Wednesday, July 21, 2010

ထူးဆန်းသော ကွန်ပလိန့်

ခရီးသွား လုပ်ငန်းနဲ့ပတ်သက် ပြီး တာဝန်ရှိသူ တယောက် အနေနဲ့ အဆင် မပြေမှု ကွန်ပလိန့် (Complaint) တွေ ကို လက်ခံ နားထောင်ရလေ့ရှိတယ်။ အစီအစဉ် အသေးစိပ် ကို အကွက်ကျ ကျ ရက်ပေါင်းများစွာ၊ တခါတလေ လ ပေါင်း များစွာ စီစဉ် ပေမယ့်လဲ ဘယ် အရာမှ ပုံသေ တွက်လို့ မရနိုင်တော့ လွဲချော် တာမျိုးတွေ ဖြစ်လေ့ရှိတယ်။ ဧည့်သည် တွေ (Tourists) အနေနဲ့လဲ သူတို့ ပေးထားတဲ့ ပိုက်ဆံ နဲ့ ရသင့်တဲ့ ၀န်ဆောင်မှုမျိုး မဟုတ်ရင် ဘယ်ကျေ နပ်နိုင်ပါ့ မလဲ။ အဲဒီ အခါ မျိုး ဆိုရင် ကွန်ပလိန့် ဆိုတာ ပေါ်လာတော့ တာပဲ။ နှစ်ပေါင်း များစွာ လုပ်လာတဲ့ အတွေ့ အကြုံ အရ ကွန်ပလိန့် ပေါင်းများစွာ နားထောင် ဖြေရှင်းပေးခဲ့ရတယ်။ မကျေ မလယ် ဖြစ်ကျန် ခဲ့တယ် ဆိုတာ မျိုး မရှိသလောက် ပဲ။ အမြဲ ဧည့်သည် ကျေနပ် အောင် (တခါတလေ သူတို့ကို စီစဉ်ပေးလိုက်တဲ့ အေးဂျင့်ကျေ နပ်အောင်) စွမ်းဆောင် နိုင်လို့ ဒီလို ပြဿနာမျိုး ရှိ ရင် အတွေ့အကြုံများတဲ့ ဒီငမိုက် သားကို ပဲလွှတ်လေ့ ရှိတယ်။

ဒီငမိုက် သားကလဲ ရှိသမျှ တာဝန် သူခေါင်းပေါ် သိမ်းကြုံး တင်ပြီး ဖြေရှင်းတတ်တယ်။ ၀ါသနာ အရရော အသက်မွေး ၀မ်းကျောင်း မှု အရ ရပ်တည် နေရတာရော ကြောင့် ဒီအလုပ် အပေါ် အရမ်းသံယောဇဉ်ရှိတယ်။ တန်ဖိုးထားတယ်။ ဒါပေမယ့်တခါ တခါ တော့လဲ စိတ်ကုန်တယ်။

တလော က လူလတ်ပိုင်း အရွယ် အီတာလျံ စုံတွဲ က အဆင်မပြေတာ ပြောချင်ပါတယ် ဆိုလို့ ဟိုတယ် မှာသွားတွေ့ရတယ်။ သူတို့ ပြောတာ က Genting Highlands ကဟို တယ် မှာ အဆင်မပြေ ဖြစ်တယ်လို့ ဆိုတယ်။ များသော အားဖြင့် ဥရောပ ဧည့်သည် တွေ Genting Highlands ကို စိတ်မ၀င် စားဘူး။ Genting Highlands ဆိုတာ က လောင်းကစား နဲ့ စိတ်လှုပ်ရှားဖွယ် ကလေး၊လူကြီး ကစားကွင်းတွေ နဲ့ ဆွဲဆောင်တဲ့နေရာ ဆိုတော့ အာရှ နဲ့ဒေသတွင်း က အိန္ဒိယ တို့၊ တရုတ်၊ ဟောင်ကောင်၊ ဗီယက်နမ်၊ အင်ဒို စ တဲ့နိုင် ငံ ကလူတွေ အရမ်း စိတ်ဝင်စားတယ်။ အုပ်စုလိုက် ရော၊ မိသားစုလိုက် တဦးချင်း သွားလည် ကြတယ်။ နေ့ချင်းပြန် လို့ရသလို ညအိပ် မယ်ဆိုလဲ အခန်း ပေါင်း ၁၅၀၀၀ ကျော် ရှိလို့ အမြဲ ဒေသတွင်းက ခရီးသွားတွေ နဲ့ ရှုပ်ရှက်ခတ် နေလေ့ရှိတယ်။

အဲဒီ အကြောင်းအရာ တွေကြောင့်ပဲ ဥရောပ ခရီးသွားတွေ သွားလေ့ မရှိကြတာပါ။ နောက် သူတို့ အာရှကို လာလည် တာကလဲ အာရှရဲ့ ယဉ်ကျေးမှု့ ဓလေ့ တွေကို အဓိက ခံစားချင် ကြတာ။ ဒါပေမယ့် ထူးထူးခြားခြား ဒီ ဧည့်သည် လင်မယား က Genting Highlands မှာ ၁ ည တော့ အိမ်မယ် ဆိုလို့ သူတို့ခရီးစဉ်ထဲ မှာ ထည့် စီစဉ် ခဲ့တယ်။ ကွန်ပလိန့် ကိုဆက် ရမယ် ဆိုရင် သူတို့ လင်မယား နှစ်ယောက် ညစာ စားပြီး တော့ အခန်း ကို ပြန်ပါတယ် တဲ့။ စကားတပြောပြောနဲ့ အိပ်ယာ ပေါ် လှဲ ပြီး သိပ် မကြာခင်မှာပဲ သူတို့ နှစ်ယောက် လုံး လှုပ် လို့ မရတော့ ဘူးတဲ့။ ၇ နှစ် ၈ နှစ် အရွယ် ကလေး ၃ ယောက် လောက် က သူတို့ အခန်းထဲ မှာ ပတ်ပြေး ပြီး ဆော့ နေတာ ဆူညံ နေတာ ပဲတဲ့။ သူတို့ နှစ်ယောက် လုံး ကတော့ ခန္ဓာကိုယ် က လှုပ်လို့ မရတဲ့ အပြင် ပါးစပ် ကပါ အသံ ထွက်လို့ မရတော့ ဒီ အတိုင်း ကြောင် ပြီးကြည့် နေရတယ်တဲ့။ ခဏနေ တော့ မှ ချောင် တခုထဲ ၀င် ပြီး ထပ် ပေါ်မလာ တော့ ဘူးလို့ဆိုတယ်။

အဲဒီ အခါကျ မှ သူတို့ နှစ်ဦးလုံး သတိပြန်ဝင် လာ ပြီး ဒီချာတိတ်တွေ ဘယ်လိုဝင် လာကြလဲ ဆိုတာ ထကြည့်တယ်တဲ့။ တခါးပေါက် ကလဲ သူတို့ ပြန်ရောက်လာကတည်းက ပိတ်ထားတာဆိုတော့ ၀င်လို့ရနှိုင် စရာ အကြောင်း မရှိတော့ တခြား အခန်းကူးတဲ့ တခါး (Connection Door) တွေ ဘာတွေ များ ရှိမလား ဆိုပြီး ရှာတော့ လဲ မရှိဘူးတဲ့။ ဘယ်နေရာ ကမှ ၀င်လို့မရ တာသေခြာပေါက်လဲ သိရော သူတို့ နှစ်ယောက် သား ကြက်သီး ဖြန်းဖြန်းထ ပြီး ဒူးတုန် လက်တုန် ဖြစ်လာပါရောတဲ့။ အခန်းထဲ မှာ ဘယ်လို မှ မနေရဲတော့ လို့ တည လုံး ကာစီနို မှာ အချိန် ဖြုန်း လိုက်တာ ယူရို ၅၀၀ လောက် (မလေးရှားရင်းဂစ် ၁၅၀၀ ခန့်) ချော သွားပါတယ်တဲ့။ ပိုက်ဆံ ကုန် အိပ်ရေး ပျက်တဲ့ အပြင် ဒီအဖြစ် အပျက် က သူတို့ ဘ၀ တသက် မှာ ဘယ်တော့ မှ မမေ့နိုင် မယ့် အိပ်မက် ဆိုးကြီး လိုဖြစ် နေဦးမှာ ပါတဲ့။

ဖြစ်ကြောင်း ကုန်စင် လဲ နားထောင် ပြီးသွားရော ကျနော် မျိုးလဲ ဘယ်လိုမှ မဖြေရှင်းတတ် တော့ ဘဲ အီးအဲ လုပ်ပြီး ရူးချင် ယောင်ဆောင်ပြီး ပြန်လာခဲ့ရကြောင်းပါခင်ဗျား။


မှတ်ချက်။ ။ Genting Highlands ကို ခဏခဏ သွားချင် တတ်တဲ့ Craton တို့ ဘေဘီဝိုင်း တို့ သဇင်ဏီ တို့ တောင်ငူသား တို့ ကို နောက် တခါ သွားရင် သတိထားလို့ ပဲ မှာချင်ပါတယ်။ ဂုရုကျောက် တို့ ကိုအောင် တို့ ကိုသက်တန့်ချို တို့ လို မရေးတတ် လို့ သာပေါ့။ နိုမို့ဆို အခုဖတ် နေရင်းနဲ့ နောက် ကျော မလုံဖြစ်သွား မယ်။ ဟွန်း :)


12 comments:

မောင်မိုး said...

ံဟော်တယ်ကြီးတွေမှာတောင် အဲဒီလို မှင်စာလေးတွေ ရှိတတ်တာပဲလား။ မြတ်စွာဘုရား...နောက်ဆို ဘယ်နေရာပဲ အိပ်အိပ်..အဖော်လေးခေါ်ထားမှ ရမယ်။ သင်ခန်းစာပေါ့။

Nge Naing said...

ဒါလည်း လွယ်လွယ်လေးပါ။ နောက်တခါ ဘုရားရှိခိုးပြီးအိပ်လို့ ပြောလိုက်ပေါ့။ နိုင်ငံခြားသားကို သရဲအချောက်ခံရတော့ သရဲကို ယုံလားလို့ မမေးလိုက်ဘူးလား။

လသာည said...

သရဲတော့ အရမ်းကြောက်တယ်။ အသေအချာမရေးပဲ အရိပ်အမွတ်လေး ရေးထားရုံနဲ့တောင် ကျောခြမ်းနေပါပြီ..း))

Anonymous said...

AATO ကလည်းဗျာ

ဒါလေးများ အမယ်လေး ကြောက်တာ ပြေးတော့မယ် အဲဒါ မှင်စာ လေးတွေပေါ့နော်

ရွှေစင်ဦး

khin oo may said...

ဘီလူးစီးတာလားမသိ..ဘီလူးစီးတာတော့ဖြစ်ဘူးပါတယ်။ မှင်စာလေးတွေတော့တွေ့ဘူးဘူး

ကိုအောင် said...

ကိုအေအေတူရေ
ကျနော်က Genting Highlands မှာ အလုပ် လုပ်ခဲ့ဖူးတယ်၊ ထိုးသား အုပ်စုလိုက် ထိုးရတဲ့
ကုမ္ပဏီတစ်ခုမှာ လုပ်ခဲ့ဖူးတယ်။ သိပ်တော့
မကြာခဲ့ပါဘူး၊ လေးလလောက် လုပ်ဖူးတယ်။
Sunway ထိပ်က အမှိုက်ပုံမှာ သရဲခြောက်တဲ့
အကြောင်း နောင်ကြုံရင် ကျနော် ရေးပါ့မယ်။
အခုတလော ကျနော်လည်း အလုပ်ကိစ္စနဲ့
အလုပ်များနေလို့ ပို့စ်အသစ် မတင်သေးတာ။ Sunway ထိပ်က အမှိုက်ပုံ မှာ ခြောက်တဲ့ သရဲက မြန်မာသရဲဗျ၊ နံပါတ်(၃) ထိုးပြီး သေခဲ့တဲ့ အဖြစ်ပေါ့။ အခုလည်း ခြောက်သေးတယ်လို့ အသံကြား
ရတယ်။ စမ်းကြည့်ပါလား။ အလုပ်များနေလို့
ဗျို့ ပို့စ်အသစ် မတင်နိုင်သေးတာ။
ကိုအေအေတူ ပြောတဲ့ ဇာတ်လမ်းမှာပါတဲ့
ဟိုတယ်က ထိပ်က ဟိုတယ်လား၊ အလယ်က
ဟိုတယ်လား။ စိတ်ဝင်စားစရာပဲ။
သတိရလျက် ...

ရွှေရတုမှတ်တမ်း said...

Genting Highlands မှာ သရဲချောက်တာတော့ လူပြောများတယ်..ဒီတခါကြုံမှသွားကြည့်အုန်းမယ်

ညယံ said...

စိတ်တော့ဝင်စားစရာပဲ.ကလေး၃ယောက်လောက်ဆိုတော့
အဲဒီအခန်းမှာ သေခဲ့တာများလားမသိ။များသောအားဖြင့်
သရဲက သူသေတဲ့ နေရာဝန်းကျင်လောက်ပဲခြောက်တာ
ကြားဘူးလို့။

ခင်မင်မှုဖြင့်
ညယံ

mabaydar said...

အဲဒိမှာ သရဲခြောက်တာတော့ ကြားဖူးပါတယ်... လောင်းကစားလုပ်ရင်း အဝေမတည့်လို့ လူသတ်မှုတွေ ခဏခဏဖြစ်တာလဲ ကြားဖူးတယ်... ဒါပေမဲ့ သရဲကို လူကြီးသရဲပဲ များမယ်ထင်တာ... မှင်စာက ဘယ်လိုရောက်လာလဲသိဝူးနော်... မဗေဒါရဲ့ အစ်မလဲ Genting Highland ခဏခဏသွားတယ်.. ရာသီဥတုလဲကောင်း သွားရတဲ့ အချိန်လဲ သိပ်မကြာ ကစားလို့လဲရလို့ ကြိုက်တယ်လေ... မဗေဒါကတော့ ၂ခေါက်ပဲ ရောက်ဖူးတယ်... ဆော့ပြီးပင်ပင်ပန်းပန်းမှာ ရာသီဥတုအေးအေးနဲ့ အိပ်လိုက်တော့ သရဲတောင် ဘယ်လိုခြောက်ရမှန်းမသိတော့ဘူးထင်တယ်... ဒါနဲ့ ကိုအေအေတူက စကာင်္ပူက tour agent မှာလုပ်တာလား မလေးက tour agent လား...

ဒီရေ said...

ဆြာ.. အဲဒီ အခန်းနံပါတ်လေး ပြောပြပေးပါလား ဆြာ.. ကျွန်တော် သရဲဆိုတာ မြင်ဖူးချင်လို့.. နောက် အခုလို မှင်စာ ဆိုတာလည်း မြင်ဘူးချင်တယ်... ကျွန်တော် သွားလည်တုန်းကတော့ ဘာမှ မတွေ့ခဲ့ဘူးဗျ.. လူအုပ်စု များနေလို့ သရဲက လူကို ပြန်ကြောက်တာ ဖြစ်မယ်ဗျ... ဟိဟိ :P

ခင်မင်လျှက်
ဒီရေ

Waing said...

အာ အဲ့ဒါအဟုတ်ကြီးလား ဒီကလေးတွေတော့ ခက်ပါရဲ့ ၀ိုင်းတို့ေ၇ာက်သွားတဲ့အချိန်တုန်းက လူတွေကို ကြပ်ညပ်နေတာပဲ ဓါတ်ပုံလည်း အလုအယက် အမြန်ရိုက်ရတာ တနေကုန်လျှောက်လည်ရတာပင်ပန်းလွန်းလို့ အခန်းထဲမှာ ၀င်နားလိုက်တာနဲ့ တခါတည်း တန်းအိပ်ပြီး မနက်ရောက်သွားတာပဲ ဘာကလေးမှ မတွေ့လိုက် မသိလိုက်ရပေါင် အိမ်းးးးး နောက်တခေါက်တော့ သတိထားကြည့်ရမှာပေါ့း-) ဘယ်သူက လန့်မလဲဆိုတာ ဟိဟိ

Anonymous said...

ဒီသူငယ်(ကြီး) ငါ ကြားဖူး နားခါးဖူးသလိုလို။

License

License
Thank you very much for visiting my blog. I really do. I am trying to write and share my knowledge, experience,information etc etc. I would be very much appreciated for your either encouraging or critical comments to my any post. Furthermore, some photos herein the posts are not mine and perhaps some information too. However I always try to credit or mention the courtesy of the respective owner and/or where I got it from. Anyway please leave your message anything regards to my blog or if you want to use any part of information from my blog. I would follow up thereafter your message, accordingly.
Contact: thomasjrlatt@gmail.com