Tuesday, February 1, 2011

မီးလျှံ နိုင်ငံ


ဂျာဗားကျွန်း အရှေ့ဖျား က နာမည်ကျော် မီးတောင်ရှင် ဂန်နွန်ဘရိုမို (Gunung Bromo) ကြောင့် အင်္ဂါနေ့ မှာ အရေးပေါ်ရပ်နားလိုက်ရ တဲ့လေယာဉ် ခရီးစဉ် အားလုံး တနင်္ဂနွေနေ့ မှာ ခရီးစဉ် အချိန်ဇယားအတိုင်း ပြန်လည် လည်ပါတ်နေပါပြီ။ မီးတောင်ရှင် ဘရိုမို ကနေ ပေါက်ကွဲလွင့်ထွက် လာတဲ့ ပြာပူတွေ၊ ချော်မှုန်ချော်ခဲ တွေ ရောနေတဲ့ မီးခိုး ထုကြီး ဟာ ထက်ဝန်းကျင် တခွင်ကို ပေထောင်ပေါင်း များစွာ လွင့်ထွက် ပြီး ကြီးမား မည်းမှောင်တဲ့ တိမ်ဆိုင် တိမ်ခဲ များသဖွယ် ဖြစ်တည် ပြီး ကောင်းကင်ယံမှာ ရက် အနည်းခန့် ပျံ့နှံ့ နေခဲ့ပါတယ်။ အကျိုးဆက် က အနီးပါတ်ဝန်းကျင် မှာရှိတဲ့ မြို့တချို့ ကို အဆက်အသွယ်ပြတ်တောက်စေတာပါပဲ။ အထူးသဖြင့် ဂျာဗားကျွန်း မကြီး အရှေ့ပိုင်း က ဆုဒဗာယ မြို့ (Sudabaya) နဲ့ အင်ဒိုနီးရှားရဲ့ နာမည်ကျော် အပန်းဖြေစခန်း ရှိရာ ဘာလီ ကျွန်း နဲ့ လေကြောင်း အဆက်အသွယ် ခေတ္တပြတ်တောက်စေခဲ့ပါတယ်။

အင်္ဂါနေ့ကတော့ သြစတေးလျ က ဗာဂျင်းဘလူး လေကြောင်းလိုင်း (Virgin Blue Airs) အပါအ၀င်၊ ကာတာ အဲယားဝေး (Qatar Airways)၊ ဂျက်စတား အဲယား (Jetstar)၊ ကာသေးပစိဖိတ် (Cathay Pacific)၊ စင်္ကာပူ လေကြောင်းလိုင်း (Singapore Airlines)၊ တရုတ် လေကြောင်း (China Airlines)၊ ကိုရီးယားလေကြောင်း (Korean Airways) နဲ့ ရွိင်ရယ်ဒတ်ခ်ျ လေကြောင်းလိုင်း (KLM) တို့က လေယာဉ်ခရီးစဉ်ပေါင်း ၃၀ ကျော် အရေးပေါ်ဖျက်သိမ်းလိုက်လို့ သြစတေးလျ နိုင်ငံသား အများစု ပါဝင်တဲ့ တိုးရစ် ၁၀၀၀ ကျော် ဟာ လေဆိပ်ကနေ ဟိုတယ် အသီးသီး ကို ပြန်သွားရပါတယ်။

်အင်ဒိုနီးရှား နိုင်ငံဟာ ကီလိုမီတာ ၄၀၀၀၀ ကျော်ရှိတဲ့ ပစိဖိတ် မီးလျှံစက်ကွင်း (Pacific Ring of Fire) မှာရှိနေတဲ့ အတွက် အချိန်မရွေးပေါက်ကွဲစေ နိုင်တဲ့ မီးတောင် ရှင်တွေ နဲ့ ကြီးမားပြင်းထန်တဲ့ ငလျင်ကြီး တွေ ဖြစ်ပေါ်မှု့ကို အမြဲခါးစည်း ခံရတဲ့ နိုင်ငံတ နိုင်ငံဖြစ်ပါတယ်။ စာရင်းအရ အင်ဒိုနီးရှား ရဲ့ကျွန်း အနှံ့ မှာ အရွယ်အစား အမျိုးမျိုး၊ အဆင့်အသီးသီး ရှိတဲံ မီးတောင်ပေါင်း ၁၅၀ ကျော်ရှိပါတယ်။ အဲဒီအထဲမှာ ဂျာဗားကျွန်းမကြီး ပေါ်က ကီလွတ် (Gunung Kelut) နဲ့ ပြီခဲ့တဲ့ အောက်တိုဘာလ မှာ မှ နောက်ဆုံးပေါက်ကွဲခဲ့တဲ့ မာရာပီ (Gunung Merapi) တို့ဟာမကြာ ခဏပေါက်ကွဲလေ့ရှိတဲ့ နာမည်ကျော် မီးတောင်ကြီးတွေဖြစ်ပါတယ်။ လူပေါင်း ၃၅၀ ကျော်သေပြီး အမေရိကန်ဒေါ်လာ ၄၆၆.၇ မီလျံ ကျော်ပျက်စီး ဆုံးရှုံးခဲ့တဲ့ ပေါက်ကွဲမှု ဟာ ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့ကနေ နိုဝင်ဘာလ ၅ ရက်နေ့အထိ ၁၀ ရက်ကြာမြင့်ခဲ့ပါတယ်။


တကယ်တော့ ပစိဖိတ် သမုဒ္ဒရာ တလျောက် အာရှတိုက် မကြီး အရှေ့ဘက်ပိုင်း ကစပြီး အမေရိကတိုက် အနောက်ဖက် ကမ်းရိုးတန်း အထိ ကျယ်ပြန့်တဲ့ ပစိဖိတ် မီးလျှံစက်ကွင်း ဧရိယာ တခုလုံး မှာမှ အင်ဒိုနီးရှား နိုင်ငံတခု တည်းသည်သာ အန္တာရယ် အပေးနိုင်ဆုံး နဲ့ အများဆုံးမီးတောင် တွေရှိနေတာဖြစ်ပါတယ်။ အဲဒီ မီးတောင် တွေဟာ ကမ္ဘာ့ အပေါ်ယံ မြေလွှာထုကြီး ကို ထမ်းပိုးထားတဲ့ ယူရေးရှန်း ကျောက်ချပ်မကြီး (Eurasian Plate) နဲ့ အင်ဒို-သြတေးလျန်း ကျောက်ချပ်မကြီး (Indo-Australian Plate) တွေဆုံရာ နေရာ (Subduction Zones) ဖြစ်တဲ့ အင်ဒိုနီးရှား နိုင်ငံ တ၀န်း မှာ ဖြစ်ပေါ်တည်ရှိ နေရခြင်းပဲ ဖြစ်ပါတယ်။ အဲဒီမီးတောင် တွေအနက် မှာ မှ တချို့ မီးတောင် တွေရဲ့ ကမ္ဘာ့ရာသီဥ တု အပေါ်ကို ပါ အပြင်းအထန် သက်ရောက်စေတဲ့ ဖြစ်ရပ် တချို့ ကြောင့် အင်ဒိုနီးရှား ရဲ့ မီးတောင် တွေဟာ ကမ္ဘာ့ အရေးအပါဆုံး သတိထား စောင့်ကြည့်ရတဲ့ အရာတွေ ပဲဖြစ်ပါတယ်။ ခရစ်သက္ကရာဇ် ၁၈၈၃ ခုနှစ်မှာ ပေါက်ကွဲခဲ့တဲံ ကရာကတောက် (Gunun Krakatau) ကြောင့် ကမ္ဘာ့ရာသီဥတု ကို သက်ရောက်စေခဲ့ ပြီး တိုဗ (Lake Toba) ဟာ သူု့ ပေါက်ကွဲမှုကြောင့် ၆ နှစ်တိုင်တိုင် ဆောင်းရာသီ ကဲ့သို့ဖြစ်နေစေခဲ့ (Volcanic Winter) တဲ့ အဓိက တရားခံ ပဲဖြစ်ပါတယ်။ ခရစ်သက္ကရဇ် ၁၈၁၅ မှာ ပေါက်ကွဲ ခဲ့ တဲ့ တန်ဗိုရာ (Mount Tambora) ကတော့ ကမ္ဘာ့သမိုင်း မှာ ထိတ်လန့်ဖွယ် အဆိုးရွား အရက်စက် ဆုံးပေါက်ကွဲ မှု့ အဖြစ် မှတ်တမ်း တင်ရပါတယ်။ မီးတောင်ရှင်တန်ဗိုရာ ရဲ့ပေါက်ကွဲ မှု အကျိုးဆက် ကတော့ ၁၈၁၆ ခုနှစ် တခုလုံး ဥရောပ မြောက်ပိုင်း၊ အမေရိကန် နိုင်ငံ အရှေ့မြောက်ပိုင်းနဲ့ ကနေဒါ နိုင်ငံ အရှေ့ပိုင်းတို့ မှာ စားပင် သီးနှံ တို့ အကြီး အကျယ် ပျက်စီး ဆုံးရှုံးခဲ့ ပြီး နွေရာသီ မရှိတဲ့ နှစ် (Year Without Summer) လို့တောင် ပြောစမှတ် တွင်ခဲ့ရပါတယ်။

မီးတောင် ကြီး တွေ အပြင် ပစိဖိတ် မီးလျှံစက်ကွင်း ရဲ့ တခြား ၀ိသေသ လက္ခဏာ တွေ ကတော့ ပြင်းထန် တဲ့ ငလျှင် ကြီး တွေနဲ့ အဆိုပါ ငလျှင်ကြီး တွေကြောင့် ဖြစ်ပေါ်စေတဲ့ ဆူနာမီ ရေလှိုင်းကြီး (Tsunami) တွေပါတဲ့။ အဲဒီ ရေလှိုင်းကြီး တွေဟာ အမြင့် ပေ ၁၀၀ ကျော် (မီတာ ၃၀ ကျော်) ပြီး ပင်လယ်ပြင် ကနေ ကုန်းတွင်း ကို ဆင့်ကာ ဆင့်ကာ ၀င်ရောက်စေပြီး ရှိရှိသမျှ သက်ရှိသက်မဲ့ ၊ အဆောက် အဦ နဲ့ အပင် တွေ ကို လက်နဲ့ သပ်' ချ လိုက်သလို ရှင်းပြောင် သွားအောင် ဖျက်ဆီး နိုင်စွမ်း ရှိပါတယ်။ ကမ္ဘာ့ ကျောက်ချပ်လွှာကြီး တွေကြောင့် ဖြစ်ပေါ်လာတဲ့ သမုဒ္ဒရာ ရေ အောက် က ငလျင် လှိုင်း တွေဟာ ဆူနာမီ ရေလှိုင်း ကြီး တွေ အဖြစ် နီးစပ်ရာ ကုန်းတွင်းပိုင်း ကို အရှိန် နဲ့ တလိမ့်လိမ့် ၀င်ရောက်စေတာ ဖြစ်ပါတယ်။ ဆူနာမီ တွေအား လုံးရဲ့ ၈၀ ရာခိုင် နှုန်း ဟာ လဲ ပစိဖိတ်မီးလျှံစက်ဝိုင်း ပါပဲတဲ့။

Photograph by Deshakalyan Chowdhury/AFP/Getty Images

ပင်လယ် သမုဒ္ဒရာ ရေနက်ပိုင်း ကြမ်းပြင် အောက်မှာ ရှိတဲ့ ရေနက်ချောက် ကမ်းပါးကြီး တွေ ထဲမှာ ကျောက်ချပ် ကျောက်လွှာ ကြီး တွေ ပြို ကျမှု၊ ရွေ့လျား မှုတွေကြောင့် ဒါမှ မဟုတ် ရေနက်ပိုင်း အတွင်း မှာ ရှိနေတဲ့ ရေအောက် မီးတောင် ရှင်ကြီး တွေရဲ့ ပေါက်ကွဲ မှုတွေ ကြောင့် ကြီးမား ပြင်းထန်တဲ့ ငလျင် တွေ ဖြစ်ပေါ်စေပါတယ်။ အဆိုပါ ရေအောက် ငလျင်ကြီး တွေ ဟာ ရေလှိုင်း ကြီး များ ဖြစ်ပေါ်စေပြီး ဆူနာမီ ရေလှိုင်း အဖြစ် တနာရီ ကို မိုင် ၅၀၀ (၈၀၅ ကီလိုမီတာ) ဂျက်လေယာဉ် တစင်း ရဲ့ အမြန်နှုန်း မျိုး နဲ့ ကမ်းခြေ ကို ရိုက်ခတ်လာ မှာ ဖြစ်ပါတယ်။ ပစိဖိတ် သမုဒ္ဒရာ ရဲ့ ဟိုဘက် ဒီဘက် အနားသတ် နှစ်ခု ကို တရက် မကြာ ပဲရောက် လာမှာ ဖြစ်ပါတယ်။ အလွန် ဝေးကွာ တဲ့ နေရာ နှစ်ခု ဖြစ်ပေမယ့် တနေရာ က တနေရာ ကို ရောက်ဖို့ ကြားမှာ အရှိန် မဆိုသလောက် ကလေးပဲ လျော့စေမှာပါ။

မီးတောင် ပေါက်ကွဲမှု တွေ၊ ငလျင်ကြီး တွေနဲ့ ဆူနာမီ ရေလှိုင်း ကြီး တွေ ကို ကြိုတင် သိရှိပြီး သတိပေး ကာကွယ်နိုင်ဖို့ နိုင်ငံပေါင်း ၂၆ နိုင်ငံ ပါဝင်တဲ့ (The Pacific Tsunami Warning System) ကို ဟာဝိုင်ယီ ကျွန်းမှာ အခြေဆိုက် ဖွင့်လှစ်ထားပြီး အဆင့် အမြင့်ဆုံး ခေတ် အမှီဆုံး ကိရိယာတွေ နဲ့ ပညာရှင်ပေါင်းများစွာ ဟာ စဉ်ဆက် မပြတ်လေ့လာ ဆောင်ရွက်နေကြပါတယ်။ ဒါပေမယ့် အဲဒီအန္တာရယ်တွေ ကျရောက် လာမယ့် အချိန် ကို အခု အချိန် အထိ ဘယ်သူ့မှ ကြို မသိနိုင် သေးပါဘူး။ ။


Ref:
- Wiki
- Wiki Travel
- Global Volcanism Program
- National Geographic

Photo:
- Wiki
- Mt. Merapi
*All photos are only featured as non profit making purpose and courtesy of respective photographer.

အမှာစကား။ ။
၁။ ကိုကြီးကျောက် လိုကျောက် အကြောင်း အများ ကြီး မသိလို့ အသေးစိတ် မရေးနိုင်တာ ခွင့်လွှတ်ပါခင်ဗျ။
၂။ အင်ဒိုနီးရှား ကို လာလည် ဖို့ ကြံစည် ထားတဲ့ သူတွေကို ခြောက်တာ မဟုတ်ပါဘူးခင်ဗျ၊ မကြောက်ပါနဲ့။ လာလည်ပါခင်ဗျ။ :P

6 comments:

ကိုဇော် said...

ဗဟုသုတ ရပါတယ်။
ကျေးဇူးပါပဲဗျို့. ..
လာတော့ လည်ချင်ပါရဲ့။

ကိုအောင် said...

မလွယ်ပါလားဗျာ၊ တကယ့်ကို စိတ်ပူစရာပဲ။

Unknown said...

ဒီလို ပြေးလို့ လွတ်မှာလား....
လာမှာဘဲ..... :)

Nge Naing said...

ကြောက်စရာပဲနော့်။ အင်ဒိုနီးရှားမှ မဟုတ်ဘူး ကမ္ဘာမှာ ဘယ်နေရာမှ မလုံခြုံတော့ဘူး။ အော်စီမှာလည်း Queenslands ပြည်နယ်မှာ တလောက ရေကြီးပြီး အခု မုန်တိုင်းဖြစ်နေပြန်ပြီ။

...အလင်းစက်များ said...

ကျနော် အရင်က အင်ဒိုက မီးတောင်တစ်ခုပေါက်တာနဲ့  ပတ်သတ်ပြီး Pacific Ring of Fire အကြောင်း နည်းနည်းလေး ဖတ်ပြီးတင်ဖူးပါတယ်... ခုလိုသိရတော့လဲ ၀မ်းသာစရာ ဗဟုသုတတိုးစေတာပေါ့ဗျာ... ၀မ်းသာပါတယ်..

ကျနော်လင့်လေးချိတ်ချင်တယ်.. ခွင့်ပြုနိုင်မလား မသိ.... Plz;;

မြစ်ကျိုးအင်း said...

စိတ်ဝင်စားစရာပဲဗျာ။ သေသေချာချာကို ဖတ်သွားပါတယ်။ လူဦးရေဒီလောက်များတဲ့ အင်ဒိုနီးရှားမှာ သဘာဝဘေးက ခဏခဏ ကျရောက်နေတော့ လူတွေ တကယ်ကပ်ဆိုက် တာပါပဲ။ ဖြစ်လိုက်ရင်လည်း သေလိုက်ကျတာ သောက်သောက်လဲပဲ။ ကြိုတင်သိရှိ သတိပေးနိင်တဲ့ ခေတ်မှီစက်တွေ ပေါ်လာမှပဲ သက်သာမယ်ထင်တယ်။

License

License
Thank you very much for visiting my blog. I really do. I am trying to write and share my knowledge, experience,information etc etc. I would be very much appreciated for your either encouraging or critical comments to my any post. Furthermore, some photos herein the posts are not mine and perhaps some information too. However I always try to credit or mention the courtesy of the respective owner and/or where I got it from. Anyway please leave your message anything regards to my blog or if you want to use any part of information from my blog. I would follow up thereafter your message, accordingly.
Contact: thomasjrlatt@gmail.com