Friday, June 18, 2010

My Garden Birdwatch

ဒီပို့စ်က အရင် My Garden Birdwatch & MY Garden Birdwatch ရဲ့ အဆက် လို့ပြောလို့ရသလို ဘာမှ မဆိုင် ဘူးဆိုရင်လဲ မမှားပါဘူး။ တကယ်တော့ ကျနော့်ရဲ့ ငှက်စာရင်းမှတ်တမ်းလေး တခုသာဖြစ်ပါတယ်။ စိတ်ဝင် စားတဲ့ငှက်ချစ်သူ နဲ့လေ့လာသူတွေ အတွက် တနည်းနည်း အထောက်အကူ ဖြစ်နိုင်စရာရှိပေမယ့် သာမန်စာဖတ်သူ တွေအတွက်တော့ ဘာမှမဟုတ်တဲ့ ငှက်နာမည် တွေလို့ပြောရင်လဲ အဲဒါအမှန်ပါ လို့ဆိုပါရစေ။ ၀ါသနာ အရ ဘယ်ကိုပဲ ခရီးသွား သွား ဘိုင်နိုကူလာ (Binocular) ယူသွားလေ့ရှိပါတယ်။ ရောက်ရာ အရပ်မှာ ငှက်ကြည့်ဖြစ် ပြီး စာရင်းလေးတို့ထားဖြစ်လေ့ ရှိပါတယ်။ ဘယ်ကိုမှမသွားဖြစ်ရင် လဲကြုံရင်ကြုံ သလိုအိမ်အနီးတ၀ိုက် နဲ့ အလုပ်သွားအလုပ်ပြန်မှာ ဘိုင်နိုကူလာ မပါသော်ငြား အလွတ်သဘော စိတ်ပြေ လက်ပျောက် ကြည့်ဖြစ်လေ့ ရှိပါတယ်။

ကျနော်နေတဲ့ နေရာနဲ့ အလုပ်ရှိ့တဲ့ နေရာ ဟာ ကွာလာလမ်ပူမြို့လည်ခေါင် အနားမှာဖြစ် ပေမယ့် သစ်ပင်တွေအုပ်အုပ်ဆိုင်းဆိုင်းရှိပြီး အတော်ဆိတ်ငြိမ်တဲ့ နေရာပါ။ အိမ်နဲ့ အလုပ်ကလဲ ၁၅ မိနစ်ခန့်လမ်းလျှောက် ရင်ရတဲ့ အကွာအဝေး ဖြစ်လို့ နေ့စဉ် လမ်းလျှောက်ဖြစ်ပါတယ်။ ထူးခြားတဲ့ အားသာချက် ကလေးက အလုပ်နဲ့ အိမ် လမ်းခုလတ်မှာ တောအုပ်စိမ်းစိမ်းကလေးတခု ကိုအမြဲ ဖြတ်ရတာပါပဲ။ မိုးသစ်တော တွေနဲ့အစဉ်ဖုံးလွှမ်းနေတတ်တဲ့ မလေးရှားမှာ ဇီဝမျိုးစုံမျိုးကွဲ တွေသဘာဝ အတိုင်းပေါကြွယ်ဝ တာမထူးဆန်းပေမယ့် အခုလိုမြို့ လည်ကောင်မှာ တော်တော်များများတွေ့နိုင်တာ တခုကတော့ အခွင့်ထူးတခု လိုဖြစ်နေပါတယ်။

၂ နှစ် အတွင်း အလုပ်သွား အလုပ်ပြန်နဲ့ အိမ်အနီးနား ပါတ်ဝန်းကျင်မှာ တွေ့ဖြစ်တဲ့ ငှက်စာရင်း လုပ်ဖြစ်ပါတယ်။ အဲဒါတွေအားလုံး ကိုစုထားတဲ့ မှတ်တမ်းသဘောမျိုးပါ။ မြန်မာလိုတော့ ဘာသာမပြန်တော့ဘူး။ အများစုမှာ မြန်မာနာမည်မရှိပါ (ကျနော်လဲမသိပါ)။

Bird List of My Garden Birdwatch

1. Oriental Magpie Robin
2. Eurasian Tree Sparrow
3. Black-naped Oriole
4. Asian Glossy Starling
5. Peaceful Dove
6. Common Myna
7. Purple-throated Sunbird
8. Little Spiderhunter
9. White-vented Myna
10. White-rumped Shama
11. Brown Shrike
12. Yellow Wagtail
13. Common Flameback Woodpecker
14. Rock Pigeon
15. Black Drongo
16. House Crow
17. Black-headed Munia
18. Olive-backed Sunbird
19. White-throated Fantail
20. Common Iora
21. Red-eye Brown Bulbul (may be 21. Spectacled Bulbul)
22. Asian Koel
23.Pink-necked Green Pigeon
24. House Swift (may be 22. Glossy Swiftlet)
25. Red Turtle-dove
26. Common Kingfisher
27. Blue-tailed Bee-eater
28. Gold-whiskered Barbet
29.Yello-vented Bulbul
30. Scaly-breasted Munia
31. Spotted Dove

Ref:
- Birds of Southeast Asia (by Craig Robson)

တခြား ကျနော့်ရဲ့ ငှက်စာရင်း ပါတဲ့ပိုစ် ဖတ်ချင်ရင်
The Nearest Forest to Kuala Lumpur
Birds Nature & Me 2 (Hlawga)
A Trio to Taman Negara "National Park" - 2


7 comments:

Nyi Nyi said...

Oh.. ကိုယ့်ဆရာ.. ငှက်ဖင်လည်းကြည့်နိုင်သေးသကိုးဗျ။ တော်တော်ကံထူးတယ်ခေါ်ရမှာပ။ ကြက်ဖင်ကတော့စိတ်မဆိုးနိုင်ဘူးထင်ပ။ ကလေးထိန်းနေရတာကိုး။ အဟတ်။

shwezinu said...

သြ AATO က ငှက်သမားကိုး အဟဲတော်သေးတာပေါ့ ကိုကြီးကျောက် လို ကြက်သမား မဟုတ်လို့

ငှက်လေးတွေ လှတာလောက်ဘဲသိတယ် အဲလောက် စိတ်မဝင်စားတတ်ဘူး

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ရွှေရတုမှတ်တမ်း said...

ကြက်နဲ့ငှက်က အတောင်ပါတာခြင်းအတူတူပဲ..
အချက်မသိတော့ သမက်သူခိုးထင်..ကြက်မသိတော့ ငှက်ချိုးထင် နေတာပါ..ကိုအေအေတူ ကတော့ မသိချင်ယောင်ဆောင်ပြီး ကြက်ကို ငှက်လို့ပြောနေတာ..အဟီး..

Nyi Nyi said...

အဟဲ.. နောင်တော်တို့ နှမတော်တို့ ရယ်ကျနော်ပြောတဲ့ကြက်ကိစ္စကိုအထင်မလွဲပါနဲ့ဗျာ။

ငှက်ဖင် ကြည့်တယ်ဆိုတာက မှန်ပြောင်းနဲ့အောက်ကချောင်းရတော့ ဖင်ကိုအရင်မြင်ရတဲ့သဘော (အေအေတီအို - နောက်တာနော်)၊ ကြက်ဖင်ဆိုတာက ပြောင်းပြန်ခေါ်လိုက်တာပါ။ ကြင်ဖက် (အိမ်သူ)ပါ။ ငှက်တွေပဲလိုက်ချောင်းနေရင် ကြင်ဖက်ကသူ့အတွက်အချိန်မပေးရကောင်းလားဆိုပြီး
စိတ်ဆိုးမလားလို့ လေ။

An Asian Tour Operator said...

အဲဒီကြက်ဖင် အကြောင်း ကျုပ်က ရေးမယ်လို့ စိတ်ကူးထား တာ.. မကြာခင် လုပ်လိုက်မယ်လေ..

Nge Naing said...

အိမ်နဲ့ အလုပ်နဲ့ ၁၅ မိနှစ်ပဲ လမ်းလျှောက်ရတယ်ဆိုတော့ သိပ်ကောင်းတယ်။ အလုပ်လုပ်ရင်း နေ့တိုင်းလမ်းလျှောက်ဖြစ်တယ်။ AATO က ခရီးသွားလမ်းညွှန်လုပ်မည့်အစား Environmental Study လုပ်ပြီး သဘာဝပတ်ဝန်းကျင်သမား ဖြစ်သင့်တယ်။ အိမ်မှာ သားသားကလည်း တိရိစ္ဆာန်တွေကို သနားလို့ဆိုပြီး အသားတောင်မစားတော့ဘူး ကြီးလာရင် တိရိစ္ဆာန်ဆရာဝန် လုပ်မယ်လို့ ပြောနေတယ်။

ဒီရေ said...

အတိုကြီးရေ!!!

ငှက်အကြောင်းတွေ စိတ်ဝင်စားလို့ လာကြည့်တယ်ဗျာ.. ငှက်ကလေးတွေကို ပုံလေးတွေနဲ့ဆို ပိုစိတ်ဝင်စားစရာ ကောင်းမလားပဲ...

License

License
Thank you very much for visiting my blog. I really do. I am trying to write and share my knowledge, experience,information etc etc. I would be very much appreciated for your either encouraging or critical comments to my any post. Furthermore, some photos herein the posts are not mine and perhaps some information too. However I always try to credit or mention the courtesy of the respective owner and/or where I got it from. Anyway please leave your message anything regards to my blog or if you want to use any part of information from my blog. I would follow up thereafter your message, accordingly.
Contact: thomasjrlatt@gmail.com