Tuesday, February 23, 2010

သနားစရာ ကျားသတ္တ၀ါ

ကျနော် အရင်ဘ၀ က တိရိစ္ဆာန် ဖြစ်ခဲ့လို့လားမသိ တိရိစ္ဆာန် တွေကို အတော် ခင်မင်တယ်..။ စိတ်ဝင်စားတယ်..။ နည်းနည်း ပိုသွားတာ က တိရိစ္ဆာန် တွေကိုချစ်တတ် တဲ့သူတွေ ကိုပါ ခင်တတ်လာတာပဲ။ နောက် တစ်ချက် ကျနော့် အဖေ ပြောဖူးတာက တိရိစ္ဆာန် တွေကိုချစ်တတ် တဲ့သူတွေ နဲ့ခင်မင်တာ ဘယ် တော့မှ မမှားဘူးတဲ့၊ သူတို့မှာ ကြင်နာတတ်တဲ့စိတ် ကအခြေခိုင်ပြီးသား တဲ့၊ လူ အချင်းချင်း.. အထူးသဖြင့် ကိုယ်ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်း အပေါ်ဆိုပို ပြီး ပြောစရာ မလို အောင်ချစ်ခင်တတ်တယ်တဲ့..။ အဲဒါ တကယ် မှန်တယ်..။ ကိုယ်တွေ့ပဲ။ အခု ဆို ကျနော့်မှာ ၀ါသနာတူ (လူမျိုးမတူ ၊ ဘာသာမတူ အပါအ၀င်) သူငယ်ချင်းတော်တော်များများ ရှိနေပြီ။ တကယ့် ငယ်ပေါင်းတွေလို ပဲ။ အဲဒါ နဲ့ဆန့်ကျင်ဖက် က တိရိစ္ဆာန်တွေကို နှိပ်စက် သတ်ဖြတ်သူ တွေကို ပါ ရွံမုန်းလာ တာပဲ။ အောက် က ပုံက (ကျနော့်အထင်ပြောရရင် မလေးရှားနိုင်ငံ တောင်ဘက် စွန်း ဘလွန်မိုးသစ်တော - Belum Rainforest) မှာ မုဆိုးတွေ ရိုက်ထားတဲ့ ဗီဒီယို ကလစ် ကဖြတ်ထားတာပါ။

Kuala Lumpur 22 January 2010 : Video grab..Illegal poachers in the north of Malaysia gloat over a tiger carcass in rare video footage revealed by Channel 4 News last weekend.


ဒါကို ဗြိတိသျှ ရုပ်မြင်သံ ကြား ချယ်နယ် ၄ မှာ တလောက လွှင့်သွားတော့ လူတော်တော်များများနဲ့အင်ဂျီအို တွေ တအံ့တသြောနဲ့ တော်တော်ဒေါသ ဖြစ်သွားကြတယ်။ ကျနော် လဲ ဒီနေ့သတင်းစာမှာပါ တဲ့ အဲဒီ အကြောင်းကို ဖတ်မိပြီး တော်တော် အံ့အားသင့်သွား သွားတာထက် စိတ်တော်တော်ပူသွားပြီ။ မုဆိုးတွေ ကျားကို ပစ်ပြီး အောင်ပွဲခံနေကြ တာ ကိုသူတို့ အချင်းချင်း ဖုန်းကင်မရာ နဲ့ရိုက်ထား တာ။ (တခြားဖုန်းနဲ့ရိုက်ထား တာတွေ ကတော့စိတ်ဝင်စားစရာ ကောင်းပါတယ် 3GP 3GP ဆိုပြီး တော်တော်ရေပန်းစားတယ် ။ အခုကိစ္စနဲ့မဆိုင်တော့ ဆက်မပြောတော့ဘူး :P)

တကယ်တော့ မလေးရှားက သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးမှာ (ကျနော်သိရသလောက်) တော်တော် စနစ်ကျတယ် ၊ အကုန် အကျခံတယ်။ အင်ဂျီအို တွေလဲ အများ ကြီးပဲ။ အမျိုးသားကျားဆောင်ရွက်မှူစီမံကိန်း (National Tiger Action Plan - TAP) ဆိုတာ သက္ကရဇ် ၂၀၂၀ ကျားကောင်ရေ ၅၀၀ ကနေ ၁၀၀၀ ထိတိုးပွားအောင် လုပ်နေတာ ၊ ဘယ် လိုလုပ်ရင် ဘယ်လိုထိရောက် တယ် ၊ ဘာလိုအပ်ချက် ဖြည့်ဆည်းရ မယ် စသဖြင့် ကျယ်ကျယ်ပြန့်ပြန့် လုပ်နေကြတာပဲ။ တကယ်တော့ အဲဒီ အဖွဲ့ အစည်းဆိုတာ မလေးရှား တောရိုင်းတိရိစ္ဆာန်နဲ့ သဘာဝဥယျဉ်ဌာန (Malaysian Department of Wildlife and national Parks - Perhilitan) နဲ့ မလေးရှား ကျားထိမ်းသိမ်းရေး အဖွဲ့ (Malaysian Conversation Alliance for Tigers -MyCat) တို့ပေါင်းပြီးထူထောင်ထားတဲ့ အဖွဲ့ပါ။ နောက် ရှိသေးတယ် (MNS - Malaysian Nature Society) နဲ့ (WWF - World Wide Fund for Nature)။ WWF-Malaysia ရဲ့ဥက္ကဌ ကြီးဆို ရင် အားလုံးသိကြတဲ့ ကျနော်တို့ ရဲ့ မိတ်စွေကြီး မစ္စတာ ရာဇာလီအစ္စမေး (Tan Sri Mr. Razali Asmail)။

ကျနော်တို့ရဲ့ရွှေပြည်ကြီး အပါအ၀င် ၁၃ နိုင်ငံဟာ ၂၀၂၂ ခုနှစ်မှာ ကျားကောင်ရေ ၂ ဆပြန်ဖြစ်အောင်လုပ်မယ် ဆိုပြီး ပြီးခဲ့တဲ့လ ကမှ ပူးပေါင်းချမှတ် ထားကြတာပါ။ အခုတော့ အိပ်ပေါက်နဲ့ ဖားကောက်သလို ၊ ကျားမွေးရင်း လူစားရင်း (မှတ်ချက်။ ။"သမင်မွေးရင်းကျားစားရင်း" မဟုတ်) ဖြစ်နေတော့ ကျားသတ္တ၀ါဆိုတာ ကျနော်တို့ ရဲ့ မျိုးဆက်တွေ ကို ပြတိုက်မှာ လိုက်ပြရ တော့မယ့် ကိန်းဆိုက် တော့မှာပါ။ အစိုးရ အပါ အ၀င် အဖွဲ့ အစည်းပေါင်းများ စွာက ရင်းဂစ်သန်းပေါင်းများစွာ အကုန်ခံ လုပ်ဆောင်နေတဲ့ နိုင်ငံ မျိုးမှာ တောင် ဒီလို ကိစ္စမျိုး ရှိသေး တာ ကျနော်တို့ ရွှေပြည်ကြီး မှာ ဆိုရင်တော့ မတွေးဝံ့ စရာပဲ။


ဆက်စပ်မှူရှိတာဖတ်ချင်ရင်-
- Tiger, the Big Predators of Burma
- A Trip to Belum Rainforest


Ref:
- Groups shocked over tiger video on British TV by Natalie Heng (The Sun)
- Wiki

Photo:
- The Sun

4 comments:

Nyi Nyi said...

ဒီလိုကမောက်ကမတွေကအများသားကလား..ကိုရင်ရယ်။ စိုက်တာတစ်ဖွဲ့၊ခုတ်တာတစ်ဖွဲ့ဆိုတာလဲ..ကိုရင်ကြားဖူးမှာပါ။ တိရိစ္ဆာန်တွေနဲ့ပက်သက်ပြီးဂေဟစနစ်တွေကိုလူတွေနားလည်လာရင်တောင်ဒီလူတွေ(ဥပမာ မုဆိုးတွေဆိုပါတော့)ရဲ့စားဝတ်နေရေးကိုဂေဟပြန်လုပ်ပေးရဦးမယ်လေ။ အဓိကကတော့ဆင်းရဲမွဲတေမှုပပျောက်ဖို့နဲ့ပညာရေးအခြေခံတွေမြှင့်ရဦးမယ်ထင်တယ်ဗျိုး။

Nge Naing said...

AATO က တိရိစ္ဆာန်ချစ်တဲ့ သူတွေကို သိပ်ညွန်းတာပဲ တိရိစ္ဆာန်ချစ်ပြီး လူတွေအပေါ် အကြင်နာတရား လုံးဝမရှိတဲ့ သူတွေကိုလည်း အစ်မတွေဖူးတယ်။ အစ်မသားလေးလည်း တိရိစ္ဆာန်တွေကို သိပ်ချစ်တယ်။ ဒါကြောင့် သူ့ကို ကြီးလာရင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား လုပ်လို့ ပြောထားတယ်။ ဒါပေမဲ့ သူက Vet လုပ်မယ်ပြောလို့ တိရိစ္ဆာန်ကုတဲ့ ဆရာဝန်လုပ်မည့်အစား လူကုတဲ့ ဆရာဝန်ပဲ လုပ်ပါလားလို့ ပြောတော့ လူတွေကို အကူအညီပေးသူက သိပ်များတယ် တိရိစ္ဆာန်တွေကျတော့ လူတွေ နိုင်သလိုခံရတဲ့အပြင် ဘယ်သူမှ အကူအညီ မပေးချင်ကြဘူး ဒါကြောင့် Vet ပဲ လုပ်ချင်တယ်တဲ့။

Anonymous said...

ကျွန်တော်လည်း တိရိစ္ဆာန်ချစ်တတ်တယ်ဗျ။ မွေးလို့ရတာအကုန်မွေးတယ်။ မကောင်းတဲ့ အကျင့်က တောလိုက်ဝါသနာပါတာပဲ။ အခုတော့ မလုပ်တော့ပါဘူး။ အရင်တုန်းကဆို အားတာနဲ့ သေနတ်ကိုင်ပြီး တပည့်တစ်ယောက်နဲ့ တောလိုက်တယ်။ နောက်ပိုင်းကျတော့ အသိဥာဏ်မြင့်လာတယ်ပေါ့ဗျာ။ တောရိုင်းတိရိစ္ဆာန်ဆိုတာ ထိန်းသိမ်းရမယ့် တာဝန်ရှိတယ်လို့ သိလာတယ်။ အခုတော့ ဘာမှ မလုပ်တော့ဘူး။

Unknown said...

အရင်တုန်းကတော့ လူတွေက ကျားတွေကို ကြောက်နေရတာလေ
အခုမှဘဲ ကျားတွေ က လူတွေကို ပြန်ကြောက်နေရတာပါ....
ကြည့်တတ်ရင်တော့ အကုန်လုံးဟာ တရားရစရာတွေ ချည်းပါဘဲလေ.... အနိစ္စ....ဒုက္ခ..အနတ္တ

License

License
Thank you very much for visiting my blog. I really do. I am trying to write and share my knowledge, experience,information etc etc. I would be very much appreciated for your either encouraging or critical comments to my any post. Furthermore, some photos herein the posts are not mine and perhaps some information too. However I always try to credit or mention the courtesy of the respective owner and/or where I got it from. Anyway please leave your message anything regards to my blog or if you want to use any part of information from my blog. I would follow up thereafter your message, accordingly.
Contact: thomasjrlatt@gmail.com