Friday, December 24, 2010

Illusion ပေလော

Illusion ကို အမြင်မှားခြင်း၊ အသိအာရုံ ခံစား မှူ လွဲမှားခြင်း၊ မဟုတ်တာ မရှိတာ ကို အရှိဟုထင် မှတ်ခြင်း လို့ အကြမ်းဖြင်း ဘာသာပြန် လို့ရမယ် ထင်တယ်။ ၀ီကီပီဒီယာ အွန်လိုင်းစွယ်စုံကျမ်း မှာတော့ Illusion ကို အတော် ပြည့်ပြည့်စုံစုံ ရှင်ူပြထားတာ ကိုတွေ့ရပါတယ်။ ကျနော့် အနေနဲ့ က အဲဒီ အီလူးရှင်းကို ဝေါဟာရ၊ အဓိပ္ပါယ် ခွဲခြမ်း စိပ်ဖြာ ဖို့ မဟုတ်ပဲ မလေးရှား မှာ နေခဲ့စဉ် က အမှန် တကယ် ကြုံ တွေ့ခဲ့ရတဲ့ ဖြစ်ရပ် ဆန်းကျယ် တချို့ ကို ပြန်လည် မျှဝေ လိုရင်းသာ ဖြစ်ပါတယ်။ အဲဒီ အကြောင်း တွေ ပြန်စဉ်းစား တိုင်း ကွက်လပ် တခု ဖြစ်နေတတ် ပြီး အဲဒီကွက် လပ် ကို ဘယ်လို မှ ပြန်ဖြည့် တွေးဖို့ ကွင်းဆက် ရှိမနေပါဘူး။ ၂၁ ရာစု ကွန်ပြူတာ သိပ္ပံ ခေတ်မှာ အဲဒီ ပညာရပ်တွေ နဲ့ အဖြေရှာ မရ တဲ့ ကိစ္စမြောက် များစွာ ရှိနေရာ မှာ ကျနော့် ကိုယ်တွေ့ ဖြစ်ရပ်လို မဖြစ်စလောက် ကိစ္စ လေး ဆိုပေမယ့် လဲ အခုအချိန်အထိ ပြေလည် အောင် ဖြေရှင်းတွေးတော လို့ မရနိုင်သေး တာတော့ အမှန်ပါ။

ဖြစ်ရပ် - ၁
မလေးရှားကို ရောက်ခါစ ပါ။ အဲဒီနေ့ က ရုံးမဆင်းခင် မှာ လုပ်ဖော်ကိုင်ဖက် တရုတ် မန်နေဂျာ က ကျနော့် ကို ဘီယာတိုက် ချင်ကြောင်း၊ ဂျီအမ် (အထွေထွေမန်နေဂျာ - ဘောစ်) ကိုပါ လိုက်သောက် ဖို့ ဖိတ်ပေးစေလို ကြောင်း ပြောလာပါတယ်။ တကယ်တော့ သူဂျီအမ် ကို စကားပြောစရာ ရှိလို့ ဘီယာတိုက် ပြီး ဖားဖို့ဖြစ်ပါတယ်။ ဒါပေမယ့် ဘောစ်က ကျနော် နဲ့ ပိုအလွမ်း သင့် ပြီး သူကိုယ်တိုင် သွားပြော ရင် လိုက်ဖို့ မသေခြာတဲ့ အတွက် ကြောင့်ကျနော် ကတဆင့် ပြောစေခြင်းပါ။ ကျနော် ကလည်း ဒီလို ကိစ္စ မျိုးဆို အကြွေး မထားတတ်တော့ ဘောစ် ကို ရအောင် ပြောပြီး ညနေ မှာ သောက်ကြဖို့ စီစဉ်လိုက်ပါတယ်။

ရုံးဆင်း တာနဲ့ ကျနော် နဲ့ တရုတ် မန်နေဂျာ နဲ့က ရုံး နားက သောက် နေကြ M Bar ကို အရင် သွး နှင့်ကြပါတယ်။ အဲဒီမှာ ကျနော် တို့ သောက် နှင့်ကြ ပြီး သူ ပြောချင် တဲ့ ကိစ္စကို တိုင်ပင် ပါတယ်။ ကျနော့် အနေနဲ့ ကတော့ သူက ဒကာ ဆိုတော့ သူဘာပဲ ပြော ပြော "အင်း" ပဲလိုက်နေတာပါ။ နောက် မှ ဘောစ် ရောက်လာ ပြီး တက်ညီ လက်ညီ သောက်လိုက်တာ ဂျက်ဒယ်နီရယ် Jack Daniel တလုံး ပြောင်သွားပါတယ်။ ဘီယာ သောက် မယ်ဆို ပြီး အရက်သောက် သွားဖြစ် တဲ့ သဘောပါ။ မထင်မှတ်ပဲ တရုတ် မန်နေဂျာ ပြောတဲ့ ကိစ္စ လဲ အဆင်ပြေလို့ သူ ကပဲ ကျနော် တို့ နှစ် ယောက် ကို ကာရာအိုခေ ထပ်လိုက်ပို့ မယ် ဖြစ်လာပြန်ပါရော။

အဲဒီလို နဲ့ တရုတ်မန်နေဂျာ က ဘောစ် ကို ရုံးမြေ အောက်ထပ်က ပါကင်မှာပဲ ကားထားခဲ့ ဖို့၊ သူ့ကား နဲ့ သုံးယောက်သား သွားပြီး အပြန် မှ ရုံး ကို ပြန်လိုက်ပို့ မယ် ဆိုပါတယ်။ သူပြောတာ ကလည်း အကျိုးသင့် အကြောင်းသင့် ဆိုတော့ ကျနော် တို့ သုံးယောက်သား သူ့ကား နဲ့ပဲ ကာရာအိုကေ ကို ချီတက် ကြပါတယ်။ သုံးယောက် စလုံး အနည်း ငယ် ရစ်သီ ရီဝေ ထွေပြား နေပေမယ့်လဲ အမူး ကြီးတော့ မဟုတ်သေးပါ။ အားလုံး ပုံမှန် လောက် နီးနီးပါ။ တကယ်တော့ တရုတ်မန်နေဂျာ က တော်တော် သောက်နှိုင်ပြီး မူးတတ်သူ မဟုတ်ပါ။ အတိုချုပ်ရ ရင် ကာရာအိုကေ ကိုရောက် သွားတယ် ဆိုပါတော့။ ကေအယ် မြို့လယ်ခေါင် ဂျလန်တွန်ရာဇတ် လမ်းမကြီး ပေါ်၊ Crown Prince Hotel (ယခု Double Tree by Hilton) ဘေးက ၁၀ ထပ် တိုက် အပေါ်ဆုံး က ကာရာအိုခေ ခန်းမ ပါ။ အောက်ထပ် မှာ ရှော့ပင်း မော ကြီး ရှိပြီး အဲဒီရှော့ပင်း မောရဲ့ အပေါ် မှာ ၃ ထပ် တိတိ က ကားပါကင် နေရာ တွေပါ။ အဲဒီကား ပါကင် တွေရဲ့ အပေါ်၊ အပေါ်ဆုံး ထပ် မှာ မှကာ ရာ အိုခေ ခန်းမ ရှိတာ ပါ။

တရုတ် မန်နေဂျာ က ကားကို အပေါ်ဆုံး ထပ်ကို မောင်းလာပါတယ်။
ဒါမှသာ ကာရာအိုခေ ခန်းမ ကို တထပ်ပဲ တက်စရာ လို မှာပါ။ အဲဒီလိုနဲ့ ကာရာအိုခေ လဲရောက် ရော အခန်းပေါင်း ၅၀ ကျော် က ကံမကောင်းစွာပဲ တခန်း မှ မအားပါဘူး။ ဧည့်ကြို တွေက စောင့်စေချင် ပေမယ့် ဘယ် အချိန်မှ အားမယ် ဆိုတာလဲ သူုတို့ အာမ မခံ နှိုင်ပါဘူး။ အဲဒါနဲ့ ကျနော်တို့ လဲ ချက်ချင်း ဆိုသလို ပြန်ဆင်း လာခဲ့ပါတယ်။ တရုတ်မန်နေဂျာ ကတော့ စကား တပြောပြောနဲ့ပေါ့၊ သူ နေရာ တွေ အများကြီးသိတဲ့ အကြောင်း၊ အဲဒီနေရာ တွေက ပိုတောင် ကောင်းသေးတဲ့ အကြောင်း ဘာညာသာရကာ ပြောလာပါတယ်။ အဲဒီလို စကားတပြောပြော နဲ့ ကားရပ်ခဲ့တဲ့ နေရာ လဲရောက် ရော.. "ဟင်" ဆိုတဲ့ အသံ အကျယ် ကြီး သူ့ဆီက ထွက်လာပါတယ်။ ကျနော် တို့ ရပ်ခဲ့ တဲ့ နေရာမှာ ကားက မရှိတော့ပါဘူး။ ဒီနေရာ မှာ ရပ်ခဲ့ တယ်ဆိုတာ ကျနော် တို့ ၃ ယောက် စလုံး လုံးဝ သေခြာ မှတ်မိပါတယ်။
Ghost in the Mid Vally Car Park (taken from here)
ဒါပေမယ့် မူးမူး နဲ့ အထပ်များ အမှတ် မှားပြီး ရပ်ခဲ့ လေသလား ဆိုပြီး အောက် ထပ် (အလယ်ထပ်) ကို ဆင်းရှာ ပါတယ်။ မတွေ့ပါဘူး။ နောက်တထပ် ဆင်းရှာ ဦးမယ် ဆိုပြီး ၃ ယောက်သား အောက် ဆုံးထပ် ကို ဆင်းရှာပြန်ပါတယ်။ ဒီအထပ် မှာ ရပ်ခဲ့တာ မဟုတ်မှန်း သိနေပေမယ့် လဲ တွေ့လေတွေငြား ဆင်းရှာ ကြတာပါ။ မတွေ့ပြန်ပါဘူး။ အဲဒီလို နဲ့ အပေါ်ထပ် တထပ် ခြင်း ပြန်ကြည့် ကြမယ် ဆိုပြီး ပြန်တက် ကြပြန်ပါတယ်။ တထပ်ခြင်း ထောင့် စေ့ အောင် ပြန်ရှာ ကြတာပါ။ တကယ်တော့ သူ့ကား ကို Remote Alarm Lock နဲ့ အဝေးထိန်း သော့ နဲ့ ပိတ်ခဲ့တော့ ကား ရှိ နိုင် မယ့် နေရာ ကို လှမ်း ပြီး ရီမုတ် နှိုပ် ရုံ ပါပဲ။ ၂ ခေါက် လောကိ်တက် လိုက် ဆင်းလိုက် လုပ် ပြီး တော့ ၃ ယောက် သား ပူလှောင် အိုက်လှတဲ့ ကားပါကင် အထပ် ထဲမှာ ချွေး တလုံးလုံး ဖြစ် နေကြပါပြီ။ အဲဒီမှာ ဘောစ် က စိတ် မရှည် တော့ ပဲ အပြင် မှာ သွားစောင့် နေမယ် မင်း တို့ ကားတွေ့ တော့ မှ သူကို ပေါ်တီကို မှာ ၀င် ခေါ် ဆိုပြီး ထွက်သွား ပါတယ်။

ကျနော် တို့လဲ စိတ် တော် တော် တိုနေကြပါပြီ။ အမူးပြေသွား တာက တော့ ဒုတိယ အခေါက် လောက် ကတည်းကပါ။ ကျနော် တို့ အရင် ရပ်ခဲ့တဲ့ နေရာ လဲရောက် ရော "ဟင်" ကနဲ ဖြစ်သွားပါတယ်။ ဒီတခါ ဟင် ကနဲ ဖြစ် သွားတဲ့သူက ကျနော် ပါ။ ကားက သူု့နေရာ မှာ ရပ်နေတိုင်းသား ပြန်တွေ့ပါတယ်။ သေခြာ တာက ကျနော်တို့ ရပ်ထား တဲ့ နေရာ ရဲ့ ဘေးမှာ ဘယ်သူပစ် ထားမှန်းမသိတဲ့ ကားစုတ် အနက် ကြီး တစီးရှိနေလို့ ပါပဲ။ ဖုန်အလိမ်းလိမ်း နဲ့ တာယာတွေ ပြား နေတဲ့ ကားစုတ် ကြီးလောက် မှတ်မိစရာ ကောင်းတာ ဘာရှိဦးမှာလဲ။ အဲဒီနေရာ ကို အခေါက်ခေါက် ရောက်ပေမယ့် ကျနော်တို့ ကားကို ဘာလို့ မတွေ့တာလဲ။ ဒါဆို ကျနော် တို့ ကား က နာရီဝက် မိနစ် လေးဆယ် ခန့် ဘယ်နား မှာရောက် နေခဲ့လဲ။ အဖြေမထွက် လာတဲ့ မေးခွန်းတွေ အခြင်းခြင်း ပြန်မေးရင်း ပြန် လာခဲ့ကြပါတယ်။ တခြား ဘယ် ကာရာအိုခေ မှ မရောက်ဖြစ် တော့ ပဲ အရင် ထိုင်ခဲ့တဲ့ M Bar ကိုပဲ ပြန်ရောက် လာကြ ပြီး အမော ပြော ဘီယာထပ် သောက်ကြပါတယ်။ ဒီတခါ တော့ပစ် (Topic) က အခု လေးတင် ကြုံ လာ ခဲ့တဲ့ အဖြစ်အပျက် ပါပဲ။

ဖြစ်ရပ် - ၂
ဒီ တခါ တော့ ၂ ယောက်ထဲ ပါ။ ဘောစ် နဲ့ ကျနော် တို့ ကေအယ် စီစီနား က ဂျလန်ပီနန် (Jalan Pinang) ကို ပစ်ဇာ စားဖို့ ရောက်လာတာပါ။ အဲဒီလမ်း မှာ ကျနော်တို့ နှစ်ယောက် စလုံးနဲ့ ခင်တဲ့ အီတာလျံ မန်နေဂျာ Anglo ရဲ့ ဆိုင် Modesto's ဆိုတာ ရှိပါတယ်။ အဲဒီက ပစ်ဇာ ကတခြား နေရာ တွေနဲ့အတူပဲ တမျိုးစား ကောင်း လို့ ခဏခဏ ရောက်ဖြစ်ပါတယ်။ အဲဒီနေ့ က ကားကြပ်လွန်း လို့ အနီးနား က ဟိုတယ် တခု ရဲ့ မြေအောက် ကားပါကင် မှာ ရပ်ဖြစ်ပါတယ် (ကျနော့် အထင် B4 - Basement Level Four မြေအောက် ၄ ထပ်) ။ အပေါ်ထပ် လော်ဘီ (Lobby) ကို ဓါတ်လှေကား နဲ့ တက် လာပါတယ်။ လော်ဘီ ကို အယ်လ် (Lobby = L) ဆိုပြီး ပြထားလို့ ကျနော် ပဲ အဲဒီ အယ်လ် ကို နှိပ် လိုက်တာပါ။

Photo from here
အဲဒီလိုနဲ့ စက္ကန့်ပိုင်း အတွင်း B3, B2, B1 ကို ဖြတ်လာ ပြီး L မှာ ဓါတ်လှေ ကားက "ဒင်" ကနဲ အသံ ပေးပြီး ပွင့်သွားပါတယ်။ ဂရင်းနိုက် ကျောက်ပြား တွေ နဲ့ သန့်ရှင်းနေတဲ့ ကြမ်းပြင်၊ အရောင် အ၀ါလင်း ထိန် ပြီး ကော်တောင့်တောင့် ယူနီဖောင်း တွေနဲ့ ဧည့်ကြို တွေ၊ ဘဲလ်ဘွိုင် တွေ ကို မတွေ့ရပဲ ၀ါကျင်ကျင် မီး လုံး လေး တလုံး အောက် မှာ ဖုန်တွေ အမှိုက် တွေ တသောသော နဲ့ အခန်း ပိတ် ကြီး တခု ကို ရောက်သွားပါတယ်။ ကျနော် ကအပြင် ထွက် ကြည့် မယ် ဆိုပြီး အပြင် ကို ခြေ တလှမ်း လှမ်း ပြီး ထွက် လိုက် တဲ့ အချိန် မှာ ဓါတ်လှေ ခါး က ဝေါကနဲ ပြန်ပိတ်ပါတယ်။ ဘောစ် က ဓါတ်လှေ ကား နှစ်ခု ကြား ကို လက် ထုပ်တာ မြန်လို့ သာ ပြန်ပွင့်တာ ပါ။ အပြင် မှာ နီကြင်ကြင် မီး ရောင် ကြောင့် အဝေး ကို မမြင် ရပါဘူး။

ဓါတ်လှေကား ရဲ့ မျက်စောင်းထိုးလောက် မှာ ကော်ရစ်ဒါလို မျိုး ရှိနေပြီး မဲညစ်ညစ် ဖုန်မှုန့် တွေ က ထုနဲ့ ထည် နဲ့ တက် နေတာပါ။ ကျနော့် ခြေ လှမ်း တွေ က ခြေရာ တွေ အဖြစ် ကျန်နေပြီး ဓါတ်လှေ ကား အတွင်းကို အမြန် ပြန်ဝင် လိုက်ပါတယ်။ ဘောစ် က ကျ နော် အထပ် မှား နှိပ်တယ် ထင် လို့ B3 ကို ပြန်နှိပ်ပါတယ်။ ဓါတ်လှေ ကားရဲ့ အတွင်း ခလုပ် ခုံ မှာ B1, B2 ဆိုတာ အဆင့်ဆင့် မီးလင်း ပြီး B3 မှာ မီးလင်း ကာ "ဒင်" ကနဲ အသံ မြည် ပြီး တခါးပွင့် သွားပါတယ်။ ကျနော် တို့ နှယောက် စလုံး ရဲ့ နှုတ်က မတိုင်ပင် ပဲ "Mama Mia" (အမေလေး) တပြိုင် ထဲ တ, လိုက်ကြပါတယ်။ ဓါတ်လှေကား က ငြိမ့် ခနဲ့ အောက် ကိုဆင်း သွားပေ မယ့် ပွင့်သွား တဲ့ အခါ မှာ စောစော က ကျနော် တို့ ရောက်ခဲ့တဲ့ မှောင် မည်းမည်း အခန်း နေရာကြီး ကို ပဲ ပြန်ရောက် သွားတာ ထူးဆန်းစွာ တွေ့လိုက်ရပါတယ်။

အဲဒီနေရာ ဆိုတာ ကျနော် စောစော က ထွက် ကြည့်ခဲ့ လို့ ကျန်ရစ်ခဲ့ တဲ့ ခြေရာ တွေက သက်သေခံ နေပါတယ်။ ဒီတခါ အပြင် ထွက်ကြည့် ဖို့ လုံးဝ စိတ်မကူးရဲတော့ ပဲ ပိတ်တဲ့ ခလုပ်ကိုသာ ဆက်တိုက် လို နှိုပ်လိုက် ပါတယ်။ Lobby ကို ညွှန်းထား တဲ့ L ကို ထပ်နှိပ် လိုက်တော့ ဓါတ်လှေခါး က ငြိမ့် ခနဲ ပြန်တက်သွား ပြီး လင်းလင်း ခြင်းခြင်း လော်ဘီ ဧည့်ခန်း မကို ဆိုက်ဆိုက် မြိုက်မြိုက် ရောက်သွားပါတော့ တယ်။ ပစ်ဇာ စား၊ ဘီယာ သောက် ပြီး အပြန်မှာ တော့ ကျနော် တို့ ကားရပ်ခဲ့တဲ့ B3 ကို အနှောက် အယှက် ကင်းကင်း ပြန်ရောက် သွား ပြီး ပြန်ထွက် လာကြပါတော့တယ်။ မေးစရာ မေးခွန်း တခု က အခု အထိ ကျနော့် စိတ်ထဲ မှာ အခု အချိန် အထိ ရှိနေပါသေး တယ်။ အဲဒါ က ကျနော် တို့ ဘယ်အထပ် ကို ရောက်သွားတာလဲ။ ။










ဒုတိယပိုင်း ဖျောက်ထားမည့်စာ

12 comments:

ရွှေရတုမှတ်တမ်း said...

မလေးမှာ အဲလိုမျိုးတွေ ပေါကိုပေါပါတယ် ကိုအေအေတူရာ....ပြောမယုံကြုံဖူးမှသိတာ

Myo Win Zaw said...

တော်တော်တော့ထူးဆန်းတယ် ကြုံဘူးမှဘဲသိမှာပါ။ မကြုံဘူးတော့တမျိုးဘဲ။

ကိုအောင် said...

အသားတစ်ခုခုနဲ့ မျှားကြည့် ကိုအေအေတူရေ၊ မှန်ရင်တော့ တစ်ခုခု လှုပ်လာမယ် ထင်တယ်။

မယ့်ကိုး said...

အခုတစ်လော blog လောကတစ်ခု ညှိပြီးတောင်ရေးသလားလို့ ထင်မိပါတယ်။ ဒီအကြောင်းတွေချည်း ဖတ်မိနေတယ်။

ကြောက်တတ်သူပါး(

ကိုဇော် said...

ဟိုနေ့က ကိုပီတာ ဆီမှာ ဒီလို အကြောင်းတွေ့လို့ ကျနော်တောင်မှ ရေးဖို့ စိတ်ကူးထားတာ ရှိတယ်ဗျာ လို့ ပြောခဲ့သေးတယ်။ ကျနော်လည်း ကိုယ်တွေ့ပဲဗျ။

မန်းကိုကို said...

တို့များတော့ ဘယ်နှနှစ်နေနေ တွေ့ဘူး :-)

SHWE ZIN U said...

သရဲ ပဂေး တစ္စေ ဘုရင် ကိုကြီးကျောက် နဲ့ ကိုအောင် ပျူနိုင်ငံ တို့ ရဲ့ အကြံဥာဏ်ကို လက်ခံလိုက် ပါ aato ရေ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Nge Naing said...

နှစ်ခုစလုံး ဖြစ်နိုင်ပါတယ်။ ကြုံတွေ့ရတဲ့ သူအားလုံးက သောက်ထားတယ်ဆိုတော့ Illusion က ဖြစ်နိုင်ခြေ ပိုများမယ်ထင်တယ်။
Merry Christmas and Happy New Year!!!

Anonymous said...

Hi there,

Thanks for sharing the link - but unfortunately it seems to be down? Does anybody here at anasiantouroperator.blogspot.com have a mirror or another source?


Thanks,
Jack

မြစ်ကျိုးအင်း said...

ဖြစ်ရပ်တွေက ထင်ထင်ရှားရှားဖြစ်လွန်းတော့ စိတ်ဝင်စားဖို့ကောင်းသလို အံ့သြဖို့ ကောင်းလွန်းတယ်။ အဖြေကတော့ ရှာလို့ရမယ် မထင်ဘူး။

Anonymous said...

I've always liked things like sand clocks, lava lamps, and the like to well-wishing of just fritter away in days of yore staring at it as a configuration of catharsis. In a course, it helps me with meditation, to relieve emphasis and scarcely deem fro nothing. That's why since I was a kid, instead of dolls and cars I've in any case at ease more of such pieces like sand clocks, lava lamps, tuneful boxes etc. So I was most pleased when I base the[url=http://www.dealtoworld.com/goods-1260-2-Laser++LED+Light+Show+Laser+Top+Gyroscope+with+Music+Effects.html] 2-Laser + LED Shine Presentation Laser Ace Gyroscope with Music Effects[/url] from DealtoWorld.com under the aegis the Toys section. It's like a tuneful caddy, a spinning top, and a berate show all rolled into one. Which is spectacular diversion! The gyroscope transfer outing representing about a minute. The laser explanation pretension with accompanying music makes this gyroscope a very unequalled fiddle with that my friends get also been most amused with.

My dogs are also beautiful outr?around the laser gyroscope I got from DealtoWorld.com. They evermore follow the gyroscope as it spins, although at first they kept barking at the laser slight accompany, and also because it produces music. But after they got worn it, they've stopped barking but simply save up following the gyroscope whenever I start spinning it. Kids are also unbelievably amused nearby it. On occasion it's moral to maintain fun toys around the ancestry so that you can pull out the small on while the kids are being amused or playing with it while you count provide for viands or get changed. The gyroscope is one such trinket with this purpose.

The gyroscope I bought from DealtoWorld.com has a dragon as a map on it, and produces a taper exposition with red, obscene, and green colours. Take a look at the pictures I've uploaded of the gyroscope with laser light show. The music produced from the gyroscope is not that expert but good plenty to treat any supplementary customer to the house. The gyroscope is red and black, making it look particular coolth, and slightly virile with that dragon imprint.

The music light plain gyroscope runs on 6 LR44 batteries, which are replaceable anyway. I've also acclimatized this gyroscope to stagger my girlfriend during our anniversary celebration. I did the cheesy matter of decorating the hostelry cell with roses and when I led her in, I started up the gyroscope as correctly so that the laser torchlight expose produces a ideal effect. I also had some battery operated candles so all the moonlight effects created a degree dreamt-up atmosphere. She loved it, past the custom, to my relief. I also bought the candles from DealtoWorld.com. These days it seems to be my default shopping placement for all gifts and ideas for romanticist occasions.

Since Christmas is coming, this laser radiance upstage gyroscope can possibly be a great Christmas give-away for the toddler or neutral the favoured! Alternatively, the gyroscope can simply be a gracious summation to the usual Christmas decorations. I can presume placing it just about the Christmas tree and maybe spinning it when guests reach in the house. Looks like [url=http://www.dealtoworld.com]DealtoWorld.com[/url] is getting my duty thus far again!

Anonymous said...

မှုးနေဒါဂိုး ဘာသိမလည်း ...သိဝူး..။
လာမချောက်နဲ့ ။တယောက်တည်းပျင်းနေထှာ ..ဟွန်း...။တေတွားမယ် ..ဟဟဟ

License

License
Thank you very much for visiting my blog. I really do. I am trying to write and share my knowledge, experience,information etc etc. I would be very much appreciated for your either encouraging or critical comments to my any post. Furthermore, some photos herein the posts are not mine and perhaps some information too. However I always try to credit or mention the courtesy of the respective owner and/or where I got it from. Anyway please leave your message anything regards to my blog or if you want to use any part of information from my blog. I would follow up thereafter your message, accordingly.
Contact: thomasjrlatt@gmail.com