ကျနော် ဟာ တော်တော်များများ နေရာမှာ ဖေဖေနဲ့ တူ တယ်လို့ မေမေနဲ့ အတွင်းသိ ဆွေမျိုးတွေကဆိုကြတယ်။ စိတ်ဝင်စား တာတွေတူတယ်။ ၀ါသနာတူတယ်။ တွေးခေါ်ပုံတွေ တူတယ်။ ပြီးတော့ အများ က "ပေါက်ပေါက်ရှာရှာ" လို့ ပြောရမယ့် ကိစ္စမျိုး တွေ မှာ ၀ါသနာကြီး တာ တူတယ်။ အဲဒီလို ၀ါသနာ တွေက ငယ်စဉ် ကတည်း က ဖေဖေနဲ့ အတူ သူဝါသနာပါရာ အလုပ်တွေကူ လုပ်ပေးတာ တွေကစ တင် အမြစ်တွယ်ခဲ့တယ် လို့ ပဲယူဆရမယ်။ အထူးသဖြင့် စာအုပ်စုတာ၊ တံဆိပ်ခေါင်း မျိုးစုံ၊ ဒင်္ဂါးအဟောင်းတွေ၊ ရှေးဟောင်းပစ္စည်းမျိုးစုံ စုထားတာ တွေက ကျုရီယို ဆိုင်လိုလို၊ စာအုပ်အဟောင်း ဆိုင်လို လို ကို ဖြစ်လို့။ ဖေဖေ နဲ့ ၀ါသနာတူ လူကြီး တွေ အိမ်ကိုအလည် လာပြီး ခေါင်းစဉ် တူရာတူရာ အောက်မှာ ပြောဆိုဆွေးနွေးကြပြီ ဆိုရင် ကျနော်က ဘေးမှာ တမော့မော့နဲ့ နားထောင် နေခဲ့တာ။
ဖေဖေက သူနဲ့ ၀ါသနာတူ တဲ့သား ကို သိပ်သဘောကျ မှာပေါ့။ တခုခု ကို သိချင်လို့ မေးလိုက် မိပြီ ဆိုရင်လဲ မဆုံးနိုင်တော့ ဘူးရှင်း ပြတာ။ အထူးသဖြင့် သဘာဝ ပါတ်ဝန်းကျင်နဲ့ ပတ်သက်တာတွေ၊ တိရိစ္ထာန်တွေ အကြောင်း၊ ငှက်တွေ အကြောင်း၊ ခေတ်မီ ပြီး အမြော်အမြင်ရှိတဲ့ နိုင်ငံကြီးတွေမှာ သဘာဝဂေဟစနစ် ကို ဘယ်လို ထိမ်းသိမ်း တယ် ဆိုတဲ့ အကြောင်း တွေ ကို အသေးစိပ်တန် စိပ်၊ အကျယ်တ၀င့် လိုရင် အကျယ်တ၀င့်၊ အကြမ်းဖျင်းတန် ရင်အကြမ်းဖျင်း ရှင်းပြပါတယ်။ ဒါတင်မကသေးပဲ လက်ဟန်ခြေဟန်၊ ကိုယ်နေကိုယ်ထား အပြင် အသံထွက်သင့် ရင် အသံပါ အတုလုပ်ပြလေ့ရှိလို့ မေမေနဲ့ တကွ နီးစပ်ရာ တခြားလူတွေ အတွက်တော့ "ပေါက်ပေါက်ရှာရှာ" လို့ ပြောပြီး ရယ်ကြရပါတယ်။
အထူးသဖြင့် တိရိစ္ဆာန်တွေ ရဲ့ အချင်းချင်း အသံပေး ပြီး ဆက်သွယ်ကြပုံ၊ ဒေါသထွက်တဲ့ အသံ၊ ရန်သူကို တွေ့လို့ အချင်းချင်း သတိပေးတဲ့ အသံ၊ ကြောက်လို့ ထွက်တဲ့ အသံ၊ ဖို သံ ပေးပုံ စသဖြင့် အကြောင်းအရာ မျိုးစုံ မကုန်နိုင်အောင် ရှင်းပြလေ့ရှိပါတယ်။ ငှက်တွေအတွက် အသံဟာ အလွန်အရေးကြီးကြောင်း ကို ကြက်ဖကြီး တွန်ရင် အနီးအနားက ကြက်ဖ ငယ်တွေ မတွန်ရဲတဲ့ အကြောင်းနဲ့ နယ်မြေပိုင်ဆိုင်မှု အတွက် တွန်ရတာ ဖြစ်တဲ့ အကြောင်း ဥပမာပေးရှင်းပြပါတယ်။ မြေလတ် ဒေသက အိမ်ကလေးမှာ နေစဉ် ကျနော်ငယ်ငယ် ကတော့ ငှက်မျိုးစုံရဲ့ အသံ လုပ်ပြတတ်တာ မှတ်မိနေပါသေးတယ်။
ကျနော် အပါအ၀င် သားသမီးတွေ အတောင်အလက်စုံလို့ တကွဲ တပြားစီ နေကြတော့ ဖေဖေနဲ့ မေမေ နှစ်ယောက်ထဲ မြို့သစ်က အိမ်လေးမှာ နေကြရပါတယ်။ ကျနော် က အင်ဒိုနီးရှား နိုင်ငံ ဘာလီကျွန်းမှာ၊ ကျန်တဲ့ အကိုတွေ ညီမတွေက ကမ္ဘာ့ အရှေ့ ဖျားက နိုင်ငံလေးမှာ။ အဆင်ပြေတဲ့ ညီမများ က မိဘတွေကို သူတို့ ရှိတဲ့ နိုင်ငံမှာ နေဖို့ ခေါ် ကြပေမယ့် အကြာကြီး မနေနိုင်ရှာဘူး။ မတူတဲ့ ရာသီဥတု နဲ့ ခင်ရာ မင်ရာဆွေမျိုးမိသင်္ဂဟ တွေမရှိတဲ့ တစိမ်း နိုင်ငံမလို့ တဲ့။တခါနေရင် သုံးလ လောက်ပဲ နေနိုင်ကြတယ်။
ဖေဖေနဲ့ မေမေ က အသက်ကြီးပြီဆိုတော့ သားသမီး စုံစုံလင်လင်တဲ့ အတူ ဆုံ ချင်တယ်၊ မိသားစု ဓါတ်ပုံ ရိုက်ချင်တယ်ဆိုတော့ တဦးတည်း သီးသီးခြားခြားခွဲထွက် နေရတဲ့ ဘာလီကျွန်းက ကျနော်က မဖြစ်ဖြစ်အောင် ကျိုးစားပြီး မိဘတွေ နဲ့အတူ မတွေ့ရတာ နှစ်ပေါင်း များစွာကြာနေပြီဖြစ်တဲ့ အကို၊ ညီမတွေကို တွေ့ ဖို့ သွားရပါတယ်။ မိဘတွေ အနေနဲ့ လဲ တစ်ခေါက်တစ်ခေါက် ရောက်ဖို့ ကလွယ်တာ မဟုတ်လို့ အခုလက်ရှိ အဲဒီနိုင်ငံမှာ ရောက်နေတုန်း လေး ကိုလာစေချင်ကြတာပါ။ တကယ်ဆို ကျနော် အဲဒီကို ရောက်တော့ ဖေဖေနဲ့မေမေ က ပြန်ဖို့ တပါတ်ခန့်သာကျန်ပါတော့တယ်။ မပြန်ခင် မီတယ် ဆိုရုံကလေး မျှသာဖြစ်ပါတယ်။
ကျနော် ရောက်တော့ မိသားစု စုံစုံလင်လင် နဲ့ ဟိုး အရင် က လို ပျော်ပျော် ပါးပါး နောက်နောက် ပြောင်ပြောင် ပြန် ဖြစ်လာပါတယ်။ အတူသွား၊ အတူစား၊ ပြီးတော့ မတွေ့ရတာ ကြာပြီဆိုတော့ လူတိုင်းမှာ စကားတွေလဲ ပြော မကုန်နိုင် အောင်ပါပဲ။ ကျနော်က ဘာလီက အကြောင်း၊ အင်ဒိုနီး ရှား၊ မလေးရှား မှာ နေထိုင်အလုပ်လုပ် ရတဲ့ အကြောင်းတွေ ပြောသလို အကိုတွေ ညီမတွေကလဲ သူတို့ ဆီက အကြောင်းတွေ၊ မေမေနဲ့ ဖေဖေနဲ့ ကလဲ ရွှေပြည်တော်က အကြောင်း တွေ စသဖြင့်ပေါ့။ ကျနော့် အတွက် တော့ ကမ္ဘာ့ အရှေ့ဖျား က ကျွန်းနိုင်ငံလေး ရဲ့ ဖွံ့ဖြိုး တိုးတက်ပုံ ထက် စည်းကမ်းကြီးပုံ၊ အလုပ်အပေါ် တန်ဖိုးထား ကျိုးစားပုံတို့ ကိုသာ တအံ့တသြ ဖြစ်နေပါတော့တယ်။ နေရာတကာ လက်ညိုးတထိုးထိုး နဲ့ သိချင်တာ မှန်သမျှမေး လာလိုက်တာ အမှိုက် ကို အမှိုက် အမျိုးအစား အလိုက် ရက်သတ်မှတ်ပြီး ပစ် တဲ့ အကြောင်း၊ အိမ်ရှေ့ က အမှိုက် အထုပ်ကလေးတွေကို ပိုက်ကွန်အုပ်ထားတဲ့ အကြောင်းတွေကို ပါ တွေ့ မြင်ရပါတယ်။ ပိုက်ကွန်နဲ့ မအုပ်ရင် သူတို့ စီက ကျီးကန်းတွေက ထိုးဆွ ပြီး စားစရာ ရှာတတ်တဲ့ အတွက် အမှိုက်တွေ လမ်းပေါ်မှာပြန့် ကျဲနေတတ်လို့ အုပ်ထားတာ ဖြစ်ကြောင်းညီမဖြစ်သူက ရှင်းပြပါတယ်။
အဲဒီ မှာ တိုကျို မြို့ လည် က အတင့်ရဲလှတဲ့ တောကျီးကန်း (Large-billed Crow) တွေကို သတိပြု မိပါတယ်။ တောကျီးကန်း နဲ့ မြို့ ကျီးကန်း (House Crow) မတူတာက တောကျီးကန်း က ခန္ဓာကိုယ် ပိုကြီးရုံမျှ မကပဲ နှုတ်သီးက သိသိသာသာ ကြီးပါတယ်။ မြို့ ကျီးကန်း တွေလို မျိုး အာ ရင် "အား အား အား " လို့ မထွက် ပဲ "အား" နဲ့ "ဂဲ" ဆိုတဲ့ အသံ နှစ်သံ အကြားထွက် ပြီး ပို ကျယ်ပါတယ်။ ငှက်ပေါက် ကလေးတွေ၊ ကြွက်၊ ပုတ်သင် စတဲ့ အကောင်တွေကို အရှင်လိုက် ပေါက်သတ်ပြီး စားတတ်ပြီး အလွန်လဲ စည်းလုံးကြပါပေတယ်။
ကျနော်လဲ ဖေဖေ၊ မေမေ နဲ့ ညီမတွေ နဲ့ လည်ပတ်ရာ က အပြန် ညီမတွေ အိမ်နား အရောက်လမ်းဘေး ဓါတ်တိုင်ပေါ်မှာ တန်းစီ ပြီး နားနေတဲ့ တောကျီးကန်း တွေ ကိုတွေ့တော့ ဘယ်လိုမှ ချိုး နှိမ်လို့ မရတဲ့ ၀ါသနာ ကြောင့် တောကျီးကန်း အသံ တု လုပ်လိုက်ပါတယ်။ ကျနော် ငှက်တွေ၊ တိရိစ္ဆာန်တွေရဲ့ အသံတု လုပ်ပြရင် သဘောကျလေ့ ရှိတဲ့ ဖေဖေ က" ဟေ့ကောင် မလုပ်ပါနဲ့ ကွ" ဆိုပြီး အသည်းအသန် တားတော့ မေမေနဲ့ ညီမတွေ က ၀ိုင်းရယ်ကြပါတယ်။
အကြောင်းကတော့ တနေ့မှာ ဖေဖေက အမှိုက်ထုပ် ကို ချောင်းနေတဲ့ ဓါတ်တိုင်ပေါ်က တောကျီးကန်းတွေကို သူတို့ အသံတု လုပ်ပြီး လှမ်းစ ပါသတဲ့။ အဲဒီမှာ တောကျီးကန်း အုပ်စုကသူရို့ ကို ရန်စ ပါတယ် ဆိုပြီး ၀ိုင်း "အာ" ရုံ တင်မက ပဲ ဖားသားကြီး ကို ၀ိုင်း "သမ" ဖို့ ဆင်းလာကြလို့ အိမ်ထဲ ကို အမြန်ပြန်ဝင် ပြီး ပုန်းနေရပါတယ်။ ဒေါသထွက်နေတဲ့ တောကျီးကန်း အုပ်က ဇွဲကောင်းကောင်း နဲ့ အပြင်မှာ စောင့်နေလို့ အပြင် ကိုတော်တော် နဲ့ မထွက် နိုင်ဖြစ်နေပြီး ညနေစောင်း မှ အပေါ် အင်္ကျီ လဲပြီး ထွက်ရပါသတဲ့။ အဲဒီနောက် ပိုင်းမှာ တောကျီးကန်း တွေကို မစ ရဲတော့ ပဲ ဝေးဝေးက ရှောင်ရပါတော့တယ်။
တိုကျိုက အန်းဂရီး ဘတ် တွေကို တော့ ဖားသားကြီးလဲတော်တော်လေးစား သွားပုံရတယ်။ လမ်းမှာ တွေ့တိုင်း "စလု" ကိုပေးလို့။ ။




15 comments:
ရယ်မော ခံစားသွားပါတယ် အကိုရေ..
တောကျီးကန်းတွေလို စည်းလုံးကြရင်တော့ ကောင်းသား
လတ်စသတ်တော့အန်းဂရီးဘတ်ဆိုတာဒင်းတို့ကိုခေါ်တာကိုးးးးးးးးးးးးးးးးးးးးးးးးးးးး)))
ဟား..ဟား တကယ်ပျော်စရာကြီးပါလား။
အိုင်အိုရာ
ဒီဌက်ကြည့်တာကိုက မိုက်ကြည့်ကြည့်နေတဲ့ပုံပဲ :-)
ထင်လို့လား အမှန်လားတော့ မပြောတတ်ဘူး ဌက်က ခပ်ဝတုတ်တုတ် ဖြစ်နေသလိုပဲ ။
ဒီ မဲလ်ဘုန်းမှာလည်း စာကလေးတွေ ခပ်လုံးလုံးပုံစံ ဖြစ်တာများတယ် ။
အိမ်ဘေးမှာတော့ ဌက် ၅-၆ မျိုးလောက် တွေ့နေရတယ် ။ စာကလေး ၊ ကျီးကန်းနဲ့ ဆက်ရက်လိုမျိုး အကောင် ခပ်ကြီးကြီး magpie လို့ခေါ်တဲ့ ဌာနေဌက်တွေ ပါတယ် ။ ကျန်တာတော့ ခေါ်မတတ်တော့ဘူး ။ တစ်ခါခါလည်း ခို ၊ ချိုးနဲ့ ကြက်တူရွေး အရောင် အရွယ် အမျိုးမျိုးလည်း ရပ်ကွက်ထဲ တွေ့ရတတ်သေးတယ် ။
စားချင်စိတ်တော့ မရှိပါဘူးဗျာ ၊ အရင်က နောက်တာပါ :-)
မိသားစုဆုံဖြစ်တဲ့အချိန်ကာလလေးတွေရဲ့ ပျော်ရွှင်စရာ ကြည်နူးစရာလေးတွေဟာ အမြဲတန်းအတွက် အမှတ်တရရက်လေးတွေပေါ့သောမတ်စ်ရေ။ ကျီးကန်းဆိုတဲ့ ငှက်တွေဟာ စည်းလုံးပြီး အမြဲလို အုပ်စုလိုက်ဖွဲ့ပြီးနေလေ့ရှိကြတယ်။
Angry Bird ဆိုတဲ့အတိုင်းအမည်နဲ့လိုက်ပါ့ :P
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
တွေးတတ်၏ ...း)
ဖြစ်မှဖြစ်ရလေ ကိုရင်သောင်းရယ်။ ကျုပ်တို့မြို့မယ် မကြာသေးခင်ကမှသီးသန့်အမှိုက်ထုပ်စနစ်မအောင်မြင်လို
့ပြန်ရုပ်သိမ်းလိုက်တယ်ကြားမိတယ်။ (ကြိုက်သလိုအမှိုက်ထုပ်နဲ့သာပစ်ကြဖို့နဲ့ အထုပ်တစ်ခုထဲတော့ထည့်ကြပါစိုလားဗျာ) ငှက်စိတ်ဆိုးတော့မကြုံဘူးပေါင်ဗျာ။ လူစိတ်ဆိုးတွေတော့အများသားကလား။
ှု
တိုကျိုကကျီးကန်းတွေတယ်စိတ်ကြီးသကိုး....
Hi looks so impressive and interesting blogs, come and visit us back too:
http://motors.com.mm/?
utm_campaign=mot_mm_lb_blog_mgesc&utm_source=mot_lb_blog&utm_medium=lb_blog
အ..အ.. အ..အားးးးးး
ဖတ်ပြီးအော်ချင်စိတ်ပေါက်သွားလို့
ခင်မင်တဲ့
ရွှေစင်ဦး ပါ
အန်းဂရီးတိုကျိုသားကျီးကန်းနဲ့ တွေ့ သွားဒါကိုး။ ကိုရင်ကလည်း ဒါ့ပုံလေးဘာလေး တွဲရိုက်ခဲ့တာ မဟုတ်ဘူး။ ညံ့ဘာ့။ :P
Hi, very Interesting blog you have here... It would be my pleasure if you visit my website too. Here's the link
http://ads.com.mm/?cid=4fe2db67e4b0d19a0f5e0b1e&utm_campaign=ads_mm_lb_blog_riche&utm_so
ဖတ်သွားပါတယ်ရှင်
Asthma drugs people usually take in nowadays can be simply divided into two broad categories, that is, preventive and palliative medicine. vpn hardware support
Post a Comment