"သူတို့တွေမှာ ကြီးမားတဲ့ ခန္ဓာကိုယ်ရှိပေမယ့် ဆူမာတြား ကြံ့ တွေဟာ ထူထပ်တဲ့ မိုးသစ်တော တွေ အတွင်းမှာ သဘာဝနဲ့ တသားတည်း ကိုယ်ယောင်ဖျောက် နေနိုင်စွမ်းရှိတယ်။ သူတို့ ကို အပြင် မှာ သဘာဝ အတိုင်း အနီးကပ် မြင်ဖူးတယ် ဆိုတာ လုံးဝ ဆိုသလောက် မရှိဘူး။"'
မာခ် ကာဝပ်ဒင်း (Mark Carwardine)
(ကြံ့ ကျွမ်းကျင် သူ ပညာရှင်၊ သူ့ဘ၀ တခုလုံး ကြံ့တွေ ရှိတဲ့ အာဖရိက နဲ့ အာရှတောတွင်း မှာပဲ အချိန် ပေးသူ)
ဆူမားတြားကျွန်းရဲ့ နက်ရှိုင်း ထူထပ်တဲ့ မိုးသစ်တော တွေ အတွင်းမှာ နေကြတဲ့ ဒေသခံ တွေဟာ သူတို့ ရဲ့ ဘိုးဘွား စဉ်ဆက် နေထိုင်လာခဲ့ ကြတဲ့ နေရာဒေသတွေမှာ ကြီးမားထူး ဆန်းတဲ့ သတ္တ၀ါ ကြီးတွေ ရှိတယ် လို့ယုံကြည်ကြပါတယ်။ တခါတရံ မှာ သူတို့တွေ ဟာ တောတွင်း က ရုတ်တရက် ထွက်လာတတ်တဲ့ သစ်ပင် ငယ်တွေ ကို ချိုးဖဲ့သံ တွေ၊ အကောင် ကြီးကြီး တွေ တောတိုးသွား တဲ့ အသံတွေ ကြောင့် ကြောက်ရွံ့ စိုးရိမ် စိတ်တွေ ဖြစ်လေ့ရှိပါတယ်။ သူတို့ ရဲ့ စိုက်ခင်း တွေမှာ တခါတခါ တွေ့ရတတ်တဲ့ တွင်းကျယ်ကျယ် ကြီးတွေ ကိုလဲ လှစ်ခနဲ ဖြတ်ပြေး သွားတဲ့ တစုံတရာ ကြောင့် ဆိုတာ သိပေမယ့် ဘယ် အကောင် မျိုးလဲ ဆိုတာ မသိကြပါဘူး။ ထူးထူးခြားခြား လေချွန်သံ တွေ၊ လေတိုးသံတွေ နဲ့ နှာမှုတ် သံလို မျိုး တွေ ကလဲ ဘယ် လိုအကောင် မျိုး ကထွက် လာတာ မမြင်ဘူး၊ မသိကြပါဘူး။
အဲဒီထူးခြားတဲ့ အသံ တွေ နဲ့ လှိုင်ခေါင်း တွေရဲ့ ဖြစ်တည်ရာ ရင်းမြစ်က အင်ဒိုနီးရှား ရဲ့ ထူထပ်လှတဲ့ မုတ်သုံ မိုးသစ်တော တွေ အတွင်းမှာ ဆူမားတြား ကြံ့တွေက လွဲလို့ ပုံပြင် ဒဏ္ဍာရီ ထဲက ထူးဆန်းတဲ့ ကြောက်မက်ဖွယ် အကောင်မျိုး တွေ မဟုတ်ရပါဘူး။ တကယ်တော့ ဆူမားတြား ကြံ့တွေဟာ ဟောဒီ ကမ္ဘာလောက ကြီးမှာ အရှားပါးဆုံး နဲ့ ပုံဖော်ရှင်း ပြဖို့ အခက် ခဲဆုံး နို့တိုက်သတ္တ၀ါ ဖြစ်ပါတယ်။
ကြံ့ ဇီဝမျိုး နွယ် ၅ မျိုး ထဲမှာ အသေးဆုံး ဆိုပေမယ့် ဆူမားတြား ကြံ့တွေဟာ ကြီးမားပြီး တခြား မျိုးစိတ်တွေနဲ့ မတူပဲ တမူထူးခြား ပါတယ်။ နှာတံ ပေါ်မှာရှိတဲ့ ဦးချို နှစ်ချောင်းနဲ့ သူ့ဦးခေါင်း ကို အလှဆင်ထားတယ်။ နောက် က ဦးချို ဟာ မုန့်ဖက်ထုပ် လောက်ထက်ပို မကြီးဘူး။ အမွှေး ကလေးတွေနဲ့ အနားသတ်ထားတဲ့ နားနှစ်ဖက် ရှိပြီး။ နီညို ရောင် အမွှေး အမျှင်တွေ ခပ်ပါးပါး ဖုံးအုပ် ထားတဲ့ ခန္ဓာကိုယ် ဟာ ထူထဲတဲ့ အရေပြား လွှမ်းခြုံထား ပြီး သံချပ်ကာ ကားတစင်း လို တောင့်တင်းခိုင်မာတယ်။ ၁၃ ရာစုနှစ် အီတာလျံ ခေတ်ဦး ခရီးသွား မာကိုပိုလို သူ့မှတ် တမ်းထဲ မှာ ဖော်ပြထားတာ က တော့ ဒီကြံမျိုး တွေဟာ တောဝက်ကြီးကြီး တကောင် ရဲ့ ဦးခေါင်းလိုမျိုး ရှိတယ် ဆိုပါတယ်။ အမှန် က မတူပါဘူး။
တချို့ သိပ္ပံ ပညာရှင်တွေ အဆို အရ ဆူမားတြား ကြံ့ တွေဟာ တခြားနို့တိုက် သတ္တ၀ါတွေ ထက် ကမ္ဘာ ပေါ်မှာ စော ပြီး ရှင်သန်တည် ရှိခဲ့တယ် လို့ဆိုတယ်။ သူ့ပုံစံကြည့်ရတာ ကိုက သေခြာပေါက် သမိုင်းမတင်ခင် က သတ္တ၀ါ ကြီးတွေ လိုမျိုး။ တကယ် တန်းကျတော့ သူတို့ ဟာ တချိန်က ဥရောပနဲ့ အာရှတလွှား မှာ ကျက်စားခဲ့တဲ့ အမွှေးထူ ကြံ့ကြီး တွေ ရဲ့ မျိုးဆက် သစ်တွေပါ။ အဲဒီအကောင် ကြီးတွေဟာ ကျန်ခဲ့ တဲ့ နှစ် တစ်သောင်း လောက် အထိ ရှင်သန် ကျက်စား ခဲ့တယ် လို့လည်း ယုံကြည် ရပါတယ်။
မြူ တွေ ရေခိုး ရေငွေ့တွေနဲ့ ဖုံးလွှမ်း နေတ၊ဲ့ ပတ်ဝန်း ကျင်ကို မြင်နိုင်ဖို့ရာ ခက်ခဲတဲ့ တောနက်ထဲ မှာ ဆူမားတြား ကြံတွေဟာ လိုအပ်သလို လှစ်ခနဲ လှစ်ခနဲ့ လှုပ်ရှား နိုင်တယ်။ မတ်စောက်တဲ့ ဆင်ခြေရှော တွေ ကို အပြေးအလွှား လျှော ဆင်းနိုင်ပြီး ရေစီးသံတဲ့ မြစ်တွေ ကိုလဲ အသာ လေးကူးဖြတ် သွားနိုင် ကြတယ်။ ခြုံ နွယ် ပိတ်ပေါင်းတွေနဲ့ တောနက် အတွင်း မှာ သက်ရှိဘူဒိုဇာ ကြီးတွေ လို ဆူမားတြားကြံ့ တွေ ရဲ့ သားစဉ်မြေးဆက် တွေ သွားလာ ကျက်စား လို့ လမ်းကြောင်း ကြီးတွေ ဖြစ်နေတတ်တယ်။ အဲဒီ လမ်းကြောင်းတွေ က သူတို့ရဲ့ စားကျက်တွေ နဲ့ သူတို့ အကြိုက် ဆားကျင်းမြေတွေ ကို ဆက်သွယ် နေတယ်။
အာဖရိက က သူတို့ရဲ့ အမျိုးတွေ လိုပဲ ဆူမာတြားကြံ့ တွေ ဟာ အစား အသောက် မှာ လောဘကြီးတယ်။ မြက် နဲ့ မြက် ဆန်တဲ့ အပင် မျိုး တွေကို သေသေ ခြာခြာ မ၀ါးပဲ လုံးထွေး မျို ချလေ့ရှိတယ်။ တရက် ကို ကီလို ၅၀ ကျော် ကျော်လောက် အသာလေး စားလေ့ရှိတယ်။ မနက် စောစော နဲ့ ညဦး ပိုင်း မတိုင် ခင် အချိန်လေး တွေမှာ အစာ စားရတာ နှစ်သက်တယ်။ သူတို့ရဲ့ အပေါ်နှုတ်ခမ်း နဲ့ အပင် ငယ်တွေ၊ အပင် ပေါက် ကလေးတွေ အညွှန့်တွေ အရွက် နုနု ကလေးတွေ ကို သွားရင်းလာရင်း ဆွဲဖဲ့၊ ဆွဲနှုတ် စားလေ့ရှိတယ်။ ဆူမားတြား ကြံ့တွေရဲ့ အကောင်း ဆုံး အချက် က အသံပဲ။ ပါးစပ်ထဲ မှာ အစာ အပြည့်ရှိနေ ပါစေ သီချင်းတအေးအေး၊ စကားတပြောပြော လုပ်လေ့ရှိတယ်။
"ဆူမားတြားကြံ့တွေ ရဲ့ သီချင်းသံဟာ စိတ်မခိုင် သူတွေ အတွက် မျက်ရည် ဖြိုင်ဖြိုင် ကျစေတဲ့ ငိုချင်းသံတွေပါ.."

သူတို့ ရဲ့ အများအားဖြင့် လုပ်တတ်တဲ့ အသံ ကတော့ စက္ကန့်ပိုင်းလောက် ပဲကြာတတ်တဲ့ (ခွေးငယ် လေးတွေ တကိန်ကိန် မြည်တဲ့ သံမျိုး ဒါမှမဟုတ် ဟောင်တဲ့ အသံမျိုး) ဖြစ်ပါတယ်။ ထူးခြား ကျယ်လောင် တဲ့ လေချွန်သံ မျိုးနဲ့ နောက် ကကပ်ပြီးတော့ ပါလာတတ်တဲ့ (ချောင်းဆိုး သံ ဒါမှ မဟုတ် နှာဆတ်သံလို မျိုး) လဲ လုပ်တတ်ပါသေးတယ်။ အဲဒီ သူတို့ရဲ့ လေချွန် သံ အသံ လှိုင်းတွေဟာ တောနက် ကြီးရဲ့ ကီလို မီတာ တော် တော် များများ အထိရောက် ပါတယ်။ နောက် အသံ တမျိုး ကတော့ ဝေလငါးတမျိုး (Humpback Whale) လုပ်တတ် တဲ့ အသံ မျိုးနဲ့ ဆင်ဆင်တူ ပြီး ၄ စက္ကန့်က နေ ၇ စက္ကန့် အထိကြာ တတ်ပါတယ်။ ကြံ့ သတ္တ၀ါ တွေ တကယ် သီချင်း ဆိုလား မဆိုလား ဘယ်သူမှ မသိပေမယ့်၊ အချိန်နဲ့ မိတ်လိုက် တဲ့ စရိုက် သဘာ ၀တွေ နဲ့ ဆက်သွယ် နေတဲ့ အခါ၊ သူတို့ သီချင်းဆိုတယ် ဆိုတာ သေခြာပေါက် ဖြစ်နိုင် တယ် လို့ ပညာရှင်တွေ ယူဆကြတယ်။ ပညာရှင် တွေ ရဲ့ သုတေသန လုပ်ငန်းတွေ နဲ့ လေ့ လာတွေ ရှိချက် အရ သူတို့ရဲ့ အသံေ တွဟာ ဝေလငါးတွေရဲ့ အသံတွေ လို စွမ်းအားတခုခု သက်ရောက် နေပြီး လူတွေ ရဲ့ မျက်ရည် ကို ချူယူ ငိုကြွေး စေတယ် လို့ သိရတယ်။
လေ့လာတွေရှိ ချက် အရ ကြံ့ အမ တကောင် ဟာ မိနစ် ၂၀ အတွင်းမှာ တကိန်ကိန် မြည်သံမျိုး ၄၂၁ ကြိမ်၊ လေချွန်သံ အကြိမ် ၆၀ နဲ့ ဝေလငါးတွေ လုပ်တတ်တဲ့ အသံမျိုး အကြိမ် ၁၈၀ လုပ်တယ်ဆိုတယ်။ ဒီလေ့လာ တွေ့ရှိ ချက် ကို ကြည့်ရုံ နဲ့ သူတို့ဘယ် လို အဆိုတော် မျိုး ဆိုတာ သိနိုင်ပါတယ်။ သူတို့ ဘယ်လို သီချင်းဆို ညည်းတယ်၊ ဘာတွေပြော တယ် ဆိုတာ အတိ အကျ မသိနိုင် ပေမယ့် အချင်းချင်း မိတ်သံ ပေးတာ တို့၊ အန္တရာယ် သတိပေးသံ နဲ့ သူတို့ ဘယ်မှာ ရှိနေတယ် ဆိုတာ အချင်းချင်း အသိပေးတာ တို့ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
အာရှတိုက် မှာ ကြံ့ မျိုးစိတ် ၃ မျိုးရှိပါတယ်။ အကောင်ရေ ၂၆၀၀ လောက် ရှိပြီး အိန္ဒိယ နဲ့ နီပေါ နိုင် ငံတွေမှာ ပြန့်နှံ့ နေတဲ့ ဦးချို တချောင်း ပါ အိန္ဒိယကြံ့ (Indian Rhino) ဟာအာရှမှာ အများဆုံးကျန်နေသေးတယ် လို့ ဆိုနိုင်ပါတယ်။ စိုးရိမ် ဖွယ် ရှားပါးလာတဲ့ ဂျာဗားကြံ့ (Javan Rhino) ကတော့ အကောင် ရေ ၅၀ လောက် သာ ကျန် တော့ ပြီး ဂျာဗားနဲ့ ဗီယက်နမ် တောနက် တွင်းမှာ ပြန့်နှံ့ ကျက်စားပါတယ်။ ဆူမားတြားကြံ့ (Sumatran Rhino) တွေကတော့ အကောင် ၂၀၀ လောက် ရှိနေသေးပြီး လူသူ မရောက် နိုင်တဲ့ မလေးရှား နဲ့ အင်ဒိုနီးရှား တော နက်တွင်းမှာ နေထိုင်ကျက်စားပါတယ်။
တချိန် ကတော့ ဆူမားတြား ကြံ့တွေ ဟာ အိန္ဒိယ နဲ့ ဘူတန် ကနေစပြီး တရုတ်နိုင်ငံ တောင်ပိုင်းနဲ့ အင်ဒို နီးရှား အထိ အရှေ့တောင် အာရှ ဒေသတခွင်မှာ နေထိုင်ကျက် စားခဲ့ ဘူးပြီး ၁၉ ရာစု လောက် အထိ နေရာတိုင်းမှာ လိုလို တွေ့နိုင်တဲ့ Common Species ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ရာစုနှစ်များစွာ လူတို့ရဲ့ အမဲလိုက်ခြင်း၊ စာကျက် မြေရှားပါးလာခြင်း စတဲ့ အချက် တွေ ကြောင့် ဒီနေ့ အချိန်မှာ အဆိုပါ နို့တိုက် သတ္တ၀ါ ကြီးတွေ ဟာ မျိုးတုန်း အန္တာရယ် နဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ အာဖရိ က က သူတို့နဲ့ မျိုးနွယ်တူ ၀မ်းကွဲ ညီအကို တွေလို မျိုး လူတွေရဲ့ ဂရုစိုက် ထိမ်းသိမ်း ခြင်း မျိုး မခံစားရသေးလို့ ၁၅ နှစ် အတွင်း မှာ အရေ အတွက်တော်တော် များများ လျော့ကျသွားပါတယ်။
အခု အခါမှာ ဆူမားတြား ကြံ့ တွေဟာ နေရာ တော်တော် များများမှာ ပျောက် ကွယ်သွားပါပြီ။ လက်တဆုပ် စာ အရေ အတွက်လောက် ပဲဒေသအချို့မှာ ပြန့်ကျဲ ကျက်စားနေ နိုင်ပါတော့တယ်။ ၁၅ ကောင် ကနေ ၂၅ ခန့် လောက် ကမလေးရှား ဘော်နီယို ကျွန်းမှာ အထီးကျန် ရှင်သန်နေပြီး ကျန်ရှိနေတဲ့ အကောင်တွေ ကတော့ အင်ဒို နီးရှားရဲ့ အမျိုးသား ဥယျာဉ် ၃ ခု မှာ ပြန့်ကျဲ နေတယ် လို့ဆိုပါတယ်။ မလေးကျွန်းဆွယ် မှာ တခြား ရှင်သန်နေ သေးတဲ့ အကောင်တွေ ရှိနိုင် သေးတယ် လို့လဲ တချို့ ကျွမ်းကျင် သူပညာရှင် တွေ ကမျှော်လင့်ချက် ကြီးစွာနဲ့ ဆိုပါတယ်။
တရားမ၀င် မှောင်ခို ကုန်သွယ် မှုတွေရဲ့ ခြိမ်းခြောက် မှုက တော့ အခု အချိန် အထိ ခံနေရတုန်းပါ။ တရုတ်တိုင်းရင်း ဆေးတချို့ မှာ ကြံ့သွေး နဲ့ ကြံ့ချို နု က မပါ မဖြစ် ဆိုတဲ့ အတွက် မှောင်ခို ဖမ်းဆီး သတ်ဖြတ် သူတွေ အဖို့ ဈေးကြီး ရတဲ့ ရှားပါးကုန် တမျိုး လို ဖြစ် နေကာ လက်နက်ကိုင် အုပ်စု ဖွဲ့ ပြီး ဖမ်းစီးသတ် ဖြတ်ဖို့ ဆူမားတြား ကြံ့တွေ ရှိတတ်တဲ့ တော တွေ တွင်းမှာ အသည်းအသန် ရှာဖွေနေကြဆဲပါ။
ဝန်ခံချက်။ ။ BBC ရဲ့ ၂၀၁၀ ဇွန်လထုတ် Wildlife မဂ္ဂဇင်း အတွဲ ၂၈ အမှတ် ၆ မှ Secret Rhino by Mark Carwardine ကို သင့်တော် သလို မှီငြမ်း ပြန်ဆိုသည်။
Ref:
- wikipedia
Photo:
- Credits are due to the respective photographers.

Distribution of Sumatran Rhino
Find Out More For more information about the Sumatran Rhino, visit www.savetherhino.org or ww.rhinos-irf.org. Save the Rhino International will be organizing a special Sumatran Rhino appeal this summer.၀န်ခံချက်။ ။ BBC ရဲ့ ၂၀၁၀ ဇွန်လထုတ် Wildlife မဂ္ဂဇင်း အတွဲ ၂၈ အမှတ် ၆ မှ Secret Rhino by Mark Carwardine ကို သင့်တော် သလို မှီငြမ်း ပြန်ဆိုသည်။
Ref:
- wikipedia
Photo:
- Credits are due to the respective photographers.
12 comments:
ဟလို
မဗေဒါအတွက် အူယားစရာ အကောင်တွေပေမဲ့ သားကတော့ ဒါမျိုးတွေ စိတ်ဝင်စားတယ်..ကျောင်းက ပြန်လာရင် သားကို နဲနဲ အတိုချုပ်ပြောပြပေးမယ်.. သုတရတာပေါ့..။
မာကိုပိုလို မှားတယ်ပေါ့နော်.. နောက်တခုက မဝါးပဲ မျိုတာ ကတော့ တချို့လူတွေနဲ့..ဆွေမျိုးစပ်လို့ရတာပေါ့ ..။ ဆွေမျိုးဆိုလည်း မမှားပါဘူးနော်.. နို့ရည်သောက်တာချင်းတူတော့လေ.. ဟဲ..။
မဗေဒါ (၈၈)
“မှီးငြမ်း” လုပ်ပါဆရာရယ်၊ “ဝန်ခံချက်” ဆိုတော့ ဘာများ အမှားလုပ်ထားလို့တုန်း။
AATO ရေ ဖတ်သွားပြီ ဒီအကောင်ကြီး တွေကိုတော့ နဲနဲ ကြောက်တယ် သေချာ မဝါးဘဲမျိုလို့လေ လောဘကြိးမှ ကြီး
ကျေးဇူးပါ ဗဟုသုတ တွေအတွက်
ခင်မင်စွာဖြင့်
ရွှေစင်ဦး
စိတ်ဝင်စားစရာပဲ..။ ဒါဆို သူတို့က ဇင်ဘာဘွေက ကြံနက်မျိုးနွယ်နဲ့ မျိုးအတူတူ ပေါ့နော်..။
သူတို့သီချင်းဆိုတာတော့ ဘယ်လိုအသံပဲ ဖြစ်ဖြစ် နားထောင်ဖူးချင်သား..။
ပြည့်ပြည့်စုံစုံ ရေးပေးတာ အတွက် ကျေးဇူးအများကြီး တင်ပါတယ်
စိတ်ဝင်စားဖို့ကောင်းတယ်ဗျ.... ဒီလို တောတွင်တိရစ္ဆာန်တွေအကြောင်းကို ဖတ်ရတာ အရမ်းကောင်းတယ်...... လျှို့ဝှက်တဲ့ရီနိုဆိုလို့ ဘလော့ခ်ဂါ ရီနိုမန်များလားလို့.. ဟိဟိ
ခင်မင်တဲ့
နေ၀သန်
AATO ရေ လာဖတ်သွားတယ်။ တင်တဲ့နေ့ကတောင် တွေ့တယ်။ ကွန်ပြူတာ ဗိုင်းရပ်ဝင်နေလို့ အင်တာနက်မရ ဖြစ်နေတာနဲ့ အချိန်မရလို့ ပြီးအောင်မဖတ်ရဘူး။ စိတ်ဝင်စားစရာ သိပ်ကောင်းပါတယ်။ ((ပါးစပ်ထဲ မှာ အစာ အပြည့်ရှိနေ ပါစေ သီချင်းတအေးအေး၊ စကားတပြောပြော လုပ်လေ့ရှိတယ်)) ကြံ့တွေက သီချင်းဆိုတယ်ဆိုတာ အခုမှ ကြားဖူးတယ်။
ကိုမန်းကိုကို ပြောသလိုပဲ ကိုးကားတာ ဘာမှ အမှားလုပ်တာ မဟုတ်ပါဘူး။ ဒါကြောင့် ၀န်ခံစရာ မရှိပါဘူး။ ကျမ်းကို (သို့) ရည်ညွှန်းချက် ဒါမှမဟုတ် Bibliography (or) References ဆိုလည်း ပြီးတာပဲ။
အံ့ဩစရာကြီးပဲနော်...ကြံ့သီချင်းဆိုတဲ့ဟာ အသံဖမ်းပြီး အသံဖိုင် တင်ပေးပါလား....:P
ကျွန်တော့်လို ဗလ ကြီးကြီး နဲ့ကောင်ကို လာကြည့်သွားတယ်.. တနေရာလေးပဲ လွဲတယ်.. သူက သီချင်းဆို ကြားရတဲ့ လူက ငိုချင်တယ် ဆို.. ကျွန်တော်က သီချင်းဆိုရင် ကြားရတဲ့ လူက တ၀ါးဝါး တဟားဟား ရယ်ကြတယ်.. :)
ခင်မင် အစဉ် အားပေးလျှက်
ဒီရေ
သီချင်းဆိုတဲ့ ကြံ့...
ခုမှ ကြားဖူးတယ်ဗျ
ကျေးဇူး..။
မရောက်တာကြာလို့ လာလည်သွားတယ်။ ဖတ်စရာပိုစ့်အကြွေးတွေလည်း ဖတ်သွားပါတယ်ရှင်။
(ဘယ်စီဘုံးမှ ထိုင်းမှာ မမြင်ရဘူးဖြစ်နေတယ်)
crystal
http://www.blissofus.com
http://crystal-lovelivelife.blogspot.com
Bro သားဂျွန် ...အခုမှ ရောက်ဖြစ်တယ်....လောကမှာ ကျနော်အချစ်ဆုံးအကောင်က ကြံ့ပဲဗျို့..။အခုလို နှံ့နှံ့စပ်စပ်သိရတဲ့အတွက် ကျေးဇူးပါ..။
စိတ်ဝင်စားစွာ ဖတ်ရှုသွားပါတယ်။
ဝေမျှတာ ကျေးဇူးတင်ပါတယ်ရှင်။
Post a Comment