Friday, February 19, 2010

မြန်မာဘလောက်

ရေးချင်တဲ့ဆန္ဒဖြစ်နေတာတော့ကြာပါ ပြီ ဒါပေမယ့် စာရိုက်နှေးတာရယ်၊ အလုပ်များနေတာရယ်ကြောင့် တော်တော်နဲ့ အကောင် အထည် ပေါ်မလာတာပါ..။ ရေးချင်တာ ကခေါင်းထဲမှာဗရပွ ဖြစ်နေပြီး ရေးမယ်ဆိုတော့ တလုံးမှ ထွက်မလာတော့ဘူး..။ ခဏခဏ ပို့စ်အသစ်တင် နိုင်တဲ့ဘလောက်ဂါတွေ၊ ပို့တခုကို အရှည်ကြီး ရေးနိုင်တဲ့သူတွေ ကိုအခုမှပိုပြီး တကယ်လေးစားမိ ပါတော့တယ်..။ မြန်မာလို ရေးဖြစ်အောင် အမြဲတိုက်တွန်းတဲ့ အမငယ်နိုင် ဖြိုးဝေတိုး တက်လူငယ်ဝိုင်းမိုးသွေးငယ် နဲ့ ရဲရင့်နီ တို့ ကို မှတ်တမ်းတင် ရမှာပါ။ ရဲရင့်နီ ဆိုရင် အတူသောက်တိုင်း (အဲလေ) အတူဆုံတိုင်း ပြောပါတယ် (ကဗျာလေးဘာလေး ရေးပေါ့လို့တောင်ပြောသေးတာ.. တော်ကြာ ခရေတွန်တို့ ညီညီတို့ လာဖတ်ရင် ၇ရက်လောက် မျက်ရည်တွေဗူးသီးလုံးလောက်ကျ ကုန်မှစိုးလို့) .. ဒါပေမယ့်လဲ အကြောင်းကြောင်း ကြောင့် အခုမှ ရေးဖြစ်တင် ဖြစ်တာပါ..။ နောက် ကို အမြဲ မြန်မာလိုဘဲတင် တော့မယ် လို့မဆိုလို ပေမယ့် အခါအားလျော်စွာ မြန်မာလိုရေး တော့မှာပါ..။

အားလုံးကိုကျေးဇူးတင်ပါတယ်..။ "အိုဘလောက် လောက.. အေအေတီအို (ဏီလင်းညိုမူကွဲ - အေအေတူ) လဲ မြန်မာလိုရိုက်တတ်ပါတယ်နော်..။" :D

8 comments:

Unknown said...

မင်္ဂလာရှိ သောနေ့သစ်ကို ပိုင်ဆိုင်ပါစေခင်ဗျာ...

Anonymous said...

ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုပါသည် :P

Nyi Nyi said...

ဘူးသီးလုံးလောက်ကျပြီးပြန်သွားပါတယ်ခင်ဗျ။ အဟီး..
ကြိုဆိုပါသည်..မြန်မာလိုဘလောက်ဂါ...

Anonymous said...

မြန်မာလိုရေးလိုက်၊ ပါဠိလိုရေးလိုက် လုပ်ပါဗျာ။ နောက်ပြီး ကျွန်တော်လဲ ဘူးသီးစားချင်လို့ ကဗျာလေးဘာလေးရေးဖို့ တိုက်တွန်းလိုက်ပါတယ်။

နွေဆူးလင်္ကာ said...

ပြောရမှာ အားတော့နာတယ်။ ကျနော်က မြန်မာလိုပဲ ဖတ်တတ်တယ်ဗျ ဟီး :-)

Waing said...

စာရိုက်နှေးတာ အလေ့အကျင့်တစ်ခုပါပဲ များများရိုက်ပေးရင် လက်ရည်တက်လာမှာလေ နောက်ဆို ၀တ္ထုတွေပါ ရေးလာနိုင်ပါ စောင့်မျှော်လျက်ပါး-)
ခင်မင်စွာဖြင့်
ဝိုင်း

Nge Naing said...

AATO ရေ မြန်မာလိုနဲ့ ပို့စ်တင်တာကို ကြိုဆိုပါတယ်။ ၁၈ ရက်နေ့ကတောင် တင်ထားတာ အခု ၂၃ ရက်နေ့တောင် ရောက်နေပြီ မသိလိုက်ဘူး။ AATO က အကြာကြီးနေမှ ပို့စ်တခါတင်လို့ ပြီးတော့ G-talk နဲ့ Face book မှာလည်း တွေ့နေကျဆိုတော့ Link မလုပ်ထားမိတာ အခုတော့ Link လုပ်မှ ဖြစ်တော့မယ်။ မြန်မာစာဖတ်ပရိတ်သတ်တွေအတွက် တင်ရင် မြန်မာလိုပဲ တင်ပါတယ်။

khin oo may said...

ဝမ်းသာပါ၏။

License

License
Thank you very much for visiting my blog. I really do. I am trying to write and share my knowledge, experience,information etc etc. I would be very much appreciated for your either encouraging or critical comments to my any post. Furthermore, some photos herein the posts are not mine and perhaps some information too. However I always try to credit or mention the courtesy of the respective owner and/or where I got it from. Anyway please leave your message anything regards to my blog or if you want to use any part of information from my blog. I would follow up thereafter your message, accordingly.
Contact: thomasjrlatt@gmail.com