မလေးရှား ကနေ အင်ဒိုနီးရှား ကို ၂၀၁၀ နှစ်ကုန်ခါ နီး ပြောင်း လာခဲ့ရတဲ့ ကျနော့် အတွက် အရာအား လုံးဟာ အသစ် လိုချည်း ဖြစ် နေပါတယ်။ ဘာလီကို ပထမ တစ်ခေါက် ရောက် ဖူးပြီး ၂ ပါတ်ကြာ နေခဲ့ပေမယ့်အလုပ် ကိစ္စ နဲ့ လာရတာ ဆိုတော့ အလုပ် နဲ့ ဟိုတယ် ကလွဲ လို့ တခြားဘယ် နေရာမှ လိုလို မရောက် ဖြစ်ခဲ့ပါဘူး။ အမြဲ ပြောင်းလာ နေဖို့ အကြောင်း ဖန်လာတဲ့ နောက် မှာ အရာအားလုံးလို လို ဟာ လေ့လာစရာ ချည်းပဲ လို့အောက်မေ့ ပါတယ်။ နိုဝင်ဘာ ကုန်ခါနီးလောက် မှာရောက်ပေမယ့် အိမ်အဆင် သင့် ရှိမနေလို့ အရင်တည်းခဲ့ဘူးတဲ့ ဟိုတယ် မှာပဲ မိသားစုလိုက် တပါတ်လောက် တည်းလိုက်ရတယ်။ ဒီကြားထဲ မှာပဲ ရုံးလဲ တက်ရင်း ရုံးက ရှာ ပေးထားတဲ့ အိမ်တွေ လိုက်ကြည့်ရင်း လုပ်ရပါတယ်။ ဘာလီမှာ က အနောက် နိုင်ငံသား တွေ အများစု အကြာကြီး လာနေလေ့ရှိ တော့ နေချင်စဖွယ် အိမ်တွေ တော့ မရှားပါဘူး။ ရီဆော့ ဟိုတယ် ဘန်ဂလို ပုံ အိမ်တွေ ပေါမှပေါ။ မပေါတာ က ဈေးပဲ။ အိမ် ၇ လုံး ၈ လုံး လောက် ကြည့် ပြီးမှ အခုနေတဲ့ အိမ် ကို ပြောင်းနေဖြစ်တယ်။ အိမ် ကလေးက လဲ အသစ်ကလေး၊ ဆောက်ထား တာ ၂ လပဲ ရှိသေးတယ်။ သေးသေးလေး ဆိုပေမယ့် မိသားစုသေးသေးလေး အတွက်တော့ ကွက်တိပါပဲလေ။ နှစ်သစ်၊ အလုပ်နေရာသစ်၊ အတွေ့ အကြုံ အသစ်၊ အသစ် အသစ်။
ကြုံတောင့်ကြုံ ခဲ နာစီ ကူနင်း (Nasi Kuning) နှစ်သစ်ကြိုတဲ့ ပွဲရုံးမှာ လုပ်တယ်။ အင်ဒိုနီးရှား ထုံးစံ (အထူးသဖြင့် ဘာလီ၊ ဂျာဗား၊ မာဒူးရာ ကျွန်း တွေမှာ လုပ်လေ့ရှိတဲ့ ရိုးရာ အစဉ်အလာ) အတိုင်း နာစီကူုနင်း နဲ့ လုပ်တယ်။ နာစီကူနင်း ကို တကယ်တော့ အဲယားအေးရှား လေယာဉ်ပေါ်မှာ ၀ယ်စားဘူးတယ်။ မကြိုက်ခဲ့ဖူး။ ဘာမှ ထူးခြားမှာ မဟုတ်ပါဘူးလေ လို့ပဲထင်ထားတာ။ နောက်မှ ရှည်လျားတဲ့ သမိုင်းကြောင်းတွေ နဲ့ နာစီကူနင်း အကြောင်း ကို လေ့လာစုံစမ်းဖြစ်တယ်။ တကယ်တော့ နာစီကူ နင်း ဆိုတာ ထမင်းအ၀ါ ပါပဲ (နာစီ = Nasi = ထမင်း၊ ကူနင်း = Kuning = အ၀ါ)။ ထမင်း ကို အုန်းနို့ရယ် နနွင်း ရယ်နဲ့ ရောပြီးချက် ထားတာပါ။ ပြီးတော့ မှ ကြက်သားကြော်၊ ငရုတ်သီးဘာလချောင်၊ ငါးကြော်၊ အာလူးကြော်၊ အသီးအရွက်ကြော် စသဖြင့် နဲ့ တွဲဖက်ပြီး စားရတာပါ။ အဲဒါက နာစီကူနင်း ရဲ့ အကြောင်း။ အနှစ်ချုပ်ရ ရင် အင်ဒိုနီး ရှားက ဒေသစားစရာ တမျိုးထက် ဘာမှ မပိုပါဘူး။
ဒါပေမယ့် ပွဲလုပ်တဲ့ နာစီကူနင်း ကတော့ နည်းနည်း ထူးခြားပါတယ်။ နာစီကူနင်း တွန်ပန် (Nasi Kuning Tumpeng) ကတော့ အထူး အရေးကြီးတဲ့ ပွဲတွေ မှာ မှ လုပ်ပါတယ်။ တွန်ပန်ဂန် (Tumpengan) လို့ ခေါ်ပါတယ်။ နာစီကူနင်း ကို တောင်ပုံစံ (အနည်းစပ်ဆုံး ပုံစံ ပြရရင် စေတီပုံ) လုပ်ပြီး ငှက်ပျောရွက် ခင်းပြီး အလှဆင်ထားတဲ့ ဇကောရဲ့ အလယ် မှာ ထားပါတယ်။ ထိပ်ပိုင်းကို ငှက်ပြောရွက်နဲ့ အုပ်ထားပြီး ဘေးပတ်ပတ်လည် မှာ အသားကြော်၊ အသီးအရွက်၊ ဘာလချောင် စသဖြင့် အမျိုး ၂၀ ခန့် ၀ိုင်းရံထားပါတယ်။ အင်ဒိုနီးရှား ရဲ့ ကျွန်းအသီးသီး က ဟင်းအမျိုးမျိုး လို့ ဆိုလို့ရပါတယ်။
တွန်ပန်ဂန် ပွဲ မှာ အရေး အကြီးဆုံးပုဂ္ဂိုလ် က နာစီကူနင်း တောင်ထိပ်ကလေး မှာ ဖုံးထားတဲ့ ငှက်ပျောရွက် ကလေး ကို ဖယ်ရတာပါ။ နောက် မှ သူက ထိပ်ပိုင်း ကို ဖြတ်ပြီး ပန်းကန် ထဲကို ထည့်ရပါတယ်။ အဲဒီနောက် ဒီနှစ်ရဲ့ အရေးအပါဆုံး၊ တာဝန်အရှိဆုံး၊ (အသက် အကြီးဆုံးလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်) ကို ပေးပါတယ်။ အဲဒီအချိန် မှာ အားလုံးက လက်ခုပ်တီးပြီး ဂုဏ်ပြုကြရပါတယ်။ နောက် ဒုတိယ က အသက် အငယ်ဆုံး ကိုပေးတာပါ။ နောက် မှ သူအတွက်စားဖို့ ထည့်ရပါတယ်။ သုကအားလုံး ကို လာစားဖို့ ဖိတ်ခေါ်လိုက်မှ စောင့်နေတဲ့ သူုတွေ အားလုံး ကိုယ့် ပန်းကန်ကိုယ် ဆွဲ ပြီး ဘူဖေးလို အသီးသီး စိတ်ကြိုက် ထည့် ပြီးစားလို့ရပါပြီ။
အင်ဒိုနီးရှား ဟာ ပထ၀ီ သဘာဝ အားဖြင့် တောင် တွေ၊ မီးတောင် တွေ အများ အပြားရှိတဲ့ အရပ်ဖြစ် ပြီး တွန်ပန် ကို တောင် နဲ့တူအောင်လုပ်ကြတာ ဖြစ်ပါတယ်။ တောင်တွေနဲ့မီးတောင် တွေဟာ လွန်လေပြီးတဲ့ မိဘ ဘိုးဘွား တွေ နဲ့ နတ်ဘုရားတွေ ကို ကိုယ်စားပြုတယ် လို့ ယုံကြည်ကြပါတယ်။ ဘယ်လို နည်းနဲ့ ဖြစ်ဖြစ် အားလုံး စုပေါင်း ပြီး ပျော်ပျော် ရွှင်ရွှင် အတူစားကြ ခြင်း အားဖြင့် စည်းလုံးညီညွတ် ပြီး အချင်းချင်း ချစ်ခင် ရိုင်းပင်း စေတယ်ဆိုတဲ့ နှစ်သက်ဖွယ် ကောင်းတဲ့ အစဉ် အလာ တမျိုးပါပဲ။
အင်ဒိုနီးရှား ရဲ့ အရေးအပါဆုံး တွန်ပန်ဂန် ပွဲ ကိုတော့ နှစ်စဉ် အင်ဒိုနီးရှား နိုင်ငံ လွတ်လပ်ရေးရတဲ့ သြဂုတ်လ ၁၇ ရက် မတိုင်ခင် သြဂုတ်လ ၁၆ ရက်နေ့ ည မှာလုပ်ပါတယ်။ နိုင်ငံ အေးချမ်းသာယာ ၀ပြောပြီး ဖွံ့ဖြိုး တိုးတက် စေလိုတဲ့ ရည်ရွယ် ချက်နဲ့ပါတဲ့။ ။
(ရေးထားတာ တော့ ကြာပါပြီ။ နှစ်ကူးကြိုတဲ့ ပွဲ အပြီး ဇန်န၀ါရီလ ၃ ရက်နေ့ကတည်း ကရေးထား တာပါ။ အခု မှပဲ တင်ဖြစ်ပါတော့တယ်။)
8 comments:
D က နာစီးလားမားဆိုတဲ့ ဟာကြီးလိုပဲပေါ့... ကိုယ်တွေရဲ့ ပါးစပ်နဲ့မတွေ့တာတော့ အမှန်ပဲ....။
ထမင်းစားတိုင်း အုန်းသီးနံ့ ကြီးပဲ ရနေတယ်... အစပ်ပေးပါဆိုမှ ပေးတဲ့ အစပ်ကို ချိုနေတယ်... ချိုနေပါတယ်ဆိုမှ မြေပဲက စိမ့်နေတာပဲ... ဒီကြားထဲ ငါးခြောက်တွေက အာခေါင်စူးသေးတယ်
မလေးမှာ ကြာကြာနေပြီး ဒါတွေချည်းစား နေရရင် ဆီးချိုဆိုတာ သကြားခပ်စရာကိုမလိုဘူး...
မိုးယံ ကတော့ အားပေးသွားတယ် ရွှေစင်ဦး ကတော့ ပုံလေး ကြည့်ပြီး စားချင်တာ ဘဲဥခြမ်းလေး တွေတောာင် ပါသေးထင်တယ် အရသာလေး တောင် ရေးမပြဘူး တော်တော်နောက်
aato ရေ ကျေးဇူးနော်
ခင်မင်စွာဖြင့်
ရွှေစင်ဦး
ပုံကြည့်ရတာတော့ စားကောင်းမှ ပုံပဲ။
Nasi kuning နဲ့ Nasi minyak(ဆီထမင်း) နဲ့ တူသလိုဘဲ.. တစ်ခုခုတော့ ကွာမယ်ထင်တယ်။ အင်ဒိုနီးရှား ရိုးရာဓလေ့ကလည်း မှတ်သားစရာပါဘဲ။
ကျနော် သိသလောက်ပေါ့နော့ . .
နာစီကူးနင်း ဆိုတာ မြန်မာလို ဒန်ပေါက်ထမင်းပါပဲ။
ကုလည်ဆိုင်ကြီးတွေမှာ ရတတ်တယ်။
အခုဟာကတော့ အင်ဒိုရိုးရာ ဆိုတော့လည်း သူတို့က ပိုပြီးတော့ ကျကျနန လုပ်တာပေါ့လေ။ ပျော်စရာ အတွေ့အကြုံလေးပါပဲ။ တန်ဖိုး မဖြတ်နိုင်ဘူးပေါ့ဗျာ။
ဒီနယ်သာလန်မှာ Asia ဆိုရင်အင်ဒိုနီးရှားဘဲထိပ်ဆုံးထင်ကြတယ်.
သူတို့Asia အစာဆိုရင်လည်း အရောင်ဝါမယ်ချိုမယ်ဘဲ.ဒါဘဲရှိတယ်.နော်
ငရုပ်သီးအချဉ်တောင်အုန်းနို့ကထည့်ရသေးတယ်
ဒီကစူပါမားကတ် Asiaကောင်တာမှာ
အင်ဒိုအစားအစာဘဲရတာ
လူတွေ့ရင်လည်း အင်ဒိုလိုလာပြောခံရတာ မနဲတော့ဘူး..မမိုက်ပါဘူး...:))
မီးမီး
အင်ဒိုက တချိန်က ဒတ်ခ်ျ ကိုလိုနီလေ..၊ နာစီ လမားတော့ ကြိုက်တယ်၊ နာစီ ဘရနီတို့နာစီကူနင်းတို့တော့ မကြိုက်ဘူး
ကျေးဇူးပဲ အေအေတီအိုရေ
မစားဖူးတဲ့အစားအစာကိုစားရလို့လေ။
ရေးထားတဲ့ပို့စ်လေးက စိတ်ဝင်စားဖို့ကောင်းပြီး၊ ဗဟုသုတလည်းရစေတယ်။
နောက်ထပ်လာစားအုံးမယ်။
Post a Comment