင့် သိသာစေသည်။

ဟိုတယ်တစ်ခု တွင်သုံးစွဲ လိုက်သော ငွေကြေးမှာ အလုပ်အကိုင် အခွင့် အလမ်းများ ပေါ်ပေါက်စေရန် အထောက်အပံ့ဖြစ်စေပြီး ဟိုတယ်လုပ်ငန်း အတွက် တိုက်ရိုက် အကျိုးများစေသကဲ့သို့ သွယ်ဝိုက်သော နည်းများဖြင့် အခြားလုပ်ငန်း များတွင်လဲ အလုပ်အကိုင် အခွင့် အလမ်းများ နိုင်ငံနှင့် အ၀ှမ်းပေါ်ပေါက် စေနိုင်သည်။ ဥပမာအားဖြင့် ဟိုတယ်တစ်လုံး အနေဖြင့် ဒေသခံ လယ်သမား များထံမှ အစားအသောက် ၀ယ်ရသည် ဆိုပါစို့။ အဆိုပါငွေကြေးကို လယ်သမား အနေဖြင့် အ၀တ်အထည်များ၊ လုပ်ငန်းသုံး ပစ္စည်း (ဓါတ်မြေသြဇာ စသည်) တို့ အတွက် အသုံးပြု နိုင်စရာရှိသည်။ ဒေသထွက်ကုန်များ ကို အမှတ်တရ (Souvenir) အဖြစ် ခရီးသွားဧည့် သည်များ မှ ၀ယ်ယူမှုများ လေလေ အမှတ်တရ ပစ္စည်းများ ရောင်းချနိုင်ရန် ပြုလုပ်သည့် အိမ်တွင်း တနိုင်တပိုင် စည်းပွားရေးလုပ်ငန်း ငယ်များ အများအပြား ပေါ်ပေါက်နိုင်စရာ ရှိသည်။ ဤသို့ဖြင့် (Secondary Employment) ဟုဆိုအပ် သော အိမ်တွင်းမှု အလုပ်အကိုင် အခွင့် အလမ်းများ တိုးပွား လာနိုင်သည်။

အကြိမ်ကြိမ် အကျိုးသက်ရောက် သည်မှာ နိုင်ငံတော်၏ နိုင်ငံခြား ထွက်ကုန်များ အပေါ်မှီခို နေရမှု အတွက် သွင်းကုန်များ အတွက် အသုံးပြုနေရသည့် ငွေကြေး ယိုစိမ့် မှု (Leakages) များ အထိပါဝင်မည် ဖြစ်သည်။

သုတေသနပြု လေ့လာထားသည့် စစ်တမ်းများ အရ ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်း များမှရရှိသော ငွေကြေး၏ ၇၀% မှာ (နိုင်ငံခြားသားများ ပိုင်ဆိုင်သော ခရီးသွားလုပ်ငန်းများ၊ လေကြောင်းလိုင်းများ၊ ဟိုတယ်များ၊ ပြည်ပမှတင်သွင်း လာသည့် အစားအသောက်များ) အတွက် ကုန်ကျခြင်းဖြင့် ထိုင်းနိုင်ငံမှ ပြန်လည် စီးထွက်သွားသည်။ အခြား ကမ္ဘာ့ တတိယ နိုင်ငံ များတွင်လဲ ၄၀% (အိန္ဒိယ) မှသည် ၈၀% (ကာရေဘီယံဒေသနိုင်ငံများ) အထိ ယိုစိမ့်မှု ရှိသည်။ Source: Sustainable Living

***ပုံကားချပ် ကို အကျယ်ချဲ့ ကြည့်လိုပါက ပုံပေါ်သို့ ကလစ်လုပ်၍ကြည့်ပါ။

Ref: Barcelona Fields Studies Center (Geography Filed Works) မှ Tourism Multiplier Effect ကို ရည်ညွှန်းသည်။

ဆက်ဖတ်ကြည့်မယ်...

Monday, May 23, 2011

အလုပ်ထဲ က သင်ခန်းစာ

အမှတ်တရ အမှားတစ်ခု

လူဆိုတာ အမှားနဲ့ မကင်းနိုင်ပါဘူး။ လူတိုင်း အမှားလုပ်မိတတ်ကြတာပါပဲ။ အမှားလုပ်လေ့ရှိတဲ့ လူ့သဘောကို အခြေခံ ပြီး စကားပုံတွေ၊ ဆိုရိုးစကားတွေ၊ အတွေအခေါ်တွေ၊ ဥပဒေသတွေ၊ သီဝရီ အစရှိသဖြင့် အများကြီး ရှိပါတယ်။ မှားတတ်ကြတဲ့ အမှား တွေအမျိုးမျိုးရှိပါသေးတယ်။ အမှားဗေဒ ကို ဋီကာချဲ့ ရရင် ကုန်နိုင်ဖွယ်မမြင်ပါဘူး။ သို့ပေမယ့် အများစုရဲ့ အနှစ်သာရ ဒါမှမဟုတ် ရည်ရွယ်ရင်းက "အမှားထဲ က သင်ခန်းစာယူတတ်ဖို့" ပဲ ဖြစ်ပါတယ်။ ကျနော် ပြောချင်တာက အလုပ်လုပ် ရင်းမှားတဲ့ အမှားမျိုး ကိုသာဖြစ်ပါတယ်။ အလုပ်များများ လုပ်တဲ့ သူဟာ အမှားများများ လုပ်ဖို့ အခွင့်အလမ်း ပိုများပါတယ်။ ဘာမှ မလုပ်ပဲ နေရင်တော့ အလုပ်နဲ့ ပတ်သက်ပြီး ဘာမှ မမှားနိုင်ပေဘူးပေါ့။ ဒီလို အမှားတွေ ကနေ သင်ခန်းစာ တွေ၊ အတွေ့အကြုံ တွေ တဖြည်းဖြည်း ရလာပြီး အလုပ်သဘောကို နားလည်လာတဲ့ အဆင့်က နေ ကျွမ်းကျင်တဲ့ အဆင့် ကိုရောက်လာရတာပါပဲ။

တချိန်တုန်း က မှားခဲ့တဲ့ လုပ်ငန်းဆိုင်ရာ အမှားကလေး တွေကို အခုအချိန်မှာ ပြန်တွေးကြည့်မိရင် ရယ်စရာ တောင် ကောင်းပါတယ်။ ဘာဖြစ်လို့များဒီလို ရိုးရှင်းလွယ်ကူတဲ့ ကိစ္စကလေးတွေကို တလွဲဖြစ်အောင်၊ မှားအောင်လုပ်ခဲ့ မိလေသလဲ ဆိုပြီးလဲ စဉ်းစားမိပါတယ်။ အဓိက က အသက်အရွယ်နဲ့ အတွေ့ အကြုံပါပဲ။ အလုပ်နဲ့ပတ်သက်တဲ့ အမှားပေမယ့် မရည်ရွယ်ပဲ တဖက်သား ကိုအကြီးအကျယ် ထိခိုက်စေ နိုင်ပါတယ်။ လွန်ခဲ့တဲ့ ဆယ့်ခြောက်နှစ် ခန့်က အခုလက်ရှိလုပ်နေတဲ့ ခရီးသွားလုပ်ငန်းကို စတင်ထိတွေ့ခွင့်ရခဲ့ပါတယ်။ ဆယ်တန်းစာမေးပွဲ ဖြေ ပြီးစ အောင်စာရင်း မထွက်ခင် အပြင်လောကနဲ့ ထိတွေ့ခွင့် ရအောင်လို့ ဘကြီးဖြစ် သူ အဆက်အသွယ်နဲ့ ရန်ကုန်မြို့လယ်ခေါင်၊ မြို့တော်ခန်းမ နားက ခရီးသွားလုပ်ငန်း ကုမ္ပဏီ မှာ အလုပ်သင် အဖြစ် စ ခဲ့ပါတယ်။

အဲဒီတုန်းက အကြောင်းတွေ ကို ပြန်စဉ်းစား ကြည့်မိရင် တချို့ အကြောင်းအရာ တွေက မှုန်မှုန် ၀ါးဝါး၊ တချို့ အကြောင်းအရာ တွေက ပြတ်ပြတ်သားသားရှင်းရှင်းလင်းလင်း။ မနေ့တနေ့က မှ ဖြစ်ခဲ့သလိုမျိုး။ ရန်ကုန်မြို့ စွန် ဆင်ခြေဖုံး မြို့သစ် နေအိမ်က နေ မိနစ် နှစ်ဆယ်ခန့် လမ်းလျှောက်မှ ရောက်တဲ့ မှတ်တိုင်က နေ ကျပ်ညပ်ခုန် ပေါက်နေတဲ့ ဘီအမ် ဘတ်စကား ကြီးကို တစ်နာရီ ခွဲသာသာ လောက်စီးလိုက်ရင် ဆူးလေမှတ်တိုင် ရုပ်ရှင်ရုံရှေ့ ကိုရောက်။ အဲဒီကနေ မှ ကုမ္ပဏီ ရုံးခန်း ကို သွက်သွက်လေး လျှောက်။ ရောက်ချိန် မနက် ရှစ်နာရီခန့် က ပုံမှန်ပါပဲ။ ရုံးခန်း ကိုရောက်ရောက် ချင်း မီးဖွင့်၊ အဲယားကွန်းဖွင့်၊ ပြီးတာနဲ့ အိုဗာစီး ကော (oversea calls) အတွက် ဘွတ်ကင်တင်။ မန်နေဂျာမမ ရုံး ရောက်လောက်မယ့် အချိန် မနက် ဆယ်နာရီခွဲ မှာ တခါ၊ ဆယ့်နှစ်နာရီ မှာ တခါ ငါးမိနစ်စီပြောပါမယ် ဆိုတာတခါတည်း နှစ်ကော စာတင်လိုက်ရပါတယ်။ ခရီးသွားလုပ်ငန်း ကုမ္ပဏီဆိုပေမယ့် အဓိက ကတော့ ပြည်တွင်း၊ ပြည်ပ လေယာဉ်လက် မှတ် အဓိကရောင်းတဲ့ (Travel Agency) သာဖြစ် လို့ ကျနော့်ရဲ့ နေ့စဉ် အလုပ်တွေက ဘွတ်ကင်တင်ခြင်း၊ စတေကာ သွားကပ် ရခြင်း၊ လေယာဉ်လက်မှတ် ထုတ်ရခြင်း၊ တဆင့်ခံ ကုမ္ပဏီ များက မှာတဲ့ လေယာဉ်လက် မှတ်များ သွားပို့ခြင်း တွေ သာ ဖြစ်ပါတယ်။ စတေကာ ကပ်တာနဲ့ ပတ်သက်ပြီး နည်းနည်းရှင်းပြရ ရင် အဲဒီအချိန်တုန်းက အခုလိုမျိုး Electronic Ticket မပေါ်သေးတော့ Good for Passage Ticket တွေ အပေါ်မှာ သွားမည့် ရက်နဲ့ အချိန် ကို လေယာဉ်လက်မှတ်ပေါ်မှာ ကပ်တာ ကို စတေကာကပ်တယ်လို့ ခေါ်ပါတယ်။ ဆူးလေဘုရားလမ်း က မြန်မာ့အပြည်ပြည်ဆိုင်ရာ လေကြောင်း (MAI)၊ ပန်းဆိုးတန်း က ဆစ်ခ်အဲဝေး (Silk Air) နဲ့ ဘီမန်း (Biman)၊ ဆူလေးအ၀ိုင်းဘေး ထားဝယ်တိုက်က ထိုင်းလေကြောင်း (Thai Airways) အစရှိသဖြင့် နေရာ အနှံ့ မှာရှိတဲ့ လေကြောင်းလိုင်း တွေကိုသွားရပါတယ်။ အလုပ် နည်းနည်းပါးရင် တော့ လေကြောင်းဆိုင်ရာ (2 code)၊ လေဆိပ်နာမည် (3 code) တွေကို ကျက်ရတဲ့ အပြင် IATA ကထုတ်တဲ့ မော်ဂျူး တွေကိုလေ့လာရပါတယ်။ အလုပ်မထွက်ခင် အထိ IATA Module ၈ခု အထိ အလွတ်ဖြေနိုင်ခဲ့ပါတယ်။ (အခုအချိန်မှာတော့ Amadias, Abacus အစရှိတဲ့ GDS စနစ်တွေနဲ့ Electronic Ticket တွေထုတ် နိုင်ပြီ ဖြစ်တဲ့ အတွက် နောက်လူသစ် များမှာ စာကျက်စရာမလိုတော့ပြီ။)

ဒီလောက် ဆိုရင် ကျနော်လုပ်ရ တဲ့ အလုပ်သဘောကို စောကြော မိပေလောက်ပြီ။ ကျနော်ရဲ့ ပထမဆုံး လုပ်ငန်း အတွေ့ အကြုံ ဖြစ်တဲ့အတွက် နေရာတကာ သိချင်၊ တတ်ချင်၊ လုပ်ချင် ဖြစ်နေတဲ့ "တက်ကြွတဲ့ ကြက်ဖ" ဆိုသလိုမျိုး သွက်လက် တက်ကြွ၊ တနည်းအားဖြင့် ပြာယာခတ် နေတာ ပြန်မှတ်မိပါသေးတော့တယ်။ အဲဒီအချိန် အခါကလဲ နိုင်ငံခြားကို ရှိုးဂျော့ တွေ အုပ်လိုက်သင်းလိုက်၊ အုံလိုက်ကျင်းလိုက် ထွက်နေတဲ့ အချိန် ဖြစ်တော့ ကျနော်တို့ ကုမ္ပဏီလို လေယဉ်လက်မှတ်ရောင်းတဲ့ ခရီးသွား လုပ်ငန်းအေဂျင်စီ တွေမှာ လက်မလည် အောင်အလုပ်များကြပါတယ်။ သက်ဆိုင်ရာ လေကြောင်းလိုင်းတွေမှာ Bulk Ticket ခေါ်တဲ့ ခရီးစဉ် (Sector) တခုတည်း ကို အစောင်ရေ ရာနဲ့ ချီပြီး ထုတ်ရတာ တောင် နိုင်ငံခြားကို ထွက်တဲ့ သူများလွန်း လို့ ပြိုက်ခနဲ ပြိုက်ခနဲ ဆိုသလို ကုန်ပါတယ်။ အဲဒီ အချိန်ကတော့ စင်္ကာပူ နဲ့ ဘန်ကောက်ကို အများ ဆုံးထွက် ကြပါတယ်။ အဲဒီအချိန်က စင်္ကာပူ မှာ နိုင်ငံခြားသားတွေ အတွက် အလုပ်အကိုင် အခွင့် အလမ်း တွေ ပေါများ လွန်း တော့ အနယ်နယ် အရပ်ရပ်က ကိုရွှေမြန်မာ တွေ စင်္ကာပူ ကို အဓိက သွားကြပါတယ်။ လေယာဉ်လက်မှတ် အသွား တစ်ကြောင်း (one way) ပဲဝယ်ပြီး ၀င်လို့ရပေမယ့် နောက်ပိုင်းမှာ အထောက် အထားမခိုင်လုံလို့ ပြန်လွှတ်ခံရ (reject) အလုပ်ခံရသူတွေ များ လာလို့ စင်္ကာပူ အစိုးရက အလုပ်လုပ်ခွင့်ပါမစ် (work permit) အရင်ရမှသာ အဲဒီ ပါမစ် ကိုပြပြီး လေယာဉ်လက်မှတ် အသွားတစ်ကြောင်း ၀ယ်လို့ရပါတယ်။ အဲဒါမပါရင် လေကြောင်းလိုင်းကလဲ မတင်ပါဘူး။ အဲဒီလိုနဲ့ လေယာဉ်လက်မှတ် လာဝယ်တဲ့ သူတွေမှာ စင်္ကာပူ ကပို့တဲ့ work permit စာရွက်ကလေး တွေ ယူလာကြတာ တွေ့လာရပါတယ်။ စင်္ကာပူ ပါမစ်ကလဲ ဈေးတော့ သေးမယ် မထင်ဘူး။ လက်မှတ်လာဝယ် ကြသူတွေ ပြောပြောနေလို့ သူတို့ ဘယ်လိုရင်းနှီး ကြရတယ် ဆိုတာ သဘောပေါက်လာရပါတယ်။

အဲဒီလို အုပ်စုလိုက်လာဝယ် ကြရင် ရုံးမှာ ရှိသမျှ လူအကုန် မနားရပါဘူး။ လေယာဉ်လက်မှတ် ရေးတယ်ဆိုတာ လဲ နာမည် မမှားအောင် အရမ်းဂရုစိုက်ရပါတယ်။ နာမည် တလုံးမှားသွားတာနဲ့ အဲဒီလက်မှတ် ကိုသုံးလို့ မရတော့ ပါဘူး။ အသစ်တစောင် ယူပြီး ပြန်ရေးရပါတယ်။ လေယာဉ်လက်မှတ် တွေက တန်ဖိုးကြီးတော့ အမှားနည်းအောင် အတွေ့ အကြုံများတဲ့ သူတွေပဲ ရေးကြပါတယ်။ အရမ်း ရှုပ်လာရင် တော့ ကျနော်လဲ ၀င်ရေးရတော့တာပါပဲ။ ဒီလိုနဲ့ ကျနော်လဲ လေယာဉ်လက်မှတ်ရေးကျင့် ရလာပါတော့တယ်။ လေယာဉ်လက်မှတ် အသစ်မှာ နာမည်ရေးပြီးတာနဲ့ အပေါ်ဆုံးနှစ်ရွက် ကို ဖြတ်လိုက်ရပါတယ်။ (အဲဒါကြောင့်လက်မှတ်ဖြတ်တယ် ဆိုတဲ့ စကားပေါ်လာတာဖြစ်မယ်)။ လက်မှတ်က မှင်ခံ ဖြစ်တာမို့ အောက်မှာတော့ နာမည်နဲ့ ခရီးစဉ်ပေါ်နေပါတယ်။ လေကြောင်းလိုင်းနဲ့ အေးဂျင့် လုပ်ငန်းဆိုင်ရာ ရှင်းလင်းတဲ့ အခါမှာ စောစောက ဖြတ်ထားတဲ့ လက်မှတ်ကလေး နှစ်ရွက်ကို သုံးရပါတယ်။ အဲဒီက လက်ရေးကို ကြည့်ပြီး ဒါဘယ်သူဖြတ်တဲ့ လက်မှတ်လဲ ဆိုတာ သိနိုင်ပါတယ်။

တစ်ခုသော ညနေစောင်း ရုံးဆင်းခါနီး မှာ စင်္ကာပူ ကို work permit နဲ့ သွားမယ့် အဖွဲ့ တစ်ဖွဲ့ ရောက်လာပါတယ်။ အားလုံး လိုလိုက မှော်ဘီ နဲ့ တိုက်ကြီးတ၀ိုက် က လူတွေပါ။ သူတို့တွေက အမျိုးတွေ နဲ့ သိကြပြီးသား သူငယ်ချင်းတွေဖြစ်ပါတယ်။ အရေအတွက် အတိအကျ မမှတ်မိပေမယ့် ဆယ်ယောက်ကျော်တယ် ဆိုတာတော့ မှတ်မိပါတယ်။ သူတို့ အားလုံး ပါမစ်အတူလျှောက်၊ အတူကျ ပြီး အတူသွားကြဖို့ အတူလက်မှတ် လာဝယ်ကြတာပါ။ သူတို့ကြည့်ရတာ တက်ကြွပြီး ပျော်ရွှင်နေကြပါတယ်။ ဒါပေမယ့် သူတို့ အထဲမှာ တစ်ယောက်က ပါမစ်လျှောက်တာ နည်းနည်း နောက်ကျ သွားလို့ နောက် တစ်ရက် နှစ်ရက် နေမှ ကျမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သူကလဲ သူငယ်ချင်း တွေ အမျိုးတွေ နဲ့ အတူသွားချင်လို့ လေယာဉ်လက်မှတ် တခါတည်း လာဝယ်တာပါ။ သူတစ်ယောက် အတွက်က လွဲ လို့ ပါမစ် ပါသူ အားလုံးလေယာဉ် လက်မှတ် အသွား တစ်ကြောင်း (one way) ပဲထုတ်စရာ လိုပါတယ်။ သူက တော့ အသွားအပြန် လက်မှတ် ၀ယ်ရတယ်ပေါ့။ သူ့နာမည်က ကိုဇော်မိုး လို့မှတ်မိပါတယ်။ ဒါတွေ ကျနော် အစက မသိခဲ့ပါဘူး။

မန်နေဂျာလုပ်သူ က အံဆွဲ ထဲက သားရေပင်နဲ့ စည်းထားတဲ့ လေယာဉ်လက် မှတ် အလွတ် ထုတ်ထဲ က ဆွဲ ထုတ် ပြီး အဲဒါတွေရေး ဆိုပြီး လှမ်းပေးပါတယ်။ အဲဒီ အထဲမှာ အသွားအပြန်လက်မှတ် (Round Trip Ticket) က ကိုဇော်မိုး အတွက် တစ်စောင်ထဲပါ။ ကျနော်က သွက်လက် တက်ကြွနေသူဆိုတော့ ကျနော် ရေးမယ် ဆိုပြီး ယူရေးလိုက်ပါတယ်။ အားလုံးရေးပြီး တော့ နာမည်စာလုံးပေါင်းမှန်မမှန် ပြန်စစ်ကြည့်ပါတယ်။ အားလုံး မှန်တယ် ဆိုတာ သိရတော့ ကာယကံရှင်တွေကို နာမည်ခေါ်ပေးပြီး စစ်စေပါတယ်။ သူတို့အားလုံးလဲ ကိုယ့် နာမည် မှန်မမှန် စစ်ကြည့် ပြီး စိတ်တိုင်းကျ တော့မှ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ပြန်သွားကြပါတယ်။ ရက်အနည်းငယ် အတွင်း နိုင်ငံခြား သွားကြတော့ မယ့်သူတွေ ဆိုတော့လဲ ပျော်ရွှင် တက်ကြွနေပေမပေါ့။

ဒီလို့နဲ့ စနေနေ့ ခရီးသွား လုပ်ငန်းတွေ အားလုံး ထုံးစံ အတိုင်း နေ့တ၀က် ပဲဖွင့်တာ ဖြစ်လို့နေ့လည် ရုံးက အပြန် အိမ်မှာ ခနနားနေ တုန်း ညနေ ပိုင်း မှာ ကျနော့် အိမ်ကို ဖုန်းဝင်လာပါတယ်။ ဖုန်းဆက်လာ သူက မန်နေဂျာ ဖြစ်ပါတယ်။ အကြောင်းက နိုင်ငံခြားက ပြန်လာသူ တစ်ဦးက ဒေါသတကြီး ရုံးကို ရောက်အလာ။ ရုံးက ပိတ်နေ။ မန်နေဂျာ အိမ် ကိုစုံစမ်းပြီး ရောက်ချလာပါတယ်။ ဖုန်းထဲ ကပြောတဲ့ မန်နေဂျာ မမရဲ့ အသံကိုကြားရတာ ကျနော့် ခေါင်းကို မိုးကြိုး ပစ်ချလိုက်သလိုပါပဲ။

ကံဆိုးချင်တော့ ကိုဇော်မိုး အတွက် ဖြစ်ရမယ့် အသွားအပြန်လက်မှက်ကို သူတို့ အထဲက ပါမစ်ရပြီးသား တစ်ယောက် အတွက်ရေးလိုက်မိ ပြီး၊ ပါမစ် မကျသေးတဲ့ ကိုဇော်မိုး အတွက် ကိုတော့ one way လက်မှတ် ရေးပေးလိုက်မိပါတယ်။ ဒါကို ကျနော်အပါ အ၀င် ဘယ်သူမှ သတိမထားလိုက် ကြပါဘူး။ ထုံးစံ ဆိုရင် ရန်ကုန်လေဆိပ် မှာကတည်းက သူ ကျန်နေခဲ့ရမှာပါ။ ဒါပေမယ့် သူကစင်္ကာပူ အထိ ပါသွားပြီး စင်္ကာပူ အင်မီဂရေးရှင်းမှာ ပြဿနာ တက်ပါတယ်။ သူနဲ့ သွားတဲ့ သူ့အမျိုးတွေ သူငယ်ချင်းတွေ အားလုံး ၀င်လို့ရ သွားပြီး သူတစ်ယောက် တည်းသာ ၀င်လို့မရပဲ ကျန်နေခဲ့ပြီး ရန်ကုန်ကိုပြန်တဲ့ လေယာဉ်ပေါ် ပြန်တင်ပေးလိုက်ပါတယ်။ ဒါတင်မကသေး ပဲ ရန်ကုန်လေဆိပ်က လူဝင်မှု့ကြီးကြပ်ရေးက အရာရှိ ကျေးဇူးရှင် တွေက ပါဝါကုန် သုံးပြီး ပတ်စပို့ ကိုပါ သိမ်းထားလိုက်ပါတယ်။

ကိုဇော်မိုး အတွက် တော့ ဖြစ်သမျှ အကြောင်း အရာအားလုံးဟာ ပေါက်ကွဲ စရာချည်းပါ။ ပတ်စပို့ အသိမ်းခံလိုက်ရ တာ အဆိုးဆုံး ဖြစ်ပါတယ်။ လေဆိပ်ကနေ ချက်ချင်း ကားငှားပြီး ခရီးဆောင်အိတ်ကို တင်။ မှော်ဘီက အိမ်ကို မပြန်သးပဲ လေယာဉ်လက်မှတ် ၀ယ်ခဲ့ရာ ကုမ္ပဏီကို လာရှင်းတာပါ။ အသွားအပြန်လက်မှတ် ၀ယ်ခဲ့ရဲ့ သားနဲ့ one way ပဲရေးပေးလိုက်တဲ့ သူကို ပြဿနာ လာရှာတာပါပဲ။ သူမှတ်မိ နေပါတယ်။ အဲဒီကုမ္ပဏီက ချာတိတ်တစ်ကောင် ပြာယာခတ်ပြီး ရေးပေးလိုက်တယ်ဆိုတာ။ အဲဒီအချိန်မှာ သာ သူ့ကို တွေ့လိုက်ရင် တော့ လုံးဝ မသက်သာ ပါဘူး။ ဖြစ်ချင်တော့ အဲဒီနေ့ ဟာ စနေနေ့ ဖြစ်ပြီး နေ့တစ်ဝက်ဆိုတော့ သူရောက်သွားချိန်မှာ ဘယ်သူမှမရှိတော့ပါဘူး။

ပြန်ဆက်ရရင် ကုမ္ပဏီ ကမန်နေဂျာမမ က တော်ပါတယ်။ တာဝန်မဲ့ စကားလုံးဝ မပြောပဲ ဖြစ်သမျှ ကိစ္စအတွက် စိတ်မကောင်းပါကြောင်း၊ လေယာဉ်လက်မှတ် အသစ် အစားပြန်ပေးမယ့် အကြောင်း၊ ပတ်စပို့ အသစ်လျှောက်ဖို့လဲ အကူအညီ ပေးပါမယ့် အကြောင်း ပြောဆိုပြီး နှစ်သိမ့် လိုက်ပါတယ်။ အဲဒီအားလုံးရဲ့ တာဝန်က ကျနော့် အပေါ်ကျပါတယ်။ မန်နေဂျာ မမရဲ့သူငယ်ချင်း ပြည်ထဲရေးက အရာရှိ က ကူညီပေးလို့ ပတ်စပို့ အမြန်ပြန်ကျပါတယ်။ ပတ်စပို့ရုံး ဟိုပြေးဒီပြေး၊ ဖောင်ဖြည့်၊ လျှောက်လွှာတင်၊ တန်းစီ၊ မိတ္တူကူး စတဲ့ အလုပ်တွေ အကုန် ကျနော်လုပ်ရပါတယ်။ ကိုဇော်မိုးက ပတ်စပို့ရုံးနားက လက်ဖက်ရည်ဆိုင်မှာ ပဲထိုင်စောင့်ပါတယ်။ တစ်ရက်နှစ်ရက် ကျနော့် ကို မကြည်လို့ စကားလုံးဝ မပြောပါဘူး။ ထမင်းချိုင့် က ရုံးမှာ ထားခဲ့ရတာ ဆိုတော့ ထမင်းငတ်၊ ရေငတ်ပါပဲ။ ပတ်စပို့ကိစ္စ အဆင်ပြေ တဲ့လမ်းစ တွေ့လာတဲ့ တဲ့နောက်ပိုင်း မှ သူ ကျနော့် ကို စကားစပြော ပြီး တဖြည်းဖြည်း သူ့အကြောင်းကိုယ့် အကြောင်းသိလာပြီး နားလည်လာကြပါတယ်။

ကလေးရှိတဲ့ အိမ်ထောင်သည် ကိုဇော်မိုး ဟာ တကယ်တော့ ဆေးလိပ်ခုံ ပိုင်ရှင်ပါ။ စင်္ကာပူကို သွားရင် ပို အဆင်ပြေနိုင်တယ် ဆိုပြီး ဆေးလိပ်ခုံကို ရောင်း ချပြီး စင်္ကာပူ ကိုသွား ဖို့ စီစဉ်ခဲ့တာပါတဲ့။ သူ့ အတွက် ကဘုရင့်နောင် ဖောင်ဖျက် သလိုမျိုး ဖြစ်လို့ ဘာတစ်မှ အမှားမခံနိုင်တာပါတဲ့။ ဖြစ်ခဲ့တဲ့ ကိစ္စမှာ သူ ပြန်သုံးသပ်ကြည့် တာက တာဝန်ရှိသူက သူ့လေယာဉ်လက်မှတ် ကိုသီးခြား ခွဲထုတ် ပြီးရေးခိုင်းစေခဲ့ရင် ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် လက်မှတ်ရေးတဲ့ ညီငယ်ကသာ သေချာ စီစစ်ပြီးမှ ရေးခဲ့ရင်ပဲ ဖြစ်ဖြစ်ဒီလို ကိစ္စမျိုး လုံးဝ ဖြစ်မလာ နိုင်ပါဘူးတဲ့။ ဒါပေမယ့် တာဝန်ယူတတ်တဲ့ ကုမ္ပဏီ ဖြစ်လို့ သာ ပတ်စပို့ ပြန်ကျပြီး လေယာဉ်လက်မှတ် တစောင်ပြန်ပေးလို့သာ သူ့ အနေနဲ့ ဘ၀ပျက်လုနီး မဖြစ်တာပါတဲ့။

အနှစ်ချုပ်ရ ရင် ကိုဇော်မိုး က အဆင်ဆင်ပြေပြေနဲ့ စင်္ကာပူ ကိုပြန်ဝင် သွားပါတယ်။ ကျနော့် အတွက် တော့ အလုပ်လုပ်ရင် စေ့စပ်သေချာ စွာလုပ်ရမယ် ဆိုတဲ့ တန်ဖိုးကြီး သင်ခန်းစာ တစ်ခု ရသွားပါတယ်။ ။


Photo Credit to: ulcercity.blogspot.com


ဆက်ဖတ်ကြည့်မယ်...

License

License
Thank you very much for visiting my blog. I really do. I am trying to write and share my knowledge, experience,information etc etc. I would be very much appreciated for your either encouraging or critical comments to my any post. Furthermore, some photos herein the posts are not mine and perhaps some information too. However I always try to credit or mention the courtesy of the respective owner and/or where I got it from. Anyway please leave your message anything regards to my blog or if you want to use any part of information from my blog. I would follow up thereafter your message, accordingly.
Contact: thomasjrlatt@gmail.com