Monday, July 18, 2011

အကြိမ်ကြိမ် အကျိုးသက်ရောက်စေသော ခရီးသွားလုပ်ငန်း

ခရီးသွားလုပ်ငန်း ဆိုသည်မှာ အလုပ်အကိုင် အခွင့် အလမ်းတစ်ခုတည်းကိုသာ ပေါ်ပေါက်စေသော တတိယ ကဏ္ဍ (Tertiary Sector) မျှသာ မဟုတ်ပဲ ပဓါန ကဏ္ဍ (Primary Sector) နှင့် သာမည ကဏ္ဍ (Secondary Sector) များ အတွက်ပါ အကျိုးများစေ သော လုပ်ငန်းနယ်ပါယ်ကြီး တစ်ရပ်ဖြစ်သည်။ အဆိုပါ ခရီးသွားလုပ်ငန်း များမှ အကြိမ်ကြိမ် အကျိုးများ စေသော အကြောင်း အရင်း ကို အရိုးအရှင်းဆုံး နည်းလမ်းဖြစ်သည့် ခရီးသွားဧည့်သည် (Tourist) အကြိမ် ဘယ်လောက်များများ ငွေကြေး သုံးစွဲစေသလဲ။ ၄င်းငွေကြေး သည် တိုင်းပြည်၏ ငွေကြေးလှည့် ပါတ်မှု ပါဝင်မှုပမာဏ များဖြင့် သိသာစေသည်။

ဟိုတယ်တစ်ခု တွင်သုံးစွဲ လိုက်သော ငွေကြေးမှာ အလုပ်အကိုင် အခွင့် အလမ်းများ ပေါ်ပေါက်စေရန် အထောက်အပံ့ဖြစ်စေပြီး ဟိုတယ်လုပ်ငန်း အတွက် တိုက်ရိုက် အကျိုးများစေသကဲ့သို့ သွယ်ဝိုက်သော နည်းများဖြင့် အခြားလုပ်ငန်း များတွင်လဲ အလုပ်အကိုင် အခွင့် အလမ်းများ နိုင်ငံနှင့် အ၀ှမ်းပေါ်ပေါက် စေနိုင်သည်။ ဥပမာအားဖြင့် ဟိုတယ်တစ်လုံး အနေဖြင့် ဒေသခံ လယ်သမား များထံမှ အစားအသောက် ၀ယ်ရသည် ဆိုပါစို့။ အဆိုပါငွေကြေးကို လယ်သမား အနေဖြင့် အ၀တ်အထည်များ၊ လုပ်ငန်းသုံး ပစ္စည်း (ဓါတ်မြေသြဇာ စသည်) တို့ အတွက် အသုံးပြု နိုင်စရာရှိသည်။ ဒေသထွက်ကုန်များ ကို အမှတ်တရ (Souvenir) အဖြစ် ခရီးသွားဧည့် သည်များ မှ ၀ယ်ယူမှုများ လေလေ အမှတ်တရ ပစ္စည်းများ ရောင်းချနိုင်ရန် ပြုလုပ်သည့် အိမ်တွင်း တနိုင်တပိုင် စည်းပွားရေးလုပ်ငန်း ငယ်များ အများအပြား ပေါ်ပေါက်နိုင်စရာ ရှိသည်။ ဤသို့ဖြင့် (Secondary Employment) ဟုဆိုအပ် သော အိမ်တွင်းမှု အလုပ်အကိုင် အခွင့် အလမ်းများ တိုးပွား လာနိုင်သည်။

အကြိမ်ကြိမ် အကျိုးသက်ရောက် သည်မှာ နိုင်ငံတော်၏ နိုင်ငံခြား ထွက်ကုန်များ အပေါ်မှီခို နေရမှု အတွက် သွင်းကုန်များ အတွက် အသုံးပြုနေရသည့် ငွေကြေး ယိုစိမ့် မှု (Leakages) များ အထိပါဝင်မည် ဖြစ်သည်။

သုတေသနပြု လေ့လာထားသည့် စစ်တမ်းများ အရ ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်း များမှရရှိသော ငွေကြေး၏ ၇၀% မှာ (နိုင်ငံခြားသားများ ပိုင်ဆိုင်သော ခရီးသွားလုပ်ငန်းများ၊ လေကြောင်းလိုင်းများ၊ ဟိုတယ်များ၊ ပြည်ပမှတင်သွင်း လာသည့် အစားအသောက်များ) အတွက် ကုန်ကျခြင်းဖြင့် ထိုင်းနိုင်ငံမှ ပြန်လည် စီးထွက်သွားသည်။ အခြား ကမ္ဘာ့ တတိယ နိုင်ငံ များတွင်လဲ ၄၀% (အိန္ဒိယ) မှသည် ၈၀% (ကာရေဘီယံဒေသနိုင်ငံများ) အထိ ယိုစိမ့်မှု ရှိသည်။ Source: Sustainable Living

***ပုံကားချပ် ကို အကျယ်ချဲ့ ကြည့်လိုပါက ပုံပေါ်သို့ ကလစ်လုပ်၍ကြည့်ပါ။

Ref: Barcelona Fields Studies Center (Geography Filed Works) မှ Tourism Multiplier Effect ကို ရည်ညွှန်းသည်။

5 comments:

တောက်ပကြယ်စင် said...

ဒကာတော် မင်္ဂလာပါ။ ငွေကြေးအ၀င်အထွက်နဲ့ ပတ်သက်ပြီး ဇယားလေးနဲ့ ရှင်းရှင်းလင်းလင်း တင်ပြပေးတာကြောင့် ကျေးဇူးပါ။ ဗဟုသုတရစေပါတယ်။ ကျန်းမာပျော်ရွှင်ပါစေဗျာ...

ခရစ္စတလ် said...

အရမ်း အရမ်းကို အကျိုးရှိစေလို့ ကျေးဇူးအများကြီးကို တင်တာပါပဲရှင် :)
ကျေးဇူးနော်။ ကူးသွားပြီ။

ချော(အစိမ်းရောင်လွင်ပြင်) said...

မြန်မာပြည်ရဲ့ ခရီးသွားလုပ်ငန်းကတော့ ထူးထူးခြားခြား တက်လာတာ သိပ်မတွေ့ရသလိုဘဲနော်
မြန်မာ့လက်မှုပညာတွေဖြစ်တဲ့ ယွန်းလုပ်ငန်း၊ ရွှေချည်ထိုးလုပ်ငန်းတွေဟာ နိုင်ငံခြားသားတွေကို မှီခိုနေရသလိုဖြစ်နေတာ
နိုင်ငံခြားသားအလာနည်းတော့ ဒီလုပ်ငန်းတွေလည်း အတော်ခက်နေပြီ။
မြန်မာပြည်ခရီးသွားလုပ်ငန်း မဖွံ့ဖြိုးတာ ဘာကြောင့်မို့ပါလိမ့်

Anonymous said...

လူမိုက်တွေ နဲ့ နေရတာ ကျွဲပါး စောင်းတီး ရသလိုပါဘဲ အခုတော့ ခရီးသွားလုပ်ငန်းတိုးတက်ဖို့ နေနေသာသာ တနေ့တခြားဆုတ်ယုတ်နေတယ်

ရွှေစင်ဦး

ကိုအောင်(ပျူနိုင်ငံ) said...

95 တုန်းက မြန်မာ့ ခရီးသွားနှစ်ဆိုပြီး သူတို့ လုပ်ကြတာ မအောင်မြင်ဘူး၊ ကျနော်တော့ ခရီးသွားရတာကို အရမ်းကြိုက်တယ် ...

License

License
Thank you very much for visiting my blog. I really do. I am trying to write and share my knowledge, experience,information etc etc. I would be very much appreciated for your either encouraging or critical comments to my any post. Furthermore, some photos herein the posts are not mine and perhaps some information too. However I always try to credit or mention the courtesy of the respective owner and/or where I got it from. Anyway please leave your message anything regards to my blog or if you want to use any part of information from my blog. I would follow up thereafter your message, accordingly.
Contact: thomasjrlatt@gmail.com