Wednesday, March 17, 2010

သက္ကရာဇ် ၂၀၁၀ အတွက် ကမ္ဘာအကောင်းဆုံး ခရီးစဉ်ဒေသ (၁၀)

၂၀၁၀မှာ ကမ္ဘာတ၀ှမ်းကလူတွေဟာ ခရီးသွားတာက တကယ့်ကို တန်ရာတန်ကြေး ဟုတ်ရဲ့လား ကိုယ်ပေးလိုက်ရတဲ့ ငွေနဲ့ရ တဲ့ ခရီးသွား အတွေ့အကြုံ တန်မှာလားဆိုတဲ့မေးခွန်းမျိုး မေးပြီးမှ စီစဉ်ကြမှာ ဖြစ်ပါတယ်။ ကမ္ဘာ့စီးပွားပျက် ကပ်ဟာ တလူးလူး တလှိမ့်လိမ့်နဲ့ ပြီးဆုံးချိန် နီးပြီဖြစ် ပေမယ့် ခရီးသွားလုပ်ငန်းတွေ အဖို့ တပ်လှန့်သံချောင်း ကျယ်ကျယ်ခေါက်သံ ကို ယမန်နှစ် ကတည်းက ကြားခဲ့ရပြီးဖြစ်ပါတယ်။ ခရီးသွားတွေ ဟာ ပေးရတဲ့ပိုက်ဆံထက် ပိုတဲ့ခရီးသွား အရသာလို ချင်ရုံတင် မဟုတ်တော့ ပဲ တသက်မှာ တခါ ဆိုသလိုမျိုး (once-in-a-lifetime experience) အတွေ့အကြုံမျိုး ကိုပါ တဖြည်းဖြည်း မျှော်လင့်တတ်နေကြပါပြီ။ ဒီဆောင်းပါးရှင် ခရစ္စတိုဖာ အိုထူးလ် (Christopher O'Toole) ဟာ အဲဒီအမြင် ကို အခြေပြု ပြီး Travelbite ခရီးသွားမဂ္ဂဇင်း က အယ်ဒီတာ နာတာရှာဗွန်ဂဲလ်ဒါန်း (Natasha von Geldern) စုစည်းထားတဲ့ "သက္ကရာဇ် ၂၀၁၀ အတွက် ကမ္ဘာအကောင်းဆုံး ခရီးစဉ်ဒေသ (၁၀)" ကို သင့်တော်သလို တင်ပြ ထားတာဖြစ်ပါတယ်။

၁။ ဘရာဇီး (Brazil)

ကမ္ဘာ့အကြီးဆုံး အထင်ကရ အားကစားပွဲကြီး ၂ ပွဲ ဖြစ်တဲ့ ဖီဖာကမ္ဘာ့ဖလား ၂၀၁၄ (FIFA World Cup 2014) နဲ့ ၂၀၁၆ အိုလံပစ် အားကစားပွဲတော် ကိုအခြေခံ ပြီးဆိုရရင် ဘရာဇီးဟာ လာမယ့်နှစ်အတွက် ခရီးသွားရေဒါမှာ ပေါ်နေပါပြီ။ ဘရာဇီးဟာ လူမှူဘ၀၊ သဘာဝအခြေခံနဲ့ စွန့်စားလိုသူတို့အတွက် ကတော့ အကောင်းဆုံး ခရီးစဉ်ဒေသထဲမှာ ပါ ပါတယ်။ ကမ္ဘာ့သက်တမ်းအရင့်ဆုံး အမေဇုံသစ်တောကြီး နဲ့သဘာဝပင်လယ်ကမ်းခြေ တွေလဲ ရှိတယ် မဟုတ်လား။ ခရီးသွားတွေကတော့ ဘရာဇီးရဲ့ သဘာဝတို့၊ ညရှုခင်း နဲ့ လူပြောများလှတဲ့ ကာနီဗယ် (Carnival) ပွဲတော်တွေကို သဘောခွေ့လေ့ရှိကြတာပါပဲ။ ဟိုတယ်ကောင်းကောင်းသေးသေးအသစ် ကလေးတွေ၊ သစ်တော ဘိုတဲအသစ် ကလေးတွေ ဘရာဇီးရဲ့ အဓိက ခရီးစဉ်ဒေသတွေမှာ မှိုပေါက် သလို ပေါက်နေကြတာ ကလဲ ဘရာဇီးကို ခရီးသွားမြတ်နိုးသူတွေ ရဲ့စာရင်းထဲမှာ ပါဖို့အကြောင်းတွေပါပဲ။


Brazil, Iguacu Falls (Digital Vision/Getty Images)

အစ်ဂွါကု ရေတံခွန် - ဘရာဇီး (Brazil, Iguacu Fall) (Digital Vision/Getty Images: Compiled by Christopher O'Toole)



၂။ အမေရိကန် (United States)

နိုင်ငံရေးပေါ်လစီမကြိုက် လို့ အမေရိကန်ရဲ့ ပရိတ်သတ် ဖြစ်ချင် တိုင်းဖြစ် ခွင့် မရသူတွေသမ္မတသစ် အိုဘားမားရဲ့ စံနက် ကြောင့်ဖြစ်နိင်ကြပါပြီ။ ဒီကျယ်ပြောလှတဲ့နိုင်ငံကြီးမှာ လူတိုင်းအတွက် တခုခုတော့ရှိနေပြီးသား။ ဥတ အမျိုးသားဥယျာဉ်များ (National Parks of Utah) ကနေ ပူပြင်းတောက်ပတဲ့နေရောင်အောက်က ဖလော်ရစ်ဒါ အထိပဲစိတ်လွတ်ကိုယ် လွတ်ကားမောင်းသွားဦးမလား။ တကယ် လို့နယူးယောက် (New York City) ကို ရောက်ဖူးတယ်ဆိုရင် ပင်စယ်ဘေးနီးယားက ဖီးလက်ဒယ်ဖြ မြို့ (Philadelphia, Pennsylvania) မှာပဲခဏနားမလား။ အဲဒီမြို့ဟာဆိုရင်အင်မတန့်ကိုလမ်းလျှောက်လို့ ကောင်းပြီး ယဉ်ကျေးမှုသမိုင်းနောက်ခံ ရှိပြီးပျော်ရွှင်စရာအပြည့် နဲ့ စိတ်ရင်းကောင်းတဲ့မြို့လေးပါ တဲ့။

Vermilion Cliffs Wilderness, Utah (Scott T. Smith/Corbis)

ဗာမီလီယွန်တောင်ခြေ - ဥတအမျိုးသားဥယျာဉ်များ Campers in Buckskin Gulch, Paria Canyon, Vermilion Cliffs Wilderness, Utah. (Scott T. Smith/Corbis - Compiled by Christopher O'Toole)


Ellfreth's Alley, Philadelphia (Everett C. Johnson/Gartman Agency)

၁၈ ရာစု အငွေ့ အသက်နဲ့ ဖီးလက်ဒယ်ဖြ မြို့ Ellfreth’s Alley, Philadelphia, Pennsylvania, is the oldest residential street in continuous use in the United States, dating to the early 18th century.(Everett C. Johnson/Gartman Agency - Compiled by Christopher O'Toole)

၃။ အိုက်စလဲန် (Iceland)

ဈေးပေါပေါနဲ့လည်လို့ရတဲ့နိုင်ငံထဲမှာ တော့ မပါဘူး ဒါပေမယ့် အခုတော့ တနှစ်ထက် တနှစ် ခရီးသွားဧည့်သည် တွေပိုရောက် လာကြပါပြီ။ ၂၀၁၀ မှာ မြောက်ဝင်ရိုးစွန်း အလင်းတန်း (Aurora Borealis) ကို မြင် ဖို့ အခွင့်အလမ်း အိုက်စလဲန် မှာ ပေါ်ပေါက်မှာ ဖြစ်ပါတယ်။ တကယ်တော့ အဲဒီ မြောက်ဝင်ရိုးစွန်း အလင်းတန်း ဟာ မိခင်သဘာဝကြီးရဲ့ အလှဆုံး အထူးဆန်းဆုံး အရာထဲမှာ ပါတယ် ဆိုတာ ငြင်းစရာ မရှိပါဘူး။ အိုက်စလဲန်ရဲ့ပေါကြွယ်လှတဲ့ စာပေသမိုင်းကြောင်း ကို လေ့လာမလား ဒါမှ မဟုတ် ရေးဂျက္ကဗစ် (Reyjkavik) မှာ ပဲအပန်းဖြေမလား အခုလို ဈေးသက် သက် သာသာ နဲ့လာရောက် လည် ပတ်ဖို့ အခွင့် အရေး မျိုး အရင် ကမရှိခဲ့သေးပါဘူး။

Reykjavik, Iceland (Michael Funk; The Image Bank/Getty Images)

အရောင်စုံ ရေးဂျက္ကဗစ်မြို့ က အိမ်ကလေးများ Brightly colored houses, Reykjavik, Iceland, church in background. (Michael Funk; The Image Bank/Getty Images - Compiled by Christopher O'Toole)

Reykjanesbaer, southwestern Iceland (Credit: Blaine Harrington III )

ရေပူစမ်း Swimmers in hot springs with geothermal power plant in background, near Reykjanesbaer, southwestern Iceland. (Credit: Blaine Harrington III - Compiled by Christopher O'Toole)

၎။ ကျူးဘား (Cuba)

တချိန်ကအမေရိကန် အစိုးရ အနေနဲ့ ခရီးသွားခြင်းနဲ့ စီးပွားရေး ပိတ်ဆို့မှုမျိုး ကျူးဘား အပေါ်အရေးယူခဲ့ ပေမယ့် သာယာတဲ့စီးချက် သံစဉ်တွေဟာ အမေရိကန် ခရီးသွားတွေ ကြားမှာ တနေ့တခြားရေပန်းစားလာခဲ့ပါပြီ။ ဒါပေမယ့် အမေရိကန်တွေ အတွက် စိတ်အနှောက် အယှက်ဖြစ် စရာ ခရီးစဉ် ဒေသတခု အဖြစ် ကနေတော့ မတက် သေးပါဘူး။ ကျူးဘားမှာ ကိုယ့်အစီအစဉ်နဲ့ ကို သွားတာ ဟာဈေးသက် သာပါတယ်။ အထူးသဖြင့် ဟုမ်းစတေး (Homestay) နေမယ်ဆိုရင် အစိုးရအသိအမှတ်ပြုနေရာ မှာ တစ်ညကို ၁၅ ပေါင် လောက်ပဲကျပါတယ်။ ဟာဗားနား (Havana) မှာ အကောင်းဆုံးမိုဂျိတို (Mojito) ရှာသောက်ပြီး ထရီဒက်အကလေးနဲ့ ၁၀၀%ကျူးဘားဆေးပြင်းလိပ် ကလေးခဲတတ်မယ်ဆိုရင်တော့ အတိုင်းထက် အလွန်ပေါ့ ။

Morro Castle, Havana, Cuba (Credit: AISA)

၁၆၄၀ မှာ အပြီးသတ် တည်ဆောက်ခဲ့တဲ့ မိုရို ရဲတိုက် Morro Castle (Castillo del Morro), completed in 1640, on the northern side of the port entrance to the bay, Havana, Cuba. (Credit: AISA - Compiled by Christopher O'Toole)

Vinales Valley, Cuba (Credit: Dusan Zidar/Shutterstock.com)

ဆေးရွက်ကြီးခင်း In the Vinales Valley, Cuba men work on the tobacco field. (Credit: Dusan Zidar/Shutterstock.com - Compiled by Christopher O'Toole)


၅။ တောင်အာဖရိက (South Africa)

ဘောလုံးအကြောင်းပဲဆက်ရရင် ဖီဖာကမ္ဘာ့ဖလားပွဲက ၂၀၁၀ မှာ တောင်အာဖရိကနိုင်ငံ မှာကျင်းပမှာ ဖြစ်ပါတယ်။ တောင်အာဖရိက ဟာဒီပွဲ အတွက် ငွေကြေး တော်တော်အကုန် အကျခံ အားထုတ် ထားပါတယ်။ ဒီ အချိန်မှာ ခရီးသွားရင် တော့ အဲဒီမဟာ အခွင့်ထူး ကြီးကို ကြုံတွေ့ ခံစားရမယ် လို့ ဆိုပါတယ်။ ကိတ်တောင်း မြို့ နားမှာ ပဲ တောင် ကလပ် ကို ကြည့်မလား ဒါမှမဟုတ် ၀ိုင် တိုး (wine touring) လုပ်မလား၊ ငှက်ဖျားကင်းစင် သဘာဝဥယျာဉ်မှာ (Big 5 Tour) လုပ်မလား စိတ်လှုပ်ရှား စရာ အတွေ့အကြုံ အသစ် တွေ ဖြစ်မှာ ပါပဲတဲ့။ ကမ်းခြေမှာ အပန်းဖြေဖို့ အတွက် ကတော့ နွေးသမဇုံထဲက ကွဇုလု (Coast of KwaZulu Natal) ကမ်းခြေက ပင်လယ်ရေဟာ ၂၃ ဒီဂရီရှိတာ မို့ တနှစ်ပတ်လုံးအပန်းဖြေနားနေဖို့ အကောင်းဆုံးပါပဲတဲ့။

Blyde River Canyon, South Africa (Credit: John Lamb; Stone/Gett Images)

ဘလိုက် မြစ်ကျဉ်းတောင် ကြား Blyde River Canyon, Drakensberg,Transvaal, South Africa. (Credit: John Lamb; Stone/Gett Images - Compiled by Christopher O'Toole)


Kruger National Park, South Africa (Credit: Chris Kruger/Shutterstock.com)

အာဖရိက သစ်ကုလားအုပ် -ကရပ်ဂျာသဘာဝဥယျာဉ် Giraffe in the bushveld of Kruger National Park, South Africa. (Credit: Chris Kruger/Shutterstock.com - Compiled by Christopher O'Toole)

၆။ လန်ဒန် (London)

အရင်ကထက် လန်ဒန် ဟာနိုင်ငံတကာခရီးသွားတွေ အတွက်ပိုပြီးသင့်တင့်လျောက်ပတ်တဲ့ကုန်ကျစားရိတ် မျိုးနဲ့ သွားနိုင်လာနိုင် လာပါပြီ။ Travelbite ခရီးသွားမဂ္ဂဇင်း က အယ်ဒီတာ နာတာရှာဗွန်ဂဲလ်ဒါန်း (Natasha von Geldern) ကအဲဒီအချက် ကြောင့်သက္ကရာဇ် ၂၀၁၀ အတွက် ကမ္ဘာအကောင်းဆုံး ခရီးစဉ်ဒေသ (၁၀)" မှာ စာရင်းထည့်ထားတာပါတဲ့။ ဒေသခံတွေ အတွက် အစစအရာဈေးနှုန်းတွေ သက်သာလာတာ ကိုသတိထားမိမှာ မဟုတ်ပေမယ့် အင်္ဂလန်ဟာ ကမ္ဘာ့စရိတ် အကြီးဆုံး ခရီးစဉ်ဒေသထဲမှာ တော့မပါတော့ပါဘူး။ ညွှန်းဆိုခြင်းများ စွာနဲ့လန်ဒန်ဟာ အလွန်ရှေးကျတဲ့ ပန်းခြံတွေ၊ ကမ္ဘာ့အထင်ကရ ပြတိုက် တွေနဲ့ ကပွဲရုံတွေ၊ ရှော့ပင်းစင်တာ တွေဟာ မြို့ပြအရသာအပြည့်အ၀ပါပဲတဲ့။

River Thames, London (Credit: Sandy Stockwell; London Aerial Photo/Corbis)

သိမ်းမြစ်ပေါ်က ၀က်စ်မင်နစ္စတာ တံတား River Thames with Westminister Bridge (centre), Houses of Parliament (lower left), London Eye — the largest Ferris Wheel in Europe (centre left), and Waterloo Station (centre right). (Credit: Sandy Stockwell; London Aerial Photo/Corbis - Compiled by Christopher O'Toole)

Trafalgar Square, London (Credit: Dennis Marsico)

ထရာဖယ်လ်ဂါစကွဲယား က လမ်းဘေးပန်းချီဆရာ Sidewalk artists in Trafalgar Square, London. (Credit: Dennis Marsico)

၇။ နီပေါ (Nepal)

ကမ္ဘာ့အကောင်းဆုံး တောင်တက် အတွေ့အကြုံကို ဒဏ္ဍာရီ ဆန်တဲ့နီပေါဘုရင့်နိုင်ငံမှာ မကြုံချင်တဲ့ တောင်တက် ခရီးသွားဧည့်သည်ရှိနိုင်မယ်လို့ထင် ပါသလားတဲ့။ လွန်ခဲ့တဲ့ ဆယ်စုနှစ် ကတည်းက သက်ဦးဆံပိုင်ဘုရင်စံနစ်မရှိတော့ပေမယ့် စိတ်လှုပ်ရှားဖွယ်တောင်တက် ခရီးစဉ်တွေကတော့နီပေါမှာ ရှိနေပါသေးတယ်။ ဆောင်းပါးရှင်ဟာ နီပေါကို လာလည်မယ့် ခရီးသည် အရေအတွက်ကို တောင်၁၉၉၀ ပြည့်နှစ်များ က ပမာဏအထိပြန်ရောက် ဦးမယ်လို့ခန့်မှန်းထားပါတယ်။ ဧ၀ရက်တောင် ခြေစခမ်းကိုသွားရာ လမ်းမှာ အမြဲလို လို ရှုပ်ရှက်ခတ်ပြီး ပြည့်နေတတ်လို့ပြဿနာရှိတတ် ပေမယ့် ခမ်ဘူ (Khumbu) က ဂိုကျို (Gokyo Trek) တောင်တက် ခရီးစဉ် မျိုး ကိုစီစဉ်ဖို့ အကြံပြုပါတယ်။ အဏ္ဏပူရန ဒေသမှာ အမြဲလိုလို လမ်းအသစ် ဖေါက်လို့ ပြောင်းလဲ နေတတ်ပေမယ့် အဏ္ဏပူရနဘေးမဲ့တော ခရီးစဉ် အပါအ၀င် ထိပ်တန်းတောင်တက် ခရီးစဉ်မျိုး ကတော့ အများကြီးရနိုင်ပါသေးတယ်။

Nepal, Annapurnas Region (Credit: Franck Guiziou/Getty Images)

အဏ္ဏပူရနဘေးမဲ့တော ကာလီဂန္ဒကီကြိုးတံတား Nepal, Annapurnas Region, a suspension footbridge above the Kali Gandaki River. (Credit: Franck Guiziou/Getty Images - Compiled by Christopher O'Toole)

Kathmandu, Nepal (Credit: Paula Bronstein; Stone/Getty Images)

ခတ္တမန္ဒူ မြို့အနီးလယ်တော A woman sifting grains near Kathmandu, Nepal. (Credit: Paula Bronstein; Stone/Getty Images - Compiled by Christopher O'Toole)


၈။ မဲလ်ဘုန်း (Melbourne)

လေကြောင်းလိုင်းတွေရဲ့ခရီးစဉ် အသစ်တွေဟာ မဲလ်ဘုန်းကို ဆစ်ဒနီထက် ပိုပြီး ခရီးသွား ဧည့်သည်တွေကို စွဲဆောင်ပါတယ်။ သြစတေးလျ ရဲ့ ယဉ်ကျေးမှုနဲ့ ပွဲတော်မြို့ဖြစ်တဲ့မဲလ်ဘုန်းဟာ ခေတ်မှီဥရောပစတိုင် နဲ့အေးဆေးတည်ငြိမ်တဲ့ သြဇီအငွေ့ အသက် ရောပြွန်းနေတာပါ။ အီတာလျံစာ ကို လုင်ဂွန်လမ်း (Lygon Street) မှာ စားပြီး ခရီးစဉ်ကို မဲလ်ဘုန်းရဲ့အထင်ကရ အားကစားပွဲတခုခုနဲ့ တိုက်ဆိုင် ပြီးသွားဖို့ဆောင်းပါးရှင်က တိုက်တွန်းထားပါတယ်။

Melbourne, Australia (Credit: Glen Allison;Photodisc Green/Getty Images)

ပီဒက်စထျိန်း တံတား Pedestrain Bridge in Melbourne, Australia. (Credit: Glen Allison;Photodisc Green/Getty Images - Compiled by Christopher O'Toole)


၉။ ဟောင်ကောင် (Hong Kong)

ကမ္ဘာလှည့်ခရီးသွားတွေဟာ ဒီလောက်ပျော်စရာ အပမ်းဖြေစရာ အပြည့် နဲ့ဟောင်ကောင်ကို ၂ရက်ထက် မပိုသင့်တဲ့ ခရီးစဉ်ခဏရပ်နား ရာစတော့အိုဗာမြို့ (Stopover destination) အဖြစ် မကြာခဏအထင်ရောက် လေ့ရှိပါတယ်။ အရောင်တောက်ပတဲ့ မှန်ချပ်တွေနဲ့ မိုးထိမျှော်စင် တွေကနေ ဗစ်တိုးရီးယားတောင်ထိပ် (Victoria Peak) က သာယာတဲ့ မိုးသစ်တောပင်တွေအတွင်း စားပဲစားမလား၊ ရှော့ပင်းလုပ်မလား လည်ပတ်စရာ တပုံတပင်ပါပဲတဲ့။ ဒေါ်လာနဲ့လည်လို့ရတဲ့ ခရီးစဉ်ဒေသတွေ ဟာလည်ဖို့ ကောင်းလေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ ဒေါ်လာဈေးအတက် အကျကို ခံစားခွင့်ရလို့ပါ။ ဒါဟာလဲ ဟောင်ကောင် ကို လည်ဖို့အကြောင်းပြချက် ကောင်းတခုပါ။


Hong Kong skyline and harbor (Credit: Digital Vision/Getty Images)

ဟောင် ကောင် စကိုင်းလိုင်း နှင့် ဆိပ်ကမ်း Hong Kong skyline and harbor (Credit: Digital Vision/Getty Images - Compiled by Christopher O'Toole)

Hong Kong (Credit: Goodshoot/Getty Images)

ရှုပ်ထွေးလှတဲ့ ဟောင်ကောင်ကလမ်း တလမ်းမြင်ကွင်း Street scene, Hong Kong. (Credit: Goodshoot/Getty Images - Compiled by Christopher O'Toole)

၁၀။ ကာဂျစ်စတန် (Kyrgystan)

စွန့်စားမှုတွေကို ကြိုက်တဲ့ကမ္ဘာလှည့်ခရီးသွား တွေကို ကာဂျစ်စတန်ကို လည်ဖို့ တိုက်တွန်းထားပါတယ်။ တသက်မှာ တခါဆို သလိုမျိုး အတွေ့ အကြုံ ရနိုင်ပါတယ် ဆိုပြီးသူရောက်ဖူးတဲ့ ကာဂျစ်စတန်ကို ညွှန်းဆိုထားတာပါ။ နိုင်ငံရဲ့ ၉၃ရာခိုင်နှုန်းရှိတဲ့ တောင်ကုန်းတောင်တန်းတွေဟာ လှပတဲ့တောင်တန်းရှုခင်းတင် မကပဲ စွန့်စားမှုခရီးစဉ်မျိုးကို ပါစီစဉ်လို့ ရနိုင်ပါတယ်။ ကာဂျစ်စတန်ဟာ အာရှ အလယ်ပိုင်း က "စတန်" နဲ့ဆုံးတဲ့ နိုင်ငံထဲမှာခရီးသွားဖို့ အကောင်းဆုံးပါ။ ဗီဇာမလိုပဲ ယူကေ ကနေ မြို့တော် ဘစ်ရှ်ခက် (Bishkek) ကိုတိုက်ရိုက်လေယာဉ်နဲ့ လည်ပတ်လို့ရပါတယ်။ ကာဂျစ်စတန် ခရီးသွားလုပ်ငန်းတွေဟာ အကောင်းဆုံးနေရာတွေ နဲ့ နွေးထွေးပျူငှာ တဲ့ကာဂျစ်လူမျိုး တွေအကြားခရီးသွားဖို့ အဓိကအဆက် အသွယ်တွေပါပဲ။

Dolon pass, Kyrgyzstan (Credit: Chris Sattlberger; Panos Pictures)

တောင်ကုန်းပြင်မြင့်များကြားက စားကျက်တခု မြင်ကွင်း A lone yurt is dwarfed by surrounding peaks in the Dolon pass of a mountain range in Kyrgyzstan. (Credit: Chris Sattlberger; Panos Pictures - Compiled by Christopher O'Toole)

Kyrgyz Range near Bishkek, Kyrgyzstan (Credit: David Tomlinson/NHPA)

ထျန်ရှန်းတောင်တန်း မှတောင်ကျစမ်းချောင်း Rocky streambed in the Kyrgyz Range of the Tien Shan, near Bishkek, Kyrgyzstan. (Credit: David Tomlinson/NHPA - Compiled by Christopher O'Toole)

***

ဝန်ခံချက်။ ။ ဒီပို့စ်ဟာ ဒီဆောင်းပါးရှင် ခရစ္စတိုဖာ အိုထူးလ် (Christopher O'Toole) ရဲ့ ဆောင်းပါး ကို အခြေပြု ပြီး Travelbite ခရီးသွားမဂ္ဂဇင်း က အယ်ဒီတာ နာတာရှာဗွန်ဂဲလ်ဒါန်း (Natasha von Geldern) စုစည်းထားတဲ့ "သက္ကရာဇ် ၂၀၁၀ အတွက် ကမ္ဘာအကောင်းဆုံး ခရီးစဉ်ဒေသ (၁၀)" ကို သင့်တော်သလို ဘာသာပြန် တင်ပြ ထားတာဖြစ်ပါတယ်။ အင်တာနက် မှဒီဆောင်းပါး ကို ခရီးသွားဝက်ဆိုက် တော်တော်များများ က ကူးယူပြီး တင်ထားကြတာတွေ့ပါတယ်။ ကျွန်တော်က တော့မူရင်းဆောင်းပါး ကိုပဲကြည့်ပြီး အရင်းအတိုင်းလောက် နီးနီးမှီငြမ်းပြန်ဆို တာပါ။ ဓါတ်ပုံတွေကိုလည်း မူရင်းဆောင်းပါးရှင် စုစည်းထားတဲ့ အတိုင်းဖေါက်သည်ချလိုက်ပါတယ်။ တစုံတရာအမှား အယွင်းပါရင်ကျွန်တော့်ရဲ့ညံ့ဖျင်းမှု တခုတည်းကြောင့်သာ လို့ ဆိုပါရစေ။ AATO

Image of cotoole


1 comments:

mabaydar said...

မဗေဒါလို ခရီးသွားရတာ ၀ါသနာပါတဲ့သူအတွက်ကတော့ နေရာတွေအားလုံးကတော့ သွားချင်စရာတွေချည်းပဲ... Iceland ဆိုတာကို ဖတ်ပြီး အရိုးထိတောင် ချမ်းသွားတယ်... ဒါပေမဲ့ အဲဒိနေရာကို အသွားချင်ဆုံးပဲ... ၂၀၁၀ထဲတော့ အဲဒိနေရာတွေ တစ်ခုမှ ရောက်မှာမဟုတ်သေးဘူး... အခွင့်ရှိရင်တော့ တစ်နေ့နေ့ပေါ့...

License

License
Thank you very much for visiting my blog. I really do. I am trying to write and share my knowledge, experience,information etc etc. I would be very much appreciated for your either encouraging or critical comments to my any post. Furthermore, some photos herein the posts are not mine and perhaps some information too. However I always try to credit or mention the courtesy of the respective owner and/or where I got it from. Anyway please leave your message anything regards to my blog or if you want to use any part of information from my blog. I would follow up thereafter your message, accordingly.
Contact: thomasjrlatt@gmail.com