Tuesday, June 15, 2010

အဲယားအာရှ ခရီးစဉ်သစ် နှင့် အထွေထွေမှတ်စု


ဒေသတွင်း မှာ အောင်မြင်နေတဲ့ ချွေတာရေးလေကြောင်းလိုင်း ဖြစ်တဲ့ မလေးရှားအဲယားအေးရှား (Malaysia AirAsia - AK) ရန်ကုန် ကိုစတင် ပျံသန်းမည် လို့ကြားသိရပါသည်။ အခုလိုမလေးရှားအဲယားအေးရှားရဲ့ ပျံသန်းမယ့် အစီအစဉ်ဟာ ထိုင်းအဲယားအေးရှား (Thai AirAsia - FD) ရန်ကုန်ကိုပျံပထမဆုံး စတင်ပျံသန်းသည့်ခရီးစဉ် (Inaugural Flight) ဧ။် ၃ နှစ် အကြာ အတွင်းမှာ ပေါ်ပေါက်လာတာဖြစ်ပါတယ်။

အဲယားအေးရှား အုပ်စုမှာ မလေးရှားအဲယားအေးရှား (Malaysia AirAsia - AK)၊ ထိုင်းအဲယားအေးရှား (Thai AirAsia - FD)၊ အင်ဒိုနီးရှား အဲယားအေးရှား (Indonesia AirAsia - QZ) နဲ့ အဲယားအေးရှား အိတ်က်စ် (AirAsia X - D7) စသဖြင့် ရှိပြီး မလေးရှား အဲယားအေးရှား အုပ်စု ကအတောင့်ဆုံးပါ။ အဲယားအေးရှား အိတ်က်စ် (AirAsia X) ကတော့ သြစတေးလျ ကိုဆွဲပြီးတော့ မလေးရှားကပဲဗာဂျင်းလေကြောင်း (Virgin Airways) နဲ့ အဲယားကနေဒါ (Air Canada) တို့နဲ့စပ်တူပိုင်ပါတယ် (Slogan: Now Ev
eryone Can Fly eXtra Long)။



မလေးရှား အဲယားအေးရှား ရဲ့မြန်မာပြည် ခရီးစဉ် (Scheduled Routes) ဟာ လောလောဆယ်မှာ နေ့စဉ် ဖြစ်တယ် လို့ သိရ ပြီး လိုအပ်ချက် အပေါ်မူတည်ပြီး ထပ်မံတိုးချဲ့ ပြေးဆွဲနိုင်ပါ သေးတယ်။ ဇူလိုင်လ ၂၀ ရက်နေ့ကနေစတင်ပြီး အောက်ပါ အတိုင်းနေ့စဉ် ပြေးဆွဲမှာပါတဲ့။ အခု အချိန်က စတင် ပြီး တော့ ဇူလိုင် လ ၂၀ ရက်နေ့ ကနေ မေလ ၈ ရက် နေ့ အတွင်း ခရီးသွား ဖို့ ကြို တင် ဘွတ်ကင် လုပ်ခဲ့ ရင် ခရီးစဉ် တကြောင်း အတွက် မလေးရှားရင်းဂစ် ၂၉ (USD 8.9 ခန့်) မျှသာ ကျသင့် မယ် လို့ အဲယားအေး ရှား ၀က်ဆိုက် (AirAsia Official Website: http://www.airasia.com/) မှာ ကြော်ငြာထားပါတယ်။ (မှတ်ချက်။ ။From RM 29.00 လို့ဖေါ်ပြလေ့ရှိပြီး Tax တို့ Fuel Surcharge တို့ မပါသေးပါ)။

Flight No. Departure Arrival Departure Time Arrival Time Frequency
AK 850 Kuala Lumpur KUL
Yangon RGN 1545 1700 Daily
AK 851 Yangon RGN
Kuala Lumpur KUL 1745 2155 Daily

အဲယားအေးရှား ဟာ ဒေသတွင်း မကြာ ခဏခရီးသွားတတ် သူများ (Frequent Travelers) အတွက် အလွန် အရေးပါတဲ့ ဈေးကွက်နေရာ ကိုပိုင်ဆိုင်ထားပြီး ဖြစ်ပါတယ်။ ချွေတာရေး ခရီးသွား (Budget Travelers) များ အတွက် အလွန် အဆင်ပြေ သောလေကြောင်းလိုင်း တခုဖြစ်ပါတယ်။ ထိုင်း အဲယားအေးရှားရဲ့ အမှူဆောင် အရာရှိချုပ် (Thai AirAsia - CEO / Mr. Tassapon Bijleveld) နဲ့ ရန်ကုန် ကန်တော်ကြီး ဟော်တယ် မှာ တွေ့စဉ် တုန်း ကသိရတဲ့ အဲယားအေးရှား ရဲ့ ထူးခြားချက် တွေကို နည်းနည်းဝေမျှ ချင်ပါတယ်။

- လေယာဉ်လက် မှတ်မရှိခြင်း (no necessity of good for passage tickets)
- လေယာဉ်ထိုင်ခုံစွပ် မထားခြင်း (no head rest cover on board)
- ရိုးရိုးတန်း အထူးတန်း စသည်ဖြင့် အဆင့် မခွဲထားခြင်း (no different class - Business Class, Economy Class etc.)
- လေယဉ်ပေါ်တွင် အစားအသောက် မကျွေးခြင်း (တနည်း) လေယဉ်ပေါ်တွင်အစား အသောက် ရောင်းခြင်း (Selling F&B on board)
- အမှတ်တရ လက်ဆောင်ပစ္စည်းရောင်းခြင်း (Selling Souvenirs on board)
- တခြား လေကြောင်းလိုင်းများ နဲ့ သဘောတူညီမှူ မယူထားခြင်း (ဆိုလိုတာက Transit Flight အတွက် Luggage Check Through လုပ်လို့မရခြင်း)
- Luggage ကို အလွန်ဆုံး ၁၅ ကီလိုသာ အတိအကျ သယ်ခွင့်ပေး ခြင်း (Except AirAsia X)
- သွားမယ့် ခရီးစဉ် ကို အများကြီးစော ပြီး ဘွတ်ကင် လုပ်ထားရင် ဈေးအလွန်သက်သာခြင်း (သွားခါနီးမှ ကပ်ဝယ်ရင် ဈေးဒီလောက် မသက်သာပါ)

တခြား အားသာချက် အားနည်းချက် တွေလဲ အများကြီး ရှိနိုင်ပါတယ်။ ဒါပေမယ့် အခုဖေါ်ပြခဲ့ တဲ့ အချက် တွေကိုလေ့လာရင် အဲယားအေးရှားဘာကြောင့် ဈေးသက်သာ တယ်ဆိုတာ သိသာပါတယ်။ ဈေးသက် သာကိုပဲ အဓိကထား မယ်ဆိုရင် တခြား အဆင် မပြေမှူတွေ ကိုတော့ သည်းခံနိုင်ရမှာ ပါ။ အဲယား အေးရှား ရဲ့ ကြွေးကြော်သံ (AirAsia Slogan: Now Everyone Can Fly) အတိုင်း လူတိုင်းအတွက် ပုံစံကျ ဆက်ဆံမှူမျိုး ကိုသာ ရမှာပါ။ ခရီးသွားအေဂျင် စီ၊ ခရီးသွား ၀န်ဆောင်မှူ လုပ်ငန်းများအတွက် အထူးအခွင့် အရေး (Special privileges for Tour Operators & Travel Agency) ဆိုတာလဲ မရှိပါ။

လုပ်ငန်းသဘော အရ အဲယားအေးရှားနဲ့ အကြိမ်ပေါင်းများစွာ ခရီးသွားခဲ့ တဲ့ အတွေ့အကြုံ အရ ပြောရရင်
- အဲယားအေးရှား နဲ့ခရီးသွားခဲ့ရင်း အိပ်ပျောက်ခဲ့ရင် ပြန်ရဖို့ဆောင်ရွက်ရတာခက်ပါတယ်
- အွန်လိုင်းဘွတ်ကင် လုပ်ရင်းမှားသွားရင် ပြင်ဖို့အလွန်ခက်ပါတယ်
- ငွေပေးချေရာ မှာခရက်ဒစ်ကတ် (Credit Cards) ဖြင့်သာပေးချေနိုင်ပါတယ်
- အွန်လိုင်းဘွတ်ကင် လုပ်နေစဉ်အတွင်းမှာ (ခရီးသွား အာမခံ၊ အစားအသောက်၊ လေဆိပ် ဖယ်ရီဘတ်စ်ကား စတာတွေကို မှားပြီး) ၀ယ်မိလေ့ရှိတဲ့ အတွက် အပိုကုန်ကျတတ်ပါတယ်
- အဲယားအေးရှား လေယဉ်မယ်တွေ ဟာ ဈေးသည်နဲ့ ပိုတူ သလိုထင်ရတတ်ပါတယ်
- (အကြိမ် တော်တော်များများ)လေယာဉ်ပေါ်မှာ ဘောပင် ငှားရန် ခက်ခဲပါတယ် ("မအားဘူး" တို့ "ငါလဲသုံးစရာရှိသေးတယ်" တို့ကိုကြားရဖို့ပိုများလေ့ ရှိပါတယ်)
- လေဆိပ်မှာ လေယာဉ်ဆီကိုရောက်ဖို့ အတော်အတန် လမ်း လျှောက်ရလေ့ ရှိပါတယ်
- မိုးရွာ နေစဉ် မှာ ခဏငှားတဲ့ အဲယားအေးရှား ပုံပါထီး ကို အရိပ်ထဲ ရောက်ရောက်ချင်း ဘေးကိုချထားခဲ့ ရပါတယ် (တလှမ်း နှစ်လမ်းလောက် လျှောက်ပြီး ယူသွားမိရင် ပိုက်ဆံအိတ် လုတဲ့ သူခိုးနောက် လိုက်သလို ပြေးလိုက်ပြီး အော်ဟစ်တောင်းလေ့ ရှိပါတယ်)

ဟိုတလော ကတော့ အဲယားအေးရှား ပေါ်မှာ မီးဖွားသွား တဲ့ ကြုံတောင့် ကြုံခဲ ဖြစ်ရပ်မှာ မလေးရှား အဲယားအေးရှား စီအီးအိုက နေ မိခင်နဲ့ ကလေးအတွက် တသက်တာ အဲယားအေးရှား အခမဲ့ စီးနင်းခွင့် ကို လူသိရှင်ကြား ပေးအပ် ခဲ့တာကိုသတင်းတွေမှာ ဖတ်ခဲ့ရပါတယ်။ အဲယားအေးရှားရဲ့ ကြုံတောင့် ကြုံခဲ ဖြစ်ရပ် လို့ ဆိုရမှာပါ။

အဲယားအေးရှား ဟာချွေတာရေး လေကြောင်းနဲ့ အောင်မြင် လာတာနဲ့ တဆက်တည်း "ကျွန်း ချွေတာရေး ဟိုတယ်များ" (Tune Budget Hotels) နဲ့ ကျွန်းမိုဘိုင်းဖုန်းကတ် (Tune Mobile) တို့ကိုပါ နောက်ပိုင်းမှာ ဈေးကွက် လိုအပ်ချက် အရ တိုးချဲ့လာတာတွေ့ရပါတယ်။ အဲယားအေးရှား ဂိုးဟော်လီးဒေး (AirAsia Go Holidays) ကတော့ လေကြောင်း လိုင်းနဲ့ တပြိုင် နက်ထဲ လိုလိုပေါ်ပေါက် လာတဲ့ ခရီးသွားဝန်ဆောင် မှူ လုပ်ငန်းပါ။

အဲယားအေးရှား အကြောင်း ဆက်ရေးရရင် ကုန်နိုင်ဘွယ်မ မြင်လို့ ဒီနေရာမှာပဲ ရပ်လိုက်ပါတော့မယ်။

ရည်ညွှန်း
- http://www.airasia.com/
- http://www.tunehotels.com/
- wikipedia
- IATA

ဓါတ်ပုံ
- Air Asia

5 comments:

SHWE ZIN U said...

AATO ရေ

Knowledge အတွက် ကျေးဇူးတင်ပါတယ် ရွှေစင်ဦး ကတော့ တသက်လုံး၂ခါဘဲ စီးဘူးပါတယ် နောက်ကြုံရင် စီး၇တာပေါ့

ခင်မင်စွာဖြင့်
ရွှေစင်ဦး

မောင်မိုး said...

Air Asia က စပယ်ရာမလေးတွေလည်း အ၀တ်အစားချွေတာကြရင် ဘယ်လောက်ကောင်းလိုက်မလဲ။ အဲဒီလိုဆိုရင်တော့ လေယာဉ်ထိုင်ခုံတွေကို သစ်သားခုံပြောင်းတပ်ထားလည်း စီးမှာပဲ။

Angel Shaper said...

လူစုလိုက်တော့မယ်နော်...........
လေယာဉ်လိုက်စီးဖို့ပြောတာပါ............

MoeThwayNge said...

အင်းလေ ..တူမလေး ပြောတာလည်း မှန်တာပဲ..လူစုလိုက်။
အော် ...ပျော်ပွဲစား ဒါမှမဟုတ် တွေ့စုံပွဲကို တို့ လေယာဉ်ပေါ်မယ် လုပ်ရ မကောင်းဘူးလား။
ကဲလေ ကြာပါတယ် ..မဲစနစ်နဲ့ လုပ်လိုက်ရအောင် ဆန္ဒမဲ ကောက်ကြည့် ဦးလေးက ဦးဆောင် လုပ်။
စပွန်ဆာက နေဦး မေးကြည့်ဦးမယ် သဌေးတွေကို။
တားဂတော့ မွဲနေတယ်။တချို့ ကပြောတယ် ဘလောက်ရေးရင် ဒေါ်လာရတယ်တဲ့ ရှာရဦးမယ် ဘူပေးတာလည်းသိဝူး...။တား ဆို အညားဂျီးရမှာ ဟွန်း ခုတော့ စားစရာတောင် အကြွေးဝယ်စားနေရတာ။ လေယာဉ်စီးဖို့ ကတော့ အဲလို ပျော်ပွဲစားလေးဘာလေး ဦးတည်တို့ ဦးနီးတို့ ကိုဒီတို့ ညီညီ ခရေးတွန်း ညီညီ နေချော်လင်း တို့ ခေါ်မှဘဲ စီးရမယ်။
ခွိ.. မွဲချက်က တူမလေးသာမေးကြည့်။ အကြွေးလည်ပင်ရောက်နေဘီဗျ.....။

Anonymous said...

info လေးတစ်ခုလာရှာရင်းတွေ့လို့ ဖတ်သွားပါတယ်။ ကျေးဇူး။

နာ့နာမည်လည်း အပေါ်က ကိုလတ်ကြီးလုပ်မှ ပျက်ပါပြီ >.<
picnic ထွက်ရင် ဘူဒူ ဒကာခံမာယဲဝေ့။

License

License
Thank you very much for visiting my blog. I really do. I am trying to write and share my knowledge, experience,information etc etc. I would be very much appreciated for your either encouraging or critical comments to my any post. Furthermore, some photos herein the posts are not mine and perhaps some information too. However I always try to credit or mention the courtesy of the respective owner and/or where I got it from. Anyway please leave your message anything regards to my blog or if you want to use any part of information from my blog. I would follow up thereafter your message, accordingly.
Contact: thomasjrlatt@gmail.com