Wednesday, April 7, 2010

အခုတလော

အခုတလော.. အလုပ်ထဲမှာစိတ်မပါဘူး။ ကိုယ့်ကို ကိုယ်တောင်အံ့သြောမိတယ်။ အလုပ်ကို ရည်းစားလိုသဘောထားတတ်တဲ့သူက စိတ်မပါလက်မပါဖြစ်နေလို့။ အမြဲတမ်း အလုပ်ထဲမှပဲပျော်မွေ့တတ်တဲ့သူက အခုလိုဖြစ်နေလို့ လုပ်ဖေါ်ကိုင်ဖက်တွေက အိမ်မှာဘာပြဿနာရှိလဲ မေးပြီး၊ အိမ်က အမျိုးသမီးက အလုပ်ထဲမှာဘာ ပြဿနာရှိလဲမေးတယ်။ ရှိသမျှအလုပ်တွေသိမ်းကြုံးရှင်းတတ်တဲ့ သူကအလုပ်အကြွေး တွေတက်လာတယ်။ အရင်ကဆိုရင် အဲဒီလို အလုပ်အကြွေးထားတတ် တဲ့လုပ်ဖေါ်ကိုင်ဖက်တွေကို ပစ်ပစ်ခတ်ခတ်ဝေဖန် သူက ဘယ်သူကမှမဝေဖန်ပေမယ့် ကိုယ့်ကိုတော့ ကိုယ်ပြန်ရှက်နေပြီ။ အလုပ်ထဲရောက်လို့ ကွန်ပျူတာ ဖွင့်ပြီးရင် အလုပ်အီးမေးကိုဝတ်ကျေတန်းကျေစစ် ပြီးရင် သတင်းတွေ ဘလောက်တွေလောက်သာ တစ်နေကုန် ဖတ်နေချင်တော့တယ်။ သင်္ကြန်နီးလာတာလဲ အဓိက အချက်ပဲ။ အခုအချိန်ကျမှ အလုပ်တွေက တဖွဲဖွဲကျနေပြန်ရော..။ အရင်က အေးဂျင့်နဲ့ ကာစတန်မာ ဆိုရင်အထူး ဦးစားပေးတတ်သူက အခုတော့ ဒါထက်ပိုပြီးဧည့်ခံချင်စိတ်ပေါက်နေတယ်..။ လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ တိုင်ပင်ထားတယ် အခုတလောဧည့်သည်လာရင်ကြိုဆိုဖို့....။

*
*
*
*
*
*
*
*
*
*
*
*
*
*
*
*
*
*
*
*
*
*
*
*
*
*
*
*
*
*

This photo is taken from here.

4 comments:

Anonymous said...

ဟိဟိဟိ
အဲ့ဒါ စိတ်လေတာ.. ပျင်းတာ....လို့ခေါ်တယ်။။။ သားသားလေးနဲ့ တူ၏.. ခွိခွိ...

Nyi Nyi said...

ကိုရင်ရယ်... ကြံကြံဖန်ဖန်..ဧည့်သည်ကိုအဲ့ဂလိုကြိုရမယ်လို့ ။ စာကတစ်ဝက်တစ်ပျက်ဖတ်ရသလိုကြီး..နဲ့..ကာတွန်းနဲ့ဖြည့်တွေးလိုက်ရတယ်။ နေကောင်းပါစေ။

MoeThwayNge said...

အော် ..အဲဒါလား..အင်းအဲလိုပဲ..။မလုပ်ကတာကြာလေ ပိုပျင်းတယ်ဗျ။ ဆရာသမားက အကြာကြီး မနားဘူးသေးလို့ဗျ။ကျွန်တော်လည်းရှုပ်နေတယ်။ ခုပြန်မကြည့်ပေးနိုင်သေးဘူး ဆိုက်ကို။ဖြေးဖြေးနော် ထပ်ပြင်ပေးမယ်။ဟဟဟ

ဒီရေ said...

အင်း.. အဲဒီလိုမျိုး ကြိုတယ်ဆိုရင် ကျွန်တော့်ကိုရော အဲဒီလို ကြိုမှာလားဗျာ... ကျွန်တော်ကရော အဲဒီလို ကြိုရမှာလား?.. သင်္ကြန်အကျနေ့ ၁၄ ရက်နေ့ မလေးမြေ ဘလော့ဂ်မှာ ပျော်ပွဲ ရွှင်ပွဲတွေ ရှိတယ်နော်... လာခဲ့ကြဖို့ အဲဒီလိုကြိုမယ်... ဟီးးးးးးးးးးးးးး


ခင်တဲ့
ဒီရေ

License

License
Thank you very much for visiting my blog. I really do. I am trying to write and share my knowledge, experience,information etc etc. I would be very much appreciated for your either encouraging or critical comments to my any post. Furthermore, some photos herein the posts are not mine and perhaps some information too. However I always try to credit or mention the courtesy of the respective owner and/or where I got it from. Anyway please leave your message anything regards to my blog or if you want to use any part of information from my blog. I would follow up thereafter your message, accordingly.
Contact: thomasjrlatt@gmail.com