Tuesday, July 13, 2010

ထူးခြားသော အဖြူရောင် သက်ရှိများ (သို့မဟုတ်) Albinism


သက်ရှိ တို့မှီတင်းနေ ထိုင်တဲ့ ဒီကမ္ဘာမြေပေါ်က ကုန်နိုင်ဖွယ် မရှိတဲ့ ထူးခြား ဆန်းကျယ်မှူ့တွေရဲ့ လျှို့ဝှက်ချက် က တခါတရံ အလွန်ရိုးရှင်းသော သာမန် ဖြစ်တည်မှူမျှသာ ဖြစ်နေတတ်ပါတယ်။ အရောင် အသွေးစုံလင် တဲ့ လူ နဲ့ တခြား တိရိစ္ဆာန် တွေရဲ့ သာမန် မိဘ တွေက နေ ထူးထူးခြားခြား အဖြူ ဆွတ်ဆွတ် သားငယ် သမီးငယ် တွေ မွေးဖွားလာ တတ်ပါတယ်။ မွေးဖွားလာတဲ့ ကလေးငယ် ဟာ မိဘနှစ်ပါးရဲ့ သာမန် အသားအရေမျိုး မဟုတ်ပဲ ဆွတ်ဆွတ်ဖြူနေရုံ တင်မကပဲ ဆံပင်၊ အမွှေးအမြှင် နဲ့ မျက်စိ အရောင် တို့ မှာပါ ကွဲပြားခြားနားတဲ့ အဖြူရောင် သို့မဟုတ် နီကျင် ကျင် ဖျော့တော့တော့ အ၀ါ ရောင် စသည်ဖြင့် ဖြစ်တည်နေတတ်ပါတယ်။ ဒါဟာ မျိုးဗီဇ ချို့ယွင်းမှူ တမျိုး ဖြစ်ပြီး သာမန် မိဘနဲ့ သူ့ဘိုးဘွား မျိုးရိုး စဉ်ဆက် နဲ့ မတူတော့တာပါ။ အဆိုပါ ကလေး ငယ် သို့မဟုတ် တိရိစ္ဆာန် ငယ်ဟာ မွေးစကတည်း က ချို့ယွင်းချက်များနဲ့ မွေးလာ ပြီး မျက်စိ အခြေအနေ ပုံမှန် မဟုတ်ပဲ သာမန်ထက် အမြင်အာရုံ ချို့တဲ့လေ့ရှိပါတယ်။ နောက်ပိုင်း မှာ အရေပြားရဲ့ အားနည်းချက် ကြောင့် အရေပြားကင်ဆာ အထိဖြစ်တတ်လေ့ရှိပါတယ်။ အဲဒါကို အယ်ဘိုင်နစ်ဇင်း (Albinism) လို့ဆေးပညာ လောကမှာ တင်မက ပဲ အပြင်လောကမှပါ တွင်တွင်ကျယ် ကျယ် အသုံးပြု ခေါ်ဝေါ် ကြပါတယ်။ အယ်ဘိုင်နစ်ဇင် အမျိုးမျိုးရှိပြီး မျိုးဗီဇဆိုင်ရာအရောင်ဖြစ်တည်ခြင်း ချို့တဲ့ မှုဒီကရီ အပေါ်မူတည် ပြီး သွင်ပြင်လက္ခဏာ ကွဲပြားနိုင်ပါတယ်။

အယ်ဘိုင်နိုသားပိုက်ကောင် Photo Ana Cotta

တနည်းအားဖြင့် အယ်ဘိုင်နစ်ဇင် (Albinism) ဟာရောဂါ တမျိုးဖြစ်ပြီး ဆေးပညာ သမိုင်းမှာပါ အလွန်ရှေးကျ လှပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူသားတွေဟာ အယ်ဘိုင်နစ်ဇင်ရောဂါ ကို (၁၉၀၈ ခုနှစ်) ကစပြီး သိပ္ပံနည်းကျ မှတ်တမ်း ပြုနိုင်ခဲ့ပါတယ်။ အယ်ဘိုင်နို (Albino) အဖြစ်မွေးဖွားလာတဲ့ ကလေးငယ် တွေဟာ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ပြစ်တင်ခြင်း ကို အကြောင်းမဲ့ ခဲ့ရလေ့ရှိပြီး အသိုင်းအ၀ိုင်း ကနေ ဖယ်ကျဉ် ခြင်းခံ ရတဲ့ကိစ္စတွေ ဟာမရေ မတွက်နိုင် လောက်အောင် များပြားရှည်လျားတဲ့ ဖြစ်ရပ်များ အဖြစ်ကရုဏာသက်စရာ ရှိနေတတ်ပါတယ်။ အယ်ဘိုင်နို အနေနဲ့ မွေးဖွား လာတဲ့ တိရိစ္ဆာန်တွေ မှာ သဘာဝတရား ကို ကာကွယ်နိုင်စွမ်း အလိုလိုအားနည်း တတ်ပါတယ်။ ကိုယ်ကိုစား မယ့် အကောင်ကြီး တွေရဲ့ ရန်ကခုခံ ရှောင်တိမ်းနိုင်စွမ်း ကိုသာမန် တိရိစ္ဆာန်ငယ်တွေထက် နည်းတတ်ပါတယ်။

ရေခဲတောင် အယ်ဘိုင် နို ဂေါ်ရီလာ (ဘာစီလိုးနား တိရိစ္ဆာန်ရုံ၊ စပိန်) Sept. 14 2003,
Photo Cesar Rangel, AFP / Getty Images

အယ်ဘိုင်နို လူသားများ (Albino People)


ပျမ်းမျှအားဖြင့် အမေရိကားနဲ့ ဥရောပတိုက်မှာ လူ ၁ သိန်းမှာ အယ်ဘိုင်နို ၅ ဦးခန့် ရှိနိုင်ပြီး ကမ္ဘာ့ရဲ့ တခြားအရပ်ဒေသတွေမှာ အယ်ဘိုင်နိုတွေပိုမို များပြားနိုင်တယ်လို့ ပညာရှင်တွေ ကခန့်မှန်းပါတယ်။ ဥပမာအား ဖြင့် အာဖရိက တိုက်က နိုင်ဂျီးရီးယား (Nigeria) နိုင်ငံတောင်ပိုင်း မှာ လူအယောက် ၁ သိန်းတိုင်း မှာ အယ်ဘိုင်နို အယောက် ၂၀ ခန့် ရှိတယ် လို့ဆိုပါတယ်။ အကြမ်းဖျင်း အားဖြင့် အယ်ဘိုင်နို ၁၀ မျိုးခန့် ကိုအများ ဆုံးတွေရတတ် ပြီး Oculocutaneous Albinism လို့ ခေါ်ပါတယ်။ အဲဒီ အခြေအနေမျိုး သို့မဟုတ် ရောဂါမျိုးဟာ အရေပြား၊ မျက်စိ နဲ့ အမွှေး အမျှင် တွေကို ဆွတ်ဆွတ်ဖြူစေပြီး ဘ၀တသက်တာ လုံး သေရာပါ အဖြစ်ရှိ သွားမှာဖြစ်ပြီး အဲဒီ Oculocutaneous Albinism ကနေ လျော့ပြီး ခံစားရတဲ့ ဝေဒနာရှင်များမှာ တော့ အသက် အရွယ်ကြီးမြင့် လာတာနဲ့ အမျှ အသားအရောင် ဟာတဖြည်းဖြည်း အညိုရောင်သန်းလာ တတ်ပါတယ်။ အဆိုပါ Oculocutaneous Albinism တွေဟာ မျက်ခန်းစပ်လို (မျက်စိ ခဏခဏမှိတ်တတ်တဲ့) ရောဂါမျိုး ဖြစ်တတ်ပြီး စူးရှတဲ့ အလင်းရောင်များ ကိုခံ နိုင်စွမ်းမရှိကြပါဘူး။ တခြား အယ်ဘိုင်နိုအမျိုး အစားကတော့ ocular albinism ဖြစ်ပြီး မျက် လုံးတမျိုးတည်း သာမန်နဲ့ ကွဲပြားတာဖြစ်ပါတယ်။ အသားအရောင် နဲ့ ဆံပင်၊ အမွှေး အမြှင်တွေ ဟာသာမန်ပါ။ အဲဒီ အယ်ဘိုင်နစ်ဇင် မှာပဲ ၅ မျိုးခန့်ထပ် ပြီး ကွဲပြား သေးတယ် လို့လဲ ဆိုပါသေးတယ်။

အယ်ဘိုင်နိုဝေဒနာရှင်တွေ ဟာ သူတို့ရဲ့မွေးရာပါ သွင်ပြင်လက္ခဏာကြောင့် ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းက ခွဲခြားဆက်ဆံခြင်း ကို ဆိုးဆိုးရွားရွားခံရ လေ့ရှိပါတယ်။ စာအုပ် တော်တော်များများ နဲ့ ရုပ်ရှင်တွေ မှာ Albinism ကို အဆိုးမြင် ရေးပြ၊ ရိုက်ပြလေ့ ရှိပါတယ်။ အယ်ဘိုင်နို တွေနဲ့ ပတ်သက်ပြီး လျှို့ဝှက် ဆန်းကျယ် ဖြစ်ရပ်တွေ အပေါ်လူ တွေရဲ့ယုံကြည် မှူကလည်း တမျိုး ထူးခြားချက်တရပ်ပါပဲ။ အရှေ့တိုင်း ယုံကြည်ချက် တရပ်ကတော့ သူတို့ရဲ့ ဖျော့တော့တော့ အသား အရေနဲ့ အဖြူ ရောင်အသား အရေဟာ အရင်ဘ၀ သူတို့ရဲ့ ၀ဋ်ကြွေး ကိုပေးဆပ်နေတာပါတဲ့။ တခြား လူသိများတဲ့ ယုံကြည်မှုက တော့ အယ်ဘိုင်နို မိန်းမနဲ့ လိင်ဆက်ဆံရင် HIV / AIDS ပျောက်စေတယ်ဆိုတဲ့ ဇင်ဘာဘွေ နိုင်ငံ (Zimbabwe) က ယုံကြည်မှုပါပဲ။ အဆိုပါ ယုံကြည်မှုရဲ့ နောက်ဆက်တွဲ အဖြစ် အဲဒီဒေသက သနားဖွယ် ရာ အယ်ဘိုင်နိုရောဂါရှင် အမျိုး သမီးများ ကို မုဒိန်းကျင့်တဲ့ ဖြစ်ရပ်တွေ မရေမတွက် နိုင်အောင် ထပ်မံပေါ်ပေါက် စေတာပါ။

အယ်ဘိုင်နို တိရိစ္ဆာန်များ (Albino Animals)

တိရိစ္ဆာန်တွေမှာလဲ လူတွေရဲ့ ဖြစ်ရပ်နဲ့ အလားသဏ္ဍန် ဆင်တူတဲ့ ရောဂါမျိုး ခံစားရတာပါပဲ။ အယ်ဘိုင်နို ဒီဂရီ အနည်း အများ အပေါ်မူတည် ပြီး သွင်ပြင် လက္ခဏာ အဖြူ ဆွတ်ဆွတ်ဖြစ် နေတာနဲ့ အဖြူဆွတ်ဆွတ် ပေါ်မှာ အစက် အပြောက် တွေပါ လာတတ်တာ ကွဲပြားတယ် လို့ဆိုပါတယ်။ အဆိုပါ တိရိ စ္ဆာန် တွေခံစားရတဲ့ ရောဂါကို Patchy Albinism or Piedaldism လို့ခေါ်ပါတယ်။ ဥပမာ အားဖြင့် ဆိုင်းယမ်းမိစ် ကြောင် (Siamese Cat) တွေရဲ့ ဦးခေါင်း၊ ခြေ လက် တွေနဲ့ အမြီး တွေမှာ အရေပြား အရောင် သို့မဟုတ် အမွှေးအရောင် ပြောင်းလဲစေတဲ့ ဆဲလ်တွေ ဖွံ့ဖြိုး ပြီး ခန္ဓာ ကိုယ်ရဲ့ပူနွေးတဲ့ အပိုင်းတွေမှာ ဖွံ့ဖြိုးမှုမရှိ တဲ့ အတွက် ထုးခြား တဲ့ အရောင်ကွက်ကြား ကြောင် အဖြစ် ထင်ရှား ပါတယ်။


အယ်ဘိုင်နို အမျိုး အစားအပေါ်မူတည် ပြီး အရောင် အားနည်းချက် တွေကွဲပြားတတ်ပါတယ်။ ဥပမာ Bluish-Grey Anerythristic Albino တွေမှာ အနီရောင် ချို့တဲ့ပြီး Axanthic Albino တွေမှာ အ၀ါရောင် ချို့တဲ့တာ တွေ့ရပါတယ်။ တကယ့် အရောင် နဲ့ ပုံစံဒီဇိုင်း (Pattern) တွေက မူလ တခြား အရောင်တွေ အပေါ်မူ တည် ပါတယ်။ Leucism ကို အယ်ဘိုင်နစ်ဇင် နဲ့ မကြာ ခဏ မှားတတ်ပါတယ်။ ဥပမာ အားဖြင့် အဖြူ ရောင် ခြင်္သေ့ ဟာ အရောင် အားဖြင့် အဖြူ ရောင် သို့မဟုတ် ဖျော့တော့တော့ အရောင် နဲ့ အနက် ရောင် မျက်လုံး ရှိပါတယ်။ Ghost Marking လို့ လဲ တနည်းအား ဖြင့်ဆိုနိုင်ပါတယ်။ Chinchilla တွေကိုလဲ အယ်ဘိုင်နို နဲ့ မှားတတ်တယ် လို့ ဆိုပြန်ပါသေးတယ်။ ကျားဖြူ တွေ ဟာ Chinchilla တွေပါတဲ့။ တခြား အကြောင်း အချင်း အရာ တွေကြောင့် အဖြူရောင် သတ္တ၀ါ တွေဖြစ် ပေါ်လာနိုင်ပါသေးတယ်။ အဖြူရောင် ဥဒေါင်းငှက် (White Peafowl) တွေ ဟာ အယ်ဘိုင်နို မဟုတ်ပါဘူးတဲ့။
အယ်ဘိုင်နို အမေရိကမိချောင်း Photo Ishane

အသေးစိပ် ပုံနဲ့တကွ ဆက်လက် လေ့လာမယ် ဆိုရင် ၁၉၃၀ အစော ပိုင်း ကထုတ်တဲ့ စွယ်စုံကျမ်း မှာ "Wonders of Animal Life" (edited by JA Hammerton) နဲ့ "Wonderland of Knowledge" (edited by Ernest Ogan) ဆိုပြီး ဓါတ်ပုံ များစွာ နဲ့ အကျယ် တ၀င့် ရှင်းပြထား ပါတယ်။ တကယ်တော့ အဲဒီအထဲ ကပုံတွေက Walter Rothschild Zoological Museum မှာအခု ထက် ထိ ရုပ်လုံးသွင်း ပြသ ထားပါတယ်။

အယ်ဘိုင်နို အာရှဆင် (လောနိုင်ငံ တိရိစ္ဆာန် ဥယျာဉ်)

အယ်ဘိုင်နို တိရိစ္ဆာန် တွေနဲ့ ပတ်သက်ပြီး အစွဲ အလန်းတွေ ယုံကြည် မှုတွေ ကတော့ ကမ္ဘာတ၀ှမ်း မှာ အတော မသတ်နိုင် အောင်များပြား တာကို သေသေခြာခြာ လေ့လာလေ၊ ပိုပြီး တွေ့ရှိလေ ဖြစ်နေမှာပါ။ အထူးသဖြင့် အာဖရိက နဲ့ အာရှ တိုက် က နိုင်ငံတော် တော်များများ က စုန်း၊ နတ်၊ ကဝေ၊ မှော် ပဉ္စလက်၊ အောက် လမ်း စတာ တွေ ကို စွဲစွဲ မြဲမြဲ အယူသည်း တတ်သူ တွေ အတွက် သုတို့ ရဲ့ အစီအရင် မှာ အရေးပါတဲ့ ဆက်စပ် ပစ္စည်း တမျိုး ဖြစ်ပါတယ်။ အမှန် တကယ် ကအယ်ဘိုင်နို တိရိစ္ဆာန် တွေဟာ သနားစရာ မွေးရာ ပါ အရေပြား ရောဂါ သည်မျှသာ ဖြစ်ပါကြောင်း။

နောက်ဆက်တွဲ
ဝန်ခံချက်။ ။ ကျနော် အမှတ် မထင် ဖတ်မိတဲ့ ဆောင်း ပါးတပုဒ် ကနေ အယ်ဘိုင်နို အကြောင်း ကို စိတ်ဝင် စား သွားမိပါတယ်။ အရင်က တခါ မှ မလေ့လာဖူး၊ မဖတ်ဖူး၊ မမှတ်ဖူးပါ။ လွန်ခဲ့ သော လမှ စပြီး ဖတ်ရှုလေ့လာ ဖြစ် တဲ့ ဆောင်းပါးပေါင်း စုံ ကနေ ရောသမှ မွှေကာ သင့်တော်သလို ဘာသာပြန်ခြင်းမျှသာ ဖြစ်ပါတယ်။ အသေးစိပ် ဆက်လက်လေ့လာချင် သူများ အတွက် လက်လှမ်း မှီသလောက် အောက် မှာ စုစည်း ပေးထားပါတယ်။ ကျနော့် အနေနဲ့ ဆက်လက် ဆွေးနွေး နိုင်စွမ်း မရှိကြောင်း ကို ကြို တင်ဝန်ခံ အပ်ပါတယ်။

ကိုးကား
- Wikipedia
- Messy Beast
- Free Medical Dictionary
- Ezine article

ဓါတ်ပုံ
- http://www.kitten-stork.com/traditional-siamese-cats-kittens-sale.php
- http://www.telegraph.co.uk/news/worldnews/africaandindianocean/tanzania/3661836/Albinos-hunted-for-body-parts-in-Africa.html
- Photo Cesar Rangel, AFP / Getty Images
- Photo Ana Cotta
- Photo Ishane
- http://saiphin.info/saiphin/

ဆက်လေ့လာ သင့်သော စာအုပ်များ နှင့် အဖွဲ့အစည်းများ
Books
- National Association for the Visually Handicapped. Larry: A Book for Children with Albinism Going to School. New York: National Association for the Visually Handicapped.

Organizations

- Albinism World Alliance. http://www.albinism.org/awa.html.
- American Foundation for the Blind. 15 W. 16th St., New York, NY 10011. (800) AFB-LIND.
- Hermansky-Pudlak Syndrome Network, Inc. One South Road, Oyster Bay, NY 11771-1905. (800) 789-9477. 〈appell@theonramp.net〉.
- National Organization for Albinism and Hypopigmentation (NOAH). 1530 Locust St., #29, Philadelphia, PA 19102-4415. (800) 473-2310. http://www.albinism.org.
- http://www.highbeam.com/doc/1P1-79491702.html
- http://www.jneurosci.org/cgi/content/short/23/26/8921
- http://albinofoundation.org/aboutus.htm
- http://www.tanzaniaalbino.org/mission.htm

9 comments:

Unknown said...

ကျေးဇူးအထူးပါဗျာ...
ဗဟုသုတတွေဝေမျှပေးတဲ့အတွက်

Anonymous said...

AATO ရေ မြန်မာပြည် က ဆင်ဖြူတော် တွေကရေ တကယ် ဆင်ဖြူတော် တွေလား ရောဂါသည် တွေလား သိချင်ပါတယ်

ကျေးဇူးပါ လူပြိုကြီး

ခင်မင်စွာဖြင့်
ရွှေစင်ဦး

မောင်မိုး said...

နေပူတော်က ဘဘကြီးတွေ မမြင်စေနဲ့...ကွိုင်တွေပူကုန်မယ်။။ အဟတ်..ဟတ်။

Anonymous said...

ဒါဆို ဆင်ဖြူတော်ဆိုတာလဲ တစ်ကယ်တော့ အရေပြား ရောဂါသည်ဆင်ပေါ့နော်... သနားပါတယ် ရောဂါဖြစ်ရတဲ့ကြားထဲ အတင်းလိုက်ဖမ်းတာခံရသေးတယ်...

မာဦး

Nge Naing said...

AATO ရေ သိပ်ကို စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဗဟုသုတ ရပါတယ်။ အပေါ်မှာ ကပ္ပလီကမွေးတဲ့ကလေးက အဖြူဖြစ်နေတာ အဲဒီရောဂါကြောင့် ဆိုပြီး နမုနာ ပြထားတဲ့ပုံဆိုရင် အစ်မကတော့ ရောဂါတခုတည်းကြောင့် မဖြစ်နိုင်ဘူး အဲဒီကလေးရဲ့ မိဘနှစ်ပါးမှာ တိမ်မြှပ်နေတဲ့ အဖြူသွေးရှိလို့သာ ဖြစ်တယ်ထင်တယ်။ အဲဒီကလေးကို သွေးစစ်ကြည့်ရင် ကော့ကေးရှန်းသွေး ရှိလိမ့်မယ်လို့ ယုံကြည်တယ်။ စိတ်ဝင်စားစရာ ပို့စ်အတွက်ကျေးဇူးတင်ပါတယ်။

ကိုအောင် said...

စိတ်ဝင်စားစရာတွေပဲ၊ အားပေးလျက်ပါ ကိုအေအေတူရေ။

ရွှေရတုမှတ်တမ်း said...

အို...ရောဂါသည် ဆင် တဲ့လား...
သိပါဘူး..ဘဘဖြင့် ဆင်ဖြူတော် ဆိုပြီး ကန်တော့လိုက်ရတာ မောလို့.........

မြစ်ကျိုးအင်း said...

အဲဒီရောဂါနဲ့ မွေးဖွား လာတဲ့ ကလေးတွေ ဘဝ က မိခင်ရော ကလေးပါ အရပ်က အထင်မြင်လွဲခြင်း ခံရနိင်တယ်။
တိရိစ္ဆာန်တွေဆိုရင်တော့ ရှားပါး သတ္တဝါလို့ပဲ ထင်ကြမှာပဲနော်။
ဗဟုသုတရစေပါတယ်.. ကျေးဇူးပါဗျာ...။

လသာည said...

စိတ်ဝင်စားစရာပို့စ်ပါ။ ဗဟုသုတရသွားတယ်။ အဲဒီရောဂါရှင်ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံဖြိုးမှုတွေပါ ထိခိုက်သွားသလားဟင်။ စိတ်မကောင်းစရာပါ

License

License
Thank you very much for visiting my blog. I really do. I am trying to write and share my knowledge, experience,information etc etc. I would be very much appreciated for your either encouraging or critical comments to my any post. Furthermore, some photos herein the posts are not mine and perhaps some information too. However I always try to credit or mention the courtesy of the respective owner and/or where I got it from. Anyway please leave your message anything regards to my blog or if you want to use any part of information from my blog. I would follow up thereafter your message, accordingly.
Contact: thomasjrlatt@gmail.com