အနောက်တောင်တခွင်က မိုးရိပ်ရယ်..ဆင်
ရုပ်ရှင်တွေထဲမှာဆို အပန်းဖြေကျွန်း တစ်ကျွန်းပါလာရင် စိမ်းပြာရောင်သန်းနေတဲ့ ပင်လယ်ရေရယ်၊ နုလွဖြူဖွေးနေတဲ့ သဲပြင်နဲ့ အစီအရီအပြိုင်းအရိုင်း ပေါက်နေတဲ့ အုန်းပင်တွေ ကို အမြဲရိုက်ပြလေ့ရှိတယ်။ တကယ်တန်းဆို အမြဲမမှန်နိုင်ဘူး။ တချို့ အပန်းဖြေ resort ဟိုတယ်တွေက လှတဲ့နေရာတွေမှာ ရှိတာမဟုတ်ဘူး။ ဒါပေမယ့် အဲဒါတွေပြည့်စုံတဲ့နေရာလေး တစ်ခုကိုရောက်ခဲ့တယ်။ အဲဒီကျွန်ကလေးက ထရန်းဂနု (Terengganu State) က ပုလောလန်တင်ဂါ (Pulau Lang Tengah) ဆိုတဲ့ကျွန်း ကလေးပါ။ ပုလော ဆိုတာမလေး လိုကျွန်းလို့အဓိပ္ပါယ်ရပြီး ပုလောလန်တင်ဂါ ဆိုတာကတော့ ကျွန်းလယ်ခေါင်မှာ လင်းယုန်နားသော ကျွန်းလို့အဓိပ္ပါယ်ရှိတယ်လို့ အတူလိုက်လာတဲ့လုပ်ဖော်ကိုင်ဖက် မလေး ကရှင်းပြတယ်။
ကျွန်တော်တို့ တည်းခဲ့တဲ့ ဟိုတယ်က D' Coconut Lagoon ဆိုတဲ့ 3+Star အဆင့်ရှိတဲ့ ရီဆော့ဟိုတယ်လေးပါ။ ဒီကျွန်းကလေး ကိုရောက်ဖြစ်တာကလဲ အဲဒီ D' Coconut Lagoon က နေအထူး ရွေးခြယ် ထားတဲ့ ခရီးသွား လုပ်ငန်း တွေက တာဝန်ရှိသူတွေကို ဖိတ်တဲ့ အစီအစဉ် (Familiarization Trip - FAM Trip လို့ခေါ်တယ်) အရလာကြတာပါ။ ဟိုတယ် တာဝန်ရှိသူတွေ က အများကြီး ဖိတ်မထားပဲ စုစုပေါင်း ကုမ္ပဏီ ၇ ခုခန့်ကိုပဲတွေ့ပါတယ်။ ကုမ္ပဏီ တခုကို ၂ ယောက်လောက် လာကြတာဆိုတော့ ၁၅ ယောက်လောက် ပဲရှိတာပါ။ ၂ ညအိပ် ၃ ရက် စားရိပ်ငြိမ်း အစီအစဉ် ဆိုပေမယ့် တနေ့ကို၁၀ နာရီလောက်ထိုင်နေရတဲ့ အလုပ်စားပွဲ နဲ့ နိစ္စဓူဝ ကိစ္စတွေကနေ ခဏပဲဖြစ်ဖြစ် ရှောင်ထွက်လို့ရတာကို ကတော်တော် ကျေနပ်စရာ ကောင်းနေပါပြီ။
ခရီးစဉ်ကိုပြောရ ရင် ကွာလာလန်ပူကနေ ကွာလာထြန်းဂနု (Kuala Trengganu) ကို ၆ နာရီကျော်ကြာ ဘတ်စကား စီးရပါတယ်။ ကွာလာထြန်းဂနုရောက်မှ တက္ကစီငှားပြီး မော်တော်ဆိပ်ကို မိနစ်လေးဆယ်လောက် စီးရပါသေးတယ်။ လာကြို တဲ့ ဖယ်ရီ (Ferry Speed Boat) က ၂ နာရီမှဆိုတော့ ၁ နာရီလောက် လှေဆိပ်မှာ အချိန် ဖြုန်းနေရပြန်ပါတယ်။ ခရီးစဉ်က တော့ ဘာမှထူးထူးခြားခြားမရှိလို့ အသေးစိတ်မရေးတော့ပါဘူး။ ဟော်တယ် ကတာဝန်ရှိသူ ကလူစုံမစုံ စစ် ပြီးတော့ စောင့်နေတဲ့ စပိဘုတ်ပေါ်တက်ကြပြီး စ ထွက်ပါတော့တယ်။ ရာသီဥတု ကလဲ မုတ်သုံ ၀င်စ ဆိုတော့ မိုးတဖွဲဖွဲကျနေ ကာ ကောင်ကင်တခုလုံး မဲမှောင်နေပါတယ်။ လှိုင်းလေ အတော်အတန် ပြင်းတော့ စပိဘုတ်ကလေး က စက်ကုန်အောင်မောင်းရပါတယ်။ တညလုံး ကောင်းကောင်းစား မထားပဲ မနက်စာ လွတ်ထားတဲ့ ကျွန်တော့် မှာ လှိုင်း မူးတဲ့ ဒဏ်ကို နာရီဝက်လောက်မှာ စ ပြီးခံစားရပါတယ်။ အစ ကတော့ ဘာမှ မဖြစ်သလိုပါပဲ။ နောက် မှ အသက် ၄၀ ခန့် အမျိုး သမီး လှိုင်းမူးပြီး ခံစား နေရတဲ့ ပုံကို တွေ့ကာမှ ကိုယ်လဲ ပိုဆိုးလာသလိုဖြစ်လာပါတယ် (နောက်မှ အဲဒီအမျိုးသမီးဟာ ဟိုတယ်ပိုင်ရှင်ဆိုတာ လာမိတ်ဆက်လို့သိတယ်)။ ကံကောင်းချင်တော့ နောက်ထပ် ၅ မိနစ် အတွင်းမှာ ကျွန်းကို စပိဘုတ် ကလေး ဆိုက်ကပ်နိုင်သွားပါတယ်။
ရောက်ရောက်ချင်း စိုနေတဲ့ အ၀တ်အစားလဲ ပါလာတဲ့ ပုလင်းဖွင့် ပြီး ဆေးတခွက်လောက် သောက်လိုက် မှ နေသာသလို ဖြစ်သွားတယ် (တယ်စွမ်းတဲ့ဆေး)။ နောက်တော့ တာဝန် ရှိသူတွေက ဟိုတယ် အနှံ့ လိုက်ပြ ပါတယ် ။ နေရာ အနှံ့နီပါး ကြည့်ပြီးတော့ မှ ကိုယ်အခန်း မှာပြန်နားဖြစ်ပါတယ်။ ညနေရောက် တော့ ကျွန်း တပါတ် လျှောက်ကြည့် ဖြစ်တယ်။ စုစုပေါင်းမှ ဟိုတယ် ၄ လုံးပဲ ကျွန်းပေါ်မှာ ရှိပြီး တခြား နေရာ တွေကတော့ မိုးသစ်တော ကြီး က ဖုန်းလွှမ်း နေတာပါ။ ကျွန်တော်ကို Dive Master (ရေငုတ်လမ်းပြ) Kamar (မြန်မာလိုအဓိပ္ပါယ်ကလဲ ကမာ ပဲ) ကလိုက်ပြပါတယ်။ ကျွန်းပေါ်မှာ Lang Seri Resort, Blue Coral Resort, Redang Lang Resort နဲ့ ကျွန်တော်တို့ ရောက်နေတဲ့ D' Coconut Lagoon Resort ပဲရှိတာပါ။
ကျွန်းပါတ်ဝန်းကျင်မှာ ရေငုတ်ပြီး ကြည့်စရာ အနက် ၇ မီတာ ကနေ ၂၆ မီတာအတွင်းရှိ နာမည်ကြီး Dive Site ၁၂ ခုရှိပါတယ်။ စပိဘုတ်နဲ့ ၅ မိနစ် ကနေ ၁၅ မောင်းသွားရုံနဲ့ ရောက်နိုင်တဲ့ နေရာတွေမှာရှိတာပါ။ အထူးသဖြင့် လန်တင်ဂါ ကျွန်းနား မှာ ရေငုတ်ရင် Whale Shark (ဝေလငါးမန်း) နဲ့ Manta Ray (ငါးလိပ်ကျောက်) တွေကို သူ့ရာသီအလိုက် တွေ့နိုင်တာပါဘဲ။ လိပ်မျိုးစုံ ကတော့ နှစ်ပါတ်လည် အောင် တွေ့နိုင်ပြီး တခါတရံမှာ Barracudas နဲ့ Leopard Shark တွေကိုလဲ ကံကောင်းရင် တွေ့နိုင်ပါသေးတယ်။ Grouper တွေနဲ့ တခြား ရောင်စုံ ငါးအုပ်စုက တော့ လှေကို စက်သတ်ပြီး ပေါင်မုန့် အပိုင်း အစ လေးတွေပစ်ချ လိုက်ရုံ နဲ့ အနားကို စုလာကြပါတယ်။ အဲဒီမှာ သူတို့ ပို့တဲ့ Dive Site မှာ စုစုပေါင်း ၄ ခါ ရေငုပ်လိုက် Snorkeling လုပ်လိုက် နဲ့ Dive Master ကမာ နဲ့ စကားပြောလိုက် နဲ့ အချက် အလက် စုံသလောက်ရလာပါတယ်။
ကျွန်ကလေးပေါ်မှာ ရေကူး ရေငုတ် အပြင် Jungle Trekking (တောတွင်းလေ့လာရေး) လုပ်လို့ ရပါသေးတယ်။ မနက်စောစောထတတ်သူ အဖို့ ကျော်ခင် (Jogging) လုပ်ရင်း Batu Kuching (batu = ကျောက်တောင်၊ Kuching = ကြောင်) ကို တက်လို့ရပါတယ်။ ကျွန်တော်တို့တော့ မရောက်ခဲ့ပါဘူး။ မိုးရွာထား တော့ ရေညှိတွေ နဲ့ အန္တာရယ် ရှိနိုင်တယ် လို့ တားကြလို့ပါ။ ဒါပေမယ့် နေ့လည်စာစား အပြီး မှာ တစ်ယောက် ထဲ ကျွန်းတစ်ပါတ် ရှောက်ကြည့်ခဲ့တယ်..။ White-headed Eagle တွေ ကိုမကြာခဏ တွေ့ရပြီး ကျောက်ဆောင် ပေါ်ကနေ လှမ်းချောင်းနေတုန်း နောက်က ကုတ်ခြစ်တဲ့ အသံ ကြားရတော့ အလန့်တကြား ထွက်ပြေးသွားတဲ့ Monitor Lizard ကြီးကိုတွေ့လိုက်ရတယ်။ ၆ ပေလောက် ရှည်မလားပဲ။ နောက်မှ ဒီအကောင်တွေ ဟာ ကျွန်းက မူလ နေထိုင်သူ အများစု ဆိုတာသိလိုက်ရတော့တယ်။

Pool View (D'Coconut Lagoon)
တကယ်တော့ ဒီကျွန်းလေးဟာ အနီးနားက နာမည်ကြီး ပါဟန်းတြန်း ကျွန်း (Perhential Island) နဲ့ ရီဒန်းကျွန်း (Redang Island) တို့ထက် အတော်အတန်သေးငယ် ပေမဲ့ အဲဒီကျွန်းတွေလို Tourist တွေအလာ မများ တဲ့ အတွက် အေးချမ်းပြီး သန့်ရှင်းလှပနေသေးတာ အမှန်ပါ။ ကျွန်း သေးသေးလေးမှာ စုစုပေါင်း ရီဆော့ဟိုတယ် လေးခု ပဲရှိပေမယ့် တခုနဲ့ တခု လုံလောက်တဲ့ အကွာ အဝေး မှာကိုယ်စီဆောက်လုပ်ထား တာပါ။ ဒါကိုသတိ ပြု မိတော့ ကိုယ့်ဆီက ခြံစည်းရိုးချင်း ကပ်ဆောက်ထားတဲ့ ချောင်းသာ ကမ်းခြေကို သွားတွေးမိသေးတယ်။

ဟိုတယ်တွေပိတ်တဲ့ရာသီဆို ဒီလိုလေးဖြစ်ကျန်ခဲ့တယ်..
ထူးခြား မှု့ မဟုတ်တဲ့ ထူးခြားချက် က ဟိုတယ် ၀န်ထမ်း (ဟိုတယ် ၄ ခုစလုံး) အများစု က အနယ် နယ် အရပ်ရပ် က တိုင်းရင်းသား ရွှေမြန်မာတွေပါ။ လန်တင်ဂါ ကျွန်းဟာ တခြားအရှေ့ ကမ်းရိုးတန်းက ကျွန်းတွေလို ရာသီနဲ့ အလုပ်လုပ်ရပါတယ်။ များသော အားဖြင့် နိုဝင်ဘာ လလောက် ကနေ ဖေဖော်ဝါရီ လကုန်လောက် အထိ မုတ်သုံ အ၀င် မှာ ရပ်နားထားရပါတယ်။ လှိုင်းလေထန်ပြီး မိုးအဆက် မပြတ်သည်းသည်းမည်းမည်းရွာတတ်လို့ ကျွန်းနဲ့ အဆက် အသွယ်တောင် ပြတ်သွားတတ်ပါတယ်။ အဲဒီအချိန်အတောအတွင်း မှာ ဟော်တယ် အသီးသီးက အစောင့် တွေပဲကျန်ခဲ့တတ်ပါတယ်။ ကျွန်တော်နဲ့ တွေ့ခဲ့တဲ့ အယ်ဒိုထူး ဆိုတဲ့ ကရင်လေး အဆိုအရ ဆိုရင် ကျွန်းတကျွန်း လုံးမှာ မြန်မာ ၇ ယောက်နဲ့ ဘင်္ဂလား တယောက်ပဲ ကျန်ခဲ့တယ် လို့ဆိုပါတယ်။
၂ ည အိပ်ပြီး နောက် တနေ့မှာ တော့ မနက်စာ စားပြီး လာကြိုတဲ့ စပိဘုတ်နဲ့လာရာလမ်း အတိုင်းပြန်ခဲ့ပါတော့တယ်။ ဟိုတယ်ဝန်ထမ်းအားလုံး လက်ပြရင်း လှမ်းအော်နှုတ်ဆက်ကြတယ်..။

"Jumpa Lagi" (See you again)
12 comments:
အတူတူ FAM trip ထွက်ရသလိုပဲ။ ဂိုက်ဘုတ်ရေးလို့ရတယ်..ကိုရင်။ ဒါနဲ့အစွမ်းထက်တဲ့ဆေးလေးက.အခုတလောသောက်
သောက်နေတဲ့.ဗော်ဒကာ.. ဟုတ်စ။ ကျွန်းလေးကို..အနာဂါတ်ခရီးစဉ်ထဲမှာထည့်ထားလိုက်ပြီ။
ဓာတ်ပုံတွေအောက်က..caption ကိုဒီလိုထိုးရမယ်..အဟတ်ဟတ်..
(စားရေးသူကိုယ်တိုင်ရေငုတ်စဉ်၊ စာရေးသူကိုယ်တိုင်ဟိုတယ်ဝင်ပေါက်၌ဓာတ်ပုံအရိုက်ခံစဉ်..) ဆိုတဲ့ဟာမျိုး... အဟီး..
ရောက်ဖူးချင်လိုက်တာဗျာ...ရေငုတ်တာကို
အရမ်းဝါသနာပါတာ... ရေအောက်ရှုခင်းတွေကြည့်ရတာသိပ်ပျော်စရာကောင်းမှာနော်...အခုတော့ဓာတ်ပုံတွေကနေဘဲလိုက်လည်သွားတယ်ဗျို့ 
ဝါးးးးးးးးးးးးးး ပျော်စရာကြီး.....
ဦးတည် စီးပွားရေး နေကောင်းတဲ့အခါ... တစ်ခေါက် သွားကြမယ်လေ......
ဟင့်... ခေါ်လည်း ခေါ်ဝူးနော်။
Ok Lah??? Ok....
ကျွန်းကလေးက လှတယ်....
စပိဘုတ်စီးရမယ် ဆိုကတည်းက စိတ်ဝင်စား၏။
ရေငုပ်မယ်ဆိုရင်တော့..... သတိထားမှ... ခစ်ခစ်
ရေးကူးကလည်း ကျွမ်းတယ်ဆိုတော့... ဟီးးး
AATO ရေ ပြော ပြော အခုပြော သူများလည်း အစွမ်းထက် တဲ့ ဆေး သောက်ချင်တယ်..
ပုံလေး တွေကလည်း ကောင်း ကျွန်းကလေး ကလည်း လှ ...
နောက်ပြီး ok lah တဲ့ မလေး မှာ စကား ပြောရင် ဘာလို့ lah ထဲ ပြောကြတာလည်းဟင်..
လင့်ခ် ယူသွားတယ်.
ခင်တဲ့
ရွှေစင်

ကိုအေတီက အရမ်းပိန်တယ်နော်.. သနားစရာပဲ.. တအား ဆင်းရဲပုံရတယ်နော်.. ။ အီသီယိုးပီးယားက ကလေးတွေလိုပဲ.. ( B,, M) နဲ့ စတဲ့ နိုင်ငံနဲ့ နှိုင်းမပြောရဲလို့.. ဟဲ..။
မလေးကို အလည်သွားချင်တယ်.. စကာင်္ပူရောပဲ.. ။ စီအန်အန် ခရီးသွား ချာနယ်မှာပြရင် တမ္ဘာလုံးကို စိတ်ကူးနဲ့ ခြေကျင်ဆန့်ခဲ့ပေါင်း တော်တော်များနေပြီ.. ဟဲ..။
စုဖို့ပိုက်ဆံလည်းရှိဘူး..။ စားရင်းနဲ့ပဲကုန်နေတယ်.. ကိုအေတိုတို့ ကြည့်ရတာ ပျော်စရာကြီး..။
ရေငုတ်တာရော ကိုအေတီ ကျွမ်းလား.. အဟဲ လာလည်ရင် အိမ်က ချစ်ချစ်ကို သင်ပေး..။ မဗေဒါက ရေတော့အသေကြောက်.. ။
မဗေဒါ (၈၈)
ဆြာ..ကုန်ဘီလားဗျ။ လက်ကျန်လေးရော.. ဆေးပြောထှာနော်၊ sudah makan kah? ...Kah??? ....Kah???????
ကဲ...ကဲ...
လက်ကျန်လေး ကစ်လိုက်ကြရအောင်ဗျာ..
AATO က အဲဒီအလုပ်ကို လုပ်နေတာ ခရီးသွားဆောင်းပါးလေး ဘာလေးရေးသင့်တာ ကြာပြီ။ ဖတ်လို့ကောင်းလိုက်တာ နောက်ထပ် ဒါမျိုးပဲ ဆက်ရေးနော့်။ မြန်မာလို ရိုက်တာလည်း အတော်ကို ကျွမ်းကျင်သွားပြီနော့်။ ၀မ်းသာပါတယ်။ မြန်မာလိုပဲ အားရပါးရ ဖတ်ချင်တယ်။
ရောက်ဖူးချင်စိတ်ပေါက်သွားတယ်... ကြော်ငြာကောင်းလို့
ရေငုပ်မျက်မှန်ကြီးနဲ့ ဒိုးလုံးလိုလိုဘာလိုလို...ဟတ်..ဟတ်
Post a Comment