Sunday, September 1, 2013

အမှတ်တရ ဘလောက်ဂါဒေး




 ၂၀၀၇ ခုနှစ် နှစ်ကုန်ပိုင်းမှာ ဖြစ်ခဲ့တဲ့ အရေးအခင်းကြီး တခုအပြီးကာလတွေဟာ ခရီးသွားလုပ်ငန်း မှာ အလုပ်လုပ် နေတဲ့ သူတွေ အတွက် တော့ အပန်းတကြီး ဖြတ်သန်းခဲ့ရတဲ့ ကန္တာရပင်လယ် ဆိုရင်မလွန်လောက်ပါ။ နောက်ဆက်တွဲ ရိုက်ခတ်မှု့ က ချစ်ရတဲ့ သူတွေအားလုံး ကို ချစ်တဲ့ အမိမြေမှာထား ခဲ့ပြီး ရေကြည်ရာ မြက်နုရာ ဆိုသလို စားဝတ်နေရေး အထွေထွေ ကို ဖြေရှင်းရဖို့ အဆင်ပြေရာ နိုင်ငံ တွေကို ထွက်ပြီး အလုပ် လုပ်ကြရတာပါပဲ။ အဲဒီအထဲ မှာ ကျနော် တယောက်လဲ ပါတယ် (ဆိုတာပြောစရာ မလိုဘူးထင်တယ်)။ :)

နိုင်ငံခြား မှာနေရသူတွေရဲ့ ထုံးစံ အတိုင်း မြန်မာအစား အသောက် အပြင် မြန်မာစာနဲ့ ရေးထားတာ တွေ ဖတ်ချင်စိတ်က အမြဲထက်သန်နေတာပဲ။ ကိုယ့်ရုံးက ကွန်ပြူတာထဲမှာ မြန်မာဖောင့်သွင်းတယ် ပြီးတော့ မြန်မာ သတင်းဆိုက်တွေ နဲ့ မြန်မာဘလောက်တွေ ဖတ်တယ်။ နောက်တော့ ကိုယ်တိုင်လဲ ရေးချင်တာ ရေးဖို့ ဘလောက် တခုလုပ်မယ် ဆိုပြီး လုပ်လိုက်တယ်။ ဒါပေမယ့် ကိုယ်က ဖတ်တာ ပိုသန်တယ်။ အားပေးသူ ပရိတ်သတ်။ ကိုယ်ရေး တာကလဲ ကိုယ်စိတ်ဝင်စားရာ။ တကယ်ဆို ရေးချင်ရာ ရေးတယ်လို့ တောင် ဆိုနိုင်တယ်။ ခရီးသွား အကြောင်းရေးလိုက်၊ သဘ၀ပတ်ဝန်းကျင် အကြောင်းရေးလိုက်၊ ငှက်အကြောင်းရေး လိုက် ဘာမဆိုင်ညာ မဆိုင် ဟိုတယ်ရီနိုဗေးရှင်း လိုဟာမျိုးလဲ ထ ရေးချင်ရေးဖြစ်တာ။ 

ထူးခြားတာ က ဘလောက်တွေ ဖတ်ရင်းဖတ်ရင်း နဲ့ ဘလောက်ဖန်တီးရှင် ဘလောက်ဂါ တွေကို ပါစိတ်ထဲ ကနေအလွန်အမင်း ရင်းနှီးခင်မင်မိနေတာပဲ။ ဘလောက်ဂါ ဆိုတာ နဲ့ ကို ဇွတ် ရင်းနှီး ပြစ်လိုက်တာပဲ။ နောက်တော့ ဘလောက်ဂါတွေ နဲ့ အပြင်မှာ ပါ တွေ့ဖြစ်လာတယ်။ ဘလောက်ဂါ တွေဟာ ဘ၀ဇာတ်ခုံ ရဲ့ သာယာလှပတဲ့ အပိုင်း ၊ ပျော်ရွှင်ကြည်နူး စရာ အပိုင်းက အရေးပါတဲ့ ဇာတ်ကောင်တွေ ဖြစ်လာတယ်။ ဘလောက်ဂါ ဆိုတာ အရှင်လတ်လတ် အပြင်မှာ စ တွေ့ ဖုး တာ က Craton၊ ပြီးတော့ သူ့ ကိုအချစ်ဆုံး။ အန်တီတင့် လို နံပါတ်ထိုးပြီး မှတ်မထားမိပေမယ့် နီးစပ်ရာ တော်တော်များများ နဲ့ဆုံဖူးတယ်။ နောက်လဲ အခွင့်ကြုံရင် ကြုံသလို တွေ့ဦးမှာပဲ။ ဘလောက်ဂါတွေ နဲ့ တွေ့ဆုံ နေတဲ့ အချိန်တိုင်းမှာ ကိုယ်ဟာ ဘလောက်ဂါ တစ်ယောက် ဖြစ်နေပါလား ဆိုပြီး ၀မ်းသာ ကျေနပ်တယ်။ အဲဒါကို က ဘလောက်ဆက် ရေးဖြစ်နေတဲ့ တွန်းအား တစ်ခုမလား..။


(အမှတ်တရ Tag တဲ့ ကိုရန်အောင်ကို ကျေးဇူးတင်ပါတယ်။ ၂၀၁၁ မှာဘလောက်ဒေး အမှတ်တရ ရေးဖြစ်ခဲ့ပေမယ် မနှစ်က ဘယ်သူမှ မတဂ် လို့ မရေးဖြစ်လိုက်ဘူး)။

18 comments:

SHWE ZIN U said...

ဘလော့ဂါ တွေ ကိုခင်တယ်ဆိုပြီး မန္တလေး ရောက်တာတောင် ၀င်ဘူးနော် .. ဟားဟားးးးးးးးးး စာလေးတွေ ရေးပါဗျာ ..

ခင်မင်တဲ့
ရွှေစင်ဦး

rose of sharon said...

Happy Blogger's Day!

နွေတေးရှင် (မင်းဧရာ) said...

တွေ့ကြ ဆုံကြ
ပျော်ရွှင် ရယ်မောရ
ဗဟုသုတ တွေ မျှဝေ ကြနဲ့ ပျော်ရွှင်စရာ ကာလ လေးတွေပေါ့ အကိုရာ
ကျနော်လည်း အားတဲ့ အခါရေး ပါဦးမည် ။

နှင်းနဲ့မာယာ said...

ဦးတည်မပြောလဲသိတယ်
ဘလော့ဂါဆိုတာနဲ့ ဦးတီအိမ်အှာ တံခါးမရှိ ဓါးမရှိ ဝင်ထွက် စားသောက်ခွင့်ရပြီ...
မလေးရှားက ဘလော့ဂါတိုင်း အခြားနိုင်ငံတွေက ဘလော့ဂါတိုင်း ဦးတီကို မသိသူမရှိ
ကိုယ်တိုင်လည်း ဦးတည်တို့မိသားစုနဲ့ လည်လည်သွားဘူးတယ်...

နှင်း

Sonata Cantata said...

တို့များကတော့ ဘလော့ဂါကြီး ကိုAATO ထက် ခင်နဲ့သမီးနှစ်ယောက်ကို ပိုချစ်သအေ...ရှင်းရှင်းပဲ...:D

Anonymous said...

ကိုအေအေတူ ဘလော့ဂ်မှာ အင်းဂလိပ်လိုတွေ ရေးထားတာကို မှတ်မိနေသေးတယ်...

အတွေ့အကြုံလေးတွေ၊ ဗဟုသုတဖြစ်စရာလေးတွေကို ဆက်ရေးသွားနိုင်ပါစေ...

ခင်မင်ခြင်းအားဖြင့်...
ဏီလင်းညို

ပဥာက် said...

ကျနော်လည်း..အရမ်းခင်တယ်ဘကြီး

PhyoPhyo said...
This comment has been removed by the author.
PhyoPhyo said...

အေးလေ အမြဲခင်စရာကြီး၊
ကလေးတို့ရဲ့ ဖေဖေ
ရောက်လေရာအရပ်မှာ ကျန်းမာပျော်ရွှင်ပါစေ။

Yan said...

ခင်စရာကောင်းတဲ့ ဘရားသားကို ကျွန်တော်ကလည်း အတော်ခင်နေမိပါတယ်ဗျာ... :D

Yan.

သူကြီးမင်း (တုံးဖလား) said...

သုံးပိုဒ်ထဲနဲ့ ပို့စ်တစ်ခု ဖြစ်သွားရရှာတဲ့ ဘလောဂါဒေးပို့စ်။ လူလည် အေနှစ်လုံးတူ။
ဒါပေမဲ့
သူကြီးမင်းကတော့ ဘာမှ မရေးဖြစ်ပါတကား။း)

Anonymous said...

မင်းသားကြီးးနှင့်သမီးများ ))

တင်သိန်းအေးး

လသာည said...

ဟယ်လို ကိုအေအေတီအို

ဘလော့ဒေးမှာ မရောက်တာလည်း ကြာပြီဖြစ်တဲ့ ဘလော့တွေကို လိုက်လည်ဖြစ်တာပါ။ စာရေးကောင်းတဲ့ ဘလော့ဂါတွေကို သတိရနေပါတယ်။

ရွှေအိမ်စည်မေ said...

ကိုရန်အောင့် ကောင်းမှုနဲ့ ဒီဘလော့ဂ့်ဆီပါ ရောက်လာခဲ့ပါပြီရှင်...။
ပျော်ရွှင်ချမ်းမြေ့ပါစေ :))

မြသွေးနီ said...

အဲ့ဒီလို ဘာမဆို စိတ် စီးမျောနေတဲ့အတိုင်း ကိုယ့်ဘလော့လေးမှာ ရေးခွင့်ရနေတာ ဘလော့ဂါပဲပေါ့..။ ဘလော့တွေ ဆက်ရေးနိုင်ပါစေ..။

ဘုန်းတောက် said...

ဖတ်ရင်းနဲ့အရှိန်ကောင်းနေတုန်းမှာပဲ ဖြတ်ခနဲဆို ပြီးသွားလေရောလား...

ဘလော့မှာ စာရေးနေတာ စိတ်ထွက်ပေါက်တစ်မျိုးပဲလို့ ဆိုချင်ပါတယ်...

Maung Myo said...

သူရေးတာ တိုတိုလေး လူလည်ကြီးး

ဒါနဲ့ သားလည်း ခင်တယ်နော်း)))

An Asian Tour Operator said...

တင်ထားတာ တနှစ် တိတိပြည့်တော့မှပဲ လာမန့် တယ် ကမောင်မျိုး။ လူဇိုး။

License

License
Thank you very much for visiting my blog. I really do. I am trying to write and share my knowledge, experience,information etc etc. I would be very much appreciated for your either encouraging or critical comments to my any post. Furthermore, some photos herein the posts are not mine and perhaps some information too. However I always try to credit or mention the courtesy of the respective owner and/or where I got it from. Anyway please leave your message anything regards to my blog or if you want to use any part of information from my blog. I would follow up thereafter your message, accordingly.
Contact: thomasjrlatt@gmail.com