Tuesday, November 30, 2021


သီရိမင်္ဂလာအိမ်ဂေဟာအတွက်ဖုန်းရွှေနည်းလမ်း ၁၅ ချက်
သင်ဟာလောကီပညာရပ်ဆိုင်ရာ နက္ခတ်ဗေဒင်၊ ဖုန်းရွှေ၊ ဝါစတုသျှတ္တရပညာ စသည်ဖြင့် ယုံကြည်မှုရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဘဝမှာတစ်ကြိမ်တစ်ခါလောက်တော့ နည်းနည်းဖြစ်ဖြစ်ကံကောင်း ချင်မှာပဲဆိုတာ ငြင်းလို့မရနိုင်ပါဘူး။ အပန်းမကြီးဘူး ကရိကထမများဘူးဆိုရင်တော့ မိမိနေထိုင်ရာအိမ်လေးနဲ့ မိမိရဲ့ မိသားစုကျန်းမာရေး၊ လာဘ်လာဘရွှင်စေမယ့် ကိစ္စလေးတွေကို ပြုလုပ်ဖန်တီးထားသင့်တယ်လို့တော့ စိတ်စေတနာကောင်းနဲ့ အကြံပေးရမှာပဲ။
၁။ တံခါးကို ဦးလှည့်ရာအရပ်နဲ့သဟဇာတဖြစ်မယ့် အရောင်ရွေးခြယ်ပြီးဆေးသုတ်ခြင်းဟာ မကောင်းတဲ့ဓါတ်သဘောတွေကို တားဆီးဟန့်တားပေးပြီး မင်္ဂလာအပေါင်းနဲ့ပြည့်စုံပြီး လာဘ်လာဘတွေ ဝင်စေတယ်လို့ဖုန်းရွှေပညာရပ်ကဆိုပါတယ်။ အိမ်ဟာတောင်အရပ်ကိုလှည့်ရင် အနီသို့မဟုတ် လိမ္မော်ရောင်သုတ်ရမယ်။ မြောက်ဘက်ကိုလှည့်ရင် အပြာသို့မဟုတ်အနက်ကိုသုတ်သင့်ပါတယ်။ အရှေ့လှည့်အိမ်တွေရဲ့တံခါးကိုတော့အညိုနဲ့အစိမ်းရောင်ထဲကရွေးရမှာဖြစ်ပြီး အဖြူရောင်နဲ့မီးခိုးရောင်ကတော့ အနောက်လှည့်အိမ်တွေအတွက်သင့်တော်ပါတယ်လို့ ဖုန်းရွှေပညာရပ်ကအကြံပြုထားပါတယ်။
၂။ ဖုန်းရွှေပညာရပ်ဆိုင်ရာ လေ့လာတွေ့ရှိချက်အရ အိမ်ထဲမှာ ကတ္တီပါလ၊ို လီနင်သားလို နူးညံ့တဲ့ အဝတ်စတွေနဲ့ပြုလုပ်ထားတဲ့ နေရာထိုင်ခင်းတွေပြုလုပ်ထားရင် အဲဒီအိမ်ထဲမှာ ငြိမ်သက်အေးချမ်းပြီး နွေးထွေးတဲ့ ခံစားမှုကိုအမြဲရစေတယ်လို့ဆိုတယ်။
၃။ ဆင်ဆိုတဲ့သတ္တဝါကြီးဟာ ကြီးမားသလောက်နူးညံံ့သိမ်မွေ့တယ်။ ဉာဏ်ရည်မြင့်မားပြီး သစ္စာရှိသလို တည်ငြိမ်စွားလုှပ်ရှားလေ့ရှိတယ်။ ဆင်ရုပ်တစ်ရုပ်လောက်အိမ် မှာအလှထားခြင်းဟာ သင့်မိသားစုကို အကာအကွယ်ဖြစ်စေရုံမကပဲ ကံကောင်းစေတယ်လို့ပြောပါတယ်။
၄။ သင်းပျံ့လန်းဆန်းတဲ့ပန်းအမျိုးမျိုးဟာ သင့်ရဲ့အိမ်ကိုပျော်ရွှင်မှုတွေယူဆောင်လာရုံမကပဲ ဖုန်းရွှေပညာရပ်အရ ကံကောင်းခြင်းတွေပါသယ်ဆောင်လာတယ်လို့ယုံကြည်ကြတယ်။ ဆူးပါတဲ့ ပန်းတွေကိုတော့ နည်းနည်းသတိထားပြီး ဆူးလေးတွေကိုဖယ်ရှားပြစ်ရမယ်လို့အကြံပြုထားပါတယ်။
၅။ အမွှေးတိုင်၊ နံ့သာခဲလေးတွေကို မီးရှိ့ထွန်းညှိရာကထွက်တဲ့ အမွှေးရနံ့သင်းတဲ့ မီးခိုးမျှင်မျှင်လေးတွေဟာ မကောင်းတဲ့ဓါတ်သဘောတွေကို လွင့်စင်ပပျောက်စေတယ်လို့ ဖုန်းရွှေပညာရပ်ကဆိုတယ်။ အကယ်၍များ သင့်မှာ ဒီနေ့တော့ကံမကောင်းလှပါလားဆိုတဲ့နေ့တစ်နေ့ကို ကြုံတွေ့လာခဲ့ရမယ်ဆိုရင် အမွှေးတိုင်၊ နံ့သာခဲလေးတွေကို သင့်အနားမှာထွန်းညှိပြီး ကံကောင်းခြင်းတွေကို ခေါ်ဆောင်ကြည့်နိုင်ပါတယ်။
၆။ ပန်းသီးတစ်နေ့တစ်လုံးပုံမှန် စားသုံးရင် ဆရာဝန်နဲ့တွေ့ရဖို့တဖြည်းဖြည်းဝေးလာမယ်ဆိုတဲ့ စကားရှိသလို အရည်ရွှမ်းတဲ့ လိမ္မော်သီးလိုမျိုးကိုပန်းကန်းသို့မဟုတ် စားပွဲတင်ခြင်းလှလှလေးနဲ့ဧည့်ခန်းစားပွဲပေါ်ဖြစ်ဖြစ် ထမင်းစားစားပွဲပေါ်ဖြစ်ဖြစ်မှာ အမြဲလိုလိုတင်ထားပြီးအိမ်သားတွေလဲစား၊ ဧည့်သည်တွေကိုလဲဧည့်ခံကျွေးမွေး မယ်ဆိုရင် အိမ်သားအားလုံးကိုယ်စိတ်နှလုံးချမ်းသာပြီး သုတိမင်္ဂလာပြည့်စုံစေတယ်လို့လဲ ဖုန်းရွှေပညာရပ်ကဆိုတယ်။
၇။ ချစ်စရာ ပိုးတောင်မာကောင် Ladybug ကလေးတွေကိုမြင်ရတဲ့အခါမှာ ပျော်ရွှင်စိတ်ကြည်နူးတဲ့ ခံစားမှုမျိုးဖြစ်လေ့ရှိကြပါတယ်။ အဲဒီလို ချစ်စရာပိုးကောင်ရုပ်ကလေးတွေ၊ ပန်းချီ၊ ဓါတ်ပုံတွေကို အိမ်မှာချိတ်ဆွဲအလှထားရင် လာဘ်ရွှင်စေတယ်လို့ယုံကြည်ကြတယ်။
၈။ မိမိတို့ ဧည့်ခန်းမှာရှိတဲ့ စားပွဲ၊ကုလားထိုင်၊ ဆိုဖာဆက်တီတွေကို အဝင်အထွက်သာစေအောင် အဝန်းအဝိုင်းပုံစံနေရာချထားခြင်းဖြင့် အကောင်းဓာတ်၊ အကြည်ဓာတ်တွေ အိမ်ထဲကိုအလွယ်တကူလှည့်ပတ်စီးဆင်းပါစေလို့ ဖုန်းရွှေပညာက တိုက်တွန်းပါတယ်။
၉။ အရှေ့တိုင်းနဲ့အနောက်တိုင်းလောကီပညာရပ်တော်တော်များများမှာ မြင်းခွာသံကို အိမ်တံခါးမှာချိတ်ဆွဲထားရင် ကံကောင်းစေတယ်လို့ညွှန်းဆိုကြတယ်။ ဒါပေမယ့် မြင်းခွာသံကို ပ စောက်ပုံထားမလား၊ ဂ ငယ်ပုံထားမလားအပေါ်မူတည်ပြီးတော့ အယူအဆအမျိုးမျိုးကွဲပြားနေပါသေးတယ်။
၁၀။ ကံကောင်းစေတယ်ဆိုတဲ့ အဆောင်အယောင်၊ အစီအရင်တွေမှာ အများကြီးငွေကြေးကုန်ကျစရာ မလိုပဲ မိမိတို့အိမ်၊ တိုက်ခန်းဝင်ပေါက်နဲ့ ဂိတ်တံခါးကို အမြဲရှင်းလင်းထားရုံမျှဖြင့် ကံကောင်းတဲ့နေ့ရက်များကို ပိုင်ဆိုင်နိုင်ပါစေတယ်။
၁၁။ ချာမိုမိုင်း (Chamomile) ပန်းခြောက်ကလေးတွေကို ရေနွေးပူပူထဲမှာထည့်ပြီး ရေနွေးကြမ်းသောက်သလို သောက်ရင်ကောင်းခြင်းမင်္ဂလာနဲ့ပြည့်စုံစေသလို ကျန်းမာရေးအတွက်လဲ အထောက်အကူဖြစ်စေနိုင်တယ်လို့ ဆိုတယ်။
၁၂။ ကြည့်မှန်လေးတွေကို သာယာလှပတဲ့အိမ်ပြင်ပရှုခင်းတွေကို အိမ်အတွင်းကနေမြင်အောင် နေရာချချိတ် ဆွဲထားမယ်ဆိုရင်လဲ ကောင်းမွန်တဲ့ ပြင်ပစွမ်းအင်တွေ၊ သာယာဝပြောမှုတွေကို အိမ်အတွင်းကိုဝင်ရောက်စေတယ်လို့လဲယုံကြည်ကြတယ်။
၁၃။ ကြယ်ပုံလေးတွေ အိမ်မှာချိတ်ဆွဲထားရင်လဲ သံမြင်းခွာအိမ်မှာချိတ်ဆွဲထားသလိုမျိုး အာနိသင်ရှိတယ်လို့ ရွေးချယ်စရာတစ်ခုအဖြစ် ဖုန်းရွှေဆရာသမားတွေက ညွှန်းဆိုကြတယ်။
၁၄။ ရွှေဝါငါးကြင်း ရောင်စုံလေးတွေကို ရေကန်ငယ်လေးနဲ့အလှမွေးခြင်းဟာ ပေါကြွယ်ဝခြင်း၊ ချမ်းမြေ့ပျော်ရွှင်ခြင်း နဲ့ အမြင့်မားဆုံးလာဘ်လာဘတွေကို ဖန်တီးပေးနိုင်တယ်လို့ ဖုန်းရွှေပညာရှင်တွေက အလေးအနက်ယုံကြည်ကြတယ်။ ကံကောင်းခြင်းဆုလာဘ်တွေကို ပိုင်ဆိုင်ချင်တဲ့သူတွေအတွက်ကတော့ ရွှေငါးကန်လေးဟာ မရှိမဖြစ်အရေးကြီးလှပါတယ်။
၁၅။ ခရစ္စမတ်နဲ့ သီတင်းကျွတ်ကာလတွေအတွင်း အိမ်တွေမှာအလှဆင်ချိတ်ဆွဲလေ့ရှိတဲ့ အဖြူရောင် (ရောင်စုံမဟုတ်) ဒစ္စကိုမီးကြိုးလေးတွေကို အိမ်မှာ ချိတ်ဆွဲထားပြီးညဘက်မှာ ထွန်းညှိရင် အခွင့်အလမ်းကောင်း တွေဝင်ရောက်လာတယ်လို့ဆိုတယ်။ ကံကောင်းခြင်းတွေဟာ အဖြူရောင်မီးပွင့်လေးတွေနဲ့ မိမိအိမ်ကို အမှတ်သညာပြုပြီး စိုက်စိုက်မြိုက်မြိုက်ရောက်လာနိုင်ပါသတဲ့။
Ref: 15 Things That Will Bring Good Luck to Your Home by LAUREN SMITH MCDONOUGH ကို မြန်မာမှုပြုသည်။ © Metro Yangon Real Estate 30th Nov 2021
ဒုတိယပိုင္း ေဖ်ာက္ထားမည္႕စာ 
သီရိမဂၤလာအိမ္ေဂဟာအတြက္ဖုန္းေ႐ႊနည္းလမ္း ၁၅ ခ်က္

သင္ဟာေလာကီပညာရပ္ဆိုင္ရာ နကၡတ္ေဗဒင္၊ ဖုန္းေ႐ႊ၊ ဝါစတုသွ်တၱရပညာ စသည္ျဖင့္ ယုံၾကည္မႈရွိသည္ျဖစ္ေစ မရွိသည္ျဖစ္ေစ ဘဝမွာတစ္ႀကိမ္တစ္ခါေလာက္ေတာ့ နည္းနည္းျဖစ္ျဖစ္ကံေကာင္း ခ်င္မွာပဲဆိုတာ ျငင္းလို႔မရႏိုင္ပါဘူး။ အပန္းမႀကီးဘူး ကရိကထမမ်ားဘူးဆိုရင္ေတာ့ မိမိေနထိုင္ရာအိမ္ေလးနဲ႔ မိမိရဲ႕ မိသားစုက်န္းမာေရး၊ လာဘ္လာဘ႐ႊင္ေစမယ့္ ကိစၥေလးေတြကို ျပဳလုပ္ဖန္တီးထားသင့္တယ္လို႔ေတာ့ စိတ္ေစတနာေကာင္းနဲ႔ အႀကံေပးရမွာပဲ။
၁။ တံခါးကို ဦးလွည့္ရာအရပ္နဲ႔သဟဇာတျဖစ္မယ့္ အေရာင္ေ႐ြးျခယ္ၿပီးေဆးသုတ္ျခင္းဟာ မေကာင္းတဲ့ဓါတ္သေဘာေတြကို တားဆီးဟန႔္တားေပးၿပီး မဂၤလာအေပါင္းနဲ႔ျပည့္စုံၿပီး လာဘ္လာဘေတြ ဝင္ေစတယ္လို႔ဖုန္းေ႐ႊပညာရပ္ကဆိုပါတယ္။ အိမ္ဟာေတာင္အရပ္ကိုလွည့္ရင္ အနီသို႔မဟုတ္ လိေမၼာ္ေရာင္သုတ္ရမယ္။ ေျမာက္ဘက္ကိုလွည့္ရင္ အျပာသို႔မဟုတ္အနက္ကိုသုတ္သင့္ပါတယ္။ အေရွ႕လွည့္အိမ္ေတြရဲ႕တံခါးကိုေတာ့အညိဳနဲ႔အစိမ္းေရာင္ထဲကေ႐ြးရမွာျဖစ္ၿပီး အျဖဴေရာင္နဲ႔မီးခိုးေရာင္ကေတာ့  အေနာက္လွည့္အိမ္ေတြအတြက္သင့္ေတာ္ပါတယ္လို႔ ဖုန္းေ႐ႊပညာရပ္ကအႀကံျပဳထားပါတယ္။
၂။ ဖုန္းေ႐ႊပညာရပ္ဆိုင္ရာ ေလ့လာေတြ႕ရွိခ်က္အရ အိမ္ထဲမွာ ကတၱီပါလ၊ို လီနင္သားလို ႏူးညံ့တဲ့ အဝတ္စေတြနဲ႔ျပဳလုပ္ထားတဲ့ ေနရာထိုင္ခင္းေတြျပဳလုပ္ထားရင္ အဲဒီအိမ္ထဲမွာ ၿငိမ္သက္ေအးခ်မ္းၿပီး ေႏြးေထြးတဲ့ ခံစားမႈကိုအၿမဲရေစတယ္လို႔ဆိုတယ္။
၃။ ဆင္ဆိုတဲ့သတၱဝါႀကီးဟာ ႀကီးမားသေလာက္ႏူးညံံ့သိမ္ေမြ႕တယ္။ ဉာဏ္ရည္ျမင့္မားၿပီး သစၥာရွိသလို တည္ၿငိမ္စြားလုွပ္ရွားေလ့ရွိတယ္။ ဆင္႐ုပ္တစ္႐ုပ္ေလာက္အိမ္ မွာအလွထားျခင္းဟာ သင့္မိသားစုကို အကာအကြယ္ျဖစ္ေစ႐ုံမကပဲ ကံေကာင္းေစတယ္လို႔ေျပာပါတယ္။
၄။ သင္းပ်ံ႕လန္းဆန္းတဲ့ပန္းအမ်ိဳးမ်ိဳးဟာ သင့္ရဲ႕အိမ္ကိုေပ်ာ္႐ႊင္မႈေတြယူေဆာင္လာ႐ုံမကပဲ ဖုန္းေ႐ႊပညာရပ္အရ  ကံေကာင္းျခင္းေတြပါသယ္ေဆာင္လာတယ္လို႔ယုံၾကည္ၾကတယ္။ ဆူးပါတဲ့ ပန္းေတြကိုေတာ့ နည္းနည္းသတိထားၿပီး ဆူးေလးေတြကိုဖယ္ရွားျပစ္ရမယ္လို႔အႀကံျပဳထားပါတယ္။
၅။ အေမႊးတိုင္၊ နံ႔သာခဲေလးေတြကို မီးရွိ႕ထြန္းညႇိရာကထြက္တဲ့ အေမႊးရနံ႔သင္းတဲ့ မီးခိုးမွ်င္မွ်င္ေလးေတြဟာ မေကာင္းတဲ့ဓါတ္သေဘာေတြကို လြင့္စင္ပေပ်ာက္ေစတယ္လို႔ ဖုန္းေ႐ႊပညာရပ္ကဆိုတယ္။ အကယ္၍မ်ား သင့္မွာ ဒီေန႔ေတာ့ကံမေကာင္းလွပါလားဆိုတဲ့ေန႔တစ္ေန႔ကို ႀကဳံေတြ႕လာခဲ့ရမယ္ဆိုရင္ အေမႊးတိုင္၊ နံ႔သာခဲေလးေတြကို သင့္အနားမွာထြန္းညႇိၿပီး ကံေကာင္းျခင္းေတြကို ေခၚေဆာင္ၾကည့္ႏိုင္ပါတယ္။
၆။ ပန္းသီးတစ္ေန႔တစ္လုံးပုံမွန္ စားသုံးရင္ ဆရာဝန္နဲ႔ေတြ႕ရဖို႔တျဖည္းျဖည္းေဝးလာမယ္ဆိုတဲ့ စကားရွိသလို အရည္႐ႊမ္းတဲ့ လိေမၼာ္သီးလိုမ်ိဳးကိုပန္းကန္းသို႔မဟုတ္ စားပြဲတင္ျခင္းလွလွေလးနဲ႔ဧည့္ခန္းစားပြဲေပၚျဖစ္ျဖစ္ ထမင္းစားစားပြဲေပၚျဖစ္ျဖစ္မွာ အၿမဲလိုလိုတင္ထားၿပီးအိမ္သားေတြလဲစား၊ ဧည့္သည္ေတြကိုလဲဧည့္ခံေကြၽးေမြး မယ္ဆိုရင္ အိမ္သားအားလုံးကိုယ္စိတ္ႏွလုံးခ်မ္းသာၿပီး သုတိမဂၤလာျပည့္စုံေစတယ္လို႔လဲ ဖုန္းေ႐ႊပညာရပ္ကဆိုတယ္။
၇။  ခ်စ္စရာ ပိုးေတာင္မာေကာင္ Ladybug ကေလးေတြကိုျမင္ရတဲ့အခါမွာ ေပ်ာ္႐ႊင္စိတ္ၾကည္ႏူးတဲ့ ခံစားမႈမ်ိဳးျဖစ္ေလ့ရွိၾကပါတယ္။ အဲဒီလို ခ်စ္စရာပိုးေကာင္႐ုပ္ကေလးေတြ၊ ပန္းခ်ီ၊  ဓါတ္ပုံေတြကို အိမ္မွာခ်ိတ္ဆြဲအလွထားရင္ လာဘ္႐ႊင္ေစတယ္လို႔ယုံၾကည္ၾကတယ္။
၈။ မိမိတို႔ ဧည့္ခန္းမွာရွိတဲ့ စားပြဲ၊ကုလားထိုင္၊ ဆိုဖာဆက္တီေတြကို အဝင္အထြက္သာေစေအာင္ အဝန္းအဝိုင္းပုံစံေနရာခ်ထားျခင္းျဖင့္ အေကာင္းဓာတ္၊ အၾကည္ဓာတ္ေတြ အိမ္ထဲကိုအလြယ္တကူလွည့္ပတ္စီးဆင္းပါေစလို႔ ဖုန္းေ႐ႊပညာက တိုက္တြန္းပါတယ္။
၉။ အေရွ႕တိုင္းနဲ႔အေနာက္တိုင္းေလာကီပညာရပ္ေတာ္ေတာ္မ်ားမ်ားမွာ ျမင္းခြာသံကို အိမ္တံခါးမွာခ်ိတ္ဆြဲထားရင္ ကံေကာင္းေစတယ္လို႔ၫႊန္းဆိုၾကတယ္။ ဒါေပမယ့္ ျမင္းခြာသံကို ပ ေစာက္ပုံထားမလား၊ ဂ ငယ္ပုံထားမလားအေပၚမူတည္ၿပီးေတာ့ အယူအဆအမ်ိဳးမ်ိဳးကြဲျပားေနပါေသးတယ္။
၁၀။ ကံေကာင္းေစတယ္ဆိုတဲ့ အေဆာင္အေယာင္၊ အစီအရင္ေတြမွာ အမ်ားႀကီးေငြေၾကးကုန္က်စရာ မလိုပဲ မိမိတို႔အိမ္၊ တိုက္ခန္းဝင္ေပါက္နဲ႔ ဂိတ္တံခါးကို အၿမဲရွင္းလင္းထား႐ုံမွ်ျဖင့္ ကံေကာင္းတဲ့ေန႔ရက္မ်ားကို ပိုင္ဆိုင္ႏိုင္ပါေစတယ္။
၁၁။ ခ်ာမိုမိုင္း (Chamomile) ပန္းေျခာက္ကေလးေတြကို ေရေႏြးပူပူထဲမွာထည့္ၿပီး ေရေႏြးၾကမ္းေသာက္သလို ေသာက္ရင္ေကာင္းျခင္းမဂၤလာနဲ႔ျပည့္စုံေစသလို က်န္းမာေရးအတြက္လဲ အေထာက္အကူျဖစ္ေစႏိုင္တယ္လို႔ ဆိုတယ္။
၁၂။ ၾကည့္မွန္ေလးေတြကို သာယာလွပတဲ့အိမ္ျပင္ပရႈခင္းေတြကို အိမ္အတြင္းကေနျမင္ေအာင္ ေနရာခ်ခ်ိတ္ ဆြဲထားမယ္ဆိုရင္လဲ ေကာင္းမြန္တဲ့ ျပင္ပစြမ္းအင္ေတြ၊ သာယာဝေျပာမႈေတြကို အိမ္အတြင္းကိုဝင္ေရာက္ေစတယ္လို႔လဲယုံၾကည္ၾကတယ္။
၁၃။ ၾကယ္ပုံေလးေတြ အိမ္မွာခ်ိတ္ဆြဲထားရင္လဲ သံျမင္းခြာအိမ္မွာခ်ိတ္ဆြဲထားသလိုမ်ိဳး အာနိသင္ရွိတယ္လို႔ ေ႐ြးခ်ယ္စရာတစ္ခုအျဖစ္ ဖုန္းေ႐ႊဆရာသမားေတြက ၫႊန္းဆိုၾကတယ္။
၁၄။ ေ႐ႊဝါငါးၾကင္း ေရာင္စုံေလးေတြကို ေရကန္ငယ္ေလးနဲ႔အလွေမြးျခင္းဟာ ေပါႂကြယ္ဝျခင္း၊ ခ်မ္းေျမ့ေပ်ာ္႐ႊင္ျခင္း နဲ႔ အျမင့္မားဆုံးလာဘ္လာဘေတြကို ဖန္တီးေပးႏိုင္တယ္လို႔ ဖုန္းေ႐ႊပညာရွင္ေတြက အေလးအနက္ယုံၾကည္ၾကတယ္။ ကံေကာင္းျခင္းဆုလာဘ္ေတြကို ပိုင္ဆိုင္ခ်င္တဲ့သူေတြအတြက္ကေတာ့ ေ႐ႊငါးကန္ေလးဟာ မရွိမျဖစ္အေရးႀကီးလွပါတယ္။
၁၅။ ခရစၥမတ္နဲ႔ သီတင္းကြၽတ္ကာလေတြအတြင္း အိမ္ေတြမွာအလွဆင္ခ်ိတ္ဆြဲေလ့ရွိတဲ့ အျဖဴေရာင္ (ေရာင္စုံမဟုတ္) ဒစၥကိုမီးႀကိဳးေလးေတြကို အိမ္မွာ ခ်ိတ္ဆြဲထားၿပီးညဘက္မွာ ထြန္းညႇိရင္ အခြင့္အလမ္းေကာင္း ေတြဝင္ေရာက္လာတယ္လို႔ဆိုတယ္။ ကံေကာင္းျခင္းေတြဟာ အျဖဴေရာင္မီးပြင့္ေလးေတြနဲ႔ မိမိအိမ္ကို အမွတ္သညာျပဳၿပီး စိုက္စိုက္ၿမိဳက္ၿမိဳက္ေရာက္လာႏိုင္ပါသတဲ့။

Ref: 15 Things That Will Bring Good Luck to Your Home by LAUREN SMITH MCDONOUGH ကို ျမန္မာမႈျပဳသည္။ © Metro Yangon Real Estate 30th Nov 2021
 

0 comments:

License

License
Thank you very much for visiting my blog. I really do. I am trying to write and share my knowledge, experience,information etc etc. I would be very much appreciated for your either encouraging or critical comments to my any post. Furthermore, some photos herein the posts are not mine and perhaps some information too. However I always try to credit or mention the courtesy of the respective owner and/or where I got it from. Anyway please leave your message anything regards to my blog or if you want to use any part of information from my blog. I would follow up thereafter your message, accordingly.
Contact: thomasjrlatt@gmail.com