အပိုင်း (၁) ၏အဆက်
အပိုင်း (၂) အတွက် အမှာ
ဘာလီ ကျွန်းမှာ နေထိုင်စဉ် အတွင်း ဘာလီကျွန်းသူကျွန်းသားတွေရဲ့ လူနေမှူစံနစ်၊ ကိုးကွယ်ရာဘာသာ၊ ယုံကြည်မှု့၊ စာပေနှင့် အနုသုခုမ၊ ဓလေ့ထုံးတမ်း အစဉ် အလာတွေကို လေ့လာမိတဲ့ အခါ အင်မတန်ထူးခြား တဲ့ အတွက် မှတ်စုထုတ်ပြီး တတ်နိုင်သလောက်ရေးမယ် ဆိုပြီးကြံစည် ဖြစ်ခဲ့ပါတယ်။ ရေးတဲ့ အခါမှာ လဲ အကြောင်းအရာလဲ စုံရမယ်၊ တတ်နိုင်သလောက်လဲ ပြည့်စုံရမယ်ဆိုပေမယ့် တကယ်တမ်း ရေးရရင် သေချာ သုတေသနလုပ် ရေးရမှာဖြစ်ပြီး မနုဿဗေဒ ဆိုင်ရာကျမ်းတစ်စောင် လို အချက်အလက် အသေးစိပ်တွေနဲ့ ပဲ ပြည့်နှက်နေမှာဖြစ်ပြီး အဲဒီအချက် အလက်တွေ စုဆောင်းဖို့ က နှစ်အတော်ကြာ အချိန်ပေးရမှာ ဖြစ်ပါတယ်။ သဘောအရ အင်မတန်ရှုပ်ထွေးလှတဲ့ လက်ရှိအလုပ် နဲ့ မိသားစု အရေးကိစ္စတွေ ထမ်းဆောင်နေရတဲ့ ကျနော့်လို ပုဂ္ဂိုလ် မျိုး မှာ အဲဒီလိုမျိုး အားထုတ်ဖို့ စွမ်းအား အင်မတန်နည်း လွန်းတာ လဲ ကိုယ့်ဖာသာ နားလည်ထားပါတယ်။ သို့ပါသော်လည်း ရေးချင်တဲ့ စိတ်က အသာစီးရတဲ့ အတွက် အနည်းဆုံးတော့ အားလုံးလဲခြုံမိအောင် မိတ်ဆက် သဘောမျိုး အကြောင်းအရာ ပေါင်းစုံ ပါအောင်ရေးမယ် ဆိုပြီး ရေးဖြစ်ခဲ့ပါတယ်။ စ ပြီးရေးမိတဲ့ အခါကျ မှ အင်မတန် ကျယ်ပြန့်ပြီး အင်မတန်ရှုပ်ထွေး ပြီးဆင်တူရိုးမှား ဓလေ့ထုံးစံတွေနဲ့ မူကွဲ တွေ က ကျွန်းတစ်ကျွန်းတည်းပေါ်မှာ ဖြစ်ပေမယ့် နေရာဒေသ နဲ့ မတူသောလူတန်းစား များ (Caste System) အပေါ်မူတည် ပြီး ကွဲပြား နေသေးတာ သိရပြန်ပါတယ်။
ဘာလီရိုးရာ နေအိမ် (Kuren)
ဘာလီက ရိုးရာအိမ်တွေအကြောင်း ပြောမယ်ဆိုရင် ဗိသုကာ ရှု့ထောင့် ကနေလေ့လာစရာ အနည်းဆုံး (အနည်းဆုံး) သုံးမျိုး ရှိပါတယ်။ ပထမတစ်မျိုးကတော့ ခြံ သို့မဟုတ် အိမ်ဝိုင်းထဲမှာ အဆောက်အအုံ လေး လုံး နဲ့ မိသားစု ဘုရားကျောင်းဆောင်များ နေရာ မျှသာဖြစ်ပါတယ်။ ဒုတိယတစ်မျိုးက တော့ အိမ်ဝိုင်းထဲ မှာ အိမ်တစ်လုံး တည်း ဆောက်ထားတဲ့ အိမ်မျိုး ဖြစ်ပါတယ်။ ဒါပေမယ့် တခါတရံ မီးဖိုဆောင် ကို သီးသန့် အိမ်ဘေး မှာ ဆောက်ထားတတ်ပါသေးတယ်။ တတိယ တစ်မျိုးကတော့ စုပေါင်းအိမ် (Housing Complex) ဖြစ်ပါတယ်။ ညီအစ်ကို မောင်နှမ၊ ဦးလေးအဒေါ် စသည်ဖြင့် မတူတဲ့ အိမ်ထောင်စု တွေ စုပေါင်း နေထိုင်ရာ အိမ်တန်းရှည် နှစ်ခု ဟာ ခြံ သို့ မဟုတ် အိမ်ဝိုင်းရဲ့ ဘယ်နှင့် ညာ တစ်ဘက်တစ်ချက် မှာ ဆောက်ထားတာ ဖြစ်ပါတယ်။ နောက်မှ နံရံတစ်ခု ကာ ပြီး ဂိတ်တံခါး (angkul-angkul) တစ်ခုနဲ့ တံဆာဆင်ပါတယ်။
အခြေခံအားဖြင့် အဆိုပါ အဆောက်အအုံ များဟာ မြေပြန့် လွင်ပြင်များ မှာ အဆောက်များ ပေမယ့် တောင်စောင်းတွေ၊ ဆင်ခြေလျှော တွေများတဲ့ဘာလီကျွန်း အလယ် ပိုင်းမှာ ဆိုရင်တော့ အနည်းငယ် ကွဲ ပြားပါသေးတယ်။ ဘာလီကျွန်း ကအိမ်အများစု မြေစိုက်အိမ်တွေ ဖြစ်နေတဲ့ အကြောင်း ကတော့ တခြား အင်ဒိုနီးရှားမှာ ရှိတဲ့ ဘာတက်၊ ဒါယက်ခ်၊ ထရိုဂျာ၊ မက္ကဆာ စတဲ့ ခြေတံရှည် အိမ်ဆောက်လေ့ရှိတဲ့ လူမျိုးစုတွေလို တောရိုင်းတိရိ စ္ဆာန် တွေရဲ့ ရန်ကကြောက်စရာ မလို၊ ကာကွယ်ဖို့ မလိုတဲ့ အပြင်၊ ချောင်း မြောင်း တွေကနေ ရေလျှံပြီး အိမ်တွေထဲ ကိုရေ၀င်တာ မျိုးတွေ မရှိလို့ ဖြစ်ပါတယ်။ တကယ်တန်းကျတော့ ဘာလီ လူမျိုးတွေရဲ့ အိမ်တွေဟာ တောရိုင်း တိရိစ္ဆာန်တွေနဲ့ သဘာဝ ရဲ့ ဘေးအန္တရာယ် ကို ကာကွယ်ဖို့ထက် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဆူလာဝစီ (Sulawasi)၊ မဒုရ (Maduras)၊ ကလီမင်တန် (Kalimentan @ Indonesia Borneo) စတဲ့ ကျွန်းသား တွေရဲ့ အောက်လမ်းမှော် ပညာတွေနဲ့ ပြုစားခြင်းတွေကို ကာကွယ် ဖို့ တန်ပြန်အထက်လမ်း အစီအရင် တွေထည့်သွင်းဆောက်လုပ်လေ့ရှိပါတယ်။
ဘာလီ လူမျိုးတွေရဲ့ အိမ်တစ်အိမ် ဟာ ဟိန္ဒူ နဲ့ ဗုဒ္ဓဘာသာ အယူအဆ အရ စကြာဝဠာရဲ့ အခြေခံ ဖွဲ့စည်းမှု့ ဓါတ်ကြီးလေးပါး (ရေ၊မြေ၊လေ၊မီး) အပြင် မြေတည်နေရာ၊ ဘုရားကျောင်း၊ သင်းချိုင်းမြေ၊ ဆွေမျိုးအသိုင်းအ၀ိုင်း နဲ့ လူမှု့ အဖွဲ့ အစည်း (Banjar)* စသည်တို့ နဲ့ အကွက်ညီယက်ဖောက် ဆက်နွယ်နေလေ့ရှိပါတယ်။ အိမ်တစ်အိမ် ရဲ့ ဗိသုကာ အဆေက်အအုံ ဒီဇိုင်းလက်ရာ များ ကို မချဉ်းကပ် မှီ အဆိုပါ ဓါတ် သဘောတွေ ဟာ ဆောက်လုပ်မယ့် အိမ်ရဲ့ သဘောသဘာဝ သွင်ပြင် လက္ခဏာများ ဖြစ်လာစေပါတယ်။ အထူးသဖြင့် အိမ်ရဲ့ အနေအထား နဲ့ ဦးတည် မျက်နှာလှည့် တဲ့ အရပ် တို့ ဟာ အလွန်အရေးပါ ပါတယ်။ အနှစ်ချုပ် အားဖြင့် အချက် နှစ် ချက် ကို အထူးအလေးပေး စဉ်းစား ပါတယ်။
၁။ လှေဦးတိုက်၊ လှည်းဦးတိုက် (tumbak runrung) ကို ရှောင်ပြီး ဆောက်လေ့ရှိပါတယ်။ လမ်း က အိမ်ကို လာဆုံနေတာ မျိုး ဆိုရင် လမ်းကို အိမ်က ပိတ်နေသလို မျိုး ဖြစ်ပြီး မမြင်ရတဲ့ ပရလောကသားတွေ အိမ်အတွင်းကို ၀င်နိုင် လို့ ခိုက် တယ်လို့ ယုံကြည်ကြပါတယ်။ အကယ်၍ မဖြစ်မနေ ဆောက်ရတော့မယ် ဆိုရင် ဘုရားကျောင်း ဆောင် ခပ်သေးသေးတစ်ခု လမ်းဦးတိုက် မှာ လမ်းကို မျက်နှာမူပြီး ဆောက်လိုက်ပါတယ်။ ပန်း၊ အုန်းရွက် စတာ တို့ နဲ့ ပူဇော်လေ့ရှိပြီး မမြင်အပ်တဲ့ နာမ်လောကသား တွေ ကို တားဆီးပါတယ်။ လမ်းနှစ်သွယ်ရဲ့ ကြားထိပ်တည့်တည် ကွင်းပြင်ဘက် ကို မျက်နှာ မူနေရင်တော့ နေဆာလှုံ နေတဲ့ပင့်ကူ (Celedu Nginyah) ဆိုပြီး ရှောင်ပါတယ်။ အကယ်၍ မဖြစ်မနေ ဆောက်ရမယ် ဆိုရင်တော့ ဘုရားကျောင်းဆောင် ကလေးကို ကွင်းပြင်ဘက် မျက်နှာမူပြီး ဆောက်ပါတယ်။ အိမ်သစ် တစ်လုံး နဲ့ မိသားစု အိမ်တစ်လုံးကြား မှာ ဆွေမတော် မျိုးမစပ် ဆောက်ပြီး နေ့လေ့ မရှိပါဘူး။ (Ngapit) လို့ ခေါ်ပြီး ရှောင်ရပါတယ်။ လမ်းရဲ့ ဘေးကွက်လပ် ညာဘက်ဘေးမှာ နဲ့ လမ်းရဲ့ တခြားတစ်ဘက်မှာ ဆွေမျိုးတော် သူရှိရင် လဲ ရှောင်ရပါတယ်။ လမ်းကိုင်တယ် (Negen Jalan) လို့ ခေါ်ပြီး မဆောက်ကြပါဘူး။
၂။ ရပ်ရွာ အရေးကိစ္စတွေအတွက် စည်းဝေးတိုင်ပင်ရာ ခန်းမ (ဓမ္မာရုံ လိုမျိုး) ရဲ့ မြောက်ဘက်နဲ့ အရှေ့ဘက် တည့်တည့် တွေမှာလဲ ဆောက်လေ့မရှိပါဘူး။ အဓိက အရေးပါတဲ့ အချက်က တောင်တွေဘက် ကို ဦးတည် တာဖြစ်ပါတယ်။ အဲဒါကြောင် ဘာလီကျွန်းရဲ့ တောင်ဘက် နဲ့ မြောက်ဘက် မှာ နေတဲ့ သူတွေဟာ ဦးတည်ရာ မတူ ပဲ (တနည်းအားဖြင့်) ဆန့် ကျင်ဘက် တွေဖြစ်နေတတ်ပါသေးတယ်။ ဘာလီကျွန်း မြောက်ပိုင်းမှာနေတဲ့ သူတွေ အတွက် မြောက်အရပ်ဟာ တောင်တန်း တွေကိုညွှန်းဆိုတာ ဖြစ်ပြီး၊ တောင်အရပ်ဟာ ပင်လယ်ကိုညွှန်းဆိုတာ ဖြစ်ပါတယ်။ အဲဒါကြောင့် မြောက်ပိုင်းမှာ နေတဲ့ သူတွေအတွက် မြောက်အရပ်ဟာ (တကယ်တော့) တောင် အရပ်ဖြစ်နေပြီး၊ တောင် အရပ်ဟာ (အမှန်တကယ်အားဖြင့်) မြောက် အရပ်ဖြစ်ပါတယ်။ အသစ်ဆောက်မယ့် အိမ်ရဲ့ မျက်နှာမူ ရာအရပ်နဲ့ ဆက်စပ်မှုကတော့ တောင်တန်း တွေတင် မကပဲ ဘုရားကျောင်း၊ မြစ်ဖျားပိုင်း၊ မြစ်ကမ်းပါး၊ ပင်လယ် ကမ်းခြေ၊ ရေကန်နဘေး ဒါ့အပြင် အထွတ်အမြတ်ထား ရာ မြေနေရာ စတာ တွေကို ထည့်သွင်းတွက်ချက်ရပါသေးတယ်။
ဘာလီ အိမ်တစ်လုံး ၏ သွင်ပြင်လက္ခဏာ
အစဉ်အလာအားဖြင့် အိမ်တစ်လုံး ကို ခြံဝန်းခတ်ထားရပါတယ်။ အိမ်ခြံဝန်း ကို အုတ်စည်းရိုး သို့မဟုတ် ကွန်ကရိ၊ ကျောက်တုံး စသည်ဖြင့် တို့ နဲ့ ခတ်တာ ကို ကာရန် (Karang) လို့ ခေါ်ပြီး၊ ပုဏ္ဏရိတ်၊ ဆူးခြုံ၊ ပန်းပင် စတာတွေနဲ့ သဘာဝအတိုင်းကာရံတာ ကိုတော့ ပန်ရန်းကာ (Penyengkar) လို့ ခေါ်ပါတယ်။ အိမ်တစ်အိမ် အတွက် ခြံစည်းရိုး ဟာ ယတြာ၊မာတြာ စတဲ့ ဟိန္ဒူ အတွေးအခေါ်များ နဲ့ ဆက်စပ်နေလေ့ရှိပြီး အလွန် အရေးပါပါတယ်။ အိမ်တစ်အိမ် ရဲ့ အ၀င်ဝ ဟာ ဂိတ်တံခါး (Angkul-angkul) ဖြစ်ပြီး ရွာလမ်းမ ကိုတိုက်ရိုက် ထွက်ပေါက် ပဲဖြစ်ပါတယ်။ အသေးစိပ် လေ့လာသင့်တာ ကတော့ ဘာလီစုပေါင်းအိမ်ယာ (Balinese Compound House) ပဲဖြစ်ပါတယ်။ အဲဒီ စုပေါင်းအိမ်ယာ ရဲ့ ဖွဲ့စည်းပုံနဲ့ သွင်ပြင်လက္ခဏာ ကလဲ လူတန်းစား (Caste System)အလိုက် ပုဏ္ဏား၊ အုပ်ချုပ်သူ၊ မူးမတ်စစ်သူကြီး၊ ကုန်သည်၊ လယ်သမား တံငါ စသည် အပေါ်မူတည် ပြီးလဲ များစွာ ကွဲပြားပြန်ပါသေးတယ်။
အရိုးရှင်းဆုံး အိမ်တစ်ဆောင် အတွက် အောက်ပါ အစိတ် အပိုင်း များ ပါဝင်ပါတယ်။
၁။ အ၀င်ဝ ဂိတ်တံခါး (Angkul-angkul)
၂။ မီးဖိုဆောင် (Pawon)
၃။ စပါးကျီ၊ စတို (Jineng)
၎။ အိမ်ထောင်ဦးစီး အိမ်ခန်း (Bale Dauh or Bale Loji) အနောက် ဖက်မှာ ဆောက်ပါတယ်။
၅။ ဇရပ်ဆောင် (Bale Dangin) မိသားစုဝင်များ ဘာသာရေးပွဲများကျင်းပရာ၊ ဆုတောင်ပထ္ထနာပြုရာ နေရာ
၆။ အိမ်ထောင် ၏ အသက်အကြီးဆုံး မိသားစုဝင် အိမ်ခန်း (Gedong or Meten) ဒါမှမဟုတ် အဖိုးတန်ပစ္စည်း များ သိမ်းတဲ့နေရာ အဖြစ်သုံးပါတယ်။
၇။ မိသားစု ဘုရားကျောင်းဆောင် (Sanggah or Merajan) အနည်းဆုံး ဘုရားကျောင်းဆောင်ခြောက်ခု ရှိပါတယ်။
၈။ အိမ်ရှေ့ ဘုရားကျောင်းဆောင် (Pengijeng karang) ခြံအပြင်မှာ ဆောက်ရတာ ဖြစ်ပါတယ်။
ဘာလီရိုးရာ အိမ်တစ်ဆောင် အကြောင်း ပြောရင် အနည်းဆုံး မိသားစု ဘုရားကျောင်း အကြောင်းထည့် ပြောရမှာပါ။ အိမ်ထောင်စု တစ်ခုအတွက် လွန်လေကြကုန်သော မိဘဘိုးဘွား တွေရဲ့ဝိဥာဏ် တွေကလည်း ကိုးကွယ်ဆည်းကပ်ရာ ဖြစ်ပါတယ်။ နောက်တစ်ချက်က အိမ်ဆောက်ရာမြေနေရာရှိ မြေစောင့်ဘူမိနတ်ကို လည်း အလေးအနက်ထား ပသရပါတယ်။ သို့ပါသော်လည်း ဟိန္ဒူ နတ်ဘုရား များ ကိုပါအဓိကထား ကိုးကွားရာ ဖြစ်တဲ့ အတွက် အိမ်ထောင်စု အသစ် တစ်ခုဆိုရင် အနည်းဆုံး ဘုရားကျောင်းဆောင် ခြောက်ခု ရှိရမှာ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ နေလာတဲ့ မိသားစုကြီး ဆိုလျှင်တော့ ဘုရားကျောင်းဆောင် ဧရိယာ (Sanggah or Merajan) အတွင်းများ ဘုရားကျောင်းဆောင်တွေ အများကြီး တွေ့ရမှာဖြစ်ပါတယ်။ အဆိုပါ မိသားစု ဘုရားကျောင်းဆောင် များဟာလဲ မတူညီတဲ့ လူတန်းစား အလိုက်ကွဲပြားဦးမှာ ဖြစ်ပါတယ်။ သိုပါသော်လည်း ဒန်ပါဆာ (Denparsa) လို လူဦးရေထူထပ်ပြီး အိမ်ခြေသိပ်သည်း တဲ့ ဘာလီကျွန်းရဲ့ မြို့တော်မှာ တော့ အိမ်တွေမှာ ဘုရားကျောင်းဆောင် နှစ်ခုသာ ထည့်သွင်းဆောက်လုပ်နိုင်ကြပါတယ်။ ခြံအပြည့် အဆောက် အအုံဆောက်လိုက်ရတဲ့ အခြေအနေမျိုးဆိုလျှင် ဘုရားကျောင်းဆောင် ကို အပေါ်ထပ်မှာသာ ဆောက်လုပ်ရတာဖြစ်ပါတယ်။ အထက်ပါဘုရားကျောင်းဆောင် နှစ်ခုကို တော့ ပထမသန နဲ့ တုဂု (Padmasana and Tugu) လို့ ခေါ်ပါတယ်။
ဝန်ခံချက်။ ။ ဘာလီရိုးရာ အိမ်အကြောင်း ကိုရေးရာ မှာ ဆောက်လုပ်ပုံ (ဗိသုကာနည်းပညာဆိုင်ရာများ)၊ အသုံးပြုသည့် ကိရိယာများ၊ ပန္နက်တင် အခန်းအနား၊ ထုတ်၊ယောက်၊ ဒိုင်း၊ မြား၊ ခေါင်၊ အမိုး၊ ဦးစွန်း၊ တံစက်မြိတ်၊ ဆောက်လုပ်စဉ်မှာ ရွတ်ဖတ်သရစ္ဖျယ်ရသည့် ဂါထာ၊ မန္တန်၊ စသည် စသည်တို့ ကို အကြောင်းအမျိုးမျိုး ကြောင့် မပါဝင်နိုင်ပါ။ လိုအပ်၍ အသေးစိပ် သိလိုပါက ဆက်သွယ်နိုင်ပါသည်။
အပိုင်း (၃)* ဘာလီရိုးရာ ကျေးလက်အုပ်ချုပ်ရေးနဲ့လူမှု့အဖွဲ့ အစည်း (Banjar) အကြောင်း ဆက်ရန်
Ref:
- Balinese House by I Made Terima 2002
Original Bibliography
- ကိုယ်တိုင် မေးမြန်းသုတေသန ပြုခြင်း မှတ်စု

မိသားစုဘုရားကျောင်းဆောင် (Sanggah or Merajan) ဂါလူဂန်ပွဲတော်နေ့ by AATO
ဇရပ်ဆောင် (Bale Dangin) by AATO

- Ardana, I Gusti Gede : Pengertian Pura di Bali, Universitas Udayana, Denpasar 1979
- Bagus, I Gusti Ngurah : Sistem Pola Menetap Masyarakat Bali, Universitas Udayana, Denpasar Printed by Fakultas Sastra University of Udayana, no date
- I.H.D ( Institute Hindu Dharma ) : Kumpulan Hasil Penelitian Sejarah Pura, Diperbanyak untukkepentingan Intern Mahasiswa Institute Hindu Dharma, Denpasar, no date
- Swellengrebel : Patterns of Cosmic Order, dalam Bali Studies, Life, Thoughts, and Rituals,The Hague - Bandung, 1960
- Soebandi, I Ketut : Pura Kawitan/Padharman dan Penyungsungan Jagat, Indo Press, 1981
- ကိုယ်တိုင် မေးမြန်းသုတေသန ပြုခြင်း မှတ်စု
ဒုတိယပိုင်း ဖျောက်ထားမည့်စာ
11 comments:
ဘာလီကို အလည်လာရင် တိုးပက်ဂတ်စ်တွေ ရှိသလားဟင်။ တခါမှ မသွားဘူးတော့ ဘယ်လိုလုပ်ရမလဲ မသိဘူးလေ။ သိရင် ပြန်ဖြေပေးပါလား။ လာလည်ခြင်လို့ ပါနော်။
Thank you so much for sharing and looking forward to read the reply for Saw too!
ဘာလီအကြောင်း စိတ်ဝင်စားစရာပဲနော်။ ဗဟုသုတတွေ အတွက် ကျေးဇူးတင်ပါတယ်..
လသာည
ကိုအေအေတီအို ရေ
ဘာလီနဲ့ ပတ်သက် တဲ့ ရိုးရာလေး တွေ အတွက် ကျေးဇူးနော်
ရိုးရာ အစားအသောက် ချက်ပုံချက်နည်း နဲ့ အစားအသောက် ပုံလေး တွေ ကိုပါ တင်ဆက်ပေးပါအုန်း
ကျေးဇူးပါ
ရွှေစင်ဦး
ဒကာတော် ကိုအေတီရေ "အိမ်ထောင်စု အသစ် တစ်ခုဆိုရင် အနည်းဆုံး ဘုရားကျောင်းဆောင် ခြောက်ခု ရှိရမှာ"ဆိုတော့ နည်းဘူးပဲလား။ ဗဟုသုတအတွက် ကျေးဇူးနော်...အမိုးကလည်း တရုတ်ရိုးရာအမိုးတွေနဲ့ ခပ်ဆင်ဆင်ပဲ သိလား။
တကယ် စေတနာ အပြည့်နဲ့ တိတိကျကျ သေသေချာချာ ရှင်းပြပေးထားတဲ့အတွက် ဖတ်ရတာ တော်တော်လေး ဗဟုသုတရခဲ့ပါတယ်...
ကျေးဇူးတင်ပါတယ်ဗျာ...
ကိုယ်မသိတဲ့ အရပ်ဒေသက အကြောင်းအရာလေးတွေကို သိခွင့်ရတဲ့ အတွက်...
ဘာလီကျွန်းက လှလဲလှ စိတ်ဝင်စားစရာ အချက်တွေနဲ့လည်း ပြည့်နေတယ်နော်။
အိမ်ကလေးတွေက ချစ်ဖို့တောင်ကောင်းနေသေးတယ်။
သူတို့ရဲ့ ဓလေ့ထုံးစံလေးတွေ အမြဲတမ်း ထိမ်းသိမ်းထားနိုင်ရင်ကောင်းမယ်နော်
ဘာလီကျွန်းကိုလာလည်ချင်တယ်။
အိမ်မှုကိစ္စတွေနဲ့ မအားလပ်တဲ့ကြားက ဗဟုသုတတွေ မျှဝေလို့ ကျေးဇူး။ ဘာလီစုပေါင်းအိမ်ယာ တစ်လုံးက အိမ်ထောင်တစ်စုလားပဲ။ ချစ်စရာလေးတွေနော်။
မရေးရင်လည်း မရေးဘူး ရေးမယ့်ရေးတော့ လည်း ပြည့်ပြည့်စုံစုံပဲ။ ဖတ်တဲ့လူတောင် မျက်စိညောင်းသွားတယ် နောင်ဆို စာများများ မရေးနဲ့  သိလား ကိုရင်သော့မက်။ ဟီး။
စိတ်ဝင်စားဖို့ ကောင်းပါတယ် ..
မိဘဘိုးဘွား တွေရဲ့ဝိဥာဏ် တွေကလည်း ကိုးကွယ်ဆည်းကပ်ရာ ဖြစ်ပါတယ်။ ဆိုလို့
အဲ့ဒီ့ အိမ်တွေကို သွားလည်းရမှာ
နဲနဲတော့ ကျောချမ်းတယ် .. >>
နောက်အပိုင်းတွေ မျှော်နေပါတယ် ..
ခင်မင်လျှက်
ဆောင်းနှင်းရွက်
I am impressed with your article. Keep writing. visit and blog walking to
hot water spring ciparay tours
cheap bogor travel
nearest bogor tour from train station
Pramuka Island Tour, Thousand Island
Bakukang Cianten Bogor tour
sunset village on coconut island
Post a Comment