အင်ဒိုနီးရှား နိုင်ငံ ဟာ ကျွန်းပေါင်း ၁၇၅၀၈ ကျွန်း နဲ့ ဖွဲ့စည်း ထားပြီး လူဦးရေ သန်း ၂၀၀ ကျော် မှီတင်းနေထိုင်ပါတယ်။ ကျွန်းတွေ အများကြီး နဲ့ ဖွဲ့ စည်းထားတဲ့ နိုင်ငံဖြစ် သလို ယဉ်ကျေးမှု့ဓလေ့ထုံးစံ တွေလဲ မတူညီကြပါဘူး။ တချိန်က ဗုဒ္ဓဘာသာ ထွန်းကားခဲ့ကြောင်း ကြီးမားထင်ရှားတဲ့ သက်သေ အထောက် အထား များစွာ ကျန်ခဲ့ သလို ဟိန္ဒူဘာသာ ထွန်းကားခဲ့ ကြောင်းလဲ အထောက် အထား မြောက်များစွာ ကျန်ရှိပါတယ်။ လက်ရှိ အချိန်မှာ တော့ အစ္စလာမ် အယူ ၀ါဓ ကို နိုင်ငံ အ၀ှမ်း ကျယ်ကျယ်ပြန့်ပြန့် သက်ဝင်ယုံကြည်ကြပါတယ်။ နိုင်ငံ အနှံ့ ဂျာဗားယဉ်ကျေးမှူု့ ကြီးစိုးပေသော ငြား ကျွန်းအသီးသီး မှာ ၄င်းတို့ ရဲ့ ရိုးရာ ဓလေ့တွေကို တစိုက်မတ်မတ် ထိမ်းသိမ်း ကြပါတယ်။ အထူးသဖြင့် ကမ္ဘာ့ ခရီးသွား မြေပုံပေါ်က နာမည်ကျော် ဘာလီကျွန်း ဟာ ထိပ်ဆုံး ကပါ။ ဘာလီကျွန်း ကို ဥရောပတိုက် သားတွေဟာ အီတလီ နိုင်ငံ ရောမမြို့ တွင်းက ပုပ်ရဟန်းမင်းကြီး အခြေစိုက် ရာ ဗာတီကန်နိုင်ငံ နဲ့ နှိုင်းယှဉ်လေ့ရှိကြပါတယ်။ တကယ်လဲ ဘာလီကျွန်းရဲ့ ယဉ်ကျေးမှု့ နဲ့ ကိုးကွယ်ရာ ဘာသာ ဟာ အင်ဒိုနီးရှားရဲ့ တခြား ကျွန်းတွေနဲ့ မတူပဲ ဟိန္ဒူ အယူဝါဓဖြစ်နေ ပါတယ်။ ဘာလီ မှာနေထိုင် စဉ် ကာလ အတွင်း ဘာလီလူမျိုး တို့ ရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံ တွေ ကိုသေချာ လေ့လာ မယ်လို့ စဉ်းစားမိပါတယ်။ လူမျိုး တစ်မျိုးရဲ့ အကြောင်း ကိုလေ့လာမယ် ဆိုရင် စနစ်တကျ လေ့လာ မှသာ အလုံးစုံ ပုံပေါ် နိုင်မှာ ဖြစ်ပြီး အသေးစိတ် သုတေသန စာတမ်း ပြုစု ရန်မဟုတ် သိတိုင် အကြောင်းအရာ စုံ ထောင့်စေ့ အောင် အားထုတ်ထားပါတယ်။ လေ့လာတဲ့ နေရာ မှာ မနုဿ ဗေဒပညာရှင် တို့ လူမျိုး တစ်မျိုး အကြောင်းကို ချဉ်းကပ်လေ့ လာတဲ့ ပုံစံ ကို အတုယူပါတယ်။ ဆရာ မနုဿ ကျော်ဝင်း ဟောပြောခဲ့ တဲ့ အချက် တွေ ကို ပြန်စဉ်းစား ပုံဖော်ပါတယ်။ နောက်ပြီး ဖတ်ဖူးခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ထုတ် ပြည်ထောင် စု မြန်မာ နိုင်ငံ တော် ရှိ တိုင်းရင်းသား လူမျိုး များ ၏ ဓလေ့ထုံးစံ များ စာအုပ်များ မှ နည်းနာနိသျ ကို အတုခိုးပါတယ်။ ယဉ်ကျေးမှု့ ဓလေ့ထုံးစံ ဆိုတဲ့ အလျောက် ကိုးကွယ်ရာ ဘာသာကိုတော့ ချန်လှပ်ခဲ့မှာ ဖြစ်ပါတယ်။ သို့ပေမင့် ဘာလီ လူမျိုး တို့ရဲ့ ယဉ်ကျေးမှု့ ဓလေ့ထုံးစံ များ အားလုံး ပါဝင်ပြီးပြည့်စုံ တဲ့ စာတမ်း တစ်ခု မဟုတ်ကြောင်း ကိုတော့ ၀န်ခံ ပါရစေ။
ဘာလီကျွန်းသူကျွန်းသား တွေရဲ့ ဘ၀ ကို ဘာသာရေးနဲ့ ဆက်စပ်တဲ့ အခမ်းအနား တွေ ရိုးရာ ဓလေ့တွေနဲ့ အမှတ်အသားပြုပါတယ်။ အဲဒါကို မနုဿ ယတြာ (Manusa Yadnya) လို့ခေါ်ပြီး ငွေကြေး တတ်နိုင်ရင် တတ်နိုင်သလို၊ ဆင်းရဲရင် ဆင်းရဲသလို ကျင်းပဆောင်ရွက်ကြ ပါတယ်။
Photo Taken from here
မွေးဖွားခြင်း
ဘာလီ လူမျိုးတွေရဲ့ ပထမဆုံး အခမ်းအနား ဟာ အမှန်တကယ်တော့ မ မွေးဖွားခင် ကတည်းက ကျင်းပခဲ့ ပြီး ဖြစ်ပါတယ်။ မွေးဖွားပြီး တဲ့အချိန်မှာ ကျင်းပတဲ့ ပွဲက တော့ အချင်းမြုပ်တဲ့ ပွဲပါ။ အချင်းကို အုန်းသီးစိမ်း တစ်လုံး ကို ထိပ်ဝ ဖွင့်ပြီး သက်ဆိုင်ရာ ၀တ္ထုပစ္စည်း များနဲ့ မိမိအိမ်မှာ ပဲမြှုပ်နှံပါတယ်။ နောင် ဒီကလေး ကြီးလာပြီး ကျန်းမာရေး၊ လူမှုရေး အစရှိသဖြင့် ကိစ္စရပ်တွေကို သူ့ အချင်းမြှုပ်နှံရာ နေရာမှာ ဆုတောင်းခြင်း၊ ယတြာ ချေခြင်း များပြုလုပ်ကြပါတယ်။ ဆေးရုံတွေမှာ လဲ ကလေးမီးဖွား ပြီးတာတဲ့ ကလေးနဲ့ အတူ အချင်းကို မြေအိုးလေး တစ်လုံးနဲ့ ထည့်ပြီး ပေးပါတယ်။ အဲဒါကို ဖခင်ဖြစ်သူက အချင်းအိုးကို ယူပြီး အိမ်ကို ပြန်ကာ ရိုးရာ အတိုင်း စီရင် မြှုပ် နှံရပါတယ်။ ကလေးမီးဖွား ပြီး ပထမဆုံး အကြီးအကျယ် လုပ်တဲ့ အခန်းအနား ကို တော့ ဘာလီ ပြက္ခဒိန် ရဲ့ ရက်ပေါင်း ၂၁၀ ပြည့်တဲ့ အချိန်မှာ လုပ်ရတာပါ။
(အကြောင်းဆုံလို့ကျနော့် သမီးလေး မွေးတုန်းက အကြောင်းကို ပြောပြချင်ပါတယ်။ ကျနော့် သမီး လေး မွေးတုန်းက ကလေး လာပို့ရင်းနဲ့ ပလတ်စတစ် အိပ်တလုံးနဲ့ ထည့်ထားတဲ့ မြေအိုးလေး တစ်လုံး ကို ပါပေးလာပါတယ်။ မေးကြည့်တော့ အချင်းလို့ ပြောပါတယ်။ ဒီမှာ က ကိုယ့်ရပ်ရွာလဲ မဟုတ်၊ ဒီလို အရေးတယူ ပေးလာတဲ့ နောက်တော့ အမှိုက်ပစ် သလိုလဲ မပစ်ရက်၊ မပစ်ချင် နဲ့ စိတ်ရှုပ်ပြီး ဆေးရုံကဆင်းလာတဲ့ အခါမှာ အိမ်ကို ယူလာခဲ့ပါတယ်။ နောက်မှ ရုံးက လုပ်ဖော် ကိုင်ဖက် တစ်ယောက် က ပင်လယ်မှာ မျှောဖို့ အကြံပေးလို့ ကျနော့် အိမ်နားက ကမ်းစပ် မှာ ကိုယ်တိုင်ပဲ ရေနက်ပိုင်း အထိကူးပြီး မြှုပ်ခဲ့ပါတယ်။ သမီးလေးကြီးလာရင် တော့ သူ့ အချင်းကို ဘာလီကျွန်း က ဂျင်ဘာရမ် ပင်လယ်အော်ထဲ မှာ မြှုပ်ခဲ့တယ် ပြောရမှာပဲ။)
နာမည် ပေးခြင်း
ထူခြားတာက ဘာလီ လူမျိုးတွေ မှာ ရှေ့နာမည် (first name) ၄ ခုပဲ ရှိပါတယ်။ ပထမဆုံး ကလေးဆို ရင် ဝေယံ (Wayan) ဒါမှမဟုတ် ပုတု (Putu) လို့ ပေးလေ့ရှိပြီး၊ ဒုတိယ ကလေးကို မာဒေး (Made) ဒါမှမဟုတ် ကားဒက် (Kadek) လို့ ပေးပါတယ်။ တတိယ ကလေးကို တော့ ညိုမန် (Nyoman) ဒါမှမဟုတ် ကိုမန်း (Komang) လို့ ပေးရပြီး လေးယောက်မြောက် ကို တော့ ကတွတ် (Ketut) လို့ ပေးကြပါတယ်။ ငါးယောက်မြောက် ကစပြီး မွေးလာတဲ့ ကလေးကို တော့ တစ်ပတ်လည် ပြီး ဝေယံ၊ ပုတု အစရှိသဖြင့် ပြန်မှည့် ရပါတော့တယ်။
ပိုပြီး ရှင်းအောင် အောက်မှာ ဇယား နဲ့ ထပ်ရှင်းထားပါတယ်။
| နံပါတ်စဉ် | ကလေးအမည် |
| ပထမ | ဝေယံ (Wayan) ဒါမှမဟုတ် ပုတု (Putu) |
| ဒုတိယ | မာဒေး (Made) ဒါမှမဟုတ် ကားဒက် (Kadek) |
| တတိယ | ညိုမန် (Nyoman) ဒါမှမဟုတ် ကိုမန်း (Komang) |
| စတုတ္ထ | ကတွတ် (Ketut) |
| ပဉ္စမ | ဝေယံ (Wayan) ဒါမှမဟုတ် ပုတု (Putu) |
| ဆဌမ | မာဒေး (Made) ဒါမှမဟုတ် ကားဒက် (Kadek) |
| သတ္တမ | ညိုမန် (Nyoman) ဒါမှမဟုတ် ကိုမန်း (Komang) |
| အဌမ | ကတွတ် (Ketut) |
| န၀မ | ဝေယံ (Wayan) ဒါမှမဟုတ် ပုတု (Putu) |
| ဒဿမ | မာဒေး (Made) ဒါမှမဟုတ် ကားဒက် (Kadek) |
| ဧကဒဿမ | ညိုမန် (Nyoman) ဒါမှမဟုတ် ကိုမန်း (Komang) |
| ဒွါဒဿမ | ကတွတ် (Ketut) |
ဘာလီလူမျိုး တွေရဲ့နမူနာ နာမည် တော်တောများများ ဟာ ဗုဒ္ဓ ဘာသာနဲ့ ဆက်စပ် သယောင် ရှိပါတယ်။ ဥပမာ။ ကတွတ် ဓမ္မရာဇာ (Mr. Ketut Dhamayasa) မာဒေး ဓမ္မရံသီ (Ms. Made Dhamayanti) အစရှိသဖြင့်ပေါ့။
ကလေးဘဝ
ဘာလီ လူမျိုးတွေ ဟာ ကလေးချစ် ပြီး ရသလောက် ယူကြပါတယ်။ မိသားစု ကြီးတွေမှာ ကလေး အငယ် ကို ကလေး အကြီး က ထိမ်း စနစ် နဲ့ ပဲ ကြီးပြင်းလာကြပါတယ်။ ကလေးဘ၀ မှာ မွေးနေ့ အခမ်း အနား တွေက လဲ အရေးပါပါတယ်။ အဓိကကျတဲ့ အခမ်းအနား ကတော့ လူပျိုဖော်၊ အပျို ဖော်ဝင်စ မှာ ကျင်းပပြုလုပ်လေ့ရှိတဲ့ သွားပွတ်တိုက် တဲ့ပွဲဖြစ်ပါတယ်။ ဘာလီ ဟိန္ဒူအယူဝါဒ အရ လူတိုင်းမှာ မကောင်းတဲ့ လောဘ၊ ဒေါသ၊ အကျိုးမဲ့ စကားများ ပြောခြင်း၊ ဘ၀င် မြင့်ခြင်း အစရှိသည် တို့ ကို ချိုးနှိမ် စေဖို့ သွားပွတ်တိုက် ခြင်း ပြုလုပ်ရတယ် လို့ ယုံကြည်ကြပါတယ်။ အခန်းအနားမှာ ဟိန္ဒူ ဗြဟ္မ ဆရာ က သွားကို တံစဉ်း နဲ့ပွတ်တိုက် တာဖြစ်ပါတယ်။
သွားပွတ်တိုက်ခြင်း အခမ်းအနား (photo: from here)ဘာလီ က အရွယ်ရောက်တဲ့ သူတိုင်း အိမ်ထောင် ကျတဲ့ အခါမှာ မိသားစု ကြီးတစ်ခု ထူထောင်မယ်ဆိုတဲ့ ရည်ရွယ်ချက် မျိုး ရှိကြပါတယ်။ အနည်းဆုံး တော့ ကလေး ၃ ယောက် ယူမယ် ဆိုတဲ့ ငယ်ရွယ်သူ စုံတွဲ များစွာ တွေ့ ဘူးပါတယ်။ တခြား အာရှ နိုင်ငံများလို ပဲ အခြေခံ အားဖြင့် လက်ထပ်တဲ့ နည်းလမ်း နှစ်မျိုးရှိပါတယ်။ မပ္ပဒဒ် (Mapadik) ခေါ်ဆိုတဲ့ လက်ထပ်နည်း မှာ ကြင်သူ နှစ်ဦး မေတ္တာမျှ၍ လက်ထပ် ရန် ဆုံးဖြတ် ကာ သတို့ သား ဖြစ်သူ ဟာ မိဘတွေကို ခေါ်ပြီး တောင်းရမ်း လက်ထပ်ယူတဲ့ နည်းဖြစ်ပါတယ်။ နောက် တနည်း ကတော့ ငိုရောဂ် (Ngorod) လို့နာမည် ရပြီး အတိုချုပ်ရ ရင် ခိုးပြေးတဲ့ နည်းပဲဖြစ်ပါတယ်။ လူတန်းစား မတူ တဲ့ သတို့ သား နဲ့ သတို့ သမီး လောင်းတို့ ဟာ နှစ်ဘက် မိဘ သဘောမတူ မှာ သေချာ လို့ ခိုးပြေး ကြတာပဲ ဖြစ်ပါတယ်။
Photo Taken from here
မတူသောလူတန်းစား များ (Caste System in Bali)
ဘာလီကျွန်းဟာ အန္ဒိယ နိုင်ငံ မှ မိုင်ပေါင်း ထောင်ချီ ဝေကွာ ပေမယ့် ဟိန္ဒူ အယူဝါဒ နှင့် အတူ လူတန်းစား ခွဲ တဲ့ အလေ့အထ ပါ ထွန်းကား ကျင့်သုံးပါတယ်။ သို့ပေမယ့် အိန္ဒိယ မှာကဲ့သို့ အလွန် အမင်း အယူသည်း ကာ ကျဉ်းမြောင်း သော အတွေး အခေါ် မရှိကြပဲ ရိုးရာ အဖြစ်သာ ထိမ်း သိမ်းကြ တာဖြစ်ပါတယ်။ ဘာလီမှာ ရှိတဲ့ မတူတဲ့ လူတန်းစား များ ကို အိန္ဒိယ အခေါ်အဝေါ် (ဟင်ဒီ သို့ မဟုတ် သင်္သက္ကရိုက် ဘာသာ) များ နဲ့ အစဉ်လိုက် ယှဉ်တွဲ ဖော် ပြထားပါတယ်။
| ဘာဟာဆာအင်ဒိုနီးရှား | သင်္သသက္ကရိုက်။ သက္ကတ | ဟင်ဒီ | မြန်မာ |
| Brahmana | ဗြဟ္မဏ | Brahmin | ဗြဟ္မဏ၊ ပုဏ္ဏား |
| Ksatriya | ခတ္တိယ | Kshatriyas | မင်းမျိုးမင်းနွယ် |
| Wesya / Wesia | ၀စ္ဆယ* ၊ ၀ဿ** | Vaishyas | မူးမတ် မျိုးနွယ်။ စစ်သူကြီး မျိုးနွယ် |
| Sudra | သုဒ္ဒြ*၊ သုဒ္ဒ** | Shudras | လယ်သမား၊ အလုပ်သမား၊ တံငါ၊ |
(*) အမှတ်အသားပြုထား သည်မှာ မသေချာပါ။ အတိအကျ သိသူများ ပြင်ဆင်ပေးဖို့ မေတ္တာရပ်ခံပါတယ်။
(**) ဘုန်းဘုန်း တောက်ပကြယ်စင် မျှဝေ တဲ့ အတိုင်းထပ်မံ ဖြည့်စွက်ထားပါတယ်။ ကျေးဇူးတင်ပါတယ် ဘုရား။ဆက်ရန်...
ကျမ်းကိုးစာရင်း
- ၀ီကီပိဒိယ စွယ်စုံကျမ်း
- Balinese Traditional Arhcitecture in Process by Jakuya Kagami
- Bali Museum
- ကိုယ်တိုင် သုတေသနပြု မေးမြန်းချက်များ မှတ်စု

