Friday, February 11, 2011

ဘလောက် တကိုယ်ရေ သန့်ရှင်းကြောင်း

အခုတလော မှာ အိမ်အလုပ် ရော ရုံး အလုပ်ရော လုံးချာလည် လိုက် အောင်များ ပေသော်ငြားလဲ ပဲ ရတဲ့ အချိန်လေး မှာ ဘလောက် တကာ ရှောက်ဖတ်လိုက်၊ ပို့စ် အသစ်ကလေး တင်လိုက် နဲ့ တော်တော် ဟုတ်နေပါ့လား လို့ကိုယ်ဖာသာ ကျေနပ်နေတာ။ မလေးရှား မှာ တုန်းက လိုမျိုး အပြင် ထွက်စရာ မရှိတော့ အချိန် ရတဲ့ အခိုက်လေး တွေမှာ ကိုယ့်ဘလောက် ကိုဝင် လင့်ထားတဲ့ ဘလောက်တွေ ထဲ ပို့စ်အသစ် ကလေး တွေ့ရင် အပြေးအလွှား သွားဖတ်။ မန့်စရာ ရှိရင်၊ မန့်ဖို့စိတ်ပါရင် ၀င်မန့်။ စီဘောက် တွေမှာ နှုတ်ဆက် စကား ဘာညာသာ ၀င်ပြော။ အတော့် ကို ဟန်ကျနေတုန်း အစ်မကိ နဲ့ အဖြူရောင်နတ်သမီး ဘလောက် တွေမှာ မဲလ်ဝဲ Malware တွေ ကြောင့် အခက်အခဲ တွေ တွေ့တဲ့ အကြောင်း ပို့စ်တွေရော၊စီဘောက် တွေမှာ ပါ ဖတ်ရတော့ ဘာဖြစ်ပါလိမ့် ပေါ့။


နောက်မှ ကိုအောင် (ပျူနိုင်ငံ) ရဲ့ဘလောက် မှာ ပါအလေး အနက် ရေးထားတာ သွားတွေ့တော့ ငါ့ဘလောက် မှာ ရှိရင်တော့ ဒုက္ခပဲ၊ ကိုယ်က လဲ အိုင်တီနဲ့ ပါတ်သက်ရင် သူငယ်တန်းကြီး တောင် မအောင်သေးတော့ မလွယ်ဘူး ဆိုပြီး တွေးပူနေတုန်း
ကိုလင်းထက် က စီဘောက်မှာ စေတနာနဲ့ တခုတ်တရ လာ အကြောင်းကြား ကမှ ဘာလုပ်လို့ဘာ ကိုင်ရမှန်း မသိအောင် ပူသွားပါတော့တယ်။ ဘာလို့လဲဆိုတော့ နတ်သမီး က သူ့ဘလောက် ၀င်လို့ မရတဲ့သူတွေ အတွက် ဘလောက်အသစ် ချက်ချင်း ဆိုသလို လုပ်လိုက်တော့မှ ကျနော့် မှာ ဘာမှ ဘက်ကပ် သိမ်းထားတာ မရှိတာ သတိရတယ်။ သူများတွေလို အများကြီး တင်ထားတာ မရှိပေမယ့် ဘက်ကပ်သိမ်းထားတာ မရှိရင် အစ အဆုံး ဘယ်လိုပြန်လုပ်နိုင်မလဲ။

အခုတော့ မလေးမြေဘလောက် က ၀ိုင်းတော်သား အချင်းချင်း စိတ်ရှည်လက်ရှည် ကူညီပေးလို့ မနက် ၁ နာရီခွဲ လောက်မှာ အားလုံးရှင်းသွားပါပြီ။ လင့်၊ ပို့စ်၊ ကွန်မန့် နေရာစုံက မဲလ်ဝဲလ် ရော စပန်း တွေပါကင်းရှင်းသွားပါပြီ။ အားလုံးကို တောင်းပန်ချင်တာက လောလောဆယ် ကျနော့် ဘလောက် ကနေ လင့်ထားတဲ့ ဘလောက် တွေကို ခဏ တော့ ဖြုတ်ထား ပါရစေ။ နောက်အားလုံး အခြေအနေ တည်ငြိမ်တဲ့ အချိန်မှ အားလုံးပြန်လင့်ပါမယ်။ ကွန်မန့်တွေကလဲ ကူးတတ် တာဖြစ်လို့ လောလောဆယ် ကွန်မန့်လဲ ပိတ်ထား ပါလို့ အကူအညီပေးတဲ့ မလေးမြေ ၀ိုင်းတော်သား က တိုက်တွန်းတဲ့ အတွက် ပိတ်ထားပါရစေ။ မဲလ်ဝဲလ် အကြောင်း သတိပေးပို့စ်ရေးတဲ့ ကိုအောင် နဲ့ အစ်မကိကိ၊ အထူးတလည် လာရောက် သတိပေးတဲ့ ကိုလင်းထက် တို့ကိုကျေးဇူးတင်ပါတယ်။ အစ အဆုံး ကူညီပေးတဲ့ မလေးမြေ က သူငယ်ချင်း ကတော့ အမြဲလို အကူအညီ ပေးနေရတဲ့ အတွက် ဘာနဲ့ကျေးဇူးတင် ရမှန်း တောင် လောလောဆယ် မစဉ်းစားရသေးပါဘူး။ :P

စိတ်မကောင်းစရာ တခု ကတော့ ဘလောက်တော်တော်များများ မှာ ဖြစ်နေတယ် ဆိုတာနဲ့ တချို့ ခင်မင်ရင်းနှီးရသူ ဘလောက် တွေမှာ ကျနော့်ဘလောက် ထက်အဆ ပေါင်းများစွာ ဆိုးနေတယ် ဆိုတာပါပဲ။ အားလုံး နီးစပ်ရာ အသိပေး ကူညီ ကြပါဦး။ ။

0 comments:

License

License
Thank you very much for visiting my blog. I really do. I am trying to write and share my knowledge, experience,information etc etc. I would be very much appreciated for your either encouraging or critical comments to my any post. Furthermore, some photos herein the posts are not mine and perhaps some information too. However I always try to credit or mention the courtesy of the respective owner and/or where I got it from. Anyway please leave your message anything regards to my blog or if you want to use any part of information from my blog. I would follow up thereafter your message, accordingly.
Contact: thomasjrlatt@gmail.com