Friday, December 14, 2012

ဟိုတယ် ပြုပြင် ၊ပြင်ဆင်ထိမ်းသိမ်း ခြင်းအား အဆုံးအရှုံးနည်းနည်း၊ ဧည့်သည်များ အဆင်မပြေမှု့ နည်းနိုင်သမျှနည်း အောင် စီမံခံ့ခွဲခြင်း (၀ါ) ဟိုတယ် ရီနိုဗေးရှင်း အား စီမံခံ့ခွဲခြင်း

ယေဘုယျ အားဖြင့် ဟိုတယ် အားလုံး ငါးနှစ်မှ ခုနှစ် နှစ် အတွင်း အထွေထွေ ပြုပြင်ထိမ်းသိမ်း ခြင်း အား ပြုလုပ်လေ့ရှိသည်။ ထိုသို့ ပြုလုပ်ခြင်း အားဖြင့် အဆောက်အဦ၊ အတွင်း အပြင် ပရိဘောဂ အစရှိသမျှ ဟိုတယ်တစ်လုံး ဧ။် သွင်ပြင်လက္ခဏာ များ အမြဲတစေ သစ်လွင်တောက်ပနေစေပြီး၊ မူလအခြေအနေများ အားမပျက်မယွင်းစေရန် ထိမ်းသိမ်းထားနိုင်မည် ဖြစ်သည်။  အကယ်၍နိုင်ငံတကာ ဟိုတယ် အုပ်စု (Starwood, Marriott, Hilton, Sheraton, Shangri La စသည်) အမည် ခံ ဖရန်ချိုက်စ် (franchise) ဟိုတယ် တစ်လုံးဖြစ် ပါကလည်း အမြဲပြုပြင်ထိမ်းသိမ်းနေခြင်းအားဖြင့် သက်ဆိုင်ရာ ဟိုတယ် အုပ်စု ဧ။် စံချိန် စံနှုန်း များ အတိုင်း ဆက်လက် တည်ရှိနိုင်မည် ဖြစ်သည်။ ပြုပြင်ထိမ်းသိမ်းဆဲကာလ အတွင်း အောက်ခြေမှ စ၍ ဟိုတယ် အုပ်ချုပ် စီမံခန့်ခွဲ သူ များ (management) ဧ။် အရည်အချင်းပြည့် မှု့၊ စီမံခန့် ခွဲမှု့ ကျွမ်းကျင်ခြင်း၊ ပါးရည်နပ်ရှိ ပြီး လုပ်ရည်ကိုင်ရည် ရှိခြင်း တို့ အပေါ် မူုတည်  ၍ တည်းခိုသူ ဧည်သည်များ စိတ်ချမ်းသာ ကျေနပ်မှု့ ရှိခြင်း၊ အဆင်မပြေ မှု့ များ ဖြစ်လေ့ရှိသည်။ ဟိုတယ် ပြုပြင်ထိမ်းသိမ်းဆဲ ကာလ အတွင်း အခန်း လျာထားမှူ့များ စီမံခန့်ခွဲ ခြင်း (room inventory and allotment management) များပြုလုပ်ရာ တွင် ဧည့်သည် အများဝင်ထွက်သွားလာ ရာ လော်ဘီ (lobby) အခန်းကော်ရစ်ဒါ စသည် တို့ အပေါ် တွက်ချက် ပြီး အဆင်မပြေမှု နည်းနိုင်သမျှ နည်းအောင် စဉ်းစားတတ်ရန်လိုသည်။

သတိပြုရမည့် အချက်မှာ ဧည့်သည်များ သည် ဆောက်လုပ်ရေး လုပ်ငန်း များနှင့် ငြမ်းဆင်ထားခြင်း၊ ဆေးသုတ် ခြင်း များအား လာရောက်ကြည့်ရှု့ ရန်၊ တူရိုက်သံ၊ လွှဖြတ်သံ   ရွှေပေါ်ထိုးသံများ လာရောက်နားထောင်ရန် အတွက် မိမိတို့ ဟိုတယ် မှာ တည်းခိုနေခြင်း မဟုတ် ဟူသည့် အချက်ကို နားလည်ရန်ပင်ဖြစ်သည်။
ဟိုတယ် အုပ်ချုပ်စီမံခန့်ခွဲသူများ အနေဖြင့် ဘက်ပေါင်းစုံ မှ ထောင့်စေ့ အောင် စဉ်းစား ပြင်ဆင်ပြီး ဟိုတယ်ဧ။် ပုံရိပ်၊ ဂုဏ်သိက္ခာ၊ ဧည့်သည်များ အတွက်  (အမြင်၊ အကြား၊ ကိုယ်ခန္ဓာ) ထိခိုက်မှု့ အနည်းဆုံး ဖြစ်အောင် ဆောင်ရွက်ရန် အရေးကြီးသည်။ ဟိုတယ် ပြုပြင်ထိမ်းသိမ်းဆဲ ကာလ အတွင်း အာက်ဆုံး အခြေခံ မှစ၍ အထိအခိုက်အနည်းဆုံး (Painless as Possible) ဖြစ်စေရန် အမြဲရှေ့ ရှု ရမည်ဖြစ်ပြီး အောက်ပါ အချက်များ ကို အထူး ဂရုပြု လိုက်နာရန် လိုအပ်သည်။

၁။ အကယ်၍ ဖရန်ချိုက်စ် ဟိုတယ် ဖြစ်ပါက အဆိုပါ သက်ဆိုင်ရာ နိုင်ငံတကာ ဟိုတယ် အုပ်စုများဧ။် စံချိန်စံညွှန်းများ၊ အရည်အချင်း သတ်မှတ်ချက်များ အားပြန်လည် လေ့လာဆန်းစစ်ရန် လိုအပ်သည်။
(ဥပမာ။          ။ Shangri La ဟိုတယ် တစ်လုံးဧ။် ထူခြား သည့် အရည်အခြင်းမှာ ကမ္ဘာပေါ်ရှိ Shangri La ဟိုတယ်များ အားလုံး တူညီသော ခံစားမှု့ ကိုပေးသည်။ ပထမ ဆုံးအကြိမ်ရောက်ဖူးသည့် ဧည့်သည် ဖြစ်သည့်တိုင် တခြား နေရာမှ Shangri La ဟိုတယ် တစ်ခုခု တွင်တည်းခိုဖူးပါက ဤဟို တယ်သို့ ရောက်ဖူးနေသကဲ့သို့ ခံစားစေခြင်းဖြစ်သည်။)

၂။ ဟိုတယ်ဧ။် ၀န်ဆောင်မှု့ နှင့် အထွေထွေ အရည်အသွေး မြင့်တင်သည့် (upgrading renovation) ပြင်ဆင် ဆောင်ရွက်မှု့ မျိုး လုပ်ခြင်း၊ ခေတ်မီ အသုံးအဆောင်များ နည်းပညာများ ထည့်သွင်းလိုခြင်းများ (internet access, bandwidth စသည်)  ရှိပါက ဧည့်သည်များ ဧ။် အမြင်၊ သဘောထား၊ အကြံဥာဏ်များ ကောက်ယူပြီး စနစ်တကျ မှတ်တမ်းပြုစုကာ ထည့်သွင်း စဉ်းစားရမည်။

၃။ အကယ်၍ ဖရန်ချိုက်စ် ဟိုတယ်ဖြစ်ပါက ဆောင်ရွက်မည့် ပြုပြင်ထိမ်းသိမ်းခြင်းလုပ်ငန်း ပရောဂျက်ကို ရှင်းရှင်းလင်းလင်း အသေးစိပ် သက်ဆိုင်ရာဟိုတယ် ကုမ္ပဏီကို တင်ပြပြီး ခွင့်ပြုချက် တောင်းခံရန် လိုသည်။

၎။ ဟိုတယ် ရီနိုဗေးရှင်း လုပ်ငန်းများ များမကြာမီအတွင်း လုပ်ကိုင်ဆောင်ရွက် ဖူးသည့် ဟိုတယ် လုပ်ငန်းရှင်များ၊ အထွေထွေမန်နေဂျာများ များနှင့် စကား ပြောဆို အကြံဥာဏ်ယူခြင်း ပြုလုပ် ၍ ၄င်းတို့ ဧ။် အတွေ့ အကြုံ၊ အခက်အခဲ နှင့် ပြဿနာများ ရင်ဆိုင် ဖြေရှင်းခဲ့ပုံများ၊ အမှားများ အား တန်ဖိုးထား အတုယူ ကာ မိမိတို့ ဟိုတယ် ရီနိုဗေးရှင်း ပရောဂျက်အား အမှား နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ရမည်။

၅။ ဟိုတယ် ရီနိုဗေးရှင်း ဧ။် အတိမ်အနက်၊ အကျဉ်း အကျယ် အပေါ် မူတည် ၍ ရီနိုဗေးရှင်း ပြုလုပ်စဉ် ဟိုတယ်တစ်ခု လုံး ပိတ်ထား မည် သို့မဟုတ် တစ်စိတ် တစ်ပိုင်းသာ ဖွင့်လှစ်ပြီး ဧည့်သည် များ လက်ခံ ၀န်ဆောင် မှု့ ပေးမည် ဆိုသည် ကို အလေးအနက် စဉ်းစား ဆုံးဖြတ် ရမည်။

၆။ ဧည့်သည် များ အဆင်မပြေမှ့ နှင့် ဟိုတယ်ဧ။်ဝင်ငွေ ထိခိုက်မှု့ အနည်းဆုံးဖြစ်စေရန် အတွက်  ဟိုတယ် ရီနိုဗေးရှင်း ဧ။် အတိမ်အနက်၊ အကျဉ်း အကျယ် အပေါ် မူတည် ကာ မည်မျှ ကြာနိုင်မည် ကိုတွက်ချက် ပြီး နှစ်တစ်နှစ် ဧ။် မည်သည့် ကာလ အတွင်း ဆောင်ရွက်ရမည် ကို စဉ်းစား ဆောင်ရွက်ရမည်။

၇။ ဟိုတယ် ရီနိုဗေးရှင်း ဆောင်ရွက်ရန် အလားတူ လုပ်ငန်းမျိုးများ  ၌ အတွေ့အကြုံ ကောင်းများရှိသူ၊ နာမည်ကောင်း ရှိသူ ကန်ထရိုက်တာ အားရှာဖွေ ၍  အလုပ်အပ် ဆောင်ရွက်စေရမည်။ အဆိုပါ ကန်ထရိုက်တာသည် ဟိုတယ် ရီနိုဗေးရှင်း လုပ်ငန်းများ ဆောင်ရွက်စဉ် အတွင်း သိုသိုသိပ်သိပ် ကျစ်ကျစ်လျစ်လျစ် လုပ်ကိုင်ဆောင်ရွက် ရန်၊ တိုးတိုးတိတ်တိတ် သန့်သန့် ရှင်းရှင်း ပြုလုပ်ဆောင်ရွက် သွားရန် နားလည်သူဖြစ်ရမည်။

၈။ ထိုသို့ ကန်ထရိုက်တာ မျိုးရရှိရန် စုံစမ်းရှာဖွေရာတွင် ဟိုတယ် လုပ်ငန်းရှင်နှင့် စီမံအုပ်ချုပ်သူတို့ က ၄င်းကန်ထရိုက် ပြုပြင် ဆောင်ရွက်မှု့များ လတ်တလော လုပ်သွားခဲ့ သည့် ဟိုတယ် များအား လူကိုယ်တိုင် သွားရောက် ကာ အဆိုပါ ကန်ထရိုက်ဧ။် လုပ်ကိုင်ဆောင်ရွက်ပုံ၊ လုပ်ငန်းများ လျာထားချက် အတွင်း အချိန်မှီ ပြီးစီး မှု့ ရှိမရှိ ဆိုသည်ကို ဂရုပြုလေ့လာရန်လိုအပ်သည်။

၉။  ဟိုတယ်ရိုနိုဗေးရှင်း ပြုလုပ်ရန် ဗိသုကာ ပညာရှင်၊ အဆောက်အဦ အတွင်း ဒီဇိုင်းများ ပြုလုပ်သူ ပညာရှင်များ၊ အ၀ယ်တော် စသည်တို့ အကြောင်းကို သိရှိရန်လိုအပ်သည်။

၁၀။ ကန်ထရိုက်တာ နှင့် ဆွေးနွေး တိုင်ပင်ကာ ရီနိုဗေးရှင်းကာလ အတွင်း မူလ အခန်း စာရင်း (room inventory) မှ အခန်းမည်မျှ ဖယ်ထုတ် ရမည်၊ အချိန်ကာလ မည်မျှ ကြာသည်အထိ ဤ အခန်းများ ဖယ်ထုတ် ထားရမည်၊ လူအများ သွားလာရာ ဧည့်ခန်းဆောင် (lobby)၊ ရေကူးကန်၊ စားသောက်ခန်းမ စသည် နေရများ အား ရီနိုဗေးရှင်း လုပ်ငန်းဆောင်တာများနှင့် မည်မျှ ထိတွေ့ ပတ်သက်မည် ကို ကြိုတင်စဉ်းစား ပြင်ဆင်ရမည်။

၁၁။ ဟိုတယ် ရီနိုဗေးရှင်း စတင် ဆောင်ရွက်ခြင်း မပြုမှီ ဟိုတယ်၏ အဓိကစီးပွားဖက်များ ဖြစ်သူ ခရီးသွားလုပ်ငန်း ကုမ္ပဏီများ၊ ခရီးသွားလုပ်ငန်း ကိုယ်စားလှယ်များ နှင့် ကာလရှည် တည်းခိုသူ ဧည့်သည်များ၊ ဟိုတယ်အတွင်း လက်ရှိတည်းခိုနေသူ ဧည့်သည်များ အပါအ၀င် ဆက်စပ် ပါတ်သက်သူ အားလုံးအား အသေးစိပ် ကြိုတင် အကြောင်းကြားရမည်။

၁၂။ ဘဏ္ဏာငွေ ကြေးဆိုင်ရာ ရီပို့ ပြင်ဆင်၍ (room, food & beverages and meeting & function room) များမှ အလားအလာရှိ ၀င်ငွေ ထိခိုက်နစ်နာ ဆုံးရှုံးမှု့ အားတွက်ချက် ကာ ဟိုတယ်လုပ်ငန်းရှင် နှင့် ဖရန်ချိုက်စ် ကုမ္ပဏီ တို့အား တင်ပြရမည်။ အဆိုပါ ရီပို့ သည် အနာဂါတ် ဘဏ္ဏာရေး အခြေအနေသုံးသပ်ရာတွင် အသုံးပြုနိုင် မည်။

၁၃။ ဟိုတယ် ရီနိုဗေးရှင်း လုပ်ဆောင်မှု့ လုံးဝ ပြီးစီးသွားသည် နှင့် သက်ဆိုင်ရာ သတင်းမီဒီယာ အသီးသီး နှင့် စီးပွားဖက် ခရီးသွားလုပ်ငန်း ကုမ္ပဏီများ၊ ခရီးသွားလုပ်ငန်း ကိုယ်စားလှယ်များ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဆိုင်ရာ အစိုးရဌာန နှင့် တည်းခိုးသူ ဧည့်သည်များ အား ဖိတ်ခေါ်၍ှရှင်းလင်း တင်ပြရမည်။ (ဥပမာ။        ။ Agent Appreciation Night, Reborn စသည်ဖြင့် အမည် တမျိုးမျိုးတပ် ကာ အကျွေးအမွေးဖြင့် တည်ခင်း ဧည့်ခံ ကာ ပြီးစီးသွားသည့် ရီနိုဗေးရှင်း ပြုလုပ်သည့် အခန်း၊ နေရာ စသည် တို့ ကို လက်တွေ့ လိုက်လံရှင်းလင်း ပြသ ရန်ဖြစ်သည်။)

၁၄။ ရီနိုဗေးရှင်းပြုလုပ်ရင်း ဟိုတယ်၏ လုပ်ငန်းဆောင်တာများ ဆောင်ရွက်သည်မှာ ခက်ခဲပါသည်။ သို့ရာတွင် အဆိုပါ အခန်းကဏ္ဍ သည် ဟိုတယ်လုပ်ငန်းနယ်ပါယ် အတွက် မရှိမဖြစ် ရှောင်လွဲမရနိုင်သည့် အခြေအနေတစ်ရပ်သာ ဖြစ်ပါသည်။  စနစ်တကျကြိုတင်ပြင်ဆင်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ စည်းကမ်းများ အား စနစ်တကျ လိုက်နာခြင်း အားဖြင့် ပိုမိုကောင်းမွန် သစ်လွင်အောင် တိုးတက်အောင် ဆောင်ရွက်သော ရီနိုဗေးရှင်း သည် တည်းခိုသူ ဧည့်သည်များ စိတ်ချမ်းမြေ့စွာ တည်းခိုနေရင်း အောင်မြင်ပြီးဆုံးအောင် ဆောင်ရွက်နိုင်မည် ဖြစ်သည်။



မှတ်ချက်။                      မြန်မာ နိုင်ငံအတွင်း ပြုလုပ်ခဲ့သော၊ လက်ရှိလုပ်ဆဲဖြစ်သော၊ ဟိုတယ် ရီနိုဗေး ရှင်းများ နှင့် ပါတ်သက်၍ ပြဿနာကြီးငယ် များစွာ ကိုယ်တွေ့ကြုံဘူးသူ တိုးအော်ပရေတာ တစ်ဦးအနေဖြင့် လိုအပ်ချက်တစ်ခုဟု ထင်မြင်ယူဆပါသဖြင့် Mark C. Lynn ရေးသော Managing A Hotel Renovation To Minimize Guest Inconvenience And Loss Of Revenue ကို ဆီလျော်သလို ဘာသာ ပြန်ပါသည်။


2 comments:

Crystal said...

ပြည်ပရောက်မြန်မာတွေ ဟိုတယ်တွေဆောက်ဖို့ ရင်းနှီးမြုပ်နှံမယ်ဆိုတဲ့ စိတ်ကူးတွေနဲ့ ပြန်သွားကြတာများတယ်လို့ သတင်တွေ ကြားနေရတယ်၊ ဒီပိုစ့်လေးနဲ့ဆို ကွက်တိ :)

sosegado said...

မြန်မာပြည်မှာ လောလောဆယ် အဓိက လိုအပ်နေတဲ့ အရာတစ်ခုပါ
အနံ့တွေ ဖုန်တွေ အဲကွန်းဆူသံတွေ ရေဖွင့်လိုက်လျှင် ရေပုတ်တွေအရင်ထွက်လာတာတွေ အင်းဈေးကလည်းကြီးသေး

License

License
Thank you very much for visiting my blog. I really do. I am trying to write and share my knowledge, experience,information etc etc. I would be very much appreciated for your either encouraging or critical comments to my any post. Furthermore, some photos herein the posts are not mine and perhaps some information too. However I always try to credit or mention the courtesy of the respective owner and/or where I got it from. Anyway please leave your message anything regards to my blog or if you want to use any part of information from my blog. I would follow up thereafter your message, accordingly.
Contact: thomasjrlatt@gmail.com