Monday, August 16, 2010

တိရိစ္ဆာန်များ ကို

ကမ္ဘာ အရပ်ရပ်မှာ နေ့စဉ်နဲ့ အမျှ တိရိစ္ဆာန်တွေ ကိုညုင်းပန်း နှိပ်စက်တာတွေ၊ သတ်ဖြတ်တာတွေ၊ ရောင်းဝယ် ဖေါက်ကား တာတွေ တွေ့နေ၊ မြင်နေ၊ ကြားနေ၊ သိနေ ရတာ အလွန် စိတ်မချမ်း မသာ ဖြစ်ရပါတယ်။ ဒစ်စကာဗာရီ (Discovery Channel)၊ အဲန်နီးမဲလ်ပလားနက် (Animal Planet) စတဲ့ တီဗွီ အစီအစဉ်တွေ မှာ ရော၊ အခါ အားလျော်စွာ တွေ့ရတဲ့ သတင်းအစီ အစဉ်တွေ မှာ အပြင် နေ့စဉ် သတင်းစာ မျိုးစုံမှာ ပါ မကြာခဏ ဆိုသလို ဖတ်နေရပါတယ်။ တဖက် ကလည်း သားရဲ တိရိစ္ဆာန် ထိမ်းသိမ်း ရေးတွေ၊ သဘာဝ ပါတ်ဝန်း ကျင် ထိမ်းသိမ်း ရေး အသင်း အဖွဲ့တွေ က ဒေါ်လာ သန်းပေါင်း များစွာ အကုန်အကျ ခံ ပြီး၊ အပင်ပန်း အဆင်းရဲ ခံ လုပ်ဆောင် နေကြ ပါသော် လဲ တဖက် က အချိန်နဲ့ အမျှ ဖြစ် ပေါ်နေတဲ့ မတရား တဲ့ သားငှက် တိရိစ္ဆာန် အကြမ်း ဖက်မှု့တွေ ကြောင့် သမင်မွေးရင်း ကျားစားရင်း ဆိုသလို ချိန်ခွင်ရှာ မညီ ဖြစ်နေပါတယ်။


လူမြင်ကွင်း က ဆပ်ကပ် တွေ ကစ ပြီး လူမသိသူ မသိ တောတွင်း နေရာများစွာ မှသားရိုင်း တိရိစ္ဆာန် တို့အပေါ်လူသား တို့ရဲ့ ခေါင်းပုံဖြတ် အမြတ်ထုတ် မှုတွေ က ကမ္ဘာအနှံ့ မှာရှိနေပါတယ်။ မုဆိုး ၀တ္ထုတွေ၊ အမဲ လိုက် ခန်းတွေ ပါတဲ့ ရုပ်ရှင် ဇာတ်လမ်း တွေက ယဉ်ကျေး လှပါတယ် ဆိုတဲ့ လူသား တို့ရဲ့ တိရိစ္ဆာန်တွေထက် ပိုတဲ့ ရက်စက် ကြမ်းကြုပ် မှုတွေ ကို တနည်း အားဖြင့် အားပေး နေသယောင်ပါ။ လွန်ခဲ့ လ က အချက် အလက် တချို့ ရှာ ရင်း တွေ့ရတဲ့ အောက် ကပုံ လေး က စာသား တွေ ကိုကြိုက် လို့ဝေမျှလိုက်ပါတယ်။ တော် တော်ပြည့်စုံ ပြီး ကြံကြံ ဖန်ဖန် ရေးထားတဲ့ အိန္ဒိယ က တိရိစ္ဆာန်ဥယျာဉ် က ဆိုင်းဘုတ် တခုပါ။


Photo:- www.engrish.com

3 comments:

Nge Naing said...

စာကလည်း ဖတ်လို့ကောင်းတုန်း နိဒါန်းပဲ ပြီးသေးတယ် စာကိုယ်မပါ နိဂုံးမပါနဲ့ ဆုံးသွားတယ်။ တိရိစ္ဆာန်အကြောင်း ဘာများ စိတ်ဝင်စားစရာတွေ တွေ့ရမလဲလို့ အားခဲပြီးဖတ်နေတာ တုံးတိကြီးဖြစ်သွားတယ်။

SHWE ZIN U said...

AATO က တိရစ္ဆာန် တွေကို ချစ်တယ်ထင်တယ် ဘာဘဲ ဖြစ်ဖြစ် အပြစ်မရှိတဲ့ တိရစ္ဆာန် တွေကို ညှင်းပန်း နှိုတ်စက် နဲ့ သဘာဝပတ်ဝန်းကျင် ဖျက်စီး တာတွေ ကို အမုန်းဆုံးဘဲ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

မန်းကိုကို said...

“သားရိုင်း တိရိစ္ဆာန် တို့အပေါ်လူသား တို့ရဲ့ ခေါင်းပုံဖြတ် အမြတ်ထုတ် မှုတွေ” - ဟုတ်တယ်၊ ဟုတ်တယ် တိရိစ္ဆာန်တွေအပေါ်တောင် ခေါင်းပုံဖြတ်မှတော့ တော်တော်လေးကိုမကောင်းတော့တာ အမှန်ပဲ။ ဒါနဲ့ အဲဒီလူတွေက ဆံသဆိုင်က လူတွေလားဟင် :-)

License

License
Thank you very much for visiting my blog. I really do. I am trying to write and share my knowledge, experience,information etc etc. I would be very much appreciated for your either encouraging or critical comments to my any post. Furthermore, some photos herein the posts are not mine and perhaps some information too. However I always try to credit or mention the courtesy of the respective owner and/or where I got it from. Anyway please leave your message anything regards to my blog or if you want to use any part of information from my blog. I would follow up thereafter your message, accordingly.
Contact: thomasjrlatt@gmail.com