Saturday, February 5, 2011

သက္ကရာဇ် ၂၀၁၁ အတွက် ကမ္ဘာ့စိတ်ပျက်ဖွယ်ရာ အကောင်းဆုံး ခရီးစဉ် ဒေသ ၁၀


နေရာတကာ မှာ အကောင်းဆုံး တော့ပ်တန်း (Top 10) ဆိုတာတွေ ပလူပျံနေပေမယ့် ခရီးသွားတိုးရစ်တွေ အနေနဲ့ ပျော်ရွှင်စရာစိတ်ချမ်းသာစရာ အကောင်းဆုံး အချိန်တွေ ကို ခရီးစဉ်ဒေသ တော်တော် များများ မှာ ရရှိနိုင်တာကတော့ တကယ့် အရိုးအရှင်းဆုံး အမှန်တရားပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ရံဖန်ရံခါမှာ မီဒီယာပေါင်းစုံ ကနေ အလွန် အကြူး ကြော်ငြာ လေ့ရှိတဲ့ ခရီးစဉ် ဒေသတွေ ကတော့ ဖြင့် ထင်သလိုမဟုတ်ပဲ စိတ်ပျက်ငြီးငြူဖွယ်ရာ ခံစားချက်မျိုးပဲ ရပါလိမ့်မယ် လို့ ခရီးသွား ဘလောက်ဂါတွေကပြောပါတယ်။

ဆိုတော့ကာ...သက္ကရာဇ်၂၀၁၁ မှာရှောင်ကြဉ် ရမယ့် နာမည်ကျော် ခရီးစဉ်ဒေသ တော့ပ်တန်း (Top 10 Destinations) ဆိုတဲ့စာရင်းလေး ပြုစု ပြီးတင်ပြလာပါတယ်။

စာရင်းထဲမှာ ကင့်ဆက် (Kansas) ကထိပ်ဆုံးကပါ။ ဘာလို့လဲဆိုတော့ စိတ်ဝင်တစား လေ့လာကြည့်ရှုစရာ အနေနဲ့အကြီးဆုံးလေဘောလုံးကြီး ပြထားတဲ့ ပြတိုက်ကလွဲလို့ ဘာဆိုဘာမှ ဆိုသလို စိတ်ဝင်စားစရာ မရှိလို့ပါ။ အလေးအနက်ရှောင်ကျဉ်ရ မယ့်နေရာပါတဲ့။

စာရင်းထဲမှာ ဒုတိယ ထိပ်ဆုံး ကတော့ မက္ကဆီကိုက ကဲန်ကန် (Cancun) ပဲဖြစ်ပါတယ်။ အဲဒီ နေရာလေးဟာ အစား အသောက် တွေက ကောင်းပေသော်ငြားလဲပဲ ဘလောက်ဂါ တယောက် အမြင်မှာတော့ အမေရိကန်ငမူးတွေ လမ်းသလား နေလို့ မက္ကဆီကို ရဲ့ ရှိရင်းစွဲ အလှကိုတောင် ရုပ်ဆိုးစေပါသတဲ့။

ထိပ်တန်းစာရင်းဝင် နောက်တနေရာကတော့ နယူးယောက်က ဟမ်ပတွန်စ် (The Hamptons, New York) လို့ဆိုပါတယ်။ ခရီးသွား ရာသီဆိုရင် အဆမတန် ဈေးကြီးလေ့ရှိပြီး စိတ်အနှောက်အယှက် ဖြစ်စရာ လူတွေနဲ့ တစီးဖင်တစီးနမ်း လောက်အောင်ကားကျပ်တဲ့ နေရာဖြစ်လို့ပါပဲတဲ့။

နောက်ထပ် အမေရိကား ကနေရာတခု ကတော့ မိုင်ယာမီ (Miami) ပါ။ လမ်းလျှောက်နေတဲ့မြို့ (Walking City) လို့ ဆိုပေသော်ငြားလဲပဲ နောက်ဆုံးမှာ တက္ကစီပဲ ငှားစီးရတဲ့ အဖြစ်မျိုး ခရီးစဉ်တိုင်းမှာ ကြုံလေ့ရှိတဲ့အတွက် အဖွဲ့သားထဲက ဘလောက်ဂါ တယောက် ကတော့ အတော် ကမောက်ကမ နိုင်တဲ့မြို့ လို့ဆိုပါသတဲ့။ မကြာခဏ ညွှန်းဆိုလေ့ရှိတဲ့ လစ်တဲလ်ဟေတီ (Little Haiti) ကတော့ တကယ့်ဟေတီလို မျိုး စိတ်မချမ်းသာစရာ ဖြစ်နေတာ တအံ့တသြ တွေ့ရတယ်လို့လဲဆိုပါတယ်။

နောက်ရှောင်ရမယ့် နေရာကတော့ ဟာဝိုင်ယီ က ၀ိုင်ကိကိ (Waikiki) ဖြစ်ပါသတဲ့။ လုံးဝ မသွားပါနဲ့၊ တကယ်လို့ မဖြစ်ဘူး ဆိုရင်တောင် အသာလေး အမြန်ဖြတ်သွားပါလို့ဆိုပါတယ်။ ရှိသင့်တာထက် အဆင့်ကျော်သတ်မှတ်ထားတဲ့ ဆူဆူညံညံ ဟိုတယ်တွေ ကအပြိုင်းအရိုင်း တခုအပေါ်တခုထပ် ထားသလိုဖြစ်နေ ပြီး ကမ်းခြေ ရဲ့ အလှတရားကိုတော့ ပြွတ်သိပ်ကျပ်နေတဲ့ အဆီတ၀င်းဝင်းလူအုပ်ကြီး တွေက ဖျက်ဆီးနေပါတယ်လို့ ဘလောက်ဂါတယောက်က ရှုံ့ချထားပါတယ်။

သန်းပေါင်းများစွာ သော အချို့လူတွေအတွက် စိတ်လှုပ်ရှားစရာ အပြည့်ဖြစ်ကောင်း ဖြစ်နေနိုင်ပေမယ့် နောက် ဘလောက်ဂါတယောက် ကတော့ ဒစ္စနေလဲန်း (All things Disney) ကိုရှောင်ဖို့ အကြံပြု ပါတယ်။ ဘာလို့လဲလို့မေးရင် သူ့အတွက် အတော့ အင်မတန်ရှည်လျားတဲ့ လူတန်းကြီး တွေနောက် မှာ တန်းစီရတာရယ်၊ ဈေးကြီးလွန်းတာရယ်၊ လူ့သမိုင်းတန်ဖိုးကို စုတ်ပြတ်လျော့ကျစေတဲ့ တိရိ စ္ဆာန်ရုပ်ရှင်တွေ ရယ် ကြောင့် လို့ဆိုပါသတဲ့။

အမေရိကား ပြင်ပ မှာတော့ ဖူးကက် (Phuket) ဟာ ခရီးသွား တိုးရစ်တွေ ကြားမှာ ရေပန်းစားလှပေမယ့် မက္ကဆီကို က နွားရိုင်းသတ်ပွဲတွေ၊ ပြိုင်ပွဲတွေ နဲ့ နာမည်ကြီးတဲ့ တီဟွားနား (Tijuana) လိုပဲ ထိုင်းနိုင်ငံ က တီဂျောင်းနား လို့ခံစားရပါ တယ်လို့ဆိုပါတယ်။ အမြဲလိုလို ပြည့်နှက်နေတတ်တဲ့ ဆူညံညံ အရိုင်းဆန်ဆန် အရက်ဘား တွေ ရယ်၊ ရွှေကြို တွေရဲ့ မွေထိုင်းလက်ဝှေ့ပွဲတွေ၊ ပင်ပေါင်ရိုက်ပွဲ တွေကို ကြည့်ဖို့ အသည်းအသန် မြှူဆွယ် ခြင်းခံရတတ်တဲ့ သနားစဖွယ် အလည်အပါတ် သမားတွေ တိုးရစ်တွေ နဲ့ပဲ ပြည့်နေတတ် လို့ပါတဲ့။

နောက် မသွားရမဲ့ တနေရာကတော့ ဗီယက်နမ်က နာထျန် (Nha Trang) ဖြစ်ပါသေးတယ်။ ကမ်းခြေ လှလှတွေနဲ့ ပင်လယ်စာကောင်းကောင်း ရနိုင်တဲ့ နေရာဆိုတာလဲ မှန်ပါတယ်။ ဒါပေမယ့် မြို့ကလေး မှာတော့ တနေ့ထက်တနေ့ ရွက်ကြမ်းရေကျို သာသာ အရက်ဘားတွေ မှာ ခြေပစ် လက်ပစ် ထိုင်နေတတ်သူတွေ နဲ့ အမြဲလိုလို ပြည့်နေတတ်တယ်လို့ စိတ်ပျက်စရာ ကောင်းလှပါသတဲ့။

နောက်ကျန်တဲ့ သွားမလည်ရမယ့် နေရာ နှစ်နေရာက တော့ နိုင်ငံတကာက ယမကာလုလင် တွေနဲ့ ရှုပ်ရှက်ခတ် နေတတ်တဲ့ ဘာလီ က ကုတ (Kuta, Bali) နဲ့ အီတလီ နိုင်ငံ ရောမမြို့နားက ကာလ်ကတာ (Calcata) ဖြစ်တယ်လို့ ဆိုထားပါတယ်။ အဲဒီမှာတော့ ဂန်ဂျာ သမားတွေ ဖောချင်းသော ချင်း တွေ့ရတတ်တဲ့ နေရာဖြစ်လို့ပါတဲ့။

တကယ်လို့ အဲဒီ နေရာတွေ သွားချင်တယ်ဆိုရင်တော့ ကိုယ့်ဒုက္ခကိုယ်ရှာ သွားပါလေရော့တဲ့။ သတိတော့ ပေးလိုက်ပါတယ် ဆိုပဲ။ အဲဒီခရီးသွား ဘလောက်ဂါတွေရဲ့ ဘလောက်မှာဆိုထား တာကိုပြောပါတယ်။ ။

ရည်ညွှန်း။ ။"Top Ten Places Make your Skin Crawl" by David Wilkening ကို အလျင်းသင့် သလို ပြန်ဆိုပါတယ်။

သက္ကရာဇ် ၂၀၁၀ အတွက် ကမ္ဘာ့အကောင်းဆုံးခရီး စဉ်ဒေသ ၁၀


Image taken from elliot.org

ပြင်ဆင်ချက်။ ။ Tijauna ကို အင်္ဂလိပ်လို တီဂျောင်းနား လို့ ထွက်ပေမယ့် မြန်မာပြည်က သူငယ်ချင်း တိုးအော်ပရေတာ ဘလောက်ဂါ တယောကက တီဟွားနား လို့ အသံထွက်ပါတယ် လို့ ထောက်ပြလာလို့ အချိန်မှီပြင် ရေးလိုက်ပါတယ်။

1 comments:

An Asian Tour Operator said...

Malware တွေကြောင့် ကွန်မန့်တွေ ဖြုတ်လိုက်ရကြောင်း တောင်းပန် စကား ဆိုပါရစေ။

Due to Malware Problems, I needed to remove all comments posted.

License

License
Thank you very much for visiting my blog. I really do. I am trying to write and share my knowledge, experience,information etc etc. I would be very much appreciated for your either encouraging or critical comments to my any post. Furthermore, some photos herein the posts are not mine and perhaps some information too. However I always try to credit or mention the courtesy of the respective owner and/or where I got it from. Anyway please leave your message anything regards to my blog or if you want to use any part of information from my blog. I would follow up thereafter your message, accordingly.
Contact: thomasjrlatt@gmail.com