Saturday, November 20, 2010

နှုတ်ဆက်ပါတယ် မာလာယု



Align Center
မလေးရှား မှာ tour operator အဖြစ် နှစ်အနည်းငယ် နေခဲ့ပါသည်။ အတိအကျ ဆိုရပါလျှင် ၂၀၀၇ အောက်တိုဘာ လ ၂၆ ရက်နေ့ မှာ မလေးရှားမြေကို စတင် နင်းခဲ့ သည့်ကျနော့် အတွက် ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်နေ့မှာ ၃ နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။ ရောက်စ မှာ တနှစ်ခန့် မိသားစုနဲ့ ဝေး နေ့ ခဲ့ရ ပြီး (မြန်မာစကားပြောရန်ပင်) အသိမိတ်ဆွေ မရှိခဲ့ ပါ။ ၀ါသနာပါပြီး အသက်မွေးဝမ်းကျောင်း လဲဖြစ်သည့် ခရီးသွား လုပ်ငန်းခွင်မှာ ပဲ စိတ်နှစ် ပြီး မွေးရပ်မြေကို သတိရတဲ့စိတ်၊ မိသားစုကို လွမ်း တဲ့ စိတ်ကိုဖြေဖျောက်ရပါသည်။ အဓိက စိတ် အပန်းဖြေရာ အဖော်မွန် ကတော့ မြန်မာဘလောက်များ ဖြစ်ပါသည်။

အချိန် အားလျင် အားသလို အလုပ်ထဲမှာ လဲ မြန်မာဘလောက် များကိုသာ ဖတ်နေမိပါသည်။ သတင်းစုံ၊ ရသစုံ၊ အတွေးစုံ ၊ ဗဟုသုတ စုံ ပေးနိုင် တဲ့ ဘလောက်ပေါင်းစုံ မှာ ပဲ နေ့ရှိသရွေ့ လှည့်လည်နေမိပါသည်။ အခုတော့ တွန်း အားပေါင်းစုံ ကြောင့် ကိုယ်ပိုင် ဘလောက်လေး တခု ဖြစ်လာခဲ့ ပါပြီ။ ၂ နှစ် ခန့် ရှိပြီ ဖြစ်လို့ သက်တမ်း အနည်း ငယ်ရပြီ လို့လည်း ဆိုနိုင်ပါသည်။ သို့ပေမယ့် မိမိစိတ် ကြိုက်၊ ၀ါသနာပါရာ၊ စိတ်ကူးတည့် ရာ ရေးသည့် အတွက် လူအလာ များတဲ့ ပေါ်ပြူလာ ဘလောက် တခု မဟုတ် တာကတော့ အသေအခြာ ပင်။ မည် သို့ပင်ဖြစ်စေကာမူ ဘလောက် တခု ဖြစ်တည် လာခဲ့သည့် အလျောက် အွန်လိုင်းက တဆင့် ခင်မင်ရ တဲ့ ဘလောက် ဂါတွေ တစတစ များလာခဲ့ ပါသည်။

အထူးသဖြင့် မလေးရှား နဲ့ စင်္ကာပူ က ဘလောက် ဂါများ ကို တော့ ကံအားလျော်စွာ လူခြင်း တွေ့ခွင့်ရ ခဲ့ပြီး ပိုမို နီးစပ်ခွင့် ရခဲ့ပါသည်။ မလေးရှားဘလောက် ဂါများ ထဲမှ ခရေတွန်၊ ကိုလတ်၊ အိန်ဂျယ်ရှိတ်ပါ၊ ရဲရင့်နီ၊ ကိုဒီရေ၊ နီယို၊ စစ်မင်းညို၊ အိုက်ခီလောက်၊ တက်လူငယ် (ခ) စံလင်းထွန်း၊ သဇင်ဏီ တို့နဲ့ ပျော်ရွှင်စွာ တွေ့စုံ ရင်းနှီးခဲ့ပါသည်။ (ရဲရင့်နီ မှာ ယခု အခါမှာတော့ စင်္ကာပူ ဘလောက်ဂါ ဖြစ် နေချေပြီ)။ ဖုန်းဂွမ်ဂွမ် ဆက်ဖြစ် ပေမယ့် လူချင်း မတွေ့ခဲ့ရ တာကတော့ နေဇော်လင်း နဲ့ ဆရာမျိုးဟန်ကို ဖြစ်ပါသည်။ ဟိုတလောက မှ တွေ့ဆုံ ခွင့်ရခဲ့တာ ကတော့ သဉ္ဖာ ဖြစ်ပါသည်။ သူ့ကို တွေ့လိုက်တော့ စိတ်ကူးထဲ မှာ ထင်ထား တဲ့ သဉ္ဖာ နဲ့ လုံးဝ ကွဲပြား နေ တာကို တအံ့တသြော သိခဲ့ရပါသည်။ မစ္စတာ အင်ဗေးဇဗဲမင်း ကတော့ ဏီလင်းညို ဖြစ်ပါသည်။ မလေးရှား မှာ ၃ နှစ်နေခဲ့ ပြီး လုံးဝ တွေ့ ဖို့မလွယ်သူဖြစ်ပါသည်။

အဲဒီင်္ အထဲမှာ မှ အခါ အားလျော်စွာ မလေးရှားကို လာရောက် လည်ပတ်လို့ ပျော်ရွှင်စွာ စုံတွေ့ရတဲ့ စင်္ကာပူ က အိန္ဒြာ၊ မယ်ကိုး၊ ရီနိုမာန် တို့ကို တစုတဝေး ပျော်ပျော် ပါးပါး တွေ့ဆုံ ခဲ့ရပြီး တလောက မှ မလေးရှား ကို ကထိန် လာရင်း တွေ့ဆုံ ရတဲ့ အစ်မချစ်ကြည်အေး တို့ ဇနီး မောင်နှံ နဲ့ အစ်မသီတာ တို့ မိသားစု တို့နဲ့ ညဥ့်နက် သည် အထိ ပျော်ရွှင်စွာ စကားလက် ဆုံကျ ခဲ့ ကိုကား အမြဲ သတိရ နေမှာ ဖြစ်ပါသည်။ တဆက်တည်း မှာ ပဲ စင်္ကာပူက နေ လာလည် တဲ့ အထဲ မှာ ဘေဘီဝိုင်း နဲ့ မက်မက် တို့ က တသီးခြား တစ်ဘာ သာဖြစ်ပါသည်။ ဘေဘီဝိုင်း နဲ့ မက်မက် ဆိုလို့ နှစ်ယောက် တစ်တွဲ လာသည် ဟု မဆိုလိုပါ။ တဦးစီ လာကြပြီး ရတဲ့ အချိန်လေး ကို မလေးရှားက ဘလောက်ဂါ များက စုစည်းပြီး သွား တွေ့လိုက်တာပဲ ဖြစ်သည်။

မလေးရှား ကို မကြိုက်ပေမယ့် အားလုံး ခြုံ ပြောရရင် နေရတာ နေပျော်ပါသည်။ အခုတော့ မလေးမြေ ကို နှုတ်ဆက် ရပေဦး တော့ မည်။ ကုမ္ပဏီ ၀န်ထမ်း ဆိုတော့ သူတို့ ပြောင်း ဆိုတဲ့ နေရာကို ပြောင်းရ မှာပဲဖြစ်သည်။ ပျော်တဲ့ နေရာ မှာပဲ နေချင် ပါတယ် လုပ်လို့ မရ။ ရွှေ့ဆို ရွှေ့ ၊ ပြောင်း ဆို လဲ ရှိတာလေး တွေ ထုပ်ပြီး ပြောင်းခိုင်း တဲ့ နေရာ ကို ပြောင်း ရမှာ ပဲဖြစ်သည်။ ရွေး မိတဲ့ အသက် မွေးဝမ်းကျောင်း ကို က ခရီးသွား လုပ်ငန်း မဟုတ်လား။ ဒီတော့ ကာ ငြိမ်ငြိမ် ထိုင် မနေရတာ ကို က အလုပ်သဘောလို ဖြစ် နေသည်။ ဘယ်လိုပဲ ဖြစ် ဖြစ် အခု တော့ မလေးရှား ကို စွန့်ခွာရပေ တော့မည်။

မလေးရှား မှာ နေခဲ့တဲ့ အလျောက် ကျနော့်ရဲ့ ဘလောက် မှာ မလေးရှား အကြောင်း အရာ အငွေ့ အသက်တွေ တင်းကြမ်း ဖြစ်နေမှာ သေခြာသည်။ နောက် ပြောင်း မယ့် နေရာ ဒေသ ရဲ့ အကြောင်း အရာ တွေက နောင်တချိန် မှာ ကျနော့် ဘလောက် ရဲ့ ပို့စ်တွေ ဖြစ်လာနိုင်စရာ အကြောင်း ရှိသည်။ သေခြာ တာက တော့ ရွှေ့တာ ပြောင်း တာနဲ့ အထိုင်ကျ အောင် (အလုပ်ရော၊ နေရာထိုင်ခင်းပါ) လုပ်နေရမှာ ဖြစ် လို့ အစကတည်း က အရေးကျဲ တဲ့ ကျနော် တော် တော်နဲ့ ပို့စ် အသစ် တင်နိုင် မယ် မထင်။ အဲဒီအတွက် လဲ နားလည် ခွင့်လွှတ်ကြ လိမ့် မယ်လို့ မျှော်လင့်ပါသည်။

ကံဆုံရင် တော့ ပြန်ကြုံ ကြဦး မည်။




ဝန်ခံချက်။ ။ သတင်းစာ ဆရာ ကြီး မြတ်ဆွေ ရဲ့ ရေးဟန်ကို အတုခိုး ရေးသားပါသည်။ :P
ဓါတ်ပုံ။ ။Photo from Telegraph.co.uk & tourismmalaysia.gov.my
မှတ်ချက်။ ။ သက်ဆိုင်ရာ ဘလောက်ဂါတွေရဲ့ လင့် တွေကို တော့ နောက်များ မှပဲ ထည့်တော့ မယ်။








16 comments:

မောင်မိုး said...

ဟ...ဘယ်ကိုပြောင်းရမှာတုန်း။ အင်တာနက်နဲ့တော့ အဆက်ပြတ်မယ်မထင်ဘူး။ အားရင် ရေးပေါ့ဗျာ။

ညယံ said...

ပြောင်းမယ့်နိုင်ငံအကြောင်း ဆက်ရေးပါအုန်းလေ။
နှုတ်ဆက်ပါတယ် အေအေတီအိုရေ...

Nge Naing said...

ဘယ်လိုလဲ ဗြုန်းစားကြီး ဘယ်ကို ပြောင်းရမယ်ဆိုတာလည်း မပြောဘူး။ မိသားစုပါ သွားရမလား။ ဘလော့ဂ်မရေးဖြစ်ပေမဲ့ အွန်လိုင်းပေါ်တော့ လာနေပေါ့နော့်။

ရွှေရတုမှတ်တမ်း said...

ဖွတ်စဘွတ်ထဲမှာ ပြောင်းတော့မယ်ဆိုတာတွေ့လို့...
ဂယ်ပဲကိုး....

Unknown said...

ဘယ်ကိုပြောင်းမှာလဲ..။ နောက်နေရာရောက်လို့ အနေကျရင် ပိုစ်တင်ပါဦး..

Anonymous said...

အမလေးဗျာ နှုတ်ဆက်စကားလေး တောင် မပြောလိုက်ရ အခုမှ ဖတ်မိတယ် အေအေတီအို ရေ ပြန်လည် ဆုံတွေ့ကြမယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Thinzar said...

"စိတ်ကူးထဲ မှာ ထင်ထား တဲ့ သဉ္ဖာ နဲ့ လုံးဝ ကွဲပြား နေ တာကို တအံ့တသြော သိခဲ့ရပါသည်။"

အီးတီနဲ့များ တူနေလားလို့ လူတွေ ထင်ကုန်တော့မှာဘဲ။ :-D

ဘာဘဲဖြစ်ဖြစ် မသွားခင် ဆုံတွေ့ခွင့်ရခဲ့တာ အရမ်းဝမ်းသာပါတယ်။ သဉ္ဖာက အပေါင်းအသင်း သိပ်မဆံ့တော့ ဘလော့ဂါထဲမှာ ကိုAATO ကို ပထမဆုံး မြင်ဖူးတာဘဲ။ :) နေရာသစ်မှာ အတွေ့အကြုံအသစ်တွေနဲ့ ပျော်ရွှင်ပါစေ။ နေရာအသစ်က ဘလော့ဂ်ပို့စ် အသစ်တွေကို စောင့်ဖတ်နေပါမယ်။ Have a safe journey!

Sonata Cantata said...

ကိုAATOတို့ မိသားစု...
သွားလမ်းသာလို့ လာလမ်း ဖြောင့်ပါစေ
နေရာသစ်မှာ အဆင်ပြေ ချောမွေ့ပါစေ

မေတ္တာဖြင့်
ဧရာသီတာ မိသားစု

Anonymous said...

အဆင်ပြေပါစေ။ ရောက်ရာ အရပ်က အတွေ့အကြုံသစ် များကိုလည်း တင်ပါအုံး။ ဗဟုသုတ ရတာပေါ့။

မိုးယံ said...

ဟင် ဦးလေက ဘယ်ကိုပြောင်းမှာလဲ. ... အနော်လဲ မလေးရှားကပါပဲ... ကိုဏီလင်းညိုကတော့ လုံးဝတွေဖို့ မလွယ်ပါဘူး... နေဇော်လင်းနဲ့ ညီအစ်ကိုလို ပေါင်းပါတယ်.. ကိုဇော်နဲ့လည်း ခင်ပါတယ်... အုပ်ကြီးနဲ့လည်း သူငယ်ချင်းပါ... အစ်ကိုနဲ့ လည်း မစိမ်းပါဘူး... ဘယ်နှယ့်ကြောင့် အနော်မသိတာလဲ ... ဒါဆို မလုပ်မပြောင်းခင် မလေးရှားမှာ တွေ့ကြရအောင်... ဖုန်းဆက်ဖုန်းနံပါတ်ပေးပါ... kyawlaymoe@gmailc.com မှာ မေးလ်စစ်ဖြစ်တယ်..

ငြိမ်းချမ်းပါစေ
မိုးယံ

မယ့်ကိုး said...

ချစ်စရာအရမ်းကောင်းတဲ့ သမီးလေးကို သတိရတယ်။ အစ်ကိုတို့ အစစအရာရာအဆင်ပြေမှာပါး)

~ဏီလင်းညို~ said...

ကိုအေအေတူ.......

ကျွန်တော်ကတော့ ခင်ဗျားကိုမြင်ဖူးတယ်....။
ဖေ့ဘွက ဓာတ်ပုံတွေထဲမှာလေ......း))
လာမယ်လာမယ်နဲ့ မရောက်ဖြစ်တာရယ်ပါဗျာ....။
အခုတော့ မလေးရှားကနေနောက်တစ်နိုင်ငံမှာ ပြောင်းပြီးနေရပြီပေါ့....။
အစစအရာရာ အဆင်ပြေပါစေဗျာ.....။
ဘလော့ဂ်လည်း.....နိုင်သလောက် ဂင်းပါဦး.....:D

ခင်မင်ခြင်းအားဖြင့်......
ဏီလင်းညို

နေဇော်လင်း said...

အကိုရေ

သွားတာတောင် မပြောဘူးဗျာ....

အကိုပြောသလိုပဲဗျာ.. ဖုန်းတွေ ဆက်ဖြစ်ပြီးတော့ လူချင်းလည်းမတွေ့ရဘူးဗျ

ဝမ်းနည်းမိပါတယ် အကို ...

နောက်အဆင်ပြေရင် ထပ်တွေ့မယ်နော် အစ်ကို

အဆင်ပြေပါစေနော် အကို ....

Unknown said...

ဘရားသားရေ....

ရင်ဘတ်ခြင်းတိုက်မိကြတဲ့ သူတွေမို့ အမြဲတမ်း မှတ်မှတ်ရရ ရှိနေမှာပါဗျာ...
အစစ အရာရာ အောင်မြင်ပါစေဗျာ...

Taungoo said...

ဒီပို့စ်ဖတ်ဖြစ်လို့ ခရေတွန်ကို လှမ်းမေးမှပဲ ဦးတည်တို့ ဘယ်ပြောင်းလဲ သိရတယ်။ အဲဒီနေရာလဲ ပျော်စရာတော့ ကောင်းမှာပါ။ စန်ဒရာလေးတော့ ပျော်နေမယ်ထင်တယ်။ နေရာသစ်မှာလဲ အဆင်ပြေပါစေ ဦးတည်။

btw ခရေတွန်တော့ စားအိမ်သောက်အိမ် လျှော့လို့ ငိုနေတော့မယ် ထင်တယ် :)

ကိုဇော် said...

ကျနော်နဲ့လည်း မတွေ့ဖြစ်လိုက်ဘူးနော်။
နောက်တော့ ကြုံရင် ဆုံကြတာပေါ့ဗျာ။

License

License
Thank you very much for visiting my blog. I really do. I am trying to write and share my knowledge, experience,information etc etc. I would be very much appreciated for your either encouraging or critical comments to my any post. Furthermore, some photos herein the posts are not mine and perhaps some information too. However I always try to credit or mention the courtesy of the respective owner and/or where I got it from. Anyway please leave your message anything regards to my blog or if you want to use any part of information from my blog. I would follow up thereafter your message, accordingly.
Contact: thomasjrlatt@gmail.com