Thursday, June 3, 2010

My Garden Birdwatch & MY Garden Birdwatch

ခေါင်းစဉ် ကိုကြည့်လိုက်ရင် ဘာထူးခြား လို့လဲလို့တွေးမိလိမ့် မယ်။ တကယ်တော့ ဒီနှစ်ခုဟာ အတော် အတန် ကွားခြား ပါတယ်။ တခု က ကျွန်ုပ်ခြံဝန်းအတွင်း ငှက်ကြည့်ခြင်း နဲ့ နောက်တခု က မလေးရှား ဥယျာဉ်ခြံအတွင်း ငှက် စာရင်းကောက်ခြင်း ပရိုဂရမ် (survey) ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ လ ကတည်းက မလေးရှား သဘာဝ ၀န်းကျင် ထိမ်းသိမ်း ရေးအသင်း (MNS - Malaysia Nature Society) က ၀ါသနာတူ သူငယ်ချင်း ကစာတွေအ ကြိမ်ကြိမ် ပို့ ပြီး သူတို့အစီအစဉ် မှာဝင်ပါ ပေးဖို့ တိုက်တွန်းလာပါတယ်။ ဒီအစီအစဉ် ဟာ ကမ္ဘာ့ပတ်ဝန်းကျင် ထိမ်းသိမ်း ရေး နေ့ (World Environment Day) အထိမ်းအမှတ် အနေနဲ့ပြုလုပ် ကြခြင်းလဲ ဖြစ်ကြောင်း စာထဲမှာ ရှင်းပြထားပါ သေးတယ်။ မလေးရှား နိုင်ငံဟာ ခေတ်မှီဖွံ့ဖြိုး တိုးတက်ဆဲ နိုင်ငံ ဖြစ်သလို သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေး အတွက်လဲ ထဲထဲဝင်ဝင် ထိထိရောက်ရောက် လုပ်ဆောင်နေတာ တွေ့ရပါတယ်။ မူလတန်း အဆင့်ကျောင်းသူ ကျောင်းသား လေးများမှ အစ တက္ကသိုလ် အထိ
သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေး ရဲ့ အရေးပါပုံ ကို ဂရုပြုမိအောင် နည်းလမ်း အမျိုးမျိုး နဲ့ ဆောင်ရွက်ပါတယ်။ အထိုက်အ လျောက်လဲ အောင်မြင်တယ် လို့မြင်ပါတယ်။ ကျွန်တော်တို့ဆီမှာလဲ တနိုင်တပိုင် ရော၊ ကျယ်ကျယ်ပြန့်ပြန့် ပါ ဒါမျိုး တွေလုပ်နေတာ လဲ ကြားမြင်သိတွေ့ နေရလို့ဝမ်းသာစရာပါ။

သူတို့ ဆီက Count Sheet လေး ကိုမျှ ဝေပေးလိုက်ပါတယ်။



2010_MYGB_countsheet

Ref:-
- MY Garden Birdwatch
- Birds i witness

Note: The Count Sheet is copyright property of MY Garden Birdwatch .

3 comments:

Nyi Nyi said...

ကိုရင် ဘိုင်နိုကူလာကြီးနဲ့ ..နော်။ မလေးမတွေတရားစွဲခံထိဦးမယ်။ :)
whoami ကလဲဗျာ mbns ဘလော့များအသက်ကိုမသွင်းနိုင်ဘူး။ ကိုသက်ဇော်နိုင်တို့ရေးနိုင်ရင်အရမ်းကောင်းမယ်။

An Asian Tour Operator said...

ဟုတ်တယ်ညီညီရေ။ whoami နဲ့ ကျုပ်ကို အတူတွဲပြီး တာဝန်ပေးလိုက်ခါမှ mbns ၀က်ဆိုဒ်က တခါတည်းပေါ်ကို မလာတော့တာ။ ဘလောက်ကတော့ ပိုပြီး လွတ်လပ်တော့ အားလုံးရေးနိုင်တဲ့ ပုံစံလေး လုပ်ထားပြီး ကျယ်ကျယ်ပြန့်ပြန့်စည်းရုံးမယ်ဆိုရင် "ဖြစ်" လာနိုင်တာပေါ့။
မလေးမတွေ တရားစွဲရအောင် သူတို့ကို မတရားဆွဲ တာမှ မဟုတ်တာ။ ပြီးတော့ ကျုပ်က Peeping Tom လဲ မဟုတ်။

Nyi Nyi said...

peeping tom မဟုတ်ဘူး။ ပေါ်တင်ကြည့်တာ။ အဟီး။

မြန်မာပြည်ကဘလော့ရေးရတာအခက်အခဲရှိတယ်မဟုတ်လား။ ဒီတော့ကိုသက်တို့လိုမျိုးပညာရပ်ကျွမ်းကျင်သူတွေကိုလက်ရေးနဲ့ရေးခိုင်း၊ ပြီးတော့ကိုရင်တို့က ဘလော့ပေါ် digitize လုပ်ပြီးပြန်တင်ပေါ့။ ဒီလိုဆိုဖြစ်လာမယ်ထင်ပါရဲ့။

License

License
Thank you very much for visiting my blog. I really do. I am trying to write and share my knowledge, experience,information etc etc. I would be very much appreciated for your either encouraging or critical comments to my any post. Furthermore, some photos herein the posts are not mine and perhaps some information too. However I always try to credit or mention the courtesy of the respective owner and/or where I got it from. Anyway please leave your message anything regards to my blog or if you want to use any part of information from my blog. I would follow up thereafter your message, accordingly.
Contact: thomasjrlatt@gmail.com