ဂျစ်ဆော (Jigsaw Puzzle) ဆိုသည့် ကစား နည်း ကို တော်တော်များ များ ကစားဖူးကြ ပေလိမ့် မည်။ ရုပ်ပုံကား ချပ်တစ်ခုကို အစိတ် အပိုင်း သေးသေး ကလေး များ အဖြစ် စိတ်ပိုင်းထား ပြီး ၄င်း အစိတ် အပိုင်း ကလေးများ ကို သူ့ နေရာ နှင့် သူ နေရာ တကျ ဆက်လိုက်ခြင်း ဖြင့် မူလ ရုပ်ပုံကား ချပ် ပုံပေါ်လာ အောင်ကစားခြင်း ကို ဂျစ်ဆော ပါဇယ် (Jigsaw Puzzle) ဟုခေါ် သည်။ ဤသို့ ဆက်စပ်၍ ပုံပေါ်သည် အထိ ကစားရသည်ကို က ဂျစ်ဆောပါဇယ် ဂိမ်း၏ သဘာဝ ဖြစ်သည်။ အစိတ် အပိုင်း တစ်ခုခု ပျောက် နေ၊ လိုနေပါက ရုပ်ပုံ ကားချပ်၏ မပြည့် စုံမှု မှာ ထင်ထင်ရှားရှား သိသာနေမည် ဖြစ်သည်။ Tourism ဆိုသည့် ခရီးသွား လုပ်ငန်းနယ်ပယ် ကြီး တစ်ရပ်ကို ဂျစ်ဆော ပါဇယ် ဖြင့် Tourism ပညာရှင်များ ခိုင်းနှိုင်းကြသည်။
အလွန်လျော်ကန် သော ဥပမာ တစ်ခုဖြစ်သည်။ အဆိုပါဥပမာ ကို ဆို ဖူး သူမှာ မြန်မာ့ ခရီးသွား လုပ်ငန်း ၏ ပညာရှင် ဂုရု ကြီး တစ်ယောက် ဖြစ်သော ဦးနိုင်ဘွား (ဒုတိယညွှန်ကြား ရေမှုးချုပ် အငြိမ်းစား၊ ၀န်ကြီးဌာန အကြံပေး) အဖြစ် ကြာမြင့်စွာ ထမ်းဆောင်သွား သူ ဖြစ်သည်။ တိုက်ဆိုင်မှု တစ်ခု မှာ အဆိုပါဥပမာ ကိုပင် တွန်ကူအစ္စကန္ဒာ (Tunku Iskandar) (Past & Present President of MATTA, PATA, IOTO, FATA, ASEAN Tourism Association etc..) က ညွှန်းဆို ပြန်သည်။
သဘောမှာ Tourism ဆိုသော လုပ်ငန်းနယ်ပယ် ကြီး နှင့် တိုက်ရိုက် ဆက်စပ် ပတ်သက် သော ဒေသခံ အစိုးရ၊ ခရီးသွား လုပ်ငန်း များ၊ ဟိုတယ်၊ လေကြောင်းလိုင်းများ၊ ဧည့်လမ်းညွှန်များ၊ ဖျော်ဖြေရေးလုပ်ငန်းများ၊ စားသောက်ဆိုင်များ၊ ဈေးဆိုင်များ အပြင် ဒေသခံ များ နှင့် ၄င်းဒေသ ရှိ သက်ရှိ၊ သက်မဲ့၊ သဘာဝပါတ်ဝန်းကျင် နှင့် ရှေးဟောင်းယဉ်ကျေးမှု အဆောက်အဦများ အစရှိသဖြင့် အများအပြား ဆက်စပ်နေ ခြင်းကို ပုံဖော်ခြင်းဖြစ်သည်။ အရာအား လုံးမှာ အစိတ်အပိုင်း ငယ်လေးများ အဖြစ် မျှသာ ဖြစ် သော်လည်း မပါမဖြစ်၊ မရှိမဖြစ် အရာများ ဖြစ်သည်။
ငှက်တစ်ကောင် ၏ ကောင်းကင်ယံ မှ အရာအား လုံး ကို အပေါ်စီးမှ မြင်ခွင့် ရသည့် (bird eye view) ဖြင့် အဆိုပါ ဆက်စပ်ပတ်သက် ရာ နယ်ပယ် အသီးသီးကို ဂျစ်ဆောပါဇယ် ၏ အပိုင်း အစ များ အဖြစ် သဘောထားပြီး သူ့နေရာ နှင့် သူ နေရာတကျ ဆက်စပ်လိုက် ခြင်း အားဖြင့် ပြီးပြည့်စုံ သည့် ရုပ်ပုံကားချပ် တစ်ခု ရသကဲ့ သို့ အောင်မြင်သော၊ ရေရှည် တည်တံ့ခိုင် မြဲသော ခရီးစဉ်ဒေသ နိုင်ငံ တစ်နိုင်ငံ ဖြစ်လာပေမည်။ သို့ရာ တွင် အစိတ်အပိုင်းငယ်လေးများ အနေဖြင့် သူ့နေရာ နှင့် သူ နေရာ တကျ ဖြစ်ရန် မှာ အထူးသတိပြုရမည့် အချက်တစ်ချက် ဖြစ်သည်။ သို့ မဟုတ်ပါ က ပုံမကျ ပန်းမကျ၊ အချိုးမကျ၊ ရယ်စရာ၊ ကဲ့ရဲ့ စရာ ဖြစ်လာပေလိမ့်မည်။ ။



8 comments:
This is exactly what all the professionals in tourism should aware of who they are and where they are. Be proud in where you are and make it beautiful for the puzzle of tourism!! huray!!!
ဂျစ်ဆောကစာနည်းလည်းကြိုက်။
ဥပမာပေးပုံလည်းသဘောကျ၊
ဗဟုသုတရ၊
စကားမစပ် banner ကပုံက ကိုAATO ပုံလား၊
ကိုအေအေတူအို ရေ
ဗဟုသုတ နဲ့ ပါတ်သက်တာလေး တွေ ဖတ်သွားတယ်နော် ကျေးဇူး
ပုံမကျ ပန်းမကျ၊ အချိုးမကျ၊ ရယ်စရာ၊ ကဲ့ရဲ့ စရာ ဖြစ်လာပေလိမ့်မည်။ ဆိုတာကို တော်တော်ကြောက် တယ်ထင်တယ်
ဒကာတော်နာမည်က ကိုအေအေတီအိုတဲ့လား...ဗဟုသုတပန်းတစ်ပွင့်ပေါ်မှာပျားတစ်ကောင်အဖြစ်နဲ့ ဟိုပြေးဒီလွှားရင်း ခဏတည်းခိုခဲ့ပါသေးတယ်...အဲဒီအတွက် ကျေးဇူးပါ...ကျန်းမာပျော်ရွှင်ပါစေ...
ကိုယ်တွေနဲ့ ဝေးတဲ့ လုပ်ငန်းဆိုတော့ အခုလို ရေးပြလိုက်မှ ပိုပြီး မြင်သာသွားတော့တယ်။
သူ့နေရာနဲ့သူ အဆင်ပြေအောင် လုပ်နိင်မှ ပိုပြီးအောင်မြင်တဲ့လုပ်ငန်းမျိုးပေါ့။
ဥပမာပေးပုံကို သဘောကျတယ်...
ကိုယ်တိုင်လည်း အဲ့ဒီဥပမာကို မကြာခဏဆိုသလို သုံးခဲ့ဖူးတယ်
ဒေသတွင်းမှာ စိတ်ဝင်စားစရာ Site တွေ အများကြီးရှိတယ်။ အစိတ်ပိုင်းလေးတွေ တကယ်လဲ အလုပ်လုပ်နေကြပေမယ့် နိုင်ငံတကာနဲ့ ယှဉ်နိုင်ဖို့တော့ ပိုကြိုးစားကြရမယ်ထင်ပါတယ်။ ပို့စ်လေးက ဗဟုသုတတွေ အများကြီးပေးလိုက်ပါတယ်ရှင်။
ခင်မင်လေးစားလျက်
ဒေသတွင်းမှာ စိတ်ဝင်စားစရာ Site တွေ အများကြီးရှိတယ်။ အစိတ်ပိုင်းလေးတွေ တကယ်လဲ အလုပ်လုပ်နေကြပေမယ့် နိုင်ငံတကာနဲ့ ယှဉ်နိုင်ဖို့တော့ ပိုကြိုးစားကြရမယ်ထင်ပါတယ်။ ပို့စ်လေးက ဗဟုသုတတွေ အများကြီးပေးလိုက်ပါတယ်ရှင်။
ခင်မင်လေးစားလျက်
Post a Comment