Tuesday, August 30, 2011

သတိ.... အန္တရာယ်ရှိသည်


လောလောဆယ်
ဒီအတောအတွင်းမှာ အလုပ် အရမ်းရှုပ်တယ်။ အလုပ်တစ်ခုထဲ ကို ပဲပြီးပြတ်အောင်လုပ်နေရတာ မျိုးလဲ မဟုတ်ဘူး။ အလုပ်တခုမပြီးခင် ထပ်ခါထပ်ခါ ပေါ်လာတဲ့ အလုပ်တွေကို ရှင်းနေရတယ်။ အဲဒီအလုပ် ဆိုတာတွေကလဲ ပရောဂျက်သေးသေးလေးတွေလိုမျိုး၊ ပရိုပိုဆယ် တွေပြင်ဆင်ရတဲ့ ကိစ္စ။ ပရိုပိုဆယ် တစ်ခု၊ ပရောဂျက် တစ်ခုက ဘလောက်ပို့စ် တစ်ခုရေးရေးနေရသလိုမျိုး ပြင်ဆင်ရတယ်။ ရှာဖွေရတယ်။ ပြုစုရတယ်။ လေ့လာရတယ်။ နောက်အားလုံးစုံပြီဆိုမှ ဆက်စပ်ရာ ပုံကလေးတွေ၊ ဇယားကလေးတွေ၊ ဂရပ်ကလေးတွေနဲ့ ဖြည့်ပြီး စာလုံးဖောင့်၊ အရောင်ကမှ အစ ဆွဲဆောင်မှု့ ရှိအောင် ပြင်ဆင်ရတာ ဆိုတော့ တစ်ခုပြီးမြောက်ဖို့ က မနည်းလုံးပန်းရတယ်။ တာဝန်လဲကြီးတယ်။ အဓိက က အမြတ်ရစေဖို့ (profitability) နဲ့ ယှဉ်ပြိုင်တဲ့ အခါမှာ သာနေဖို့ (competitive advantage) ပဲ။ အဲဒီအထဲ မှာ အများနဲ့ ယှဉ်ရမယ့် (Bid) ဆိုတာလိုမျိုး ကို ပွင့်ပွင့်လင်းလင်း သိလာရရင် ပိုတာဝန်ကြီးတယ်။ ပရိုပိုဆယ် အားလုံးထဲမှာ ကိုယ်တင်ထားတဲ့ ပရိုပိုဆယ်က သိသာထင်ရှားပြီး အားလုံးထက် "သာ" နေတာမျိုး ပဲဖြစ်ချင်တယ်။ အဲဒီတော့ သူများထက် ပိုအားထုတ်ရတယ်။ ပိုပြီး ပြည့်စုံအောင်၊ ရှင်းလင်းအောင် ပြင်ဆင်ထားရတယ်။ ပရိုပိုဆယ် တစ်ခုလောက်များ ပြီးလို့ စိတ်တိုင်းကျ သွားပြီဆိုရင်လဲ ကိုယ့်ဖာသာတစိမ့်စိမ့် ကြည့်လို့ မ၀၊ ဖတ်လို့ မ၀ဖြစ်နေတတ်။ ကျေနပ်နေတာမျိုး။ အဲဒီလို စိတ်တိုင်းကျ သေချာချိန်ပြီး "လွှတ်" လိုက်တဲ့ ကျည်ဆံကတော့ ပစ်မှတ် ကို "တန်းခနဲ" မှန်တာ များတယ်။

ဒါပေမယ့် ဒီတလော အဲဒါမျိုး တွေ ဆက်တိုက် ဆိုသလို လုပ်နေရတယ်။ အားလုံး တစ်ကိုယ်တော်လုပ် ပြီး (one man show) နဲ့ လဲ ပြီးတာမျိုးမဟုတ်ဘူး။ ပြည့်ပြည့်စုံစုံ လုပ်ပြီး အိုင်ဒီယာ နဲ့ တစ်ကွ အစည်းအဝေး မှာ လူကြီးတွေနဲ့ တိုင်ပင်ရတယ်။ ကိုယ့်အိုင်ဒီယာက ဘယ်လို၊ ဘာကြောင့် ဆိုတာမျိုးကို ရှင်းပြရတယ်။ အဲဒီမှာ ကိုယ်နဲ့ လူကြီးတွေနဲ့ အိုင်ဒီယာ မတူရင် "သွားရော"။ ကိုယ်က ကိုယ့်စိတ်ကူးနဲ့ အတွေ့ အကြုံနဲ့ အမြင်နဲ့ လုပ်ချင်ရာ၊ လုပ်သင့်ရာ ကို ရာနှုန်းတော်တော်များများ လုပ်ထားရင် အဲဒါ ဘာကြောင့် ဘယ်လို ဆိုတာ သူတို့ လက်ခံနိုင်အောင် ရှင်းပြနေရတာ ကိုက ဒီအလုပ်ရဲ့ အစိတ်အပိုင်းလို ဖြစ်နေတာ။ အနှစ်ချုပ်ရ ရင် စိတ်ရော လူရော မအား မလပ်ဖြစ်နေရတဲ့ ကာလ ပါပဲ။ ထို့ကြောင့် ဘလောက် ပို့စ် အသစ်မတင်နိုင်သေး တာဖြစ်၏။

***
ဘလောက်ဒေး အတွက် အမှတ်တရ တဂ် (Tag)
ဒါပေမယ့် တနေ့ က ကိုအောင် (ပျုနိုင်ငံ) ရေးတဲ့ ဘလောက်ဒေး အတွက် အမှတ်တရ မှာ ကိုယ့် ကို Tag ထားတာရယ်၊ မလေး အိမ့်ချမ်းမြေ့ရဲ့ ဘလောက်နေ့ အတွက်အမှတ်တရလေးများ၊ မဖြိုး ရေးတဲ့ ဘလော့ဒေးမှာ ရယ်ရယ်မောမော၊ ဆရာကိုဟန်ကြည် ရဲ့ ဘလောက်ဒေး၊ ကိုညီလင်းသစ် ရဲ့ Blay Dog အမှတ်တရ စသည်ဖြင့် စသည်ဖြင့် ဘလောက် နေ့ အမှတ်တရ အတွေ့ အကြုံလေးတွေ ပျော်စရာ ပြုံးစရာ ၊ ချစ်ခင်နှစ်လို ဖွယ်ရာလေးတွေ ဖတ်ရတော့ မဖြစ်မနေရေး ချင်တဲ့ စိတ်ရဲ့ တွန်းအား ကြောင့် အချိန်မှီ ရေးဖြစ်ပါတယ်။ အမှတ်တရ တဂ် တဲ့ ကိုအောင် (ပျူနိုင်ငံ) ကို ကျေးဇူးတင်ပါတယ်။

လွန်ခဲ့ တဲ့ ၂၀၀၅ ခုနှစ်မှာ အားကစားဂျာနယ် တစ်ခုမှာ အွန်လိုင်းအယ်ဒီတာ လုပ်တဲ့ လူငယ်တစ်ယောက် ကစပြီး မိတ်ဆက်ပေးလို့ BLOG ဆိုတာကို သိလာရပါတယ်။ အဲဒီတုန်းက လဲ blog ဆိုတာ free website လို့ပဲ လွဲမှားစွာ မှတ်သားမိခဲ့ပါတယ်။ ဘလောက် ဆိုတာ မသိခင်ကတည်း က ခရီးသွားလုပ်ငန်း နဲ့ ပတ်သက်တဲ့ website အနည်းငယ်ကို content development လုပ်ခဲ့တဲ့ အတွေ့ အကြုံ ရှိဖူးတော့ free website သဘောမျိုး ဆိုပြီး စိတ်ထဲမှာ အလေးအနက် မထားဖြစ်ခဲ့ပါဘူး။ သူငယ်ချင်း ဧည့်လမ်းညွှန် တစ်ယောက် အတွက်တောင် အကောင့်တစ်ခုလုပ်ပေးတော့ သူက သူ့ လိပ်စာကဒ်ထဲ တောင် ထည့်ရိုက်လို့။ :)

တကယ်တမ်း ကိုယ့်ဘလောက် ကို စ လုပ်ဖြစ်တာက က ၂၀၀၇ လောက်ကျမှ လုပ်ဖြစ်ပါတယ်။ ပထမဆုံး နာမည် ရွေးတော့ Asian Tour Operator လား Asia Tour Operator လားမမှတ်မိတော့ပါဘူး။ ပိုဆိုးတာက အစမ်း test လုပ်ထားတာလွဲလို့ ဘာမှ ဆက်မလုပ်ဖြစ်တော့ပဲ အကြာကြီးနေမှ ဆက်လုပ်ချင်လို့ Login လုပ်တော့ password မမှန်တာလား domain ကပဲ မှားနေတာလား တခုခု အလွဲကြီးလွဲနေလို့ ဘာမှ ဆက်လုပ်လို့ မရတော့ပါဘူး။ :)

နိုင်ငံရပ်ခြားမှာ ရောက်နေတော့ အဖော်ပြုစရာ ဆိုလို့ ဖတ်စရာ သတင်းဌာန၀က်ဆိုဒ်တွေနဲ့ ဘလောက်တွေ ကိုပိုပြီး ဖတ်ဖြစ်လာပါတယ်။ ဘလောက်တွေကို စွဲစွဲလမ်းလမ်း စဖတ်ဖြစ်တာ ကတော့ ညီလင်းဆက်၊ သင်ကာ၊ မောင်လှ၊ မခင်မင်းဇော် ၊ မကေ၊ ခွန်မြလှိုင်၊ နိုင်းနိုင်းစနေ၊ သက်ပိုင်သူ၊ NC Diary၊ ဒီကိုလာ၊ တီတီဆွိ၊ We She Me၊ ကလူသစ်၊ ကလိုစေးထူး၊ ကိုရန်အောင်၊ ဒေါက်တာလွန်းဆွေ၊ ကိုပေါ ရဲ့ ပိတောက်ရိပ်၊ နစ်နေမန်း၊ ကိုရင်နော်ခင်လေးငယ်၊ see and be seen၊
sonata-cantata (ကိုဧရာ၊မသီတာ)၊ ပန်ဒိုရာ၊ အိမ့်ချမ်းမြေ့၊ သက်ဝေ၊ ကြုံရဆုံရ နိဗ္ဗာန ဘ၀၊ ကိုမိုးသီး၊ ဒီရေ၊ အာဇာနည် ၊ sosegadoတည်ငြိမ်အေး အစရှိတဲ့ ဘလောက်တွေ ဖတ်ဖြစ်ပါတယ်။ နာမည်တွေချရေး ရတာ တော့ လောလောဆယ် မှတ်သလောက် သာဖြစ်ပါတယ်။ အဲဒီတုန်းကတော့ ဖတ်စရာတပုံတပင်။ ဘလောက်တစ်ခုကို ကိုဖတ်နေရင်း နဲ့ အဲဒီဘလောက်ရဲ့ ဆိုဒ်ဘားမှာ တခြား ဘလောက်တစ်ခု ရဲ့ ပို့စ် (စိတ်ဝင်စားစရာ ဖြစ်နေရင်) လင့်တွေ ကိုကလစ် လုပ်ပြီး သွားဖတ်လိုက် တာပါဘဲ။ ဘလောက်နာမည် တွေရေးသူ တွေ အစကတော့ သိပ် စိတ်ဝင်တစား မှတ်မထားဖြစ်ပါဘူး။

အဲဒီမှာ ပြဿနာရှိတာ က အရင်ဖတ်ထားတာရဲ့ အဆက် ဒါမှမဟုတ် ဆက်စပ်တာ လေးတွေ ဆက်ဖတ်ချင်တဲ့ အခါကျတော့ ဒေါင်းတောက် အောင်ပြန်ရှာရပါတော့တယ်။ ဘယ်ဘလောက်က၀င်မိ ပြီး ဘယ်လိုရောက်သွား တယ်ဆိုတာ မမှတ်မိရင် ပြန်ရှာဖို့ မလွယ်ပါဘူး။ အဲဒီမှာ အကြံရပြီး ဖတ်ကောင်းတဲ့၊ ကိုယ်စိတ်ဝင်စားတဲ့ ဘလောက် ဒါမှမဟုတ် ကိုယ်စိတ်ဝင်စား တဲ့ ဘလောက်လင့်တွေ အများကြီးရှိတဲ့ ဘလောက် တွေကို Bookmarks လုပ်ထားလိုက်ပါတယ်။ အဲဒီကစပြီး ဘလောက်တွေကို ဒေါင်းတောက်အောင် ပြန်ရှာစရာ မလိုတော့ ဘဲ ဖတ်ချင်တာလေးတွေရွေးပြီး ကလစ် လုပ် လိုက်ဖတ်နေလိုက် ရုံပါပဲ။

အလုပ်ကလေး နဲနဲပါးတာနဲ့ ဘလောက်တွေ ကိုကလစ်လုပ်ပြီး လျှောက်ဖတ် နေဖြစ်ပါတယ်။ ဖတ်ရင်းနဲ့ ကွန်မန့် အရမ်းပေးချင်တဲ့ ပို့စ် တွေဘလောက် တွေ ကိုလဲ ဘယ်လိုပေးရမှန်းမသိလို့ နောက်ပြီး မြန်မာလို မရိုက်တတ်လို့ အသာလေး မချင့်မရဲနဲ့ တပ်ခေါက် ပြန်ခဲ့ရတာချည်းပါပဲ။ တနေ့ မှာ လုပ်ဖော်ကိုင်ဖက် Operation Department က မလေး တစ်ယောက် ကိုယ့်စားပွဲကို လာတုန်း ကိုယ်ဘလောက် ဖတ်နေတာ တွေ့ တော့ "အော်.. မင်းလဲဘလောက် ဖတ်နေတယ်.. ဟုတ်စ" ဆိုပြီး စပ်ဖြဲဖြဲနဲ့ လာပြောပါတယ်။ ကိုယ့် ကို ဝေဖန်ချင်တဲ့ ပုံစံမျိုး မဟုတ်ပဲ ၀ါသနာ တူတာချင်း လာတွေ့ နေတယ် ဆိုတဲ့ ပုံမျိုးမလို့ ဘာမှမပြောပဲ နေလိုက်ပါတယ်။ နောက် ကိစ္စရှိလို့ သူ့စားပွဲသွားတဲ့ အခါမှ သူလဲ အားတဲ့ အချိန်တိုင်း ဘလောက် ဖတ်နေတာ တွေ့ပါတယ်။ မလေးရှားမှာက သတင်းဌာနတွေထက် ဘလောက်တွေက သတင်းတွေ က ပိုယုံရတယ်ဆိုပဲ။ (ဤကား ၄င်း၏အဆိုတည်း)။ :)

ပြောရမယ်ဆိုရင် မလေးရှားမှာ ရောက်စ တစ်နှစ် အတောအတွင်း မြန်မာသူငယ်ချင်း အသိမိတ်ဆွေ အင်မတန်ရှားပါးပါတယ်။ မြန်မာလို စကားသံကြားချင်ရင် ကိုတာရာယား က မြန်မာဆိုင်တွေကို သွားရပါတယ်။
မလေးရှားမှာဘယ်သွားသွားမြန်မာတွေတွေ့ ပေမယ့် ဘယ်မှလဲ မရောက်ဖြစ်၊ မသွားဖြစ်ပဲ ရုံး နဲ့ အိမ်၊ အိမ်နဲ့ ရုံးပဲ အသွား အလာရှိပါတယ်။ အဲဒီ အချက်ကလဲ မြန်မာ ဘလောက် တွေကို ပိုမိုခင်တွယ်လာစေတဲ့ အကြောင်းအရင်း ဖြစ်ပုံရပါတယ်။ ဘလောက်တွေဖတ်ရင်း ဘလောက်ရေးသူ နဲ့ ဘလောက် ဖတ်သူ၊ ဘလောက်ရေးသူ အချင်းချင်း ခင်ခင်မင်မင် ကွန်မန့် ပေးကြ၊ အကြောင်းအရာ အပေါ် အလေးအနက် ဆွေးနွေး တာတွေ ကိုဖတ်ရ တွေ့ရတာ အင်မတန် သဘောကျပါတယ်။ အားလဲကျမိပါတယ်။ သို့ ပါသော်လည်း မြန်မာစာ ရိုက်နှိပ်ခြင်း အတတ်ပညာ ချို့တဲ့တာကြောင့် ကွန်မန့် တာတွေ၊ အပြန်အလှန်ဆွေးနွေးတာမျိုး တွေမလုပ် နိုင်ပဲ အသာလေး လှည့် ပြန်ခဲ့ရတာချည်းပါပဲ။

တနေ့မှာ မလေးလုပ်ဖော်ကိုင်ဖက် က မင်းလဲ သူများဘလောက် တွေချည်းပဲ ဖတ်မနေပဲ ကိုယ်ပိုင်တစ်ခုလုပ် ပြီးရေးပါလား တိုက်တွန်းတော့ ရုတ်တရက်အိပ်ယာက နှိုးလိုက်သလို လင်းခနဲဖြစ်သွားပြီး ဒီတခါတော့ သေချာလုပ်တော့ မယ်ဆိုပြီး register ထပ်လုပ်ပါတယ်။ အဲဒီအခါမှာ တော့ Asia Tour Operator ရော Asian Tour Operator ရော domain နာမည် နှစ်ခုလုံး မရတော့ပါဘူး။ ဘာနာမည် ရွေးရမယ် ပေးရမယ် ဆိုတာ လဲ လုံးဝ စဉ်းစားလို့ မရတော့ နောက်ဆုံး မှာ လေသူရဲတစ်ဦး၊ ရဲဝန်ထမ်းတစ်ဦး၊ တရားရေးဝန်ထမ်းတစ်ဦး၊ အစရှိသဖြင့် လဲရှိနေကြတာပဲလေဆိုပြီး အာရှတိုးအော်ပရေတာတစ်ဦး An Asian Tour Operator ဆိုပြီး register လုပ်လိုက်ပါတယ်။ တော်တော်ရှည်တဲ့ ဒိုမိန်း ဖြစ်ပြီး တခါတခါ ကိုယ်ကိုယ်တိုင်တောင် Typing မှားနှိပ်မိလို့ စာလုံးပေါင်း မမှန်ရင် ဘလောက်က တက်မလာတာ ကို ခဏခဏ စိတ်ပူရပါသေးတယ်။ :)

ကိုယ်ပိုင်ဘလောက်
ကိုယ်ပိုင်ဘလောက်တော့ ရှိပါပြီ ဘာ စ ရေးရမယ် မသိသေးတော့ ကိုယ်လက်ရှိရောက်နေတဲ့ နိုင်ငံ နဲ့ လောလော အခြေအနေကိုရေးမယ် ဆိုပြီး ပထမဆုံး ပို့စ် အဖြစ် Malaysia Truly Asia ကို ဇွန်လ ၂ ရက်နေ့ ၂၀၀၉ ခုနှစ်မှာ စပြီး တင်ခဲ့ပါတယ်။ တစ်နှစ်လောက် အင်္ဂလိပ်လို ပဲရေးချင် သလိုပဲ ရေးလာခဲ့ ပြီးတော့ ဘလောက်တွေ ကိုသွားဖတ်ဖြစ်ခဲ့ရင် AATO ဆိုပြီး cbox မှာပဲ ဖြစ်ဖြစ် ကွန်မန့် မှာပဲ ဖြစ်ဖြစ် လင့်ချန်ခဲ့ပြီး အင်္ဂလိပ်လိုပဲ နှုတ်ဆက်၊ ကွန်မန့် ပေး လုပ်ဖြစ်လာခဲ့ပါတယ်။ အဲဒီမှာ တဖြည်းဖြည်းနဲ့ AATO ဆိုတဲ့ ဘာမသိညာမသိ ဘလောက် ကို တယောက်စ နှစ်ယောက် စ မျက်စိလည် လမ်းမှားပြီး ရောက်လာကြပါတယ်။ ပထမဆုံး ကွန်မန့် ကို တော့ nang ဆိုတဲ့ တယောက် ကျနော့် ရဲ့ ၅ ပုဒ်မြောက် ပို့စ်မှာ လာပေးသွားပါတယ်။ သူ့ ကြည့်ရတာ တခါပဲ ရောက်ပြီး နောက်ဘယ်တော့ မှမလာတော့ ဘူးလို့ များ ဆုံးဖြတ်ထားသလား မသိဘူး၊ နောက်ပိုင်း မှာ ထပ်မတွေ့ ရတော့ပါဘူး။


နောက် ပထမဆုံး သူငယ်ချင်း ပြည်တွင်းက လုပ်ဖော်ကိုင်ဖက် Frankie Nyi Nyi လာ မန့် ပါတယ်။ နောက်ပိုင်းမှာ မငယ်နိုင်က ပွင့်ပွင့်လင်းလင်း ဝေဖန်တိုက်တွန်းလို့ မြန်မာလို ပထမ ဆုံး ပို့စ် ကို မလေးမြေစုပေါင်းဘလောက် မှာ ရေးခဲ့ပါတယ်။ စပေ့စ် ဘားတွေ အများကြီးခြားထာားတဲ့ ပို့စ် ကို အခု ပြန်ကြည့်တော့ ရယ်စရာကြီး လိုဖြစ်နေပါတယ်။ မလေးရှားက ဘလောက်ဂါတွေ ဖြစ်တဲ့ ကိုလတ် နဲ့ တက်လူငယ် (စံလင်းထွန်း) တို့ နဲ့ ဖုန်းပြောဖြစ်ပါတယ်။ Craton နဲ့ Neo၊ တို့ ကို လူချင်း ပထမဆုံးတွေ့ ဖူးပြီး အရင်းနှီးဆုံး တွေဖြစ်သွားပါတယ်။ သဇင်ဏီ၊ နဲ့ သဉ္ဇာ တို့ ကို နောက်ပိုင်းမှာ တွေ့ ဖြစ်ပေမယ့်မြန်မာပြည်ပြန်သွားတဲ့ ညလေး နဲ့ ဏီလင်းညို၊ နောက် နေဇော်လင်း၊ ဆရာမျိုးဟန်ကို၊ ဖြိုးဝေတိုး၊ Stupid Deno၊ အုပ်ကြီး၊ ကိုဇော်၊ ဖြိုးမောင်မောင်၊ ရဲထွန်းဇော် တို့ ကိုတော့ အခုထိ မတွေ့ ဘူးသေးပါဘူး။ အရမ်းခင်ဖို့ ကောင်းတဲ့ ရဲရင့်နီ နဲ့ အိမ်ဂျယ်ရှိတ်ပါဆိုတဲ့ သီချင်းဆိုကောင်းတဲ့ ဘလောက်ဂါ မလေး တို့ ကို တော့ Craton ကပဲ မိတ်ဆက်ပေး လို့ ညီအစ်ကို မောင်နှမတွေလို အရမ်းချစ် အရမ်းခင်ကြ ပါတယ်။ ပိတ်ရက်ဆိုရင် အိမ်မှာ စုပြီး ချက်ကြပြုတ်ကြ စားကြ သောက်ကြ။ ပြီးရင် သီချင်းဆို၊ ဂစ်တာတီး၊ ရေကူး ပျော်စရာကြီး။


စင်္ကာပူကလာလည်တဲ့ တောင်ငူသား၊ ဘေဘီဝိုင်း၊ မက်မက် တို့ ကို တသီးတခြားစီ သွားတွေ့ ကြပြီး၊ အိန္ဒြာ၊ မယ်ကိုး၊ ရီနိုမာန် တို့ ကိုတော့ Craton၊ အိုက်ခီလောက်၊ စစ်မင်းညို၊ အိမ်ဂျယ်ရှိတ်ပါ၊ ဏီအဲဝိုင် တို့ နဲ့ တစ်ပျော်ကြီး ဆုံဖြစ်ကြပါတယ်။ အိမ်မှာ ပဲ ရီနိုမာန်ရဲ့ မွေးနေ့ လုပ်ဖြစ်ပြီး မြန်မာပြည်က မနော်ဟရီကို ပါဖုန်းဆက်ပြီး နှုတ်ဆက်ကြ၊ အမှတ်တရ ဓါတ်ပုံတွေရိုက်ဖြစ်ကြပါတယ်။ အမြဲသတိရစရာ တွေပါပဲ။ Craton ကိုဘလောက်ဂါ တော်တော်များများက ချစ်ကြတော့ သူနဲ့ ပတ်သက်ပြီး အများကြီး လူချင်းတွေ့ ခင်မင်ခွင့်ရခဲ့တာပါပဲ။ စင်္ကာပူကနေ မလေးရှားကို ကထိန်အလှူ လာလုပ်လို့ တွေ့ခွင့် ခင်မင်ရင်းနှီးခွင့်ရ့တာ ကတော့ အစ်မချစ်ကြည်အေး တို့ ဇနီးမောင်နှံ နဲ့ Sonata-Cantata ဖန်တီးရှင် အစ်ကိုဧရာနဲ့ အစ်မသီတာ တို့ မိသားစု တို့ ကို နွေးနွေးထွေးထွေး တွေ့ ခွင့်ကြုံခဲ့ပါတယ်။ Craton နဲ့ ကျနော်တို့ မိသားစု အစ်ကိုတွေ အစ်မတွေ တည်းတဲ့ ဟိုတယ်ကို နာရီဝက်လောက် ကားပတ်မောင်း ပြီးမှ ရှာတွေ့တာ။ အမှန်က အဲဒီဟိုတယ်နားမှာပဲ တ၀ဲဝဲ လည်လည်ဖြစ်နေခဲ့တာကိုး။ မလေးရှား (အထူးသဖြင့် ကေအယ်) က ဟိုတယ် တွေကိုနာမည် နဲ့ တည်နေရာကို သူတို့ လိုကယ်တွေထက် ပိုပြီး မှတ်မိပြီးသိနေတတ်တဲ့ ကျနော် အစ်မချစ်တို့ တည်းတဲ့ ဟိုတယ်ကိုကျမှ တော်တော်နဲ့ ရှာမတွေ့ တာကလား။ တွေ့တော့ ညသန်းခေါင်ယံ လောက် အထိ လော်ဘီဘားမှာ ထိုင်စကားပြောနေကြ ပြီး တခြားဧည့်သည်တွေကို အားနားလို့ သာစကားဖြတ်ပြီး ပြန်လာကြရတယ်။ :)

တချိန်ထဲလို အွန်လိုင်းမှာ ခင်မင်ရင်းနှီးရတဲ့ ပဒိုမန်းကိုကို၊ အစ်မရွှေစင်ဦး၊ မဖြိုး (ဖြိုးဖြိုးလှိုင်ရဲ့ My World)၊ မချော (အစိမ်းရောင်လွင်ပြင်)၊ rose of sharon (အနောနော်ဖော)၊ ဥမ္မတကချစ်သူ အစ်မကိ၊ မမီ မယ်လိုဒီမောင်၊ KP3၊ အဖြူရောင်နတ်သမီး၊ တောက်ပကြယ်စင်။ အမြဲလိုခဏခဏ ရောက်ဖြစ်တဲ့ ဘလောက်တွေ ထဲမှာ ပြည်သူ့ အချစ်တော် ခင်ဦးမေ၊ ကိုပီတာ၏အတွေးပုံရိပ်၊ မြစ်ကျိုးအင်း ကိုပိုင်၊ လသာည၊ သူကြီးမင်း ကိုကိုမောင် (ပန်းရနံ့)၊ ကိုကြီးကျောက် (ရွှေရတုမှတ်တမ်း)၊ Mon Petit Avatar၊ Young Gun၊ ဆင်တဲကဖေး၊ ဆန်နီနေမင်း၊ သီရိလင်္ကာရောက်ရဟန်းတော်များဘလောက်၊ ငွေလမင်း၊ သက်တန့်ချို၊ ချောမောခန့်ညားတဲ့ ဆရာကိုဟန်ကြည်၊ အိန်ဂျယ်လှိုင်၊ ငြိမ်းနိုင်၊ ဂျပ်စမင်းတောင်ကြီး၊ ကာဗူလီဝါလား ကိုမောင်မောင် (အာဖဂန်) တို့ အပြင် ခင်မင်ရတဲ့ ကြောင်တသင်း ကိုကိုလတ်၊ မောင်မျိုး၊ မိုးယံ၊ ကိုထွဋ်၊ ရဲထွန်းဇော် အားလည်းကောင်း၊ Crystal ရဲ့ ဘ၀ရဲ့ စာမျက်နှာများ၊ ဗွီဒီယိုရီဗျူးတွေရေးတဲ့ မဗေဒါရဲ့ဗေဒါလမ်း၊ မေသိမ့်သိမ်ကျော်၊ ကျောက်ပန်းတောင်းက ကိုဆန်းဝင်း၊ ရုရှားကမီးပြတိုက်၊ အတွေ့ အကြုံတွေဗဟုသုတမျှဝေပေးနေတဲ့ အာဖရိက က ဒေါက်တာစိုးမြင့် (မေ့ဆေး)၊ အစ်မငယ်နိုင်ရဲ့ သူငယ်ချင်း မဗေဒါ၈၈ နဲ့ ဟိုတလောက ဘာလီကို ရောက်လာပေမယ့် မတွေ့ လိုက်ရတဲ့ ဒိုင်ယာရီရေးတဲ့ ဂျပန်က ကြည်ကြည် အားလုံးကို စိတ်ထဲကရင်းနှီးကျွမ်းဝင် နေပါတယ်။ နာမည်မပါလို့ တော့ စိတ်မဆိုးကြပါနဲ့ မှတ်မိသလောက် ရေးရတာမလို့ ပါ။ အင်ဒိုနီးရှားက ဘာလီကျွန်းကို လာလည်ရင် ပင်လယ်စာ အကင်တွေ အများကြီးကျွေးပြီး နေရာ အနှံ့ လိုက်ပို့ပါမယ်။ ။

အားလုံးကိုခင်မင်လေးစားစွာဖြင့်.....။
AATO



မှတ်ချက်။ ။ ဘယ်သူ့ ကိုမှ ဆက်မတဂ်တော့ပါဘူး။ အားလုံးလိုလိုလဲ ရေးထားကြလို့ ကျနော်တစ်ယောက်ပဲ ရေးဖို့ကျန်ပါတော့တယ်။ အပေါ်ဆုံးက Warning စာသား က ကျနော့် အိုင်ဒီယာ ကို ဒီရေ ပုံဖော်ပေးထားတာပါ။ စာလုံး အသုံးမှားနေတာ အခု မှသတိထားမိလို့ ပြန်ပြင်လိုက် ရတယ်:P













ဒုတိယပိုင်း ဖျောက်ထားမည့်စာ

25 comments:

ညိမ်းနိုင် said...

ဟေ့ဟေ့ ဟန်ကျတာပဲ....ဘာလီကိုလာလည်ရင် ဒကာခံ
မယ့်သူတော့ရပြီ...၊တကယ်လာတော့မှ ထွက်မပြေးကြေး
နော်....:)))၊စတာပါဗျာ...ဒကာရှိပေမယ့် စရိတ်မရှိလို့မ
လာနိုင်သေးဘူးဗျိုး...:)
ဓာတ်ပုံလေးတွေဝေဝေဆာဆာနဲ့ ဖတ်လို့တယ်ကောင်း....

Anonymous said...

အရင်တစ်ခါ ဘာလီကျွန်း ဖတ်ပြီးကတည်းက
ဒီ ဆိုဒ်မှာ ဖတ်စရာတွေ များနေတာ
အားတိုင်းတော့ ဖတ်တာပဲ ..
ဖတ်လို့က မပြီးသေးဘူး . .

ခင်မင်လျှက်
ဆောင်းနှင်းရွက်

Anonymous said...

အပေါ် က ဘလော့ တဂ်
ရေးထားတာလည်း ဖတ်သွားပါတယ် ..

ခင်မင်လျှက်
ဆောင်းနှင်းရွက်

SHWE ZIN U said...

ကိုအေအေတီအို ရေ

ဗဟုသုတ လေး တွေ မျှဝေပေးတဲ့ ဘလောဂ့် လေးကို သတိထားမိပြီး စိတ်ဝင်တစား လာလာဖတ်ပါတယ်

စေတနာ လေးနဲ့ မျှဝေပေးတဲ့ အတွက် ဖတ်ချင်စရာ ကောင်းပါတယ် မသိသေးတာတွေ အများကြီး သိရတယ်

နှစ်ပေါင်း များစွာ ပျော်ရွှင်စွာ ဘလောဂ်ဂင်းနိုင်ပါစေ

ကျေးဇူးပါ

Anonymous said...

ဒန်းဂျားလဲ မတွေ့ဘူး...ဘာလုပ်ရပ...

kn

Anonymous said...

အော်တွေ့ပီ။ အိမ်က ကျေးဇူးရှင်ကြီး တရက် ၂၄ နာရီလောက် ကြည့်တာ..စွဲတာလဲ မတွေ့ပါဘူး... ( ရယ်စရာ)။


မိသားစုတွေ ကျန်းမာကြတယ်ဟုတ်

ကန

shan said...

Hi,
I use to visit your blog but don't know how to leave a massage. Now I know how to leave it.

I am interesting about traveling. That's why I was very happy when I found your blog.

Please keep it up. I got a lot information about Bali from your blog.
Thanks and best regards,
shan

တောက်ပကြယ်စင် said...

ကျေနပ်မိတယ်။ ပျော်မိတယ်။ ပြုံးပြီး ပြန်သွားတယ်။ ဒါပေမယ့် ဒါပပေမယ့်...တောက်ပကြယ်စင်ရှေ့မှာ ချောမောခန့် ငြားသောဆိုတာ ဘာလို့ မပါတာလဲဟင်...(ခင်လို့ စတာပါ ကိုအေအေတီအိုရေ၊ ငြိမ်းနိုင်ပြောသလို ဘာလီလာရင် မသိဟန်မဆောင်ကြေးနော်၊ ဟုတ်ပြီလား) ကျန်းမာပျော်ရွှင်ပါစေ (ကလေးလေးကော အတော်ကြီးနေပြီလား)

sosegado said...

မအားပေမဲ့ လာလည်သွားပါတယ်၊
ဘာလီကိုတော့ ကြိုက်တယ်

အမှတ်တရ နေ့စွဲများ.... said...

ko aato ရေ ကျနော်က ဘလော့နာမည်ပြောင်းလိုက်တာ ရဲထွန်းဇော် မဟုတ်တော့ဘူး...
လာဖတ်သွားတယ်နော် ကေအယ်လ် မှာရှိနေတုန်းဘဲ

IDIOT-Ki said...

ဘလော့ကမ္ဘာလေးထဲမှာ ခင်မင်ရင်းနှီးစရာ ကောင်းလှတဲ့ မိတ်ဆွေအပေါင်းအသင်းတွေ အများကြီးပါလား လို့ သိလိုက်ရတော့မှ၊ ခေါင်းစဉ်ကြည့်ပြီး .. ဘာဗိုင်းရပ်စ်များ အသစ်ထွက်နေပြီလည်း ဆိုတဲ့ ကြောက်စိတ်ကြီးကို ဖုံးလွှမ်းသွားရပါတယ် ။။

ဘလော့လေး ဆက်လက်တည်တံ့ ပါစေ ကို AATO ရေ..

မကိ

မြစ်ကျိုးအင်း said...

စိတ်ထဲခင်မင်မိတဲ့ ဘလော့ဂ်ဂါတွေကို အပြင်မှာ အမြဲတွေ့ချင်မိတယ်။ တနေ့နေ့တော့ ဆုံဖြစ်မယ်လို့ ယုံကြည်ထားပါတယ်။ ပျော်ရွှင်ဖွယ်ရာ နေ့လေး ဖြစ်ပါစေ။

Mon Petit Avatar said...

Addiction, Addiction, Addiction, I still don;t know how to overcome this addiction, Happy Blog Day, Ko AATO.

ကိုဇော် said...

ကို AATO ရေးထားတာ ပျော်စရာကြီးဗျာ။
ဒီမှာ ရှိနေတုန်း မတွေ့လိုက်ရတာ ဆိုးတာပဲ။ ကျနော်ကိုကလည်း အပြင်ထွက်တာ နည်းတာလည်း ပါမယ် ထင်ပါတယ်။

မောင်မျိုး said...

ညှောင် ( သတိ ... ကုတ်တတ်သည်း)))

ကိုအောင်(ပျူနိုင်ငံ) said...

ကိုအေအေတီအိုတို့ အဖွဲ့ကျပုံကို ကြည့်ပြီး ပျော်ဖို့ ကောင်းလိုက်တာ၊ အပြင်မှာ ဆုံဖို့ ပျော်ကြဖို့ဆိုတာ ထင်သလောက်လည်း မလွယ်ဘူး၊ ဘာပဲပြောပြော တက်ဂ်ပို့စ်ကို ရေးပေးတဲ့အတွက် ကျေးဇူးပါ ဗျို့ ....

mstint said...

ဘလော့ဂ်တဂ်ပို့စ်လေး ဖတ်ရတာစိတ်ကြည်နူးမှုကို ရစေတယ် AATO ရေ။ နွေးထွေးမှု ချစ်ခင် စည်းလုံးမှုလေးတွေရှိတဲ့ ဘလော့ဂ်ရပ်ဝန်းမှာ စာကောင်းပေကောင်းလေးတွေ ဆက်လက်ဖြန့်ဝေနိုင်ပါစေလို့ တောင်းဆုချွေခဲ့ပါတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ကိုကိုမောင်(ပန်းရနံ့) said...

စာဖတ်လိုက် ဓါတ်ပုံကြည့်နဲ့ ပီတိတွေ ပွါးသွားပါတယ်။ ပျော်စရာ ဘလော့ရွာကြီးပေတကား။

ပျော်ရွှင်ချမ်းမြေ့ပါစေ ကိုအေအေတီအို ခ အေအေတူ

ခင်မင်လျက်

ချော(အစိမ်းရောင်လွင်ပြင်) said...

အပေါ်ဆုံးက ဆိုဒ်ဘုတ်ဝါနဲ့ စာသားတော့ တကယ်ကိုကြိုက်သွားပြီ
မှန်လွန်းလို့
ဘာလီကျွန်းကို ဟန်းနီးမွန်းလာဖို့ စီစဉ်ထားတာ
ခက်တာက ပြေတီဦးက မိန်းမယူသွားတယ်
ဒါပေမဲ့ ပင်လယ်စာတွေ အကင်တွေ စားရမယ်ဆိုရင်တော့ တစ်ယောက်ယောက်နဲ့ လာနိုင်အောင်ကြိုးစားရမှာပေါ့နော။ ဟိဟိ
ပျော်ရွှင်စွာ စာတွေဆက်ရေးနိုင်ပါစေနော..

ဟန်ကြည် said...

ဘလော့ဂ်ဂါတွေ စုစုရုံးရုံးနဲ့မြင်ရတာ ကြည်နူးလိုက်တာဗျာ...ကိုအေအေတူက ဘလော့ဂ်ခေတ်ဦးကို ကောင်းကောင်းမီလိုက်တာပဲ...ကိုအေအေတူရဲ့ ဘလော့ကို အစအဆုံးပြန်ဖတ်ရင်း သဘောကျနေမိတယ်...ကိုယ်တိုင်က ခရီးသွားလုပ်ငန်းအကြောင်းကို စိတ်ဝင်စားတော့ ဖတ်လိုက်တိုင်း သဘောကျစရာတွေ တွေ့နေတော့တာပါပဲ...မိတ်ဆွေတွေက မြှောက်ပေးကြတာနဲ့ ဦးဟန်ကြည်လည်း သရဲကားရိုက်ဖို့ ရက်ချိန်းတွေထပ်ကုန်ပြီ ကိုအေအေတူရေ...

မအားတဲ့ကြားက ရေးထားတာမို့သာ တော်တော့တယ်ဗျာ...အားများအားရင် ဘယ်လောက်များစီကာပတ်ကုံးရေးလိုက်လေမလဲ စဉ်းစားနေမိတယ်...မိတ်ဆုံစားပွဲမှာ ဖန်ခွက်ချင်းထိပြီး ချီးယားနေတုန်းများ ရောက်သွားရင် ဘယ်လောက်ကောင်းမလဲလို့ တွေးမိပါသေးတယ်...

ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ...

ညီရဲ said...

လာရောက်ပြီး စာတွေဖတ် ဓာတ်ပုံတွေ ကြည့်သွားပါတယ် အစ်ကို...

လင့်လဲ တခါတည်း ယူသွားလိုက်တယ် အစ်ကို...

ခရစ္စတလ် said...

မအားတာနဲ့ ဘာများလဲဆိုပြီး ခေါင်းစဉ်ကို ကြောက်နေတာ အခုမှ ရောက်ပါတယ် အိုတီအေအေ အဲလေ အေအေတီအို။
ဘာလီကို အရမ်းအရမ်းကို လာချင်တယ် :)

မောင်မောင် said...

ကာဘူလီဝါးလား စာလာဖတ်သွားပါတယ်ဗျာ။
ကိုအေတူးတီအို ကျွန်တော့်ဆီ အမြဲစာလာဖတ်တာကို
လဲ ကျေးဇူးတင်ပါတယ်။
ကျွန်တော် သိပ်အလည်မရောက်ဖြစ်တာလဲ ခွင့်လွှတ်
နော်။

Anonymous said...

ဘာလီကျွန်းကို လာလည်ရင် ပင်လယ်စာ အကင်တွေ အများကြီးကျွေးပြီး နေရာ အနှံ့ လိုက်ပို့ပါမယ်။ ။
ဟဲဟဲ .. အဲ့ဒါလေးတော့ သေချာ မှတ်သွားတယ် .. :P
အဲ့ဒီ့ကို တစ်ခါမှ မရောက်ဖူးသေးဘူး ..
အရမ်း သွားချင်နေတာ ..

ခင်မင်လျှက်
ဆောင်းနှင်းရွက်

မိုးယံ said...

ဟေဟေ့..မူးနေတာပဲ...ဖတ်လိုက်ရတာ မောတဲ့အထိ ငါ့နံမည်လေးမတွေ့သေးတော့ မခင်ဘူးလားလို့ ရွှေစိတ်တော်ညိုနေတာ..ဘယ်ဟုတ်မလဲ ကိုယ်က ကြောင်တွေထဲ ပါနေတာကိုး...ခစ်ခစ်

License

License
Thank you very much for visiting my blog. I really do. I am trying to write and share my knowledge, experience,information etc etc. I would be very much appreciated for your either encouraging or critical comments to my any post. Furthermore, some photos herein the posts are not mine and perhaps some information too. However I always try to credit or mention the courtesy of the respective owner and/or where I got it from. Anyway please leave your message anything regards to my blog or if you want to use any part of information from my blog. I would follow up thereafter your message, accordingly.
Contact: thomasjrlatt@gmail.com